ဒီတစ်ခါ CM ကနေတင်ဆက်ပေးမှာကတော့ ပေါ့ပေါ့ပါးပါး
လူငယ်ကျောင်းသားကားလေး ဖြစ်တဲ့ Memory of Encaustic tile ပဲဖြစ်ပါတယ်
ဒီကားလေးထဲမှာတော့ Put your head on my shoulder ထဲက
မင်းသားချောချောလေး Linyi က Zheng Sunianအဖြစ် အခု CM ကနေ
ဘာသာပြန်တင်ဆက်နေတဲ့ Mirror: Twin cities ထဲက
မင်းသမီးချောလေး Chen Yuqi က Shao Xue အဖြစ် မင်းသား Yan Zidong က
Zhang Qi အဖြစ် အဓိကပါဝင်ထားကြတာပဲဖြစ်ပါတယ်
ဇာတ်လမ်းလေးကတော့ Zheng Sunian Shao Xue နဲ့ Zhang Qi တို့ဟာငယ်ငယ်ထဲက
အတူတူကြီးပြင်းလာကြတဲ့ သူငယ်ချင်းတွေဖြစ်ပါတယ်
သူတို့သုံးယောက်လုံးရဲ့မိဘတွေက ရှေးဟောင်းပစ္စည်းပြုပြင်ထိန်းသိမ်းရေးဌာနရဲ့
ဝန်ထမ်းတွေဖြစ်ပြီး ရှေးဟောင်းရိုးရာပစ္စည်းတွေကို
နှစ်သက်ကြသူတွေလည်းဖြစ်ကြပါတယ် သူတို့သုံးယောက်အသက်ကြီးလာတာနဲ့အမျှ
ခံစားချက်တွေဟာလည်းပြောင်းလဲလို့လာခဲ့ပါတော့တယ်
Zheng Sunian ရဲ့အမေသေဆုံးပြီးနောက်မှာတော့ သူတို့
သုံးယောက်လုံးဟာ ကိုယ်ကျွမ်းကျင်ရာဝါသနာပါရာအလုပ်
ကိုယ်စီကိုရွေးချယ်ဖို့ ကွဲသွားခဲ့ကြပါတယ် Shao Xue က
Zheng Sunain အပေါ်မှာ တိတ်တဆိတ်ခံစားချက်လေးရှိနေပြီးတော့
Zheng Sunian ဟာလည်း Shao Xue အပေါ်မှာ ခံစားချက်တွေ
ရှိလို့နေခဲ့ပါတယ် ထို့အတူပဲ Zhang Qi ကလည်း ငယ်ငယ်ထဲက
တူတူကြီးပြင်းလာတဲ့ Shao Xue အပေါ်မှာ ခံစားချက်ရှိလို့နေပြန်ပါတယ်
ခံစားချက်တွေက မတူကြတော့တာဖြစ်လို့ ပြန်ဆုံကြတဲ့အခါမှာ
ဘယ်လိုတွေဖြစ်လာမလဲဆိုတာကို သုံးပွင့်ဆိုင် ကျောင်းသား
ဇာတ်လမ်းတွဲလေးကို CM ကနေ မကြာခင်မှာ
တင်ဆက်ပေးတော့မယ့် Memory of Encaustic tile ဆိုတဲ့
ပေါ့ပေါ့ပါးပါး ကျောင်းသားကားလေးကို စောင့်မျှော်ကြည့်ရှုအားပေးကြပါဦးနော်
Quality : WEB-DL 720p
Format : mp4
Genres : Romance , Drama
Subtitle : Myanmar Subtitle ( Hardsub )
Translated by CM Team
Encoded by LK
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။