Marie Antoinette (2023)
==================
IMDb Rating – 7.2/10
ဒီတစ်ခါမှာတော့ BBC, Canal+ ကနေ အသစ်ထွက်ရှိလာပြီး
IMDb 7.2 ထိ ရရှိထားတဲ့ စီးရီးကောင်းတစ်ခုကို တင်ဆက်
ပေးလိုက်ပါတယ်။ နောက်ဆုံးပြင်သစ်တော်လှန်ရေးမတိုင်မီ
အုပ်ချုပ်ခဲ့တဲ့ ပြင်သစ်ဧကရီဘုရင်မ Marie Antoinette ရဲ့
ဘဝဇာတ်ကြောင်းကို အခြေခံ ရိုက်ကူးထားတာဖြစ်ပြီး၊ အဲဒီ
ခေတ်အခါက အပြင်အဆင်တွေနဲ့ တော်တော်လေးကို ခမ်းနား
ကြီးကျယ်စွာ ရိုက်ကူးထားတာဖြစ်လို့ အရင်ခေတ်ကပုံစံလေး
တွေနဲ့ စီးရီးကောင်းတစ်ခုကို မျှော်လင့်နေတယ်ဆိုရင်တော့
ဒီစီးရီးကို အပြည့်အဝညွှန်းပေးချင်ပါတယ်။ နောက်တစ်ချက်
ကတော့ မင်းသမီးလေး အရမ်းကို ချစ်စရာကောင်းပါတယ်။
မိန်းကလေးချင်းတောင် ဂေးသွားနိုင်တဲ့ အမူအရာလေးတွေနဲ့
ဖမ်းစားတတ်တာမို့ ဒါကလည်း ကြည့်ကိုကြည့်သင့်တဲ့ထဲက
တစ်ချက်ပါလို့ ပြောပါရစေ။
ဇာတ်လမ်းအညွှန်း
_____________
အရင်ခေတ်အခါတွေတုန်းက တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မဟာမိတ်ဖွဲ့
ကြပြီဆိုရင် အိမ်ရှေ့စံသားတော်ရှိထားတဲ့ နိုင်ငံဆီကို သမီးတော်
ဖွားမြင်ထားတဲ့ နိုင်ငံက စေလွှတ်ပေးရတာ ဓမ္မတာတစ်ခုပါ။ အဲဒီ
လိုတော်ဝင်ထိမ်းမြားမှုတွေကနေ ဆက်ခံသူမျိုးဆက်ကို ဖွားမြင်
ပေးရတာကလည်း သမိုင်းပေးတာဝန်တစ်ခုလိုပါပဲ။ မျိုးဆက်ဖွား
မြင်နိုင်ရင်တော့ မဟာမိတ်ချစ်ကြည်ရေး အောင်မြင်သွားပြီလို့ ဆို
ကြပြီး မဖွားမြင်နိုင်ခဲ့ရင်တော့ ကြင်ယာတော်တွေရဲ့ ဘဝက ရှင်
လျက်နဲ့ သေဆုံးရတဲ့ ဘဝတွေပါ။
ဩစတြီးယားဧကရီဘုရင်မရဲ့ သမီးတော်တစ်ပါးဖြစ်တဲ့ အသက်
၁၄ နှစ်အရွယ် မင်းသမီးလေး ထွိုင်နိထ်ဟာ ပြင်သစ်နိုင်ငံနဲ့ ဩစ
တြီးယားနိုင်ငံတို့ မဟာမိတ်ချစ်ကြည်ရေးအတွက် ပြင်သစ်အိမ်
ရှေ့စံ လူးဝစ်နဲ့ လက်ဆက်ဖို့ စေလွှတ်ခံခဲ့ရပါတယ်။ ကလေးစိတ်
တောင်မကုန်သေးတဲ့ ကြင်ယာတော်လေးအတွက် ဗာစိုင်းလ်နန်း
တော်ကြီးက သားရဲတွင်းတစ်ခုလိုပါပဲ။ နန်းတော်ထဲမှာ ဘယ်သူ့
ကိုမှ ယုံကြည်လို့မရတဲ့အပြင် လက်ဆက်ထားရတဲ့ အိမ်ရှေ့စံက
လည်း တေမိမင်းသားမို့ သူ့ရဲ့မျိုးဆက်ဖွားမြင်ရေးတာဝန်ကို ထမ်း
ဆောင်ဖို့ကလည်း လှော်တက်မရှိတဲ့ လှေငယ်တစ်စင်းလိုမျိုးပေါ့။
ဒီတော့ လျင်သူစားစတမ်းဆိုသလို ကိုယ့်ဘက်က ခြေတစ်လှမ်း
နောက်ကျတာနဲ့ ရန်သူက သရဖူဆောင်းသွားနိုင်တဲ့ အခြေအနေ
မျိုးတွေမှာ ကြင်ယာတော်ငယ်လေး ဘယ်လိုဖြတ်ကျော်သွားမလဲ
ဆိုတာကို ကျွန်တော်တို့အတူတူ လိုက်ပါစီးမြောကြည့်လိုက်ရ
အောင်ပါ။ ကျွန်တော်အာမခံပေးနိုင်တာကတော့ ဒီစီးရီးအတွက်
နောင်တတရားဆိုတာက ရှိမလာနိုင်တဲ့အရာတစ်ခုပါပဲ။
(ဒီစီးရီးရဲ့ အညွှန်းနဲ့ဘာသာပြန် ရေးသားပေးသူကတော့
May Thet Khine Soe ဖြစ်ပါတယ်။)
File Size………….(400 MB) / (1.0 GB)
Quality……………WEB-DL 720p / 1080p
Duration…………52Mins(@Episode)
Subtitle…………..Myanmar Hardsub
Format……………MP4
Genre……………..Biography, Drama, History
Translator……….May Thet Khine Soe
Encoder…………..Zin Phyo Aung
720P (400 Mb)
———————————–
Episode(1) – Yoteshin / Megaup / MegaNZ / Streamsb / Usersdrive / Streamvid
Episode(2) – Yoteshin / Megaup / MegaNZ / Streamsb / Usersdrive / Streamvid
Episode(3) – Yoteshin / Megaup / MegaNZ / Streamsb / Usersdrive / Streamvid
Episode(4) – Yoteshin / Megaup / MegaNZ / Streamsb / Usersdrive / Streamvid
Episode(5) – Yoteshin / Megaup / MegaNZ / Streamsb / Usersdrive / Streamvid
Episode(6) – Yoteshin / Megaup / MegaNZ / Streamsb / Usersdrive / Streamvid
Episode(7) – Yoteshin / Megaup / MegaNZ / Streamsb / Usersdrive / Streamvid
Episode(8) – Yoteshin / Megaup / MegaNZ / Streamsb / Usersdrive / Streamvid – END
1080P (1.0 GB)

Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။