ကောင်းဖာ အီလက်ထရောနစ် ကုမ္ပဏီရဲ့ စီမံခန့်ခွဲရေးဌာန (၃) ဟာ ကုမ္ပဏီအတွင်း
အရမ်းကိုမှ ထူးခြားဆန်းကြယ်တဲ့ ဌာနတစ်ခုအဖြစ်တည်ရှိခဲ့ပါတယ် ။
ကောင်းမွန်လှတဲ့ စီမံခန့်ခွဲမှုတွေကြောင့် နယ်ပယ်တစ်ခုလုံးရဲ့ ထိပ်ပိုင်းမှာ
၁၀ နှစ်တိတိဦးဆောင်ရပ်တည်ခဲ့ပါတယ် ။ ဒါပေမဲ့ အခုလက်ရှိ ၃ နှစ်အတွင်းမှာ
အားကိုးလိုမရနိုင်တဲ့ စီမံခန့်ခွဲမှုတွေ ထပ်ခါတလဲလဲ လုပ်ဆောင်မှုကြောင့်
ဌာနရဲ့ ရာထူးအဆင့်အတန်းတွေကလဲ ကျဆင်းလိုသွားခဲ့ပါတော့တယ် ။
ရာထူး အဆင့်အတန်း ဂုဏ်တွေကျဆင်းသွားခဲ့တဲ့စီမံခန့်ခွဲရေးဌာန (၃) အတွင်းမှာ
အရည်အချင်းရှိတဲ့ အလုပ်သမားတွေကလဲ ရှိလိုနေခဲ့ပါတယ် ။
❏ စီမံခန့်ခွဲရေးဌာန အဖွဲ (၃) ဟာ ၎င်းကျဆုံးသွားတဲ့ ဂုဏ်ကျက်သရေနဲ့ အဆင့်အတန်းတွေကို
ပြန်လည်အရယူနိုင်မယ်လို အခိုင်အမာယုံကြည်ထားတဲ့ – လီထျန်းရန် (ကျန့်ခိုင်)
❏ အတွင်းစိတ် အေးအေးချမ်းချမ်း နဲ့ သူများနဲ့မတူ တမူထူးကာနေတတ်ပြီး
ဘယ်အရာမဆို လျစ်ရှုနေတတ်တဲ့ အကျင့်ကို ပိုင်ဆိုင်ထားတဲ့ – ဖန့်စီးစီး (ချန်ယွိချီ)
❏ ချမ်းသာတဲ့ မိသားစုကနေ မွေးဖွားလာခဲ့ပြီးသူဌေးသားလုပ်နေမဲ့အစား
ကြိူးစားရုံးကန်ရတဲ့ ဘဝကိုပဲ ရွေးမယ်ဟု ကြုံးဝါးထားသူ /
အလုပ်အရမ်းကြိုးစားသူ ကောင်ကလေး – ပိုင်မာရွှက် (ဝမ်ဟဲ့တိ)
သူတိုဟာ ကိုယ်တိုင် ကိုယ်စီရဲ့ အိမ်မက်တွေ / အားမလျှော့ပဲ ကြိုးစားတတ်တဲ့ စိတ်ဓာတ်တွေ /
စီမံခန့်ခွဲရေးဌာန (၃) အပေါ်မှာလဲ နက်ရှိင်းတဲ့ ခံစားချက်တွေရှိကြပါတယ် ။
ဒီလိုနဲ့ သူတိုဟာလုပ်ဖော်ကိုင်ဖက်တွေနဲ့ အတူတူ ကုမ္ပဏီ ကြီးပွားတိုးတတ်အောင် ကြိုးစားခဲ့တယ်ဆိုပါတော့ ။
ဒီတော့ သူတိုလေးတွေ အတူတူ ကြိုးစားရူံးကန်ကြရင်း –
❏ အခက်အခဲတွေ / အကြပ်အတည်းတွေကြားထဲကမှ စီမံခန့်ခွဲရေးဌာန (၃) ကို ထိပ်ဆုံးရောက်အောင်ပြန်လုပ်နိုင်ပါ့မလား ?
ဆိုတာ ဒီဇာတ်ကားလေးကို ကြည့်ရှူရမှာဖြစ်ပါတယ် ။ အလုပ်ခွင်မှာ ကြုံတွေရလေ့ရှိတတ်တဲ့ အလွဲလေးကိုလဲ
ဟာသနှောကာကြည့်ရှုရမှာဖြစ်လို ကြည့်ရှုသူတွေအတွက် အမောပြေစေမှာအမှန်ပါပဲရှင် ။
ဒီနေ့မှာ စတင် ထုတ်လွှင့်သွားမှာဖြစ်လို စောင့်မျှော်ကြည့်ရှုရအောင်ပါ ။
(Reviewed By Chit Mya Mya Hmwe)
Quality : WEB-DL 720p,1080p
Total Episodes : 40
Format : mp4
Genres : Bussiness, Comedy, Drama
Duration : 45 min per Episode
Subtitle : Myanmar Subtitle ( Hardsub )
Translated by CM Team
Encoded by LK
Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။