မနှစ်တုန်းက ကျွန်တော်တို့ Channel Myanmar ကနေ
Constantine စီးရီးရဲ့ပထမဆုံးအပိုင်းတပိုင်းကို
တင်ဆက်ပေးခဲ့ပါတယ်..အကြောင်းအမျိုးမျိုးကြောင့်
ဆက်လက်မတင်ပေးနိုင်တော့ပဲရပ်နားလိုက်ရပါတယ်.
အခုအချိန်မှာတော့ Constantine စီးရီးရဲ့ အစအဆုံး
အကုန်လုံးကိုတပြိုင်နက်ထဲအားလုံးတင်ပေးလိုက်ပါပြီ
ကျန်တဲ့အပိုင်းတွေမကြည့်လိုက်ရပဲ
စောင့်မျှော်နေတဲ့သူတွေအားလုံးကျေနပ်မယ်လို့မျှော်လင့်မိပါတယ်
Constantine ဆိုတဲ့ ဇာတ်ကောင်ဟာ
DC Comics ရဲ့နာမည်ကြီးဇာတ်ကောင်တစ်ဦးဖြစ်ပါတယ်..
2005 တုန်းကလည်း တကားတည်းအနေနဲ့
ထွက်ရှိခဲ့ပြီး သရုပ်ဆောင်ခဲ့သူကတော့ Matrix မင်းသား
keanu reeves ပါ…အောင်မြင်ခဲ့တယ်လည်းဆိုရမှာဖြစ်ပါတယ်..
2014မှာတော့ Series တွဲအနေနဲ့
ဇာတ်လမ်းပြန်လည်အသက်သွင်းခဲ့ပါတယ်..
Season 1 ခုသာပြီးခဲ့ပေမယ့် ဒီ TV Show ဟာ
ဆက်လက်ရိုက်ကူးခြင်းမရှိပဲ Cancel လုပ်လိုက်ပါတယ်..
ဒါကြောင့် တခြား season တွေထပ်မရှိလာပဲနဲ့
First Season တခုတည်းသာရှိတာမို့
ကြည့်ရှုသူတွေအနေနဲ့လည်းအစအဆုံးကြည့်ရမှာဖြစ်ပါတယ်
ဇာတ်လမ်းအကျဉ်းကတော့ ဂျွန်ကွန်စတန်တင်းဟာ
မကောင်းဆိုးဝါးနှိမ်နင်းတဲ့တစ်ဦးဖြစ်ပါတယ်..
သူ့ဘဝတခုလုံးကို ဒီလောက ထဲအတွင်းမှာပဲ
မြှုပ်နှံထားပြီးတော့ ငရဲပြည်နဲ့ရော..ကောင်းကင်ဘုံနဲ့ပါ
ဆက်ဆံရတဲ့သူတစ်ဦးဖြစ်ပါတယ်..
ငရဲပြည်ကတော့ သူ့ကိုအမြဲတမ်းသတ်ဖို့ကြိုးစားနေပြီး
ကောင်းကင်ဘုံကတော့ ဂျွန် နဲ့ စာချုပ်ချုပ်ပြီးတော့
သဘောတူညီမှုတွေပြုလုပ်ထားပါတယ်..
မကောင်းဆိုးဝါးတွေကြောင့် ဒုက္ခရောက်နေရတဲ့
သူတွေကို ဝင်ဝင်ကူညီပေးတတ်ပြီး ငရဲနဲ့ကောင်းကင်ရဲ့
စစ်ကြားမှာ ကန့်လန့်ဖြစ်နေတဲ့ ဂျွန်
ကွန်စတန်တင်းရဲ့ ဇာတ်ကားကို စိတ်ဝင်စားဖွယ်ကြည့်ရမှာပါ
အပိုင်းစုစုပေါင်း 13 ပိုင်းသာ ရှိပါတယ်
ဘာသာပြန်ပေးသူကတော့ SKL ပဲ ဖြစ်ပါတယ်။
Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။