Encounter / Boyfriend (2018) – Channel Myanmar
Channel Myanmar

Encounter / Boyfriend (2018)

남자친구

1 Seasons 6 Episodes
Returning Series

Encounter / Boyfriend (2018)

no data

Backdrops

Encounter / Boyfriend (2018)
Encounter / Boyfriend (2018)

Synopsis of Encounter / Boyfriend (2018)

mmbusticket

Title – “Boyfriend/ Encounter”
Starring – Park Bo Gum, Song Hye Kyo
Genre – Melodrama, Romance
Written by Yoo Young Ah
Directed by Park Shin Woo
Created by Studio Dragon
Production – Bon Factory
Network – tvN

 

စီးပွားရေးလုပ်ငန်းစုကြီးတစ်ခုရဲ့ အမွေဆက်ခံသူနဲ့

ကွာရှင်းပြတ်စဲထားတဲ့ အမျိုးသမီး၊ နိုင်ငံရေးသမားအဖေနဲ့ မိဘတွေကြောင့်

အဲဒီလူနဲ့ လက်ထပ်ခဲ့ရတဲ့ အမျိုးသမီး၊ ဘဝမှာ ကိုယ့်စိတ်တိုင်းကျ တစ်ခါမှမနေထိုင်ဖူးတဲ့

အမျိုးသမီး Cha Soo Hyun နဲ့

သာမန်ရိုးရှင်းတဲ့ ဘဝမှာ သူလိုကိုယ်လို လွတ်လပ်ပျော်ရွှင်စွာနေတတ်တဲ့

ကောင်လေး Kim Jin Hyuk တို့ရဲ့ အကြောင်းပါ။

 

 

– Cha Soo Hyun (Song Hye Kyo)

Dong Hwa ဟိုတယ်ရဲ့ ဥက္ကဌဖြစ်သူ Soohyun ဟာ သူ့အဖေပါဝင်တဲ့

ရွေးကောက်ပွဲတွေကို ကူညီထောက်ပံ့ပေးသူတစ်ယောက်အဖြစ်

လူတွေက သိထားကြပါတယ်။ ဆယ်လီတစ်ယောက်လို

နာမည်ကျော်ကြားသူလည်း ဖြစ်တယ်။

သူ့အမေ စိတ်ကျေနပ်မှုရရှိအောင် Tae Kyung Group ရဲ့

အမွေဆက်ခံသားဖြစ်သူကို လက်ထပ်ခဲ့တယ်။

ဒါပေမဲ့ ဒီအိမ်ထောင်ရေးဟာ ကွာရှင်းပြတ်စဲခြင်းနဲ့ပဲ အဆုံးသတ်ခဲ့ရတယ်။

အဲဒီလို ကွာရှင်းပြတ်စဲတဲ့အတွက် လျော်ကြေးအဖြစ်

Dong Hwa ဟိုတယ်ကို ရခဲ့တာဖြစ်ပြီး လုပ်ငန်းကို အောင်မြင်အောင် လုပ်နိုင်ခဲ့တယ်။

သူ့ကိုယ်သူ Dong Hwa ဟိုတယ်ရဲ့ ဥက္ကဌအနေနဲ့သာ

လူတွေဆီမှာ အမှတ်ရခံချင်ပြီး Tae Kyung Group ရဲ့ ချွေးမဟောင်းအဖြစ်

မှတ်မိနေမှာမျိုးကို မလိုလားပါဘူး။

ဒါပေမဲ့လည်း အဲဒီအရိပ်တွေက သူ့ကို လွှမ်းမိုးထားဆဲပါ။

 

 

– Kim Jin Hyuk (Park Bo Gum)

Hongjae Dong မှာ မွေးဖွားကြီးပြင်းခဲ့တဲ့

(၂၉)နှစ်အရွယ် Jinhyuk..။

လူတွေအပေါ် အမြဲတမ်းကြင်နာတတ်တဲ့ ကောင်လေးဖြစ်ပြီး

အိမ်နီးနားချင်းတွေနဲ့လည်း ခင်မင်ရင်းနှီးစွာနေတတ်သူ ဖြစ်ပါတယ်။

ရပ်ကွက်ထဲက လူကြီးတွေရဲ့ ချစ်ခင်စောင့်ရှောက်ခြင်းခံရတဲ့သူလည်း ဖြစ်တယ်။

သူဟာ စာတော်တဲ့ကျောင်းသားတစ်ယောက်ဖြစ်ခဲ့ပြီး ဘွဲ့လည်းရပြီး တစ်နှစ်ကြာတဲ့ထိ

အလုပ်ရှာမတွေ့သေးတာကိုတော့ လူကြီးတွေက ဘယ်လိုမှနားမလည်နိုင်ခဲ့ဘူး။

Jinhyuk ဟာ အတည်တကျ အလုပ်ရှာဖွေနေရင်း တစ်ဖက်ကနေလည်း

အချိန်ပိုင်းအလုပ်တွေကို ဝင်လုပ်ပြီး Cuba နိုင်ငံကို လေးပတ်လောက် အပန်းဖြေခရီးသွားနိုင်ဖို့ ငွေစုနေခဲ့တယ်။

ဒါဟာ သူ့ဘဝမှာ သူ့ကိုယ်သူပေးတဲ့ ဆုဆိုပြီး သတ်မှတ်ထားခဲ့တယ်။

ဒီလိုအခွင့်အရေးမျိုးဟာ နောက်တစ်ကြိမ်မရှိနိုင်တော့တဲ့ နောက်ဆုံးရတာလို့လည်း

သူ့ဘာသာ သတ်မှတ်ခဲ့တယ်။

အဲဒီခရီးကိုထွက်လာခဲ့ပြီး နောက်ဆုံးရက်မှာတော့ သူဟာ

လမ်းပျောက်နေတဲ့ အမျိုးသမီးတစ်ယောက်နဲ့ ဆုံဆည်းမိခဲ့တယ်။

အဲဒီကနေစပြီး သူ့ဘဝဟာ ပြောင်းလဲခဲ့ပါတော့တယ်။

ဒီ “Boyfriend/ Encounter” ဇာတ်လမ်းတွဲကို ယခုလ

နိုဝင်ဘာ (၂၈)ရက် ဗုဒ္ဓဟူးနေ့ ညကိုးနာရီခွဲ (မြန်မာချိန် ညခုနစ်နာရီ) ကနေ စတင်ပြီး

အပတ်စဉ် ဗုဒ္ဓဟူး-ကြာသပတေးညတိုင်း tvN ရုပ်သံကနေ ထုတ်လွှင့်သွားမှာပါ။

 

 

ဒီဇတ်လမ်းတွဲကို ThinZar Htet က ဘာသာပြန်ပေးထားပြီး

TV Series ရဲ့ Review ကိုတော့ Aeindanilar Ko Wynn မှ ရေးသားပေးထားပါတယ်

 

 

EP 01 –  Drive / Mega / Openload / ClickUpload (500 MB)

EP 02 –  Drive / Mega / Openload / ClickUpload (500 MB)

EP 03 –  Drive / Mega / Openload / ClickUpload (500 MB)

EP 04 –  Drive / Mega / Openload / ClickUpload (500 MB)

EP 05 –  Drive / Mega / Openload / ClickUpload (500 MB)

Airs On
Release Year
Firt air date
TypeScripted
Episode runtime60 min
Popularity20.383
TV StatusReturning Series

Videos

Comments