Gamerတွေကြား အမျှော်လင့်ကြီး မျှော်လင့်ထားသလို မသိသူ
မရှိလောက်တဲ့ Cyberpunk : Edgerunners ကို တင်ဆက်ပေး
လိုက်ပါပြီ။ ဒီAnimeက Cyberpunk 2077 မတိုင်ခင် တစ်နှစ်
မှာ ဖြစ်ခဲ့တဲ့ ကိစ္စတွေကို Prequel အနေနဲ့ ရိုက်ကူးထားတာပါ။
IMDB 8.6နဲ့ RT 100% အပြည့် ရထားပါတယ်။ Animationနဲ့
Effectတွေကလည်း ပြောစရာမလိုအောင် ရှယ်လှပါတယ်။
ခေတ်ရှေ့ပြေးလွန်းပြီး သိပ္ပံနည်းပညာတွေ ထွန်းကားလွန်းသလို
ငွေနဲ့ပဲ အရာရာလည်ပတ်နေတဲ့ အနာဂတ် မြို့တော်ကြီးတစ်ခုမှာ
ဒေးဗစ်လို့ခေါ်တဲ့ ဂျစ်ကန်ကန်ကောင်လေးဟာ ဆင်းရဲနွမ်းပါးမှု
ကြောင့် လူရာသွင်းမခံရသလို ဘယ်လောက်ပဲ ကြိုးစားကြိုးစား
အရှုံးနဲ့ ရင်ဆိုင်ရတဲ့ ဘဝပိုင်ရှင်လို့ပဲ ပြောရမှာပါ။
ကံအကြောင်းမလှရတဲ့အထဲ တစ်နေ့မှာသူ့ဘဝတစ်ခုလုံးကို ဇောက်ထိုးမိုးမျှော်
ဖြစ်စေမယ့် ဖြစ်ရပ်ဆိုးကြီးဖြစ်လာတဲ့အခါ ဘဝပေးကံကြမ္မာကို
ခြေစုံကန်ပြီး ငွေရဖို့အတွက် ဘာမဆိုအကုန်လုပ်မယ့် ဝရမ်းပြေး
ကြေးစား Edgerunnerဘဝကို ရောက်သွားပါတော့တယ်။
File Size – 400MB / 200MB
Quality – 1080p NF WEB DL / 720p
Duration – 25m
Total Episodes: 10Eps
Subtitle – Myanmar Hardsub
Format – Mp4
Genre : Animation, Action & Adventure, Sci-Fi & Fantasy, Crime
Translator – JimX & Murphy & Moe Pwint
Encoder – YK
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။