ပြီးခဲ့တဲ့ အတွဲ ( ၂ ) မှာတော့ တန်ဂျီရိုတို့ဟာ အထက်မိစ္ဆာ ဂယူတာရိုနဲ့
အသေအကြေတိုက်ခိုက်ခဲ့ကြပြီး နဲဇူကိုရဲ့ သွေးမိစ္ဆာအစွမ်းကြောင့်
အနိုင်ရခဲ့ကြပေမဲ့ တိုက်ပွဲဒဏ်ရာတွေကြောင့် သေကောင်ပေါင်းလဲ
ဖြစ်ကုန်ကာ ဆရာ့ဆရာကြီး အသံဟာရှီရာ တန်ဂန်က သူ့ရဲ့ မဟေသီလေးယောက်နဲ့အတူ
အဝေးကိုထွက်ပါတယ်။
အခု အသစ်စက်စက် အတွဲ ( ၃) မှာတော့ ကိုမာဝင်နေကြတဲ့ တန်ဂျီရိုတို့ သတိပြန်ရလာကြပြီး
ဒဏ်ရာနည်းတဲ့ ဇဲနစ်စုနဲ့အီနိုဆူခဲတို့က မစ်ရှင်ကိုယ်စီနဲ့ ခရီးထပ်ထွက်ကုန်ကြပါတယ်။
ဒဏ်ရာပြင်းတဲ့ တန်ဂျီရိုကတော့ တစ်ယောက်တည်းကျန်ခဲ့ပြီး ဒဏ်ရာပြန်ကောင်းလာတဲ့အချိန်
သူ့မှာ ဓားမရှိတော့တဲ့အတွက် ဓားအသစ်တစ်ချောင်းထပ်ယူဖို့ နီချီရင်ဓားတွေထွက်တဲ့
ဓားသွန်းရွာကို တစ်ယောက်တည်းထွက်သွားခဲ့ရင်း ဓားသွန်းရွာမှာ စွန့်စားခန်းတွေ ထပ်ကြုံရပါတော့တယ်။
ဒီ မိစ္ဆာနှိမ်နင်းသူ အတွဲ ( ၃ ) ဟာဆိုရင် မူရင်း မန်းဂထဲက ဓားသွန်းရွာ ဇာတ်ကြောင်းပိုင်းကို ဖန်သားပြင်ပေါ် အသက်သွင်းထားတာပဲဖြစ်ပါတယ်။ ပရိသတ်အခိုင်အမာရှိပြီးသား ဇာတ်လမ်းဖြစ်လို့ ထွေထွေထူးထူး ထပ်မညွှန်းတော့ဘဲ ပရိသတ်များ ကြည့်ရှုခံစားရန်အလို့ငှာ စီအမ်ကနေ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ အားပေးကြပါကုန်…။
File Size – 800MB / 400MB
Quality – 1080p WEB DL / 720p
Duration – 49mins
Subtitle – Myanmar Hardsub
Format – Mp4
Genre : Animation, Action & Adventure, Sci-Fi & Fantasy
Translator –Zwe Yan Naing~Kakashi~Shwe Pyae Sone
Encoder – YK
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လဲရသလို One Click Download လဲ ပြုလုပ်နိုင်ပါတယ်။