Melancholia (2021)ဇာတ်လမ်းတွဲအညွှန်း
***********************************
အပိုင်းသစ် (၁ မှ ၁၆ )ထိ စ/ဆုံး
သင်္ချာကိုချစ်မြတ်နိုးတဲ့ ဆရာမနဲ့ကျောင်းသားလေးတို့ကြားက ရိုမန့်တစ် ဆန်ဆန် အချစ်ဇာတ်လမ်းလေးလာပါပြီ
မနဲ့မောင် ဇာတ်လမ်းလေးဆိုတော့ ပိုတောင်ရင်ဖိုဖို့ကောင်းသေး
Pirvate အထက်တန်းကျောင်းတစ်ခုမှာ သင်္ချာဆရာမ အဖြစ်အလုပ်ဝင်နေတဲ့ Ji Yoon Su ဟာ စိတ်ထားကောင်းမွန်ပြီး သင်္ချာပညာရပ်ကို အလွန်ကိုစိတ်ဝင်စားတဲ့ သူတစ်ဦးဖြစ်ပါတယ်
ကျောင်းသားတွေကိုလည်း အမြဲမေးခွန်းမေးရတာ ကြိုက်ပြီး (ကိုယ်တွေနဲ့တော့ အဆင်မပြေလောက် 😝) စိတ်ပိုင်းဖြတ်လိုက်ပြီဆို ဘာမဆိုဖြစ်အောင်လုပ်တဲ့ ထူးချွန်ထက်မြက်တဲ့ အမျိုးသမီးတစ်ဦးပေါ့
အဲလိုအမျိုးသမီးလေးက သူ့လိုပဲ သင်္ချာကိုစိတ်ဝင်စားပြီး ထူးချွန်တဲ့ ကျောင်းသားလေးတစ်ဦးအပေါ် စိတ်ယိုင်သွားတဲ့အခါမှာတော့….
Baek Seung Yoo ကတော့ ငယ်ငယ်လေးတည်းက သင်္ချာဉာဏ်ကြီးရှင်လို့ နာမည်ကြီးပြီး ၅ နှစ်အရွယ်နဲ့ တက္ကသိုလ်အဆင့်ရှိတဲ့ သင်္ချာမေးခွန်းတွေကို ဖြေနိုင်သူတစ်ဦးဖြစ်ပါတယ်
အသက် ၁၀ နှစ်နဲ့ MIT ကိုဝင်ခွင့်ရခဲ့ပြီး ၁၂ နှစ်မှာပြုတ်သွားကာ ရုတ်တရက် ဘယ်သူမှမသိတဲ့ အကြောင်းတစ်ခုနဲ့ အစအနပျောက်သွားခဲ့ပါတယ်
အဲလိုမျိုး ဝါသနာတူ အကြိုက်တူတဲ့လူနှစ်ဦး ဘယ်လိုများ ရင်ခုန်သံစည်းချက်တွေညီမလဲဆိုတာရယ် မင်းသားနဲ့မင်းသမီးက အားလုံးနဲ့မစိမ်းတဲ့လူတွေဆိုတော့ Melodrama ကောင်းကောင်းလေး ကြည့်ချင်သူများ စောင့်ကြည့်သင့်တဲ့ဇာတ်ကားလေးပါ ။
( အညွှန်းရေးသားထားသူကတော့ Shoon ပါ )
Translated by Shoon Thu Thu Chain, Lwinlwin Aung, Ei Phyu Khin, Hnin Pale
Encoded by Naing Aung Latt
THE END
Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။