Channel Myanmar

Kamen Rider BLACK SUN (2022) Complete

仮面ライダーBLACK SUN

1 Seasons 10 Episodes
Returning Series

Kamen Rider BLACK SUN (2022) Complete

9.667
TMDb: 9.667/10 15 votes

General information

Original name仮面ライダーBLACK SUN

Backdrops

Kamen Rider BLACK SUN (2022) Complete

Synopsis of Kamen Rider BLACK SUN (2022) Complete

Kamen Rider BLACK SUN (2022) Complete

 

~ IMDb – 8.8/10, MyDramaList – 8.8/10 ~

 

Kamen Rider နှစ်ငါးဆယ်ပြည့်နဲ့ Black ရဲ့ ၃၅နှစ်ပြည့်အတွက် အထူးတလည် ထုတ်လိုက်တဲ့ ဇာတ်လမ်းတွဲပါ။ Kamen Rider တွေ အများကြီးရှိတဲ့အထဲကမှ ငယ်ငယ်က နှံကောင်ပါဝါရိန်းဂျားလို့ လူသိများခဲ့တဲ့၊ ကလေးကြည့်ကားနဲ့မတူဘဲ ရုပ်ထွက်တွေ ချကွက်တွေ နည်းနည်းပြင်းတဲ့ Kamen Rider Black ရဲ့ အဆက်ဇာတ်လမ်းပါပဲ။ အများစုကတော့ Kamen Rider တွေထဲမှာ Black ရဲ့ ဇာတ်လမ်းက အကောင်းဆုံးလို့ ဆိုကြပါတယ်။ ချခန်းတွေကောင်းသလို အငွေ့အသက်ကလည်း ဒတ်သလို မိန်းစတိုရီလိုင်းကလည်း ခိုင်မာလို့ပါပဲ။ မူလကလည်း ကလေးကြည့်ကားနဲ့ မတူခဲ့သလို အခုပြန်ထုတ်တဲ့အခါမှာလည်း R rated ပေးထားရလောက်တဲ့အထိ သတ်တာဖြတ်တာတွေကြမ်းပါတယ်။ အူဆွဲထုတ်တာတွေ ခေါင်းကို လက်နဲ့ဆွဲဖြုတ်တာတွေ ကိုယ်ကိုနှစ်ခြမ်းဖြဲပစ်တာတွေပေါ့။

 

ဇာတ်လမ်းကတော့ 2022 မှာပဲ ဇာတ်အိမ်တည်ထားပါတယ်။ ခိုတရို တဖြစ်လဲ Black Sun ဟာ depression ဝင် လေလွင့်နေပြီး ဂျပန်ပြည်ကြီးကို မကာကွယ်ဘဲ မိုက်ကြေးခွဲလိုက် ငွေရဖို့ ကလေးမလေးကိုတောင် သတ်ဖို့ကြံလိုက် လုပ်နေတဲ့ကာလပါ။ Kamen Rider form မပြောင်းတာတောင် နှစ်ငါးဆယ်လောက်ရှိပြီထင်ပါတယ်။ ဒီအချိန်မှာ Shadow Moon ကလည်း GorGom အဖွဲ့ အကျဉ်းချဖမ်းဆီးတာ ခံထားရတယ်။ Kaijin တွေနဲ့ လူသားတွေရဲ့ အဓိကရုဏ်းတွေကလည်း ပြင်းထန်နေပါတယ်။ နောက် Black Sun က Kamen Rider form ပြောင်းလိုက်တဲ့အချိန်မှာ Shadow Moon ပါလွတ်လာပြီး သူတို့ အတူ GorGom အဖွဲ့ကို တိုက်ခိုက်ပြီး Creation King ကို သတ်ဖို့လုပ်ကြပါတော့တယ်။

 

မင်းသားကတော့ Drive My Car ရဲ့ မင်းသား Hidetoshi Nishijima ပါ။ ဒီထဲလည်း ကားပေါ်မှာနေပြီး ကြေကွဲမျက်လုံးတွေနဲ့ လောကကြီးကို စိတ်ကုန်နေတဲ့ပုံနဲ့ ကလေးမလေးတစ်ယောက်နဲ့ တိုင်ပတ်နေတာပါပဲ။

 

တစ်ခုရှိတာက ဒီကားကို ပိုဇာတ်ရည်လည်ချင်ရင် မူလ Black ဇာတ်လမ်းတွဲရဲ့ အကျဉ်းကို သိထားတာဖြစ်ဖြစ် ကြည့်ထားတာဖြစ်ဖြစ်မှ ပိုဇာတ်ရည်လည်မှာပါ။ သူက မော်ဒန်ခေတ်မှာ ဇာတ်အိမ်တည်ပြီး Black Sun တောင် သက်လတ်ပိုင်းအရွယ်ရောက်နေပါပြီ။ ၁၉၇၂က အကြောင်းတွေကို နည်းနည်းတော့ထည့်ရှင်းပြပေမဲ့ သူတို့ ဘယ်လိုဖြစ်လာလဲ ဘာညာ သူတို့ ဘာတွေဖြစ်ခဲ့တာလဲဆိုတာကိုတော့ အပိုင်း၂အထိတော့ သေချာဇာတ်ရည်လည်အောင် မရှင်းထားသေးပါဘူး။ ဒီတိုင်းလည်း ကြည့်လို့ဖြစ်ပေမဲ့ သိထားရင်တော့ ပိုကြည့်ကောင်းမှာပါ။ အပိုင်းဆယ်ပိုင်းရှိမှာပါ။

 

ဒီနှစ်မှာ ဂျပန်ရဲ့ နာမည်ကျော်ဇာတ်လမ်းတွေဖြစ်ခဲ့တဲ့ Shin Ultraman ရော Kamen Rider BLACK SUN ရော reboot တွေ ထွက်လာခဲ့ပါတယ်။ Shin Ultraman ကတော့ တော်တော်လေး ကြည့်ကောင်းခဲ့သလို တချို့အခန်းတွေမှာ သူ့ပြပုံတွေက အကျိုးနည်းဆန်းကြယ်တဲ့အပြင် Masami Nagasawa ရဲ့ အလှကြောင့်ပါ တော်တော်ကြည့်ကောင်းခဲ့ပါတယ်။ သို့ပေမဲ့ Ultraman ရဲ့ ပုံစံကြီးကတော့ နည်းနည်းဖျက်တက်တက်ပါပဲ။ ဒါပေမဲ့လည်း ကြည့်ရတော်တော်တန်တဲ့ကားဖြစ်ခဲ့ပါတယ်။ Kamen Rider BLACK SUN ကတော့ Kamen Rider တွေရဲ့ ပုံစံရော Kaijin တွေရဲ့ ပုံစံရောက ပြောစရာမရှိသလို သတ်တာဖြတ်တာတွေ တော်တော်လေး ဒတ်ဖြစ်တာမို့ အခုမှစကြည့်တဲ့သူဆို အစမှာ ဇာတ်ရည်မလည်ဖြစ်နိုင်တာကလွဲ တော်တော်ကြည့်ကောင်းပါတယ်။ မသိရင် Kamen Rider BLACK ဆိုပြီး ရှာဖတ်ပြီးမှ ကြည့်ရင် ပိုအဆင်ပြေပါလိမ့်မယ်။

 

(ဒီစီးရီးကို အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ W ပဲဖြစ်ပါတယ်။)

Size ~ 600MB+
Total ~ 10 Episodes
Quality – 1080p
Duration ~ 45min (@Episode)
Subtitle – Myanmar Hardsub
Format – Mp4
Genre : Action, Adventure, Drama
Source : AMZN.Web-dl.1080p
Translator – W
Encoder – Y


 

Series Complete Zip (Yoteshin)

Ep 1 to 5 / Ep 6 to 10

 

Episode 1 >>> Yoteshin / MegaUp / MegaNZ / UsersDrive / StreamSB

 

Episode 2 >>> Yoteshin / MegaUp / MegaNZ / UsersDrive / StreamSB

 

Episode 3 >>> Yoteshin / MegaUp / MegaNZ / UsersDrive / StreamSB

 

Episode 4 >>> Yoteshin / MegaUp / MegaNZ / UsersDrive / StreamSB

 

Episode 5 >>> Yoteshin / MegaUp / MegaNZ / UsersDrive / StreamSB

 

Episode 6 >>> Yoteshin / MegaUp / MegaNZ / UsersDrive / StreamSB

 

Episode 7 >>> Yoteshin / MegaUp / MegaNZ / UsersDrive / StreamSB

 

Episode 8 >>> Yoteshin / MegaUp / MegaNZ / UsersDrive / StreamSB

 

Episode 9 >>> Yoteshin / MegaUp / MegaNZ / UsersDrive / StreamSB

 

Episode 10 >>> Yoteshin / MegaUp / MegaNZ / UsersDrive / StreamSB

 


 



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လဲရသလို One Click Download လဲ ပြုလုပ်နိုင်ပါတယ်။

Airs On
Release Year
Firt air date
TypeScripted
Popularity46.287
TV StatusReturning Series

Seasons and episodes

No data available


Videos

Comments