Breathe : Into The Shadows
7.6/10 IMDb
ဒီတစ်ခါတော့ စိတ်ဝင်စားစရာကောင်းတဲ့
မှုခင်းဇာတ်လမ်းတွဲကြည့်ချင်တဲ့ပရိသတ်တွေအတွက်
အဘီရှက်ရှ်A.ဘတ်ချန်းနဲ့ နီသရာမီနန်တို့ပါဝင်တဲ့
မှုခင်းဇာတ်လမ်းကောင်းလေးတင်ပေးလိုက်ပါပြီ…
ပဟေဠိဆန်တဲ့ကွင်းဆက်လူသတ်မှုတွေ၊ ဇာတ်လမ်းမြှုပ်ကွက်တွေနဲ့
ဘာဆက်ဖြစ်မလဲဆိုတာကို တစ်ပိုင်းပြီးတစ်ပိုင်းစိတ်ဝင်တစားကြည့်ရှုရမှာမို့
လက်မလွှတ်သင့်တဲ့မှုခင်းဇာတ်လမ်းတွဲလေးပါ…
ဇာတ်လမ်းလေးကိုနည်းနည်းပြောရရင်…
အာဗီနက်ရှ်ဆပ်ဟာဝါလ် ( Abhishek Bachchan )က
လူအများလေးစားချစ်ခင်ရတဲ့ဆရာဝန်တစ်ယောက်ပါ..
သူ့မှာစားဖိုမှုးတစ်ယောက်ဖြစ်တဲ့ဇနီးသည်
အာဘာ (Nithya Menen)နဲ့ ချစ်စရာကောင်းတဲ့ သမီးလေးစီရာ ရှိပါတယ်…
နောက်တစ်ယောက်ကတော့ ရဲမှုးကာဘီဆာဝန့်..
သူကအမှုစုံစမ်းစစ်ဆေးတဲ့နေရာမှာ ထက်မြက်ပေမယ့်
စိတ်ဆတ်တဲ့သူတစ်ယောက်မို့ သူ့ရဲ့စိတ်လိုက်မာန်ပါအပြုအမူတွေကြောင့်
အမှုတစ်ခုမှာအမှားဖြစ်ခဲ့ရပြီး မွန်ဘိုင်းကနေ ဒေလီကိုရွေ့ပြောင်းခံရပါတယ်..
ဒီလိုနဲ့တစ်နေ့ ဒေါက်တာအာဗီနက်ရှ်ရဲ့သမီးလေးစီရာကို
ပြန်ပေးဆွဲခံလိုက်ရပြီးတဲ့နောက်.. လူသတ်မှုတွေဖြစ်လာခဲ့ပါတော့တယ်..
ဒီလူသတ်မှုတွေရဲ့နောက်ကွယ်ကလူကဘယ်သူလဲ..
သူကစိတ္တဇလူသတ်သမားလား.. အမှုမှန်ရော
ဘယ်လိုပေါ်ပေါက်သွားမလဲဆိုပြီး အစကနေအဆုံး
စိတ်ဝင်တစားကြည့်ရှုရမယ့်ဇာတ်ကားလေးကို ဆက်လက်ကြည့်ရှု့လိုက်ကြပါဦး..
File Size –800MB / 400MB
Quality – 1080p WEB DL / 720p
Duration – 45mins
Total Episodes: 12Eps
Subtitle – Myanmar Hardsub
Format – Mp4
Genre : Drama, Mystery, Crime
Translator – BpL~Thet Ko~ Shwe Pyae Sone ~ Go-O~Sora
Encoder – YK
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။