Channel Myanmar

Descendants of the Sun (2016) DOTS Complete

태양의 후예

1 Seasons 16 Episodes
Ended

Descendants of the Sun (2016) DOTS Complete

8.5
TMDb: 8.5/10 419 votes

General information

Original name태양의 후예

Backdrops

Descendants of the Sun (2016) DOTS Complete
Descendants of the Sun (2016) DOTS Complete

Synopsis of Descendants of the Sun (2016) DOTS Complete

– ပြည်သူတွေရဲ့အသက်အိုးအိမ်နဲ့ဘေးကင်းလုံခြုံမှုက နိုင်ငံတော်ရဲ့ ပထမဦးစားပေးသတ်မှတ်ချက်ပဲ..
ငါ့လို စစ်သားတစ်ယောက်အတွက်ကတော့ …တိုင်းသူပြည်သားတစ်ယောက်ရဲ့ အသက်ထက် ပိုပြီး အရေးကြီးတဲ့
တာဝန်ဆိုတာမျိုးကို တိုင်းပြည်က ဘယ်တော့မှ ပေးအပ်မှာ မဟုတ်ပါဘူး.. (ဗိုလ်ကြီးယိုရှီဂျင်)

– ကျွန်မ လူနာတွေရဲ့ကျန်းမာရေးနဲ့သူတို့ရဲ့အသက်က …ကျွန်မရဲ့ပထမဦးစားပေးပါပဲ..
လူနာတွေရဲ့အဆင့်အတန်းတွေ သူတို့ရဲ့ကိုးကွယ်ယုံကြည်မှုတွေနဲ့ နိုင်ငံတွေကိုမေ့ထားပြီး
ကျွန်မလူနာတွေအပေါ်မှာ တာဝန်ကျေပွန်အောင် စွမ်းဆောင်ကုသပေးမှာပါ…(ဒေါက်တာဂန်မိုယွန်း)

ဒီလိုအနှစ်တွေနဲ့ ဒီစီးရီးက ၂၀၁၆ ရဲ့အဟော့ဆုံးစီးရီးတစ်ခုဖြစ်ခဲ့သလို

ကြည့်ရှုသူတိုင်းကြိုက်နှစ်သက်ရတဲ့ Drama Series တစ်ခုဖြစ်ခဲ့ပါတယ်။

 

Captain Yoo Shi Jin (ယိုရှီဂျင်)နေရာမှာမကြာသေးခင်ကမှစစ်မှုထမ်းပြီးထွက်လာတဲ့

နှုတ်ခမ်းနီမလေးများရဲ့အသဲကျော် Song Joong Ki (ဆုန်းဂျွန်ဂီ) ဖြစ်ပြီး

Doctor Kang Mo Yoen(ဂန်မိုယွန်း)နေရာမှာတော့ အွန်စော ဆိုပြီး လူသိများကြိုက်နှစ်သက်ခဲ့တဲ့

ပုရိသတို့ အသည်းစွဲမင်းသမီး Song Hye Kyo (ဆောင်းဟေဂို) တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်

 

ဇာတ်လမ်း အညွှန်း
==================

အာရှအလယ်ပိုင်း ….

Urak(ဇာတ်ညွှန်းဆရာ စိတ်ကူးထဲကနိုင်ငံ) ကို နောက်ခံထားပြီး

စစ်ဘေးနဲ့ ရောဂါကပ်ဘေး တွေ ကျရောက်နေတဲ့ အချိန်မှာ လူသားအချင်းချင်း ရိုင်းပင်းမှု စည်းလုံးမှုတွေကို ဖော်ညွှန်းပြီး

ဒုက္ခ တွေကြားမှာ အချစ်စစ်တစ်ခုပေါက်ဖွားလာပုံကို ဇာတ်အိမ်တည် ရိုက်ကူးခဲ့ပါတယ်

Alpha အဖွဲ့ ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ယိုရှီဂျင်နဲ့ Volunteer ဆရာဝန်မလေး

ဂန်မိုယွန်း တို့ အမှတ်မထင်ဘဲ ဟဲဆောင်ဆေးရုံ မှာ စတင်တွေ့ရှိခဲ့ရာကနေ စပြီး ဟာသလေးတွေနဲ့ အချစ်ဇာတ်လမ်းကို တွေ့မြင်ရမှာပါ

ဒါ့အပြင် ငယ်ငယ်တည်းက ဘဝနာခဲ့တဲ့ ဒုအရာခံဗိုလ်လေး ဆိုးဒယ်ယောင်း နဲ့

ဗိုလ်မှူးချုပ် သမီးဖြစ်တဲ့ စစ်ဆရာဝန်မလေး ယွန်မြောင်ဂျို တို့ရဲ့ ဘဝအခြေအနေမတူတဲ့

အချစ်ဇာတ်လမ်းကိုလည်း ခံစားရမှာဖြစ်ပါတယ်

အပိုင်းတစ်မှာ Running Man မှ လီဂွမ်ဆူ ဧည့်သည် သရုပ်ဆောင်ထားပြီး

အပိုင်းနှစ်မှာ Shinee leader Owen က ဆရာဝန်လေးအနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်

ဇာတ်လမ်းလေးကလည်းကောင်း မင်းသား မင်းသမီး တွေကလည်းကောင်းလို့ ကြည့်သင့်တဲ့

ဇာတ်လမ်းတွဲတစ်ခုပါလို့ ညွှန်းချင်ပါတယ်။

( ဒီစီးရီးက အပိုင်း (၁၆ ပိုင်း) ထွက်ရှိခဲ့တာဖြစ်ပြီး ကျွန်တော်တို့ Channel Myanmar ရဲ့ Very First ကိုရီးယားစီးရီးဖြစ်ခဲ့ပါတယ်။

အညွှန်းကို Min Htet Khant Shar မှရေးသားထားပြီး ဘာသာပြန်သူတွေကတော့

Eiz , LK , Carey Nyein , Little Neo,Kimchi တို့ဖြစ်ကြပါတယ်။

အဲ့တုန်းက ပရိတ်သတ်ရဲ့တောင်းဆိုမှုတွေ တောက်လျှောက်ပြင်းထန်ခဲ့လို့

CM Family တွေ အူယားဖားယား ဘာသာပြန်တင်ဆက်ခဲ့ရတာ အမှတ်ရစရာပါ။)

 

Quality….HDTV Rip 720p
Format…mp4
Total Episode…16 (File Size- 600MB Appx)
Subtitle….Myanmar Subtitle (Hardsub)
Translated by Eiz , LK , Carey Nyein , Little Neo,Kimchi
Encoder….Nyeinsaeya Aung , LK , Little Neo

 

Complete Zip File>>> VIP Link

 

Complete Zip File(Yoteshin)>>> [Ep 1-7]  /  [Ep8-16 END]

Complete Zip File(Megaup)>>> [Ep 1-7]  /  [Ep8-16 END]

 

 

တစ်ပိုင်းချင်းဒေါင်းချင်ရင် ဒီအောက်မှာ Download ရယူပါ။

 

EP 01 – Megaup / GDrive / YuuDrive / Yandex / Meganz

 

EP 02 –  Megaup/ GDrive / YuuDrive / Yandex / Meganz

 

EP 03 –  Megaup/ GDrive / YuuDrive / Yandex / Meganz

 

EP 04 –  Megaup/ GDrive / YuuDrive / Yandex / Meganz

 

EP 05 –  Megaup/ GDrive / YuuDrive/ Yandex / Meganz

 

EP 06 –  Megaup/ GDrive / YuuDrive/ Yandex / Meganz

 

EP 07 –  Megaup/ GDrive / StreamSB / Yandex / Meganz

 

EP 08 –  Megaup/ GDrive / YuuDrive /Yandex / Meganz

 

EP 09 –  Megaup/ GDrive / YuuDrive / Yandex / Meganz

 

EP 10 –  Megaup/ GDrive / YuuDrive  / Yandex / Meganz

 

EP 11 –  Megaup/ GDrive / YuuDrive / Yandex / Meganz

 

EP 12 –  Megaup/ GDrive / YuuDrive  / Yandex / Meganz

 

EP 13 –  Megaup/ GDrive / YuuDrive / Yandex / Meganz

 

EP 14 –  Megaup/ GDrive / YuuDrive / Yandex / Meganz

 

EP 15 –  Megaup/ GDrive / YuuDrive / Yandex / Meganz

 

EP 16 –  Megaup/ GDrive / YuuDrive  / Yandex / Meganz

 

အားပေးမှုကိုကျေးဇူးတင်ရှိပါသည်။ရွှင်လန်းချမ်းမြေ့ကြပါစေ။



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Airs On
Production
Release Year
Firt air date
Last air date2016-04-14
TypeScripted
Episode runtime60 min
Popularity24.436
TV StatusEnded

Seasons and episodes

No data available


Videos

No data available

Comments