Channel Myanmar

Todome no kiss

Todome no kiss

no data

General information




Synopsis of Todome no kiss

mmbusticket

 (English title Kiss that kills) ဒီဇာတ်ကားဟာ ၁လပိုင်း ၇ရက်နေ့မှာစထွက်ခဲ့တာပါ

အပတ်တိုင်း တနင်္ဂနွေနေ့တွေမှာ ဂျပန်က NTV Network မှာပြသပါတယ်

Rating ကလဲမြင့်ပါတယ် စာဖိုင်ထွက်တာနောက်ကျလို့ ခုမှတင်ပေးရပါတယ် ဒီကားမှာအဓိက

ဆွဲဆောင်မှုကတော့ ဂျစ်တီးဂျစ်ကန်အပြုံးလေးတွေနဲ့ဖမ်းစားတတ်တဲ့

Death Note ကားထဲမှာ L အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Yamzaki kento ပါပဲ

မြန်မာနိုင်ငံမှာတော့ သူ့ကိုချစ်စနိုးနဲ့ ken ken လို့ခေါ်ကျပါတယ်

ဒီကားမှာသူကအဓိကသရုပ်ဆောင်ထားပါတယ် မင်းသမီးကလဲ မျက်လုံးဝိုင်းဝိုင်းလေးနဲ့ချစ်စရာကောင်းတဲ့

Mugi Kadowaki ကသရုပ်ဆောင်ထားပါတယ်

(မင်းသမီးအကြောင်းတော့ ကိုယ်ကသိပ်စိတ်မဝင်စားလို့မသိဘူး မင်းသားပဲစိတ်ဝင်စားတယ်)

ဒါဖြင့်ရင် ဇာတ်လမ်းလေးအမြည်းကျွေးပါမယ် မင်းသားမှာကညီလေးရှိတယ်

ငယ်ငယ်လေးမှာ မတော်တဆမှုတစ်ခုကသူ့မျက်စိရှေ့တင်ဖြစ်ပြီးပါသွားတာတွေ့ခဲ့ရတယ်

ဒီလိုနဲ့ ကြီးလာရတဲ့ Ken Ken လေးက လောကကြီးမှာ အချစ်မရှိမှသာယာမယ်

ငွေနဲ့ သူကြိုက်တဲ့ပစ္စည်းတွေရှိမှသာ ပျော်ရွှင်ရမယ်လို့ ဆိုတဲ့အတွေးအခေါ်ရှိတဲ့

ဧည့်ကြိုကောင်လေးဖြစ်လာတယ် ဧည့်ကြိုဆိုတာ ယဉ်အောင်ပြောတာတကယ်တော့

မမတွေကိုကပ်ခြူစားတဲ့ ကလပ်ကဝန်ထမ်းကောင်ချောလေးပေါ့

သူကမမတွေဆီကရသမျှအကုန်ယူတယ် အဲ့မှာပဲ ထူးထူးဆန်းဆန်း

ပြစ်မှုတစ်ခုဖြစ်လာတယ် မိန်းမတစ်ယောက်က နှုတ်ခမ်းကိုအဆိပ်သုတ်ပြီး

ယောင်္ကျားတွေကို နမ်းပြီးသတ်နေတာတဲ့ ပိုင်းလုံးတွေ ဖောက်ပြန်တဲ့သူတွေကိုဆိုတော့

အken လေးတစ်ချက်တွေသွားသေးတယ် ဒါပေမယ့်သူကမမူဘူး ပြီးမှသူလက်တွေ့ကြုံရတော့တယ်

ထူးထူးဆန်းဆန်းမိန်းမက သူ့ကိုအတင်းဖက်နမ်း သူသေ အတိတ်ကိုပြန်ရောက် ထပ်သေ အဲ့ဒါနဲ့….

ဒီလောက်ပဲပြောပြတော့မယ် ဘာတွေဆက်ဖြစ်မလဲဆိုတာကို

ဒေါင်းပြီးတော့သာကြည့်လိုက်ကျပါနော် ken ken လေးကလိမ်ကျစ်ကျပုံလေးတွေ

မိသားစအြရှုတ်အရှင်းကိစ္စလေးတွေ သူ့ညီလေးကသေသွားတာလား

မသေဘူးလား ဆိုတာနဲ့ မထင်မှတ်တဲ့ အလှည့်အပြောင်းလေးတွေလဲ

ပါလို့ ကြည့်ကောင်းမှာပါ နောက်အပတ်တွေမှာ မျှော်ရမဲ့

ကားသစ်တစ်ကားတိုးလာတော့မှာပါ အားပေးတာကိုကျေးဇူးတင်ပါတယ်

 

ဒီဇတ်လမ်းတွဲ အညွှန်းကို Thin Zar Htet က ရေးပေးထားပါတယ်

 

Thin Zar Htet နှင့် May Thazin Soe မှ ဘာသာပြန်ပေးထားပါတယ်

 

Thit San Khant

 

EP 01  GDrive / Openload (360MB) 

EP 02 GDrive / Openload (360MB)

EP 03 Gdrive / Openload (360MB)

EP 04 GDrive / Openload (360MB)

EP 05 GDrive / Openload (360MB)

EP 06 Gdrive / Openload (360MB)

EP 07 Gdrive / Openload (360MB)

Seasons and episodes

1 Todome no kiss - Season 1

Videos

No data available

Comments