MH370: The Plane that Disappeared (2023)
ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့က မလေးရှားMH370 လေယာဥ် ပျောက်ဆုံးသွားတာ ကိုးနှစ်ပြည့်ခဲ့တဲ့နေ့ပါ။
၂၀၁၄ မှာ MH-370 ပျောက်ဆုံးသွားတဲ့သတင်းက တစ်ကမ္ဘာလုံးကိုရိုက်ခတ်ခဲ့ပါတယ်။
ခရီးသည် ၂၂၇ ယောက် လေယာဥ်ဝန်ထမ်း ၁၂ ယောက်ပါဝင်တဲ့ ခရီးသည်လေယာဥ်ကြီးက
ကွာလာလမ်ပူ(မလေးရှား) ကနေ ဘေကျင်းကိုသွားတဲ့လမ်းမှာ အစအနရှာမရ ပျောက်ဆုံးသွားခဲ့ပါတယ်။
မလေးရှားအစိုးရ၊ နိုင်ငံတကာနဲ့ အရပ်သားတွေပါ ဝိုင်းဝန်းကူညီရှာဖွေခဲ့ပေမယ့်
ယခုတိုင်အောင် လေယာဥ်ဘယ်မှာပျက်ကျသွားလဲ ဘာကြောင့်လဲ
ဒီခရီးသည်တွေရောဘယ်ရောက်ကုန်ပြီလဲ အားလုံးက ပဟေဠိဖြစ်နေဆဲပါ။
သီအိုရီတွေကလဲများစွာထွက်ခဲ့ပါတယ်။
ဒီခရီးသည်တွေသေလားရှင်လားတောင်မသိရတဲ့ မိသားစုဝင်တွေအတွက်လဲယူကျုံးမရစရာပါပဲ။
သေသွားပြီ လို့ ခိုင်ခိုင်မာမာ သိရရင်တောင် လက်ခံနိုင်ကြပါဦးမယ်။
အခုတော့ သူတို့တွေ တစ်နေရာရာမှာများဒုက္ခရောက်နေကြမလား ကြောက်နေကြမလား လာကယ်တာကိုများစောင့်နေကြလား
ဒီလိုမေးခွန်းပေါင်းများစွာနဲ့ ဝမ်းနည်းကြေကွဲမှုတွေ ရှုပ်ထွေးမှုတွေ ဒေါသတွေအားလုံးရောယှက်နေကြပါတယ်။
Netflix ရဲ့ ဒီစီးရီးမှာတော့ အပိုင်းသုံးပိုင်းပါဝင်ပြီး
– ပထမပိုင်းမှာ MH370 ပျောက်သွားပြီးရက်ပိုင်းအခြေအနေတွေ ခရီးသည်တစ်ချို့ရဲ့မိသားစုဝင်တွေရဲ့ပြောကြားချက်တွေကိုကြည့်ရှုရမှာပါ။
– ဒုတိယပိုင်းမှာတော့ ဖြစ်နိုင်ချေအများဆုံးသီအိုရီတွေကို ရှင်းလင်းပြထားပြီး
– တတိယပိုင်းမှာတော့ ဇွဲမလျှော့သေးတဲ့မိသားစုဝင်တွေ ဂျာနယ်လစ်တွေရဲ့ဆက်လက်စုံစမ်းရှာဖွေရေးတွေအကြောင်းလဲကြည့်ရှုရဦးမှာပါ။
အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။
Genre….. Documentary
Quality…. 1080p | 720p
File size… 800MB | 400MB
Format… mp4
Duration…. 40min
Subtitle…. Myanmar Subtitle (Hardsub)
Translator ….. Rashida
Encoder ….. Aaron
720p
Episode 01 – Userdrive | YoteShin | Megaup | Streamsb | Streamvid
Episode 02 – Userdrive | YoteShin | Megaup | Streamsb | Streamvid
Episode 03 – Userdrive | YoteShin | Megaup | Streamsb | Streamvid
1080p
Episode 01 – Userdrive | YoteShin | Megaup | Meganz | Streamvid
Episode 02 – Userdrive | YoteShin | Megaup | Meganz | Streamvid
Episode 03 – Userdrive | YoteShin | Megaup | Meganz | Streamvid
Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။