Channel Myanmar

Curon (2020)

Curon

1 Seasons 7 Episodes
Returning Series

Curon (2020)

7.4
TMDb: 7.4/10 21 votes

General information

Original nameCuron

Backdrops

Curon (2020)
Curon (2020)
Curon (2020)
Curon (2020)

Synopsis of Curon (2020)

အီတလီနိုင်ငံမြောက်ပိုင်းက ပါးစပ်ပြောရာဇဝင်တွေ

ပြည့်နှက်နေတဲ့ မြို့ငယ်လေးတစ်ခုရှိတယ်

“ကူရွန်” တဲ့………..ကူရွန်မြို့လေးမှာ ခေါင်းလောင်းမျှော်စင်

လို့ခေါ်တဲ့ မျှော်စင်ကြီးတစ်ခု ရှိတယ်။

ဒါပေမယ့် အဲဒီမျှော်စင်မှာ ဘာခေါင်းလောင်းမှ ရှိမနေပါဘူး။

ဒါပေမယ့် တချို့လူတွေဟာ မျှော်စင်ကြီးဆီက

ခေါင်းလောင်းသံကို အဆက်မပြတ် ကြားရလေ့ရှိပါတယ်…..

အဲဒီလိုကြားပြီးတဲ့သူတိုင်း အရာတစ်ခုကို ရင်ဆိုင်ကြရတယ်…..

ဘာလဲဆိုတော့……. ကံဆိုးခြင်းတွေနဲ့ သေခြင်းတရား ပဲပေါ့…..

ဒါ့အပြင် ကူရွန်မှာ ရိန်နာမျိုးနွယ်တွေပိုင်တဲ့

ဟိုတယ်ကြီး တစ်လုံးရှိလေရဲ့…အဲဒီဟိုတယ်ဟာ

မကောင်းဆိုးရွားနဲ့ ကံကြမ္မာဆိုးတွေကို ပိတ်လှောင်ထားရာနေရာ လို့

နယ်ခံတွေက ယုံကြည်နေကြတယ်။

သူတို့ ယုံကြည်ရလောက်အောင်လည်း

အဖြစ်အပျက်ဆိုးတွေ ကြုံခဲ့ရတာကိုး….။

အဲဒီအဖြစ်အပျက်ဆိုးတွေထဲမှာမှ

ကံဆိုးခဲ့ရရှာသူလေးက ရိန်နာမိသားစုက အန်နာလေး ပေါ့။

အန်နာ့ အမေ ရဲ့ ကြမ္မာငင်နဲ့ ဘဝအဆုံးသတ်ကြောင့်

လူတွေက ရိန်နာတွေကို ပို လို့ ကြဉ်လာကြတယ်။

အန်နာ့ အဖေ ကလည်း အန်နာကို ကူရွန်မြို့ဆီ

ဘယ်တော့မှ ပြန်မလာခဲ့နဲ့ လို့ နှင်ထုတ်လိုက်ပြီး

ဘယ်တော့မှ အဆက်အသွယ် မလုပ်တော့ပါဘူး။

အန်နာကိုယ်တိုင်လည်း နာကျင်စရာအတိတ်တွေရှိရာ

ကူရွန် ဆီကို ဘယ်တော့မှ ပြန်မသွားတော့ဘူးလို့ အမြဲ ဆုံးဖြတ်ခဲ့ပါတယ်။

ဒါပေမယ့် အန်နာဟာ သူ့ရဲ့ အမွှာသားသမီးလေး

နှစ်ယောက်ဖြစ်တဲ့ ဒါရီယာ နဲ့ မာအူရို ကို ခေါ်ပြီး

ကူရွန်ဆီ တမင်တကာ ပြန်လာခဲ့တယ်။

ခဏ အလည်အပတ် သက်သက်မဟုတ်ပဲ

သူ့အဖေ သောမက်စ်နှင်ထုတ်နေတဲ့ကြားက

ကူရွန်မှာ အခြေချ နေထိုင်ဖို့ ပြောင်းလာတာပါ။

အန်နာ က တော့ သူ အမြဲကြောက်နေရတဲ့

တစ်ခုခုရဲ့ အဖြေကို ရှာဖို့ တစ်ခုခုကို

အဆုံးသတ်ဖို့လို့ ပြောတာပဲ…..

သူ ဘာကိုကြောက်နေတာလဲ?

ဘာကို အဆုံးသတ်ချင်တာလဲ?

သူ ဘာကို လိုက်ရှာနေတာလဲ?

အန်နာရဲ့ မေ့မရတဲ့ အတိတ်ဆိုးတွေက ဘာတွေများလဲ?

အန်နာရဲ့ သားနဲ့ သမီး က ရော အဲဒီ

အတိတ်ကြမ္မာဆိုးတွေဆီက လွတ်မြောက်နိုင်ပါ့မလား?

တစ်မြို့လုံး ဖယ်ကြဉ်နေကြလောက်အောင်

ရိန်နာတွေက ဘာတွေလုပ်မိထားခဲ့လို့လဲ?

ဒါတွေအားလုံးရဲ့ အဖြေက…

ဒီ CURON ဇာတ်ကားစီးရီး တစ်ခုလုံးမှာ

အဲဒီလျှို့ဝှက်ချက်တွေဟာ မြုပ်တစ်ခါ

ပေါ်တစ်လှည့်နဲ့ ပရိတ်သတ်ကို ရင်ထိတ်အောင်

ကြောက်လန့်အောင် ဖမ်းစားနိုင်မှာပါ…..

ဒီတော့ ဇာတ်လမ်းထဲမှာပဲ အဲဒီအဖြေတွေကို

အသဲတအေးအေးနဲ့ လိုက်ရှာလိုက်ရအောင်လေ။

ဒီဇာတ်လမ်းတွဲကို

Dolly, Esther, Naw Phoo Pwint Thi, Myat Noe Pwint, MTA နဲ့

Thaw တို့က ဘာသာပြန်တင်ဆက်ပေးထားပြီး

Review ရေးသားသူကတော့ Thaw ပဲ ဖြစ်ပါတယ်။

 

Quality – Web-Dl 1080p

Zip  VIPYoteshin / Megaup



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လဲရသလို One Click Download လဲ ပြုလုပ်နိုင်ပါတယ်။

Airs On
Release Year
Firt air date
Last air date2020-06-10
TypeScripted
Episode runtime50 min
Home PageCuron (2020)
Popularity65.605
TV StatusReturning Series

Seasons and episodes

No data available


Videos

Comments