မန်ကွမ် အဖြစ် Mos Panuwat
ယိုင် အဖြစ် ISBANKY
ဇာတ်လမ်းအကျဉ်း
စီးပွါးရေးမေဂျာကျောင်းသားတစ်ဦးဖြစ်တဲ့ သူဌေးသားလေး ယိုင်နဲ့ ဗိသုကာကျောင်းသားတစ်ဦးဖြစ်တဲ့ စာအရမ်းတော် နာမည်ကြီးတဲ့ မန်ကွမ်တို့က စီနီယာမမဖြစ်တဲ့ မေဂျာကွင်း အာကျို့ကို ပြိုင်လိုက်မိရာက ကတောက်ကဆလေးတွေ ဖြစ်လာခဲ့ပါတယ်
တစ်ရက် အာကျို နဲ့ မန်ကွမ်တို့ ယိုင်ရဲ့ ဘားကို လာချိန် ယိုင်က မန်ကွမ်ကို မေ့ဆေးခတ်လိုက်ကာ ဗီဒီယိုရိုက်ပြီး အရှက်ကွဲအောင်လုပ်ဖို့ ကြံစည်ခဲ့ပေမဲ့ တပည့်နှစ်ယောက်ရဲ့ အလွဲကြောင့် ဆေးမှားခတ်မိပြီး ယိုင်နဲ့ မန်ကွမ်တို့ မှားယွင်းသွားမိခဲ့တယ်
ဒါ့အပြင် ရိုက်ကူးထားမိတဲ့ ဗီဒီယိုက မန်ကွမ့်ဆီရောက်နေခဲ့ပြီး ယိုင့်ကို ခြိမ်းခြောက်လာခဲ့တဲ့အခါ ဒေါသပေါက်ကွဲခဲ့တဲ့ ယိုင်က ဒီအဖြစ်ကို မေ့ဖို့ ဘားကို ဖျက်ဆီးခဲ့ပါတယ်
ယိုင်က မှတ်ဥာဏ်ဆိုးကို ဖျက်ဖို့ လုပ်ခဲ့ပေမဲ့ ဘားကို ပြန်ပြင်မယ့် ဒီဇိုင်းအဖွဲ့မှာ ဗိသုကာကျောင်းသား မန်ကွမ်က အလုပ်သင်အဖြစ်ပါလာခဲ့တဲ့အခါ…
အမုန်းတရားကနေ စခဲ့တဲ့ ယိုင်နဲ့ မန်ကွမ်တို့ ဆက်ဆံရေး ဘာတွေဖြစ်လာမလဲဆိုတာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ် ။
( အညွှန်းရေးသားထားသူကတော့ နူးနူးလေး ပါ )
Native Title: มังกรกินใหญ่
Episodes: 8
Aired: Oct 8, 2022 – Nov 26, 2022
Aired On: Saturday
Original Network: GMM One
Duration: 49 min.
Translated by Kyi Nue Zin , Nang Mwe Kham
Encoded by Naing Aung Latt
Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။