Channel Myanmar

Disenchantment (2018) Season 1 [COMPLETE]

Disenchantment

1 Seasons 10 Episodes
Returning Series

Disenchantment (2018) Season 1 [COMPLETE]

7
TMDb: 7/10 43 votes

General information

Original nameDisenchantment
Created by

Backdrops

Disenchantment (2018) Season 1 [COMPLETE]
Disenchantment (2018) Season 1 [COMPLETE]
Disenchantment (2018) Season 1 [COMPLETE]
Disenchantment (2018) Season 1 [COMPLETE]
Disenchantment (2018) Season 1 [COMPLETE]

Synopsis of Disenchantment (2018) Season 1 [COMPLETE]

လူတော်တော်များများက Matt Groening ဆိုတဲ့နာမည်ကို မကြားဖူးရင်တောင်မှသူ့ရဲ့လက်ရာတစ်ခုဖြစ်တဲ့ The Simpsons ကိုတော့ ကောင်းကောင်းကြီးသိကြမှာပါ။

20th Century Fox ရုပ်သံလိုင်းကထုတ်လွှင့်ခဲ့တဲ့ ‘Futurama’ နဲ့ ‘The Simpsons’ Animated Sitcom TV Series တွေဟာ Matt Groening ရဲ့ ဖန်တီးမှုလက်ရာများသာဖြစ်ပါတယ်။

အဲဒီထဲကမှ The Simpsons ဟာ အအောင်မြင်ဆုံးဖြစ်ပြီးတော့ စတင်ထုတ်လွှင့်ခဲ့တဲ့ 1990 ခုနှစ်ကနေ ယခုလက်ရှိအချိန် ဆက်လက်ထုတ်လွှင့်နေဆဲဖြစ်ကာ အပိုင်းပေါင်း 639 ပိုင်း နဲ့ Season ပေါင်း 29 ခုတောင်တိုင်ခဲ့ပါပြီ။

အဲဒါတွေကို မျက်စိကျသွားတဲ့ Netflix ကတော့ Matt Groening ကို အလားတူ Animated Sitcom Show တစ်ခု ရိုက်ကူးပေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။

အပိုင်းပေါင်း ၂၀ ရိုက်ကူးပေးဖို့သဘောတူခဲ့ပြီး August 17 ရက်နေ့မှာတော့ Season 1 အတွက် အပိုင်း ၁၀ ပိုင်း ထွက်ရှိလို့လာပါတယ်။

အဲဒီ TV Series ရဲ့နာမည်ကတော့ Disenchantment ပဲဖြစ်ပါတယ်။

ရှေ့ကသူဖန်တီးခဲ့တဲ့ ‘Futurama’ က အာကာသထဲမှာ ဇာတ်အိမ်တည်ထားပြီး ၊ ‘The Simpsons’ ကိုတော့ အမေရိကန်လူ့အဖွဲ့အစည်း ယဉ်ကျေးမှုတွေကို Parody လုပ်ထားတဲ့ Springfield ဆိုတဲ့မြို့မှာ ဇာတ်အိမ်တည်ထားပါတယ်။

ဒီတစ်ခုကတော့ ရှေ့ကဟာတွေနဲ့လုံးဝမတူတဲ့ Fantasy World တစ်ခုပေါ်မှာ ဇာတ်အိမ်ကိုတည်ဆောက်ထားပါတယ်။

Princess Tiabeanie ခေါ် Bean ဟာ ဒီဇာတ်ကားရဲ့ဇာတ်လိုက်ဖြစ်ပြီးတော့ Dreamland လို့ခေါ်တဲ့ နိုင်ငံကိုအုပ်ချုပ်သူဘုရင်ကြီး Zog ရဲ့သမီးတော်ပါ။

ဘုရင့်သမီးတော်ဖြစ်ပေမယ့် အဲဒီဂုဏ်ပုဒ်နဲ့မလိုက်အောင်ဆိုးပေသူပါ။

နေ့တိုင်းလိုလို အရပ်သားအဝတ်တွေဝတ်ပြီး မြို့ထဲလျှောက်သွား အရက်သောက်လိုက် ဖဲရိုက်လိုက်နဲ့ နေချင်သလိုနေတဲ့သူတစ်ယောက်။

တစ်ရက်မှာတော့ သူ့ခမည်းတော်ဘုရင်ကြီးက Bentwood ဆိုတဲ့နိုင်ငံနဲ့ မဟာမိတ်ဖွဲ့ချင်တာကြောင့် Bentwood ရဲ့အိမ်ရှေ့စံမင်းသားနဲ့ လက်ဆက်ပေးဖို့စီစဉ်ပါတော့တယ်။

မဟာမိတ်ဖွဲ့ဖို့အတွက်သူဟာ ခုတုံးသာသာ အသုံးချခံရတဲ့အပေါ် မကျေနပ်ပေမယ့် တွန်းလှန်ဖို့အင်အားမရှိတာကြောင့် Bean တစ်ယောက်မှိုင်တွေနေပါတော့တယ်။

အဲဒီအချိန်မှာ သူ့ရဲ့ကိုယ်စောင့်နတ်ဆိုးလို့ခေါ်တဲ့ Luci နဲ့တွေ့ပါတယ်။

နတ်ဆိုးတို့ရဲ့ထုံးစံအတိုင်း ဘာလုပ်လုပ်အချွန်နဲ့မမယ့်ကောင်ပေါ့။

Bean နဲ့နောက်ဆုံးတွေ့တဲ့သူကတော့ Elfo လို့ခေါ်တဲ့ Elf လေးတစ်ကောင်ပါ။

Elfo ဟာ Elfwood လို့ခေါ်တဲ့ Elf တွေနေထိုင်ရာနိုင်ငံငယ်လေးကနေ ထွက်ပြေးလာတဲ့သူဖြစ်ပြီး အပြင်လောကအကြောင်း ဘာဆိုဘာမှမသိတဲ့ ငတုံးသာသာ Elf လေးတစ်ကောင်ပါ။

ထွက်ပြေးရတဲ့အကြောင်းအရင်းကလည်း တစ်သက်လုံးသီချင်းဆိုပြီး ပျော်ပျော်ရွှင်ရွှင်နေရတာကို ငြီးငွေ့လာပြီး တခြားလူတွေလို မျက်ရည်ကျချင်တယ် ၀မ်းနည်မှုတွေ ဒုက္ခတွေကို ခံစားချင်တယ်ဆိုတဲ့ ရည်ရွယ်ချက်ကြောင့်ပဲဖြစ်ပါတယ်။

အဲဒီမှာ သူတို့သုံးယောက်ဆုံသွားပြီး သုံးယောက်ပေါင်းလောင်းကျော်ဆိုတဲ့အတိုင်း စွန့်စားခန်းတွေဖွင့်ရင်း ဘယ်လိုတစ်လွဲတွေလုပ်မယ်ဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။

အင်တာဗျူးတစ်ခုမှာ Matt Greoning က ဒီစီးရီးဟာ Fantasy World တစ်ခုပေါ်မှာဇာတ်အိမ်တည်မှာဖြစ်ပြီး နာမည်ကျော် Fantasy ဇာတ်လမ်းတွေဖြစ်တဲ့ The Lord of The Ring, Game of Throne တို့ကို လုံးလုံးလျားလျား parody လုပ်မှာမဟုတ်ပါဘူး။

ဒါပေမယ့် အဲဒီဟာတွေထဲက References တွေအများကြီးကိုထည့်သွင်းထားပါတယ်လို့ ဖြေကြားထားပါတယ်။

ဒါ့အပြင် အပိုင်းတစ်မှာတင်ပဲ Disney World အပြင် တခြား Fantasy World တွေထဲက References တွေအများကြီးပါလာတာကိုတွေ့ရပါတယ်။

အဲဒီ References တွေကိုသိတဲ့သူဆိုရင် အူလှိမ့်အောင်ရယ်နေရမှာပါ။

ဘာပဲပြောပြော ရှေ့က Matt ရဲ့ Futurama နဲ့ The Simpsons ကိုသဘောကျတဲ့သူတွေ၊ Sitcom စီးရီးကို ကြိုက်နှစ်သက်တဲ့သူတွေအနေနဲ့ ဒီစီးရီးကို လက်လွှတ်မခံသင့်ပါဘူး။

(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်တင်ဆက်ထားသူကတော့  ကိုမျိုးသန့် ဖြစ်ပါတယ်။)

 

 

Quality – 720p WEB-DL

Duration – 30min (@Episode)

Subtitle – Myanmar Hardsub

Format – Mp4

Genre : Animation, Adventure, Comedy

Source : 720p.WEB.x264-STRiFE

Translator – Myo Thant Kyaw

Encoder – Thanhtike Zaw

 

 

Complete Zip FIle  Yoteshin Megaup Vip



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လဲရသလို One Click Download လဲ ပြုလုပ်နိုင်ပါတယ်။

Airs On
Release Year
Firt air date
Last air date2018-08-17
TypeScripted
Episode runtime28 min
Popularity15.56
TV StatusReturning Series

Seasons and episodes

No data available


Videos

Comments