CM ကနေ ဒီတစ်ခါတော့ နာမည်ကြီးသရုပ်ဆောင်တွေပါဝင်ထားတဲ့
Ordinary Greatness ဆိုတဲ့ကားလေးကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်
Main cast တွေကတော့
Sword Snow Stride ထဲကမင်းသား Zhang Ruoyun က
ရဲတပ်ဖွဲဝင် Li Dawei အဖြစ် Forever and Ever ထဲက Bai Lu လေးကတော့
ရဲမေ Xia Jie အဖြစ် ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်
ဇာတ်လမ်းလေးကတော့
ရဲတပ်ဖွဲထဲကို ဝင်တာမကြာသေးတဲ့
အဖွဲဝင်သစ်လေးယောက်ရဲ့ အကြောင်းလေးကို
နောက်ခံထားထားတာပဲဖြစ်ပါတယ်
အဖွဲဝင်အသစ်လေးတွေက စစချင်းအဖွဲထဲဝင်လာတဲ့အချိန်မှာ
အတွေးကိုယ်စီအိမ်မက်ကိုယ်စီရှိကြပြီး စိတ်ကူးထဲမှာ
ကိုယ်တိုင်ပုံဖော်ထားတဲ့ ရဲဝန်ထမ်းဆိုတဲ့စံပုံစံလေးလည်းရှိနေခဲ့ပါတယ်
တကယ်တာဝန်ထမ်းဆောင်ရတဲ့အချိန်မှာတော့
အခက်အခဲတွေ ပြဿနာပေါင်းစုံ ဖိအားပေါင်းစုံနဲ့ ကြုံလာရတဲ့အချိန်မှာတော့
စိတ်ကူးနဲ့လက်တွေ့ထပ်တူမကျတော့ဘဲ
လက်လျှော့ချင်လောက်တဲ့အထိ စိတ်ပျက်သွားကြတာပေါ့
ဒါပေမယ့်လည်း စီနီယာတွေရဲ့ သင်ကြားပေးမှု ထောက်ပံ့ပေးမှုတွေနဲ့အတူ
လေ့ကျင့်ရေးတွေ လုပ်ပြီးတဲ့နောက်မှာတော့ အရည်ချင်းပြည့်မှီတဲ့
ရဲတပ်ဖွဲဝင်လေးတွေဖြစ်လာပါတော့တယ်
အက်ရှင် သူငယ်ချင်းသံယောဇဉ် အစရှိတာတွေကိုအခြေခံရိုက်ကူးထားတဲ့
Ordinary Greatness ဆိုတဲ့ကားလေးကို
CM ကနေ တင်ဆက်ပေးတော့မှာ ဖြစ်လို စောင့်မျှော်ကြည့်ရှုအားပေးကြပါဦးနော်
(အညွှန်းရေးသားထားသူကတော့ Kyawt ဖြစ်ပါတယ်)
Quality : WEB-DL 720p
Total Episodes : 38
Format : mp4
Genres : Action,Friendship,Youth,Drama
Duration : 45 min per Episode
Subtitle : Myanmar Subtitle ( Hardsub )
Translated by CM Team
Encoded by LK
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လဲရသလို One Click Download လဲ ပြုလုပ်နိုင်ပါတယ်။