CM ပရိသတ်တွေ အချိုတွေချည်း ကြည့်နေရတာ အီနေကြပြီလား။
ဒီတစ်ခါမှာတော့ လက်တွေ့မှာ မကြာခဏမြင်နေကျ အိမ်ထောင်ရေးအခြေအနေကို
ဇာတ်လမ်းအဖြစ် ကြည့်ရှုရမယ့် ဇာတ်လမ်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဇာတ်လမ်းနာမည်က My Wife ဖြစ်ပြီးတော့ အဓိက သရုပ်ဆောင်တွေအနေနဲ့
ယွမ်ရှန်းရှန်းနဲ့ တုချွင်တိုက ပါဝင်ထားပါတယ်။ ဇာတ်လမ်းပုံစံကို ပြောရမယ်ဆိုရင်
ရှန်အားနန် (ယွမ်ရှန်းရှန်း) က မိသားစုကို တန်ဖိုးထားပြီး အိမ်ထောင်သည်ဘဝကို
တာဝန်ကျေပွန်စွာ ဖြတ်သန်းနေတဲ့ အမျိုးသမီးတစ်ယောက်ပါ။ အစပိုင်းမှာ သူဟာ
အမျိုးသားဖြစ်သူ ရန်ရိမင် (တုချွင်) နဲ့အတူ သမီးလေးကို ပျိုးထောင်ခဲ့ကြပါတယ်။
ဒါပေမဲ့ တစ်နေ့မှာတော့ အမျိုးသားဖြစ်သူထံက တခြားအမျိုးသမီးရဲ့ ရေမွှေးအနံ့ကို ရမိသွားပြီး
အမျိုးသားက ဖောက်ပြန်နေတာကို သိသွားခဲ့ပါတယ်။ အဲဒီလိုနဲ့ပဲ သာယာနေတဲ့ အိမ်ထောင်ရေးလေးက
ယိုယွင်းလာခဲ့ပြီးတော့ ရှန်အားနန်က အချိန်ပြည့် အိမ်ရှင်မဘဝကနေ ရုန်းထွက်ဖို ဆုံးဖြတ်လိုက်တယ်။
သူ့ရဲ့ ကိုယ်ပိုင်စွမ်းရည်ကို တိုးတက်အောင်လုပ်ဖို လုပ်ငန်းခွင်ကို ပြန်ဝင်ခဲ့ပါတော့တယ်။
ကဲ…ဒါဆိုရင် ရှန်အားနန်က လုပ်ငန်းခွင်မှာ အဆင်ပြေပြေရှိနိုင်မလား၊ သူ့ရဲ့ အမျိုးသားနဲ့ ဘာတွေဆက်ဖြစ်မလဲ၊
အမျိုးသားဖြစ်သူကို လုယူခဲ့တဲ့သူနဲ့ရော ဘယ်လိုတွေ ရင်ဆိုင်ရမလဲ၊ သမီးလေးကို အလုပ်တစ်ဖက်နဲ့
တစ်ယောက်တည်း ပြုစုနိုင်ပါ့မလားဆိုတာကိုတော့ ဒီဇာတ်ကားထဲမှာ ကြည့်ရှုလိုက်ပါ။
ဒီကားလေးနဲ့ ပတ်သက်လို ထူးခြားတာတစ်ခုက ဒီဇာတ်ကားဟာ ထိုင်းဇာတ်လမ်းတွဲ Mia (2018) နဲ့
ထိုင်ဝမ်ဇာတ်လမ်းတွဲ The Fierce Wife (2010) တိုကို remake အဖြစ် ပြန်လည်ရိုက်ကူးထားတာပါ။
ဒါကြောင့်မလို ပရိသတ်ကြီးတိုက လက်တွေ့ဆန်တဲ့ ဇာတ်လမ်းမျိုးကို
ကြိုက်နှစ်သက်ရင် ဒီဇာတ်ကားလေးကို ရွေးချယ်ကြည့်ရှုသင့်ပါတယ်နော်။
(အညွှန်းရေးသားထားသူကတော့ Htet Nyein Khant ဖြစ်ပါတယ်)
Quality : WEB-DL 720p,1080p
Total Episodes : 24
Format : mp4
Genres : Drama
Duration : 45 min per Episode
Subtitle : Myanmar Subtitle ( Hardsub )
Translated by CM Team
Encoded by LK
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။