Love in contract (2022)
အားလုံးရဲ့အချစ်တော် အတွင်းရေးမှူးမလေးအဖြစ် လူသိများကြတဲ့
Unnie Park Min Young ရဲ့ ထူးထူးခြားခြား ကားသစ်လေး ထွက်ရှိလာပါပြီ။
Unnie ကတော့ ထူးခြားပြီး ချစ်စရာကောင်းတဲ့ character တွေကို
သရုပ်ဆောင်နေကျအတိုင်းပဲ ဒီကားလေးမှာလည်း Single ဘဝကို
ပြီးပြည့်စုံစွာ ဖြတ်သန်းချင်သူတွေအတွက် Partner အဖြစ်
ဝန်ဆောင်မှုပေးတဲ့ ထူးခြားထက်မြက်တဲ့ character (Choi Sang Eun)အဖြစ် သရုပ်ဆောင်သွားမှာပါ။
လောကကြီးမှာ ရှင်သန်ရင်းနဲ့ “ဇနီးသည်” တစ်ယောက် လိုအပ်တဲ့
အခိုက်အတန့်တွေ ရှိတတ်ပါတယ်တဲ့။ ပြောရရင် ကျောင်းသားဟောင်းပြန်လည်တွေ့ဆုံပွဲတွေ၊
အိမ်ထောင်သည်သူငယ်ချင်းတွေ တွေ့ဆုံပွဲလုပ်တဲ့အခါမျိုးတွေမှာပေါ့။
အဲဒါကိုသိတဲ့ Choi Sang Eun က Partner အဖြစ် service ပေးတဲ့အလုပ်ကို
စလုပ်လိုက်ပြီးတော့ client တွေနဲ့ စာချုပ်ချုပ်ဆိုပါတယ်။
အဲဒီထဲကမှ တစ်ခုက Jung Ji Ho နဲ့ ၅ နှစ် စာချုပ်ချုပ်ဆိုပြီး
အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့တွေမှာ service ပေးရမှာ ဖြစ်ပါတယ်။
နောက်တော့ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ Kang Hae Jin က client အသစ်အဖြစ်
ရောက်လာပြီး အင်္ဂါ၊ ကြာသပတေး၊ စနေနေ့တွေမှာ partner အဖြစ်
ဝန်ဆောင်မှု ပေးရမှာပါ။ အဲဒီလိုနဲ့ အလုပ်တွဲလုပ်ရင်း သုံးယောက်ကြား
love triangle လေးတွေ ဖြစ်လာမလားဆိုတာကို ရင်ခုန်စွာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။
မင်းသားနှစ်ယောက်ကလည်း Reply 1988 ထဲက Go Kyung Pyo နဲ့
My secret romantic ထဲက Kim Jae Young တိုဖြစ်လို
သုံးယောက်သား chemistry မိမိသရုပ်ဆောင်ချက်တွေကို မြင်တွေ့ရမှာပါနော်။
ဒီကားလေးကိုတော့ အပတ်စဉ် ဗုဒ္ဓဟူး၊ ကြာသပတေးနေ့တွေမှာ
အပိုင်း ၁၆ ပိုင်းနဲ့ ထုတ်လွှင့်သွားမှာဖြစ်တဲ့အတွက် ရင်ခုန်၊ဝင်ခံစားရင်း
စောင့်မျှော်ကြည့်ရှုလိုက်ရအောင်ပါ။
File Size – 465MB
Quality – 1080p WEB DL / 720p
Duration – 1h 5mins
Total Episodes: 16Eps
Subtitle – Myanmar Hardsub
Format – Mp4
Genre : Drama / Comdey
Translator – Midora & Yong Hom & Myo Myo & Lai Laii & Shwe Pyae
Encoder – YK
Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။