Channel Myanmar

From Scratch (2022) Complete

From Scratch

1 Seasons 8 Episodes
Ended

From Scratch (2022) Complete

8
TMDb: 8/10 83 votes

General information

Original nameFrom Scratch
Created by

Backdrops

From Scratch (2022) Complete
From Scratch (2022) Complete
From Scratch (2022) Complete
From Scratch (2022) Complete

Synopsis of From Scratch (2022) Complete

From Scratch (2022) Completed Limited Series

 

~ IMDb – 7.9/10, Rotten Tomatoes – 92% ~

 

ဒီနှစ်ထဲမှာပဲ Netflix ကတင်ဆက်လိုက်တဲ့ ဒရာမာစီးရီးသစ်ဖြစ်ပြီး နယူးယောက်တိုင်းမ်ရဲ့ရောင်းအားအကောင်းဆုံး ဖြစ်ရပ်မှန်ဝတ္ထုတစ်ပုဒ်ကို ပြန်လည်အသက်သွင်းထားတာပါ။ IMDb 7.9/10 နဲ့ Rotten Tomatoes က 92% တောင်ပေးထားတဲ့အတွက် အကောင်းဆုံးမဟုတ်ရင်တောင် သာမန်ထက်အများကြီးပိုတဲ့အနေအထားတစ်ခုရှိတယ်ဆိုတာ ပြောစရာလိုမယ်မထင်ပါဘူး။

 

အဓိကဇာတ်ဆောင်မင်းသမီးအနေနဲ့ အားလုံးရင်းနှီးပြီးသားဖြစ်တဲ့ Guardians of the Galaxy ထဲက Gamora အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Zoe Saldaña ကပါဝင်အားဖြည့်ထားပါတယ်။

 

ဇာတ်လမ်းလေးအကြောင်းကတော့ အီတလီမြေမှာ အနုပညာလေ့လာဖို့ရောက်လာခဲ့တဲ့ ဥပဒေကျောင်းသူလေး အေမီတစ်ယောက် ဖလောရင့်စ်မှာတွေ့တဲ့ စားဖိုမှူးလေးနဲ့ ဘယ်လိုတွေငြိပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာပါပဲ။ ဒီထက်ပိုပြောရရင် Spoiler ဖြစ်မှာမို့ဒီလောက်ပဲပြောပါ့မယ်။ ထူးခြားချက်ကိုပြောရမယ်ဆိုရင် အီတလီမှာရိုက်ထားတဲ့ဇာတ်ဝင်ခန်းတွေက ချက်ချင်းသွားလည်ပစ်ချင်လောက်အောင် တော်တော်လေးကိုမိုက်ပါတယ်။ ဖြစ်ရပ်မှန်ကိုအခြေခံထားတာကြောင့် သာမန်ထက်အများကြီးထူးကဲဖောက်ထွက်နေတဲ့ အချစ်ဇာတ်လမ်းမျိုးမဟုတ်သလို Emily in Paris တို့လိုအရမ်းခေတ်မဆန်လွန်းပေမယ့် ဖန်တရာတေနေအောင်ရိုးအီနေတဲ့ ကြည့်နေကျအချစ်ဇာတ်လမ်းတွဲတွေလိုလည်းမဟုတ်ပါဘူး။

 

၂၀၀၀ ပြည့်နှစ်ပတ်ဝန်းကျင်တွေမှာဇာတ်အိမ်တည်ထားတာဖြစ်တဲ့အတွက် အဲဒီကာလက နိုင်ငံချင်းမတူ ဓလေ့စရိုက်ချင်းမတူကြတဲ့ လူနှစ်ယောက် ပေါင်းဖက်ဖို့ကြိုးစားကြတဲ့နေရာမှာ ဘယ်လိုအခက်အခဲတွေရှိပြီး ဘယ်လိုကျော်ဖြတ်ကြမလဲ။ တကယ်ဆိုရင်အချစ်ပဲလိုတယ်ဆိုတဲ့ထုံးကိုရော ဘယ်လောက်ကြာကြာဆုပ်ကိုင်ထားနိုင်မှာလဲ။ ဒီအတွဲလေးအကြောင်းကိုပဲ စီးရီးတစ်ခုစာဖန်တီးထားတာဖြစ်ပေမယ့် အပိုင်းတိုင်းကပျင်းစရာမကောင်းနေပါဘူး။

 

မိသားစုရေးရာတွေ၊ မောင်နှမကြားဆက်ဆံရေးတွေ၊ အိမ်ထောင်ရေးပြဿနာတွေ၊ ကုန်ကုန်ပြောရရင် လူမျိုးရေး၊ ဘာသာရေးနဲ့ပတ်သက်တဲ့ မက်ဆေ့ချ်လှလှလေးတွေလည်း အများကြီးထည့်ပြပေးထားတာကိုမြင်ရမှာပါ။ အချုပ်ပြောရရင် တကူးတကစောင့်မကြည့်ဖြစ်ရင်တောင် အားလပ်ချိန်လေးမှာ အေးဆေးအရသာခံပြီး ကြည့်သင့်တဲ့ဇာတ်လမ်းလေးဖြစ်တာကြောင့် လက်မလွှတ်တမ်းအားပေးကြပါဦးလို့တိုက်တွန်းလိုက်ပါတယ်။

 

(ဒီစီးရီးကို အညွှန်းရေးသား ဘာသာပြန်ပေးသူတွေကတော့ Min Khant Bo နဲ့ Htet Kyaw Myo တို့ပဲဖြစ်ပါတယ်။)

Size ~ 650MB+
Total ~ 8 Episodes
Quality – 1080p
Duration ~ 50min (@Episode)
Subtitle – Myanmar Hardsub
Format – Mp4
Genre : Drama
Source : NF.Web-dl.1080p
Translator – Min Khant Bo, Htet Kyaw Myo
Encoder – Y


 

Series Complete Zip (Yoteshin)

Ep 01 to 04 / Ep 05 to 08

 

Episode 1 –> Yoteshin / MegaUp / MegaNZ / UsersDrive / StreamSB

 

Episode 2 –> Yoteshin / MegaUp / MegaNZ / UsersDrive / StreamSB

 

Episode 3 –> Yoteshin / MegaUp / MegaNZ / UsersDrive / StreamSB

 

Episode 4 –> Yoteshin / MegaUp / MegaNZ / UsersDrive / StreamSB

 

Episode 5 –> Yoteshin / MegaUp / MegaNZ / UsersDrive / StreamSB

 

Episode 6 –> Yoteshin / MegaUp / MegaNZ / UsersDrive / StreamSB

 

Episode 7 –> Yoteshin / MegaUp / MegaNZ / UsersDrive / StreamSB

 

Episode 8 –> Yoteshin / MegaUp / MegaNZ / UsersDrive / StreamSB

 


 



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Airs On
Release Year
Firt air date
Last air date2022-10-21
TypeMiniseries
Episode runtime58 min
Popularity50.555
TV StatusEnded

Seasons and episodes

No data available


Videos

Comments