” တိမ်လွှာနဂါးသူရဲကောင်းများ ”
ဟိုး…လွန်လေပြီးခဲ့သော ၁၉၅၀-၁၉၆၀ ခုနှစ်ဝန်းကျင်တွေမှာ
သိုင်းလောကသားတွေရဲ့နှလုံးသားကို ဖမ်းစားလှုပ်ကိုင်နိုင်ခဲ့တဲ့ ::
သိုင်းဇာတ်လမ်းပေါင်းများစွာ အပြိုင်းအရိုင်းပေါ်ထွက်လာခဲ့ပါတယ်
ရိုးရိုးဝတ္ထုတစ်အုပ်စာ ရုပ်ရှင်အနေနဲ့ တစ်နာရီခွဲဝန်းကျင်စာ သိုင်း
ဇာတ်လမ်းတွေမှ ဝတ္ထုစာအုပ် ၅ အုပ်တွဲ ၁၀ အုပ်တွဲမှ ၁၆-၁၇ အုပ်တွဲ
လောက်အထိ အခန်းဆက်ပေါင်းများစွာ ဇာတ်ဆောင်ပေါင်းများစွာ
ပါဝင်သရုပ်ဖော်ထားကြတဲ့ သိုင်းဇာတ်လမ်းများလည်း အပြိုင်ပေါ်ထွက်လာခဲ့ပါတယ်
၎င်းသိုင်းဇာတ်လမ်း များထဲမှ ကျနော်တို့သတိပြုမိ
နှစ်သက်မိခဲ့တဲ့ သိုင်းဝတ္ထုဇာတ်လမ်းများကို လက်ရာကောင်းမွန်သေသပ်စွာသီကုန်းနိုင်ခဲ့တဲ့
စာရေးဆရာကြီးကျင်းယုံရဲ့ လက်ရာမွန်များဖြစ်သော
သိန်းငှက်သူရဲကောင်း အတွဲ(၂) နဲ့ သိုင်းလောကရဲ့စိန်ခေါ်သံ တို့ကို channelmyanmar မှ
သိုင်းချစ်သူများအတွက် တင်ဆက်ပေးခဲ့ပြီးပါပြီ
ယခုတစ်ဖန် ပြန်လည်တင်ဆက်ပေးချင်တဲ့ သိုင်းဇာတ်လမ်းတွဲတစ်ခုကတော့
ဆရာကြီးကျင်းယုံရဲ့လက်ရာမွန်တစ်ခုဖြစ်တဲ့
Dami-gods and semi-devils ပဲဖြစ်ပါတယ် ကျနော်တို့
မြန်မာပြည်က သိုင်းလောကသားတွေကတော့ စာအုပ်အဖြစ်
`လွမ်းငွေ့ဝေဖြာ သိုင်းကမ္ဘာ´ လို့သိထားခဲ့ပြီး ဇာတ်လမ်းအနေနဲ့လည်း
`တိမ်လွှာနဂါး သူရဲကောင်းများ´အဖြစ်သိရှိထားခဲ့ပြီးသားပါ
သို့ပေမယ့် ခေတ်ဟောင်းက သိုင်းဇာတ်လမ်းတွေကိုမှ ရင်ခုန်စိတ်
ဝင်စားတတ်ကြတဲ့ သူတွေအတွက်ရော ခုခေတ်ညီ/ညီမငယ်တို့အတွက်ပါ
အပြင်မှာ လုံးဝမရှိသလာက်ရှားသွားပြီဖြစ်တဲ့ ကြည်တောက်ရှင်း
ဗားရှင်းနဲ့တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ::::::::
ဇာတ်လမ်းကိုနည်းနည်းလောက်ညွှန်းစာပြရရင်တော့
တရုပ်ပြည်မကြီးထဲကို သီချင်းလေးတစ်အေးအေးနဲ့ အလည်လာခဲ့တဲ့
ခေတန်လူမျိုးမိသားစုလေးတစ်စုဟာ လမ်းခရီးမှာ ကြမ္မာငင်စွာပဲ
လူတစ်စုရဲ့ရက်စက်စွာလုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရပါတယ် :::
နောက် သိုင်းပညာမသင်ချင်တဲ့အတွက် တလိပြည်ကထွက်ပြေးလာခဲ့တဲ့
မင်းသားလေးသွမ့်လန်::: သိုင်းပညာထက်မြက်ပြီး အမှန်တရားကို
အသက်ထက်မြတ်နိုးလို့ သူရဲကောင်းပီသလှတဲ့ တရုပ်ပြည်မကြီးရဲ့
မြောက်ပိုင်းချောင်ဖုန်းလို့ နာမည်တွင်ရလောက်သော သူတောင်းစား
ဂိုဏ်းအတွင်းမှ မကြာခင် ဂိုဏ်းချုပ်ရာထူးကိုလွှဲပြောင်းရရှိတော့မယ့်
ချောင်ဖုန်း:::: ယန်နိုင်ငံတော်ကြီးကို ပြန်လည်ထူထောင်ရမယ်ဆိုတဲ့
ဘိုးဘေးတို့ပေးအပ်ခဲ့တဲ့ ကြီးမားတဲ့တာဝန်ကိုထမ်းပိုးထားခဲ့ရတဲ့
တောင်ပိုင်းမုလုံ လို့နာမည်ကြီထင်းရှားတဲ့ ကုစုမုလုံဖု:::ရိုးသားဖြူစင်
ပြီး ဂိုဏ်းစည်းကမ်းကိုတန်ဖိုးထားတတ်တဲ့ ရှောင်လင်ကျောင်းတော်
ကြီးမှ ကိုရင်လေးဖူကျို့ ::::
အလုပ်ကြံခံခဲ့ရတဲ့ ခေတန်မိသားစုကရော ဘယ်လိုအကြောင်းကြောင့်
လုပ်ကြံခံခဲ့ရတာလဲ သိုင်းပညာမသင်ကြားချင်ခဲ့တဲ့ တလိမင်းသားလေးသွမ့်လန်ကရော
သူ့ဆန္ဒပြည့်ဝနိုင်ပါ့မလား မြောက်ပိုင်းချောင်ဖုန်းနဲ့
တောင်ပိုင်းမုလုံဖုတို့ကရော သူတို့ရဲ့နာမည်ကျော်ကြားမှုအတိုင်း
တကယ်ပဲထိုက်တန်ကြရဲ့လား ဖူကျို့ကိုရင်လေးရဲ့ ဘဝခရီးကရော
သူမျှော်မှန်းခဲ့သလို အေးချမ်းနိုင်ပါ့မလား
သူတို့သူတို့တွေရဲ့ ထူးခြားလှတဲ့ဘဝအလှည့်အပြောင်းတွေ
အချစ်အမုန်း ရန်ငြိုးအာဏာ ရမ္မက် ရာထူးဂုဏ်ဒြပ် လွမ်းမောဖွယ်
အချိုးအလှည့် အယိမ်းအနွဲ့တွေကြားမှာ ပြောင်မြောက်လှတဲ့
ဇာတ်လမ်းတစ်ပုဒ်လို့ပဲ ညွှန်းဆိုလိုက်ပါရစေခင်ဗျာ ::::
ဇာတ်လမ်းထဲမှာပါတဲ့ နဂါးနိုင်လက်ဝါးသိုင်း ၁၈ ကွက် , ဆန်းကြယ်လှိုင်းခြေလှမ်း ,
ရှောင်းယောင်သိုင်း , တလီပြည်နယ်ရဲ့ပြိုင်စံရှားသိုင်းကွက်ဖြစ်တဲ့ သဏာန်မဲ့နတ်လက်ညိုးသိုင်း
စတဲ့သိုင်းတွေဟာတချိန်တုန်းက ကျွန်တော်တို့သိုင်းချစ်သူတွေအရူးအမူးစွဲလန်းခဲ့ဖူးမှာပါ
တိမ်လွှာနဂါးသူရဲကောင်းများဇာတ်လမ်းဟာ အားလုံးသိကြတဲ့ မက်မွန်မြေက ချစ်တေးတစ်ပုဒ်
သိမ်းငှက်သူရဲကောင်း , နဂါးနိုင်ဓါး စတဲ့ ဇာတ်လမ်းတွေရဲ့ Timeline မတိုင်ခင်
11 ရာစုနှစ်က အကြောင်းကိုဇာတ်လမ်းဆင်ရေးဖွဲ့ခဲ့ပါတယ်.သိုင်းချစ်သူတွေအနေနဲ့
ဗဟုသုတရအောင်ပြောရမယ်ဆိုရင် မက်မွန်မြေက ချစ်တေးတစ်ပုဒ် နဲ့
သိမ်းငှက်သူရဲကောင်း ဇာတ်လမ်းကို 13 ရာစုအချိန်ကာလနဲ့ဇာတ်လမ်းတည်ပြီး
နောက်ဆုံး နဂါးနိုင်ဓါးကိုတော့ 14 ရာစုနှစ် အချိန်ကာလနဲ့ဇာတ်လမ်းတည်ပြီးဖန်တီးခဲ့ပါတယ်
အခုတော့ condor trilogy မတိုင်အစ မြစ်ဖျားခံရာ ဇာတ်လမ်းလေးကို
အကြည်လင်ဆုံးရုပ်သံ နဲ့ ဘာသာပြန်မှုတွေနဲ့အတူ ပြန်လည်ခံစားကြည့်ပါဦး
အပိုင်း40 တိတိရှိပါတယ်..တရက်ကိုနည်းနည်းချင်းစီတင်ပေးသွားပါမယ်
Episdoe 1 to 13 Zip File ( 4.52 GB)
Episdoe 14 to 27 Zip File (4.46 GB)
Episdoe 28 to 40 Zip File (4.46 GB)
Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။