Tokusatsu ရဲ့  Dark ဖြစ်တဲ့ Series
သို့မဟုတ် Kamen Rider Amazonz 2016
ပုံစံတွေကြည့်ပြီး ကလေးကြည့် Power Ranger ကားလိုမျိုး
တွေးလိုက်ရင်တော့ တက်တက်စင်အောင်လွဲပါလိမ့်မယ်။
ဒီ Series က ကလေးကြည့်ကားလို့ ပြောလို့မရပဲ
Bloody Scene တွေသေအောင်ပါတဲ့
Kamen Rider ပါ။
အရင် Tokusatsu ကရိုက်တဲ့ Kamen Rider Series
တွေက အကုန်ပေါ့ပေါ့ပါးပါးနဲ့ပဲ လူတိုင်းကြည့်လို့ရအောင်
ရိုက်ထားပါတယ်။သာမန် Kamen Rider တွေထဲက
Power Rangers Logic တွေထဲက မထွက်နိုင်တာမျိုးပေါ့ဗျာ။
ခုတ်လိုက်ရင် မီးပွားလေးတွေပွင့်သွားတာ..
လူဆိုးဆိုရင်လူတွေကို ဘာမှမလုပ်ပဲ အနောက်က
လိုက်ခြောက်နေတာမျိုးတွေ။
ဒီ Series မှာ လိုက်မခြောက်ပါဘူး။
တစ်ခါထဲကို ခေါင်းဖြတ်သတ်ပစ်တာပါ။
ဘာ ဆင်ဆာ မှမပါဘူးနော်။
ဓားကြီးနဲ့ ရွှမ်းခနဲ ပီပီပြင်ပြင်
ဖြတ်ပစ်လိုက်တာ။
ဒီ Amazon Series မှာ မီးပွားပွင့်ထွက်ဖို့နေနေသာသာ
သတ်ပုတ်တဲ့အခန်းတိုင်း သွေးသံတရဲရဲနဲ့ဖြစ်နေတာမို့လို့
ငါကြည့်နေတာ Kamen Rider လား လူသတ်ကားလား
လို့တောင် တွေးမိတဲ့အထိပါပဲ။
သရုပ်ဆောင်တွေ သရုပ်ဆောင်ချက်ကလည်း
ပြောစရာမလိုဘူး။မိတ်ကပ် Effect တွေ CGI တွေကလည်း
တော်တော်လေး မဆိုးဘူးလို့ပြောလို့ရပါတယ်။
မင်းသမီးလေးတွေဆို ချစ်စရာလေးတွေ ❤
Iyu & Mizuki ❤❤
AmazonZ Alpha (အနီ) အဖြစ် သရုပ်ဆောင်တဲ့ Takayama Jin
ဆိုရင် တကယ်မိုက်ပါတယ်….
Alpha ဇာတ်ကောင်က
သူ့အတွက် သီးသန့်လား လို့တောင် ထင်ရတဲ့အထိပဲ။
Season 2 ကတော့ တကယ် အကောင်းဆုံးပါ။
ဇာတ်လမ်းလှည့်ကွက်တွေ Plot တွေကလည်း
မြန်မာကားတွေလို အစကြည့် အဆုံးသိမဟုတ်ပဲနဲ့
ကိုယ်မသိတဲ့အချိန်မှာတောင် ဇာတ်လမ်းကိုလှည့်သွားတာပါ..
ထည့်မရေးတော့ပါဘူး မကြည့်ရသေးတဲ့သူတွေအတွက်
Spoil တယ်ဖြစ်မှာစိုးလို့။
သတ်တာဖြတ်တာတွေ Sci-Fi တွေ ကြိုက်တယ်ဆိုရင်
ကြည့်ကို ကြည့်သင့်တဲ့ Series နော်။
တစ်ခါမှ Kamen Rider ကို Review မတင်ဖူးပါဘူး။
ဒါက ကြည့်ဖူးသမျှထဲမှာ အလန်းဆုံးအမိုက်ဆုံးဖြစ်နေလိုပါ..
IMDB rating-8.1 ရထားတဲ့ ဒီ Kamen Rider Amazons ဟာ
၁၉၇၄-၇၅ခုနှစ်က ထုတ်လွှင့်ပြသခဲ့တဲ့
Kamen Rider Amazon ကို Reboot လုပ်ထားတဲ့
Series တစ်ခုဖြစ်ပြီး Season ၂ခု
( 1 Season=Episode 13 ပိုင်းနဲ့ စုစုပေါင်း ၂၆ ပိုင်းရှိပြီး)
ဒီနှစ်ထဲမှာလည်း
Kamen Rider Amazon: The Last Judgement ဆိုပြီး
Movie အနေနဲ့ပါ ရိုက်ကူးမယ့်
ဂျပန် Action Drama Thriller စီးရီးလေးပါ
ဇာတ်လမ်းအကျဉ်းလေးကတော့
ဆေးပညာနည်းပညာတွေ ခေတ်မှီလာတဲ့အချိန်မှာ
ဂျပန် နာဇိုမီဆေးကုမ္ပဏီကနေ
ဆေးပညာအတွက်ရော နည်းပညာနဲ့တိုက်ခိုက်ရေး
ဘက်စုံသုံးနိုင်အောင်ဖို့အတွက် လူဖန်တီးထားတဲ့
ဇီဝသက်ရှိတစ်မျိုးကို နှစ်ပေါင်းများစွာ
ငွေကုန်ကြေးကျခံပြီး ဖန်တီးနိုင်ဖို့ကြိုးစားခဲ့ရာက
စမ်းသပ်မှုအောင်မြင်ပြီး Amazons ဆိုတဲ့
ဆဲလ်တစ်မျိုးကို ဖန်တီးနိုင်ခဲ့ပါတယ်။
Amazonရဲ့ အားသာချက်ကတော့
ဒီဆဲလ်လေးကနေပြီးတော့ ဇီဝမျိုးကွဲသတ္တ၀ါစုံကို
ဖန်တီးလို့ရသလို လူသားကိုယ်ထဲထိုးသွင်းပေးရင်လည်း
အားအင်သန်မာစေနိုင်ပါတယ်။
အားနည်းချက်ကတော့ လူသားဆဲလ်နဲ့ဖန်တီးထားတာကြောင့် အဟာရအဖြစ်
လူသားဆဲလ် protein(အသားဓာတ်)ကိုလိုအပ်လာပြီး Amazon ဆဲလ်များနိုးထလာပြီး
လူသားစားသတ္တ၀ါအဖြစ်ပြောင်းသွားတတ်ပါတယ်။
ဒီအားနည်းချက်ကို ဆေးရည်တစ်မျိုးနဲ့
နှစ်နှစ်ခန့်ကြာအောင်တော့ထိန်းထားနိုင်ပါတယ်။
ကုမ္ပဏီက ထိန်းချုပ်နိုင်မယ့်နည်းလမ်းရှာဖွေနေတုန်းမှာပဲ ဓါတ်ခွဲခန်းမတော်တဆဖြစ်ပြီး
စမ်းသပ်ထားတဲ့သူ ၄၀၀၀ ကျော်ခန့် ပျောက်ဆုံးသွားခဲ့တယ်။
ဒီသတ္တ၀ါတွေဟာ ဆာာလောင်မှုအတွက်လူသားများကို
သတ်ဖြတ်စားသောက်နေတာကြောင့်
အဲ့လိုသတ်ဖြတ်စားသောက်တဲ့ Amazon တွေကို ချေမှုန်းနေတဲ့အဖွဲ့ကို
ကုမ္ပဏီက ပြင်ပလူတွေမသိအောင် လျှို့ဝှက်ဖွဲ့စည်းထားပြီး တိတ်တဆိတ်နဲ့
အပြင်လူမသိအောင်လိုက်လံချေမှုန်းနေရတယ်။
အဓိကဇာတ်ကောင်ဖြစ်တဲ့ မီဇူဆာဝါ ဟာရူကာဟာလည်း အဲ့ဒီစမ်းသပ်ခံတွေထဲက
တစ်ယောက်ဖြစ်ပြီး သူ့ မွေးစားအမေရဲ့ ထိန်းချူပ်မှုအောက်မှာနေထိုင်နေရပါတယ်
Amazon ဆဲလ်များမနိုးထလာစေရန်အတွက်လည်း
ဆေးတွေသောက်ပြီးတော့ နေနေရသော်လည်းရ တစ်ရက်မှာတော့
သူ့ရဲ့စိတ်အတွင်းက Amazon ကသူ့ကိုထိန်းချူပ်နိုင်သလိုဖြစ်ကာ
ဆေးမသောက်မိပဲ ထွက်ပြေးသွားရာကနေ သူနဲ့ အနွယ်ဝင်ဖြစ်တဲ့
Amazon Alpha ဖြစ်သူ တာကာယာမ ဂျင်းနဲ့တွေ့ပြီး ဘာတွေဆက်ဖြစ်လာသလဲ
မျိုးရိုးဗီဇပြောင်း Amazon တွေကပဲ လူသားမျိုးနွယ်ကို
သတ်ဖြတ်မျိုးတုန်းစေမလားဆိုတာကတော့ ဆက်လက်ကြည့်လိုက်ကြပါ…..
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။