MyAnimeList 8.1/10
IMDb 8.3/10
ဒီanimeဟာ လက်ရှိထွက်နေဆဲ animeဖြစ်ပြီး
မထွက်ခင် prologueပြကတည်းက Gundamဖန်တွေရဲ့
စိတ်ဝင်စားမှုကိုရခဲ့တာပါ။ အခုထွက်လာချိန်မှာလည်း
ဇာတ်လမ်းပိုင်းစိတ်ဝင်စားဖို့ကောင်းမှု၊ ရုပ်ထွက်လှပမှုတွေကြောင့်
ratingတွေလည်း တော်တော်ကိုကောင်းနေပါတယ်။ ဒီanimeကို
ကြည့်မယ်ဆိုရင် အရင်ကထွက်ခဲ့တဲ့ Gundamစီးရီးတွေကို
ကြည့်ထားဖိူ့လိုကိုလိုလားဆိုရင် မလိုဘူးလို့ပဲပြောပါရစေ။
တခုတော့ရှိတယ်။ Gundamနည်းပညာဆိုင်ရာအသုံးအနှုန်းတွေကိုတော့
သိထားဖို့လိုပေမဲ့ ဘာသာပြန်ပေးဖို့မှာတခါထဲထည့်ဖို့မလွယ်လို့
ဒီအညွှန်းအဆုံးမှာ အနီးစပ်ဆုံးရှင်းပြချက်လေးတွေရေးပေးလိုက်ပါတယ်။
ဇာတ်လမ်းအကျဥ်းကတော့
မာကျူရီဂြိုဟ်သူ(ဗုဒ္ဓဟူးဂြိုဟ်သူ)လေးဖြစ်တဲ့ ဆုလာဘ်တာဟာ
Asticassiaနည်းပညာကျောင်းကိုလာတက်ရင်း မီအိုလွင်ရဲ့
သတို့သားလောင်းဖြစ်သူ ဂူအဲလ်ကို ရန်စမိသလိုဖြစ်သွားပါတယ်။
ဂူအဲလ်ဟာကျောင်းတွင်း စက်ရုပ်တိုက်ပွဲတွေမှာ အမြဲနိုင်လေ့ရှိပြီး
Holderတံဆိပ်ပါရထားသူပါ။ အဲ့လိုနဲ့ ဂူအဲလ်နဲ့ ဆုလာဘ်တာတို့စက်ရုပ်ချင်
း စီးချင်းထိုးဖို့ဖြစ်လာတဲ့အခါမှာတော့ မထင်မှတ်ထားတာတွေဖြစ်လာခဲ့ပါတယ်။
ဒီanimeကိုအပတ်စဥ်တနင်္ဂနွေညတိုင်း အပိုင်းသစ်ထွက်တာနဲ့
တင်ဆက်သွားမှာဖြစ်ပါတယ်။ အောက်မှာဆက်ရေးမှာကတော့
နည်းပညာပိုင်းဆိုင်ရာအသုံးအနှုန်းတွေနဲ့Gundam animeထဲက
အသုံးအနှုန်းတွေကိုရှင်းပြပေးမှာပါ။ နည်းပညာသမားမဟုတ်ပဲ
ကွကိုရှာဖတ်ထားတာ ဖြစ်တော့ အမှားပါရင်သည်းခံပေးကြပါ။
Earthianဆိုတာက ကမ္ဘာသူကမ္ဘာသားတွေကိုပြောတာပါ။
Spacianဆိုတာက အာကာသထဲမှာမွေးဖွားနေထိုင်ခဲ့သူတွေကိုပြောတာပါ။
Coriolis forceဆိုတာဟာ ကမ္ဘာလည်တဲ့အရှိန်ကြောင့်
ရွေ့လျားနေတဲ့လေလမ်းကြောင်းကွေးညွတ်သွားစေတဲ့အားကိုပြောတာပါ
Blade antennaဆိုတာကတော့ mobile suitကိုယ်ပေါ်က အင်တာနာတိုင်လို
အချွန်အချောင်းကိုပြောတာပါ။ Eliteဆိုတာက အရင်Gundamစီးရီးတွေမှာပါခဲ့တဲ့
Arianတိုင်းပြည်က လှုတ်ရှားမှုကြီးအပြီးမှာ ပေါ်ပေါက်လာခဲ့တဲ့ Eliteတပ်ဖွဲ့ပါ။
Frontဆိုတာကတော့ လူလုပ်နယ်မြေကြီးတခုရဲ့နာမည်ပါ။
Thrallကတော့ အကြမ်းဖြင်းပြောရရင် mobile suitတွေကိုစမ်းသပ်တဲ့
နေရာမှာ စစ်ဆေးပေးရတဲ့သူပါ။
Permet linkကိုစွမ်းအင်ချိတ်ဆက်ခြင်းလို့ပဲ အကြမ်းဖြင်းဘာသာ
ပြန်ရမည်ထင်ပါတယ်။ permetကတော့ သိသလောက် Gundam
စီးရီးမှာ အာကာသထဲက သတ္တုတစ်မျိုးကိုခေါ်တာပါ။
Permet influx valueကိုတော့ စွမ်းအင်စုဝေးမှုတန်ဖိုးလို့ပဲ
အနီးစပ်ဆုံးယူရဖို့များပါတယ်။ Permet scoreကတော့ စွမ်းအင်အဆင့်ပါ။
ဒီစီးရီးမှာတော့ အဆင့်၃လောက်အထိGundam mobile suit pilotက
တင်လိုက်ရင် pilotကိုထိခိုက်မှုတွေစဖြစ်စေပါတယ်။
အဆင့်၄အထိတင်ရင်တော့ pilotပါသေစေနိုင်တဲ့အထိဖြစ်သွားစေနိုင်ပါတယ်။
Permet codeကတော့ permetမှတ်ပုံတင် ကုတ်နံပါတ်ပါ
Gund formatကတော့ စစ်ရေးသုံးနည်းပညာသုံး Gundamရဲ့စနစ်ပါ
Data stormကတော့ excessive transmission of broadcast
traffic in a networkဆိုပြီး definition ဖွင့်ထားပါတယ်…..
Episodes:24
File Size: 397MB & 179MB (episode)
Quality :Web-Dl 1080p,720p
Genres: Animation , Sci-Fi & Fantasy , Action , Adventure
Translated by Dr Nyan
Encoded by Min Wai
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။