Hannibal Lecterဆိုတဲ့ နာမည်ကိုကြားရုံနဲ့
Cannibalism ဆိုတဲ့စာလုံးကို
တန်းမြင်စေတဲ့အထိ ဒီနာမည်ရဲ့ ပေါက်ရောက်အောင်မြင်မှု၊
Iconicဖြစ်မှုကသိပ်ကိုကြီးပါတယ်၊ အမေရိကန်စာရေးဆရာကြီး
Thomas Harrisရဲ့fictional characterတစ်ယောက်ဟာ ရုပ်ရှင်ဇာတ်ကားပေါင်း ၅ကား ၊
Season 3ခုရှိတဲ့ seriesနဲ့အတူ အော်စကာဆုအပြင် အောင်မြင်မှုပေါင်းများစွာ
ရရှိထားတဲ့Franchise အဖြစ် အရှိန်အဝါကြီးစွာ ရပ်တည်နေတာပါ၊
Hannibalဆိုတဲ့ ဇတ်ကောင်ဟာ လူသတ်သမားတစ်ယောက်၊ လူသားကိုခုံမင်စွာ
စားသောက်တတ်သူ တစ်ယောက်ဖြစ်သလို လူတွေရဲ့ စိတ်ကို ထုံးလိုမွှေရေလိုနှောက်
နောကြေနေတဲ့Psychiatrist တစ်ယောက်ဖြစ်တာမလို့ သူဟာ လူတွေရဲ့စိတ်ကို
လွှမ်းမိုးချုပ်ကိုင်တယ်၊လိုသလို ကြိုးကိုင်တတ်တယ်၊ ကိုယ့်အပြစ်ကို သူများရဲ့
အပြစ်ဖြစ်အောင် ပုံဖော်ရာမှာ သိပ်ကိုဉာဏ်ပြေးလွန်းပါတယ်၊
ဒီလိုဇာတ်ကောင်ကို Hannibal seriesမှာ အသက်ဝင်ပီပြင်စွာ ပုံဖော်ထားတာက
Danishလူမျိုး သရုပ်ဆောင်ကြီး Mads Mikkelsenပါ၊ Silence of the Lambs
ရုပ်ရှင်နဲ့ Hannibalဆိုတဲ့ ဇာတ်ကောင်ကို Oscarဆုရတဲ့အထိ သရုပ်ဆောင်ပြခဲ့တဲ့
မင်းသားကြီး Anthony Hopkinsကြောင့် သူ့ရဲ့အရှိန်အဝါကို ကျော်နိုင်ပါ့မလားလို့
စိုးရိမ်မှုတွေရှိခဲ့ကြပေမဲ့Madsရဲ့ Hannibal ဟာ မတူညီတဲ့ vibeမျိုးကို
အကောင်းဆုံးပုံဖော်နိုင်ခဲ့ပါတယ်၊ ရုပ်ရှင်ဗားရှင်း Hannibalက ကြောက်ဖို့ကောင်း၊
သွေးပျက်ဖို့ ကောင်းတယ်ဆိုရင် Seriesရဲ့ Hannibalဟာ
မချင့်မရဲဖြစ်စရာရွံရှာစက်ဆုပ်စရာ
တချိန်တည်းမှာပဲ အားကျချင်စရာ ဇာတ်ကောင်တစ်ယောက်ဖြစ်နေပါတယ်၊
Hannibal Seriesရဲ့ Signatureက အနုပညာဆန်စွာ လူသတ်ခြင်းနဲ့ ဟင်းလျာချက်ပြုတ်
ပြင်ဆင်ခြင်းတွေပါ၊ သူဟာ လူမဆန်စွာသတ်ဖြတ်တတ်သလို Crime sceneကိုလည်း
Classic ပန်းချီလက်ရာတွေအတိုင်း ပုံဖော်ရတာကို အရမ်းခုံမင်တဲ့သူပါ၊ ဒါကြောင့်
ဒီကားထဲက လူသတ်မှုတွေကများစွာရက်စက်ကြမ်းကြုတ်တယ်၊ သွေးသံရဲရဲနဲ့
စိတ်မချမ်းမြေ့ဖွယ်ကောင်းပေမဲ့ တချိန်တည်းမှာပဲ အနုပညာဆန်စွာလှပနေပါတယ်၊
Hannibalဟာ စိတ်ပညာကို သိပ်ပိုင်နိုင်တာကြောင့် FBIရဲ့Special consultant
အနေနဲ့ နေရာတစ်ခုယူထားသလို သူ့လိုပဲ စိတ်ပညာရှင်တစ်ယောက်လည်းဖြစ်၊
Crime scene တွေကို mind palaceထဲပုံဖော်သလို design ဆွဲနိုင်စွမ်းရှိတဲ့
Sociopathအလောင်းအလျာ Will Grahamနဲ့
FBI Agents ဖြစ်တဲ့Jack Crawford
တို့ကို သူရဲ့ကစားစရာအရုပ်တွေလို ကြိုးကိုင်ချယ်လှယ်ရင်း
သူရဲ့ဂုဏ်ပုဒ်ကြီးဖြစ်တဲ့Chesapeake Ripperဆိုတဲ့
လူသတ်သမားနာမည်ကို ဘယ်လိုအကွက်ချ
ဖုံးကွယ်မလဲ၊ ဘယ်သူတွေကို သတ်ဖြတ်ရင်း Cannibalismကို
ဘယ်လိုပုံဖော်သွားမလဲ
ကြည့်ရမှာပါ၊
သွေးသံရဲရဲနဲ့ရက်စက်ကြမ်းကြုတ်မှုတွေ အပြည့်ပါတဲ့series ဖြစ်တာမလို့
သတိထားပြီးကြည့်ရှုစေချင်ပါတယ်၊ Madsရဲ့ Signature
ကာရိုက်တာတွေထဲကတစ်ခုဖြစ်တဲ့ ဒေါက်တာHannibal Lecterနဲ့အတူ
Cannibalism လောကထဲစီးမြောလိုက်ရအောင်ပါ
File Size –700MB @Episode
Quality –1080p BLu Ray
Duration – 43minute (@Episode)
Total Episodes:
Subtitle – Myanmar Hardsub
Format – Mp4
Genre : Drama
Translator – JimX , Esther Van Sui Par , Dolly , Eaindray , Yoon Sandi , MayThuAung , KyiKyi
Encoder –Thti San Khant
Season 2
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။