မတည့်အတူနေ ကြောင်နဲ့ကြွက်ဇာတ်လမ်းကိုမှ ကြိုက်ပါတယ်ဆိုတဲ့
ရုပ်ချောချောချိမချိဖတို့အတွက် ချစ်စံအိမ် (Full House) တရုတ် Version လေးလာပါပြီနော်
ဇာတ်ကားဟောင်းလေးကိုပဲ Version တစ်မျိုးနဲ့ ပြန်လည်အသက်သွင်းထားပေမယ့်
ဇာတ်လမ်းကျောရိုးလောက်ပဲ ဆင်ပါတယ်
သေချာတာပေါ့ မင်းသမီးမသိအောင်သူ့သူငယ်ချင်းက
သူ့အဖေအမွေပေးခဲ့တဲ့အိမ်ကြီးကို ရောင်းစားထားမယ် မင်းသားကဝယ်ထားတယ်
ပြီးကျ သတင်းတွေကောလဟာလတွေကြောင့် မင်းသမီးကို အိမ်ပြန်ပေးမယ်လို့
အပေးအယူလုပ်ပြီး ဟန်ဆောင်လက်ထပ်မယ် ဒုတိယမင်းသားကတော့ ဆရာဝန်ပါ မင်းသမီးကို ကြိုက်မှာပါ
မင်းသားနဲ့မင်းသမီးကလည်း တစောင်းစေးနဲ့ မျက်ချေး မြင်တာနဲ့တစ်ကျက်ကျက်
အဆင့်ကနေ မတည့်အတူနေ မမြင်ရင်ချောင်းကြည့်အဆင့်အထိ
တဖြည်းဖြည်း တိုးတက်လာမှာကိုလည်း မြင်တွေ့ရမှာပါ
ဟုတ်ပါတယ် ဇာတ်လမ်းအသွားအလာတူပေမယ့် မတူညီတဲ့ ဇာတ်ဝင်ခန်းတွေ
မတူညီတဲ့ ရှုခင်းတွေ မတူညီတဲ့ ချစ်စရာမင်းသား မင်းသမီးလေးတွေ
ဇာတ်ကောင်အသစ်တွေ ရန်ဖြစ်ပုံအသစ်တွေနဲ့ ဇာတ်လမ်းပြီးအောင်ခေါ်ဆောင်သွားခံရမှာမို့လို့
အချစ်ဇာတ်ကားလေးတွေကို ပေါ့ပေါ့ပါးပါးကြည့်ချင်သူတွေလက်မလွှတ်သင့်တဲ့
ဇာတ်ကားကောင်းကောင်းလေး ဖြစ်ပါတယ်
Translated By Yamin Ei , Naychii , Htoo Htoo Ka Joe , Ei Pyae , Nu Mon
Encoded By LK
Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။