❏ ချမ်းသာတဲ့ မိသားစုမှ မွေးဖွားလာခဲ့သူ ၊
အကောင်းမြင်စိတ်ရှိပြီး လွတ်လွတ်လပ်လပ်နေထိုင်တတ်သူ ၊
ဉာဏ်ပညာရှိတယ်လို ထင်ရပေမဲ့ တစ်ခါတစ်လေမှာလဲ တုံးအနေတတ်သောသူ ၊
အသေးအဖွဲအရာတွေကို ပုံကြီးချဲ့ကာ သတ်မှတ်ထားတဲ့ စည်းမျဥ်းစည်းကမ်းတွေကို
လျစ်လျူရှုတတ်သူ ၊ စန္ဒယား၊ စစ်တုရင်၊ လက်ရေးလှ ၊ ပန်းချီ နဲ့ ပြဇာတ်ကြည့်ရှုရတာတွေကို
သဘောကျတတ်ပြီး အပျော်အပါးမက်မောသူလေး – ရှန်မြောင့်
❏ ကဗျာတွေ စာပေတွေကို ကျွမ်းကျင်တဲ့ လူငယ်ပညာရှင်တစ်ဦးဖြစ်သူ ၊
ကျောက်စိမ်းလို နူးညံ့နွေးထွေးတဲ့ အသွင်အပြင်ရှိသူ ၊ တကယ်တမ်းမှာတော့
လျှိဝှက်ချက်များစွာနဲ့ ဖုံးကွယ်ထားပြီး ကိုယ်ခံပညာ ကျွမ်းကျင်လှသူ – ဖေယန်ကျန်း
❏ ချမ်းသာတဲ့ မိသားစုက မွေးဖွားလာပြီး အထိန်းအကွပ်မရှိနေတတ်သူ ၊
အပေါ်ယံကြည့်ရင်တော့ ဆိုးသွမ်းတယ်လိုထင်ရပေမဲ့ တကယ်တမ်းမှာတော့
ရည်မှန်းချက် ကြီးမားလှသူ – စုန့်ရှီးယွမ်
အချမ်းသာဆုံး သူဌေးရဲ့ သမီးဖြစ်သူ ရုပ်ရည်လဲချောမောလှတဲ့ ရှန်မြောက်ဟာ
အရာရာပြီးပြည့်စုံပေမဲ့ အိမ်ထောင်ရေး လမ်းကြောင်းမှာတော့
အတတ်အကျတွေ များစွာနဲ့ တွေ့ကြုံခဲ့ရပါတယ် ။
ပထမဦးဆုံး အကြိမ် လက်ထပ်တဲ့ ဖေယန်ကျန်းရဲ့ မိသားစုဘိုးဘေးတွေက
ဆွေမျိုးတော်နေတာဖြစ်တာမို ခင်ပွန်းဖြစ်သူဟာ ဦးလေးတစ်ဝမ်းကွဲအဖြစ်
ပြောင်းလဲသွားရရှာပါတယ် ။ အဲဒီအမှားကြောင့် ရှန်မြောင့်ဟာ
စုန့်ရှီးယွမ်ဆိုတဲ့ သခင်လေးကို ထပ်မံလက်ထပ်ခဲ့ပေမဲ့ လက်ထပ်ပြီးမကြာခင်မှာပဲ
ရှန်မြောင့်တစ်ယောက် ကိုယ်ဝန်ရှိနေတဲ့လက္ခဏာများ ပေါ်ပေါက်လာတာကြောင့်
ရွေးချယ်စရာမရှိပဲ ထပ်မံကွာရှင်းလိုက်ရပြန်ပါတယ် ။ အဲဒီနောက်မှာပဲ သခင်လေး နှစ်ဦးကြားမှာ
မြောင့်မြောင့် တစ်ယောက် ဘယ်လိုတွေ ရင်ဆိုင်ရမလဲ ?
ဘယ်သူက မြောင့်မြောင့်ရဲ့ ဖူးစားရှင်အမှန်ဖြစ်နေမလဲ ? ဆိုတာ ကြည့်ရှုအဖြေရှာလိုက်ရအောင်ပါနော်
[Reviewed By Chit Mya Mya Hmwe]
Quality : WEB-DL 720p,1080p
Total Episodes : 30
Format : mp4
Genres : Romance, Historical
Duration : 45 min per Episode
Subtitle : Myanmar Subtitle ( Hardsub )
Translated by CM Team
Encoded by LK
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။