Channel Myanmar

Hymn of Death (2018) {Complete}

Praise of Death

1 Seasons 2 Episodes
Returning Series

Hymn of Death (2018) {Complete}

9
TMDb: 9/10 2 votes

General information

Original namePraise of Death

Backdrops

Hymn of Death (2018) {Complete}
Hymn of Death (2018) {Complete}

Synopsis of Hymn of Death (2018) {Complete}

အခု ပြောပြမယ့် series ကတော့ Netflix က

ပူပူနွေးနွေးထုတ်ထားတဲ့ Korea Drama series လေးပါ

ကိုရီးယား ကားတွေကြည့် ရတဲ့ အနှစ်က အခြားသူတွေတော့ မသိ

ကျွန်တော်ကတော့ သမိုင်းနောက်ခံကား တွေလို့ ပဲမြင်မိတယ်

အဲ တဖန်ပြန်ပြောရ ရင် နန်းတွင်းကားတွေကတော့

နဲနဲ အီလာတာပေါ့ ကြည့်နေရတာ ဂျူမုံကို ကလေး ဘဝကတည်း ကကိုး

အခု ဒီ series လေးက သမိုင်းနောက်ခံကား ပေမယ့်

အချစ်အလွမ်းအပြင် ကြေကွဲ စို့နင့်ဖွယ် အနုပညာပါရမီရှင်

လူငယ်လေးနှစ်ယောက်အကြောင်းဖြစ်ရပ်မှန် ကို

မှီးငြမ်းရိုက်ကူးထားပါတယ်

ဇာတ်လမ်းကို 1921 မှာအခြေတည်ထားပါ တယ်

ကဗျာတွေ ပြဇာတ်တွေကို ခုံမင်တဲ့

ကင် အူဂျင်းတစ်ယောက် အင်္ဂလိပ်စာလေ့လာဖို့

ကိုယ့်မြေကိုယ့်ရွာကို စွန့်ခွာပြီး တိုင်းတစ်ပါး

ဂျပန်ပြည်ကိုရောက်နေတာပေါ့

ကိုယ့်မြေကိုယ့်ရွာလို့ ယတိပြတ်ဆိုလို့တော့ မရပါဘူး

ဘာလို့ ဆို ထိုခေတ်အခါက ကိုလိုနီ ဂျပန်က

ကိုရီးယားကို သိမ်းယူ ထားတာကိုး

ကင်အူဂျင်းတစ်ယောက် တက္ကသိုလ်တက်ဖို့ ရောက်နေချိန်မှာပဲ

အဆိုပညာကို တဖက်ကမ်း ခတ်တတ်မြောက်ဖို့

ယွန်ဆင်ဒေါက်ဆိုတဲ့ ကောင်မလေးတစ်ယောက်လဲ

ဂျပန်မှာရောက်နေခဲ့တယ် အဆိုပညာမှာ နဂိုကလဲပါရမီရှိပြီးသား

ယွန်ဆင်ဒေါက်တစ်ယောက် ကိုယ့်မွေးရပ်မြေ

ဂျိုဆန်မှာ ဖျော်ဖြေဖို့ ကင်အူဂျင်းရဲ့ ကမ်းလှမ်းခံ ခဲ့ရပါတယ်

တချိန်ကြရင် ကိုရီးယားနိုင်ငံသမိုင်းမှာ ပထမဆုံးအသံမြင့်အဆိုတော်တစ်ယောက်

ဖြစ်လာမယ့် ယွန်ဆင်ဒေါက် နဲ့ ပြဇာတ်တွေ တန်ဖိုးထားတတ်တဲ့

ကင်အူဂျင်းတို့ရဲ့ ကြေကွဲဖွယ်တိမ်မြုပ်နေတဲ့

ဇာတ်လမ်းလေး ကို ဘယ်လို အသက်ပြန်သွင်းထားမလဲက တော့

စိတ်ဝင်စားစရာပါပဲ သမိုင်းကိုအခြေခံပြီး ရိုက်တဲ့ကားမို့လို့

တကယ့် history နဲ့ ကွဲလွဲတာတွေရှိမယ်

ဒါပေမယ့် သူတို့နှစ်ယောက်ကြားထဲက ထားရှိခဲ့တဲ့

သင်္ကေတ တချို့တဝက်ကိုတော့ ခံစားနိုင်ကောင်းပါရဲ့

အလွမ်းအဆွေး ကိုရီးယားဇာတ်ကားကို

မင်းသား မင်းသမီးချောချောလေးတွေနဲ့မှ

ကြည့်ချင်တဲ့သူတွေအတွက်လက်မလွှတ် သင့်တဲ့

series ပါ ဘာလို့ဆို မင်းသားလေး ကချောလို့

ကျွန်တော်တောင်ကြွေမိပါတယ်

ဒီဇတ်လမ်းတွဲကို ဟိန်းသက်နိုင် နဲ့  ThinZar Htet က ဘာသာပြန်ပေးထားပြီး

အညွှန်းကိုလဲ ကိုယ်တိုင်ပဲ ရေးပေးထားပါတယ်

Complete Zip File  VIP Yoteshin

EP 01 & 02  – Drive / Mega / Openload / ClickUpload (410 MB)

EP 03 & 04  – Drive / Mega / Openload / ClickUpload (410 MB)

EP 05 & 06  – Drive / Mega / Openload / ClickUpload (410 MB)

END



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Airs On
Release Year
Firt air date
Last air date2018-11-27
TypeScripted
Popularity30.738
TV StatusReturning Series

Seasons and episodes

No data available


Videos

No data available

Comments