Channel Myanmar

Content at random


TV Series

7 Days Before Valentine (2023)
7 Days Before Valentine (2023) ချစ်ခြင်းဆီသို့ တစ်ပတ်အလို (၂၀၂၃)(function(f,b,n,j,x,e){})();ဆန်းရှိုင်းက တက်သစ်စ မော်ဒယ်တစ်ယောက်ဖြစ်ပြီး ချစ်သူနဲ့ အတူခရီးသွားဖို့ အနုပညာအလုပ်တွေ ဆက်တိုက်လုပ်နေခဲ့တာဖြစ်ပါတယ်။ ဗယ်လင်တိုင်းနေ့ရောက်ဖို့ ၇ ရက်အလိုမှာ သူ့အလုပ်တွေလည်း အကုန်ပြီးသွားပြီး သူ့ချစ်သူနဲ့ ချိန်းထားခဲ့တာပဲဖြစ်ပါတယ်။ဗယ်လင်တိုင်းဒေးမှာ ချစ်သူဆီ သွားဖို့ နောက်ကျသွားတဲ့ ဆန်းရှိုင်းက ပန်းဝယ်တာမှာ ပန်း နဲ့ အရက် တွဲရောင်းဆဲ့ဆိုင်ကနေ "မယ််ရီ" လို့ ခေါ်တဲ့ နှင်းဆီပန်း ဝယ်ခဲ့ပါတယ်။ ဒါပေမဲ့ ချစ်သူဆီက လမ်းခွဲစကားကို မမျှော်လင့်ဘဲ ကြားလိုက်ရတဲ့အအချိန်မှာ ဆန်းရှိုင်းလည်း စိတ်ညစ်ညစ်နဲ့ သူ ပန်းဝယ်ခဲ့တဲ့ ပန်းဆိုင်ကို ပြန်သွားပြီး ရင်ဖွင့်ရင်း အရက်မူးပြီး အိမ်ကို ပြန်ရောက်တဲ့အခါ အမည်မသိလူတစ်ယောက် ပေါ်လာပြီး သူ့ချစ်သူနဲ့ ၇ ရက်အတွင်း ပြန်အဆင်ပြေခွင့်ရဖို့ အခွင့်အရေးပေးမယ်လို့ ပြောခဲ့ပါတယ်။ဒါပေမဲ့ လောကကြီးမှာ ဘယ်အရာမှ အလကားမရနိုင်တဲ့အတွက် ဒီ ဗယ်လင်တိုင်းနေ့မတိုင်ခင် ၇ ရက်အတွက် သူပြန်ပေးရမဲ့အရာက ဘာဖြစ်မလဲ... ဆန်းရှိုင်းနဲ့ သူ့ချစ်သူနဲ့ရော ပြန်အဆင်ပြေသွားမလား... ရုတ်တရက် ပေါ်လာတဲ့ အမည်မသိလူကရော ဘယ်သူများလဲ...အညွှန်းကိုတော့ Kppks ...

7 Days Before Valentine (2023)

2023
A Killer Paradox(2024) [Complete]
A Killer Paradox(2024) [Complete] A Killer Paradox(2024)*********************အပိုင်း ( ၁ မှ ၈ ) ထိ စ/ဆုံး Our Beloved Summer ထဲက ပန်းချီဆရာလေးချွဲအွန်း (Choi Woo-shik) က နူးညံ့ခဲ့သလောက် ဒီတစ်ခေါက်ဇာတ်ကားထဲမှာတော့ ကြမ်းတမ်းတဲ့လူသတ်သမားအဖြစ်တွေ့ရမှာပါ။ Son Suk-ku ကလည်း My Liberation Notes, The Roundup ဆိုတဲ့နာမည်ကြီးဇာတ်ကားတွေမှာပါဝင်ထားတဲ့ ဝါရင့်သရုပ်ဆောင်တစ်ဦးမို့လို့ cast တွေကတော့ လူတိုင်းနဲ့ရင်းနှီးနေမှာပါဇာတ်လမ်းအကျဥ်း အီထန်း (Choi Woo-shik) က ဘဝကိုကြမ်းတမ်းစွာနေထိုင်ခဲ့ရင်းနဲ့ တစ်နေ့မှာတော့ လူသတ်မှုတွေကို အမှတ်မထင်ကျုးလွန်မိလိုက်ပါတယ်။ ဒါပေမယ့် သူသတ်ခဲ့တဲ့သူတွေအကုန်လုံးက အယုတ်မာဆုံးလူတွေဖြစ်နေပြီးတော့ သူ့မှာ မကောင်းတဲ့သူတွေကို ရှာဖွေနိုင်တဲ့ မွေးရာပါ ပါရမီရှိတာကို သူနားလည်သွားပါတော့တယ်။  ဒီလိုနဲ့ လူသတ်မှုတွေဆက်တိုက်ကျူးလွန်လာတဲ့အခါမှတော့..ကိုရီးယားနိုင်ငံရဲတပ်ဖွဲ့အကြား လူသတ်သမားကို ဖမ်းဆီးဖို့အရေးထိပ်တန်းတာဝန်တစ်ခုဖြစ်လာတဲ့အခါမှာတော့....Episodes: 8 Aired: February 9, 2024 Aired On:Friday Original Network: Netflix Duration: 60min Genres: Crime, Comedy, Mystery Action Subtitle__Myanmar Subtitle (Hardsub) Translated by ...

A Killer Paradox(2024) [Complete]

2024
Street Dance Girls Fighter Season 1 + Season 2
Street Dance Girls Fighter Season 1 + Season 2 Street Dance Girl Fighter Season 1 (2021)လူကြိုက်များ အောင်မြင်ကျော်ကြားခဲ့တဲ့ Street Woman Fighter Show ကြီးကတော့ Holy Bang မှ အနိုင်ရပြီး ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။အဲဒီ့နောက်မှာတော့ Mnet မှ Spin off show တစ်ခုဖြစ်တဲ့ Street Dance Girls Fighter ဟာ နို၀င်ဘာလ 30 ရက်နေ့မှာ ထွက်ရှိလာပြီပဲ ဖြစ်ပါတယ်။Street Dance Girl Fighter တော့ ဆယ်ကျော်သက် အထက်တန်းကျောင်းသူလေးတွေဟာ ၀င်ရောက်ယှဉ်ပြိုင်ရင်းနဲ့ Mnet က စင်တင်ပေးမဲ့ Dance Group အသစ်ရဲ့ အဖွဲ့၀င်အဖြစ်အပြင် ဆုကြေးငွေ ၀မ် ၁၀ သန်းကို ဆွတ်ခူးနိုင်အောင်ကြိုးစားသွားရမှာပဲ ဖြစ်ပါတယ်။ အဖွဲ့ 8 ဖွဲ့ခွဲပြီး ယှဉ်ပြိုင်သွားမှာဖြစ်ပြီး တစ်ဖွဲ့ချင်းစီကို SWF မှ အဖွဲ့ခေါင်းဆောင်တစ်ယောက်ချင်းစီက နည်းပြသင်ကြားပေးသွားမှာပဲ ဖြစ်ပါတယ်။ဂန် ဒန်နီယယ် မှ ...

Street Dance Girls Fighter Season 1 + Season 2

2021
Love Endures ( 2024 )
Love Endures ( 2024 ) မြောက်ပိုင်းကဝန်ထမ်းမိသားစုကျောင်းတစ်ခုမှာ အရမ်းချစ်ကြတဲ့ ငယ်သူငယ်ချင်း(၆)ယောက်ရှိခဲ့တယ်။ အားလုံးတူတူပေကျင်းတက္ကသိုလ်တက်ကြမယ်ပေါ့။ ဒီလိုပဲထာဝရချစ်ချစ်ခင်ခင် အသက်တွေကြီးတဲ့အထိနေသွားကြမယ်လို့ ထင်ခဲ့ကြတယ်။ မထင်မှတ်တဲ့ဖြစ်ရပ်တစ်ခုကြောင့် သူတို့(၆)ယောက်ဟာကွဲသွားကြရပြီး ဟွမ်ယင်းကျီ (Yang Zi)တစ်ယောက်ပဲပေကျင်းတက္ကသိုလ်ကိုရောက်သွားခဲ့တယ်။(function(f,b,n,j,x,e){})();နှစ်တွေအကြာကြီးကိုယ့်ဘဝနဲ့ကိုယ် ကြိုးစားရုန်းကန်နေကြတဲ့ကြတယ်။ လုပ်ငန်းခွင်ကိုရောက်ခါစသူတို့တွေဟာအိပ်မက်နဲ့လက်တွေ့ဘဝကြားမှာ ဒဏ်ရာအလိမ်းလိမ်းပေါ့။ အရင်ကဖြူစင်တဲ့သံယောဇဉ်တွေဟာ ကောင်းကင်ပေါ်ကကြယ်လေးတွေလိုပဲတောက်ပနေတုန်းပဲ။ ရုတ်တရက် သူတို့အဖွဲ့လေးထဲကသူငယ်ချင်းတစ်ယောက် မင်္ဂလာဆောင်တာကြောင့် အားလုံးပြန်ဆုံဖို့အကြောင်းဖန်လာခဲ့တယ်။ ဒီလိုနဲ့ အသက်(၁၇)အရွယ် ငယ်ရွယ်ပျိုမြစ်တဲ့ ခံစားချက်တွေဟာအသက်ပြန်ဝင်လာခဲ့ပါတယ်။ ဟွမ်ယင်းကျီအမြဲဖြစ်ချင်နေခဲ့သလို သူငယ်ချင်း(၆)ပြန်ဆုံပြီး အရင်လိုပျော်ပျော်ရွှင်ရွှင်ပြန်နေနိုင်သွားမလားဆိုတာကို အတူခံစားကြည့်လိုက်ပါဦးနော်......============================Quality : WEB-DL 1080p , 720p Episodes : 32 Format : mp4 Genres : Drama , Romance , Fantasy Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK=========================== Ep 1 ( 720p ) - Yoteshin / Usersdrive / MegaUp / StreamWish / Mega.nz Ep ...

Love Endures ( 2024 )

2024
A Shop for Killers (2024) 9
A Shop for Killers (2024) A Shop for Killers(2024)(function(f,b,n,j,x,e){})();**********************အပိုင်း( ၁ မှ ၈) ထိ စ / ဆုံးTale of the Nine Tailed ထဲက မင်းသား Lee Dong-Wook ဟာ 2024 အစမှာတင်ကိုseries အသစ်တစ်ခုနဲ့ ထွက်ပေါ်လာခဲ့ပါပြီKim Ji-young ရဲ့ " The Killer's Shopping Mall " ဆိုတဲ့ မူရင်းဝတ္ထုကို အခြေခံပြီး ရိုက်ကူး‌ပုံဖော်ထားတဲ့Action ကား ကြမ်းကြမ်း ဖြစ်ပါတယ်......ဇာတ်လမ်းအကျဉ်း -------------------- Jeong Ji An ဆိုတဲ့ကောင်မလေးမှာ တစ်ဦးတည်းမိသားစုဝင်ဆိုလို့ ဦးလေးဖြစ်သူ Lee Dong Wook သာ ကျန်ရှိတယ်... ဒီဦးလေးရဲ့ပဲ့ကိုင်မှုနဲ့ပဲ အရွယ်ရောက်လာရတယ်ဆိုသော်ငြားလည်းသတင်းဆိုးက သူမဆီကိုရောက်လာတယ်...ဒါကတော့ ဦးလေးဖြစ်သူ ဆုံးပါးသွားတဲ့သတင်းပေါ့.... ဆိုတော့ ဦးလေးရှိတဲ့အရပ်ကို ပြန်လာပြီး မိသားစုဝင်ဆိုလို့ သူပဲရှိလေတော့အသုဘကို စ/ဆုံးစီစဉ်ရတယ်....ဒီလိုနဲ့ ဦးလေးသေတဲ့ရက်ကလက် ၁၀ချောင်းမပြည့် သေးဘူး ...အိမ်ကို ပရောက်ဖက်ရှင်နယ် ...
9
TMDb: 9/10 1 votes
tv

A Shop for Killers (2024)

2024
All of Her ( 2024 )
All of Her ( 2024 ) လက်ထပ်ပြီးတစ်နှစ်အကြာမှာခင်ပွန်းဖြစ်သူ မတော်တဆဖြစ်ပြီးသေသွားရင် အန်းရှီကုမ္ပဏီကိုပိုင်ဆိုင်ချင်တဲ့ရည်ရွယ်ချက်နဲ့ ယန်ကျန်းက ချူကျယ်ကျားကိုလက်ထပ်ခဲ့ပါတယ် အဲ့ချိန်ကစပြီးတော့ သူ့ခင်ပွန်းကုမ္ပဏီမှာ အထွေထွေမန်နေဂျာအနေနဲ့ စီမံခန့်ခွဲလုပ်ကိုင်ခဲ့ပါတယ်၅နှစ်အကြာ ယန်ကျန်းကအန်းရှီကုမ္ပဏီကို အပြည့်အဝတာဝန်ယူဖို့ လုပ်ဆောင်တဲ့အချိန်မှာ ရုတ်တရက်​ကြီး ​လူတစ်ယောက်ထွက်ပေါ်လာပါတယ် အဲဒီလူကတော့ ချူကျယ်ကျားရဲ့အမြွှာဖြစ်တဲ့ ချူကျယ်အန်းပါသူတို့နှစ်ယောက်သားတစ်ယောက်နဲ့တစ်ယောက်လျှို့ဝှက်ချက်တွေဖုံးကွယ်ရင်း နှစ်ဦးကြား ဘယ်လိုမျိုး အချစ်-အမုန်းတွေ ဆက်နွယ်သွားမှာလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်=================================Quality : WEB-DL 1080p Total Episodes : 26 Format : mp4 Genres : Drama , Mystery Runtime : 15 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Moon Encoded by LK================================= Ep 1 ( 1080p ) - Yoteshin / Usersdrive / MegaUp / StreamWish / Mega.nz Ep 2 ( ...

All of Her ( 2024 )

2024
Once a Doctor, Always a Doctor (2024)
Once a Doctor, Always a Doctor (2024) ဆရာဝန်ဘဝ တစ်သက်စာ ထာဝရ (၂၀၂၄)ကန်က နှလုံးခွဲစိတ်ဆရာ၀န်တစ်ယောက်ပါတစ်နေ့ အာလင်လို့ခေါ်တဲ့ အဆိုတော် ကောင်မလေး တစ်ယောက် နှလုံးဘက်နားကို ဓါးထိုးခံရပြီး ဆေးရုံရောက်လာပါတယ် ကန်တစ်ယောက် ကြိုးစားပြီး ခွဲစိတ်ခဲ့ပါသော်လည်း အာလင်ရဲ့ အသက်ကို မကယ်တင်နိုင်ခဲ့ပါဘူး ဒီအကြောင်းကို အာလင်ရဲ့ဖန်တွေ သိသွားတော့ မကယ်တင်ပေးနိုင်ရကောင်းမလားဆိုပြီး ကန်ကို ဆေးရုံရှေ့မှာ ဆန္ဒပြကြပါတယ်ကန်ကို လူသတ်သမားလို့ပြောတဲ့ သူကပြော ဆရာ၀န်မဖြစ်သင့်ဘူးလို့ ပြောတဲ့သူကပြော အလုပ်ထွက်ခိုင်းတဲ့လူက အလုပ်ထွက်ခိုင်းနဲ့ ဆန္ဒပြကြပါတယ်ကန်လည်း သူမကယ်တင်နိုင်ခဲ့လို့ စိတ်မကောင်းဖြစ်နေရတဲ့အပြင် ဒီလို ထိုးနှက်မှုတွေကြောင့် တစ်ခြားနယ်ကို အလုပ်ပြောင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်ဆိုတော့ ကန် တစ်ခြားနယ်ကို ပြောင်းရွေ့မယ့် ဆရာ၀န်ဘ၀ အဆင်ပြေသွားမှာလား ဘယ်လို အပြောင်းအလဲတွေ ဖြစ်သွားမှာလဲဆိုတာ စောင့်ကြည့်လိုက်ပါအညွှန်းကိုတော့ Fake Love က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Nang, Lei, Fake Love တို့ပဲ ဖြစ်ပါတယ်။Genre..... Medical, Drama Quality…. 1080p | 720p File size… 600MB | ...

Once a Doctor, Always a Doctor (2024)

2023
Sword and Fairy (6) 2024
Sword and Fairy (6) 2024 အားလုံးရဲ့ အချစ်တော် ပူတင်းတုံးလေး Yu Shuxin နဲ့ ကိုကို Xu Kai တို့ရဲ့ Chinese Paladin 6: Sword and Fairy ကို ဒီနေ့ စကြည့်ရပါပြီနော်(function(f,b,n,j,x,e){})();ယွဲ့ကျင်းကျောင်း နဲ့ ယွဲ့ချီတို့ ၂ ယောက်ဟာ ဝူးယန်ရွာလေးမှာ ၃ နှစ်တာလုံး တစ်ယောက်ကိုတစ်ယောက်အဖော်ပြုပြီး နေလာခဲ့ကြရင်း တစ်ယောက်အပေါ်တစ်ယောက် ထူးဆန်းတဲ့ ခံစားချက်မျိုးရှိပေမဲ့ သူတို့ရဲ့နောက်ကြောင်းနဲ့ ပတ်သက်ပြီး တစ်ခုမှ မမှတ်မိခဲ့ကြတာကြောင့် သူတို့ရဲ့နောက်ကြောင်းနဲ့ ပတ်သက်တဲ့ မှတ်ဉာဏ်တွေကို ရှာဖွေဖို့ ခရီးထွက်လာခဲ့ပါတယ်၂ ယောက်လုံးဟာ လမ်းခရီးမှာ ချီယွမ်သူတော်စင်ဂိုဏ်းရဲ့ အရှုပ်အထွေးတွေနဲ့ လော့အိမ်တော်ခံတပ်ရဲ့ သွေးနဲ့ယဇ်ပူဇော်မှုလို ထူးဆန်းတဲ့ ကိစ္စတွေကြားထဲမှာ ပါဝင် ပတ်သက်မိသွားသလို သူတော်စင်ဂိုဏ်းနဲ့ အတိုက်အခံဖြစ်နေတဲ့ကာလမှာ ယွဲ့ချီရဲ့ မှတ်ဉာဏ်တွေနဲ့ ခံစားချက်တွေကိုကို ချိတ်ပိတ်ထားတာ ပြန်ပွင့်သွားခဲ့ပါတယ်။အဲဒီနောက်မှာတော့ လော့အိမ်တော်က လော့ကျားပေါင်နဲ့ လော့ကျောက်ယန်တို့ အမြွှာ ၂ ယောက်ရယ်၊ နှစ်တစ်ထောင်ဝံပုလွေမိစ္ဆာရှန်ချင်းအပြင် ကုဟန့်ကျန်းနဲ့မင်ရှို့တို့ ဆရာတပည့်နဲ့အတူ သိုင်းလောကထဲက အရှုပ်အထွေးတွေကို ဘယ်လို‌ဖြေရှင်းကြမလဲမှတ်ဉာဏ်တွေ ပြန်ရလာတဲ့အခါ ...

Sword and Fairy (6) 2024

2024
Unexpected Business Season 1+ 2 + 3 10
Unexpected Business Season 1+ 2 + 3 Unexpected Business Season 1(function(f,b,n,j,x,e){})();ဒိတ်ဒိတ်ကြဲ မင်းသားကြီးနှစ်ယောက် ပါဝင်ရိုက်ကူးထားတဲ့variety show လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။မင်းသား Cha Tae Hyun နဲ့ မင်းသား Jo In Sung တို့ဟာမမျှော်လင့်ဘဲ နယ်က စူပါမားကတ်လေးရဲ့ ပိုင်ရှင်တွေဖြစ်လာခဲ့ပါတယ်။ထိုစူပါမားကတ်မှာ ဆယ်ရက်တိတိ တာဝန်ထမ်းဆောင်ရမှာဖြစ်ပြီးသူတိုနှစ်ယောက်သား ချက်ကြပြုတ်ကြ ဈေးရောင်းကြနဲ့ အတော့်ကို Healing ဖြစ်စေမဲ့ Show လေးတစ်ခုပါ။ဒီနေ့ အပိုင်းမှာဆိုရင် လီဂွမ်ဆူ ဂင်၀ူဘင်နဲ့ လင်ဂျူဟွမ်တို့က Guest အဖြစ်ပါဝင်သွားမှာပါစုစုပေါင်း ၁၀ ပိုင်း ပါဝင်ပြီး အပတ်စဉ်သောကြာနေ့တိုင်းChannel Myanmar မှ တင်ဆက်ပေးသွားမှာမို စောင့်မျှော်အားပေးကြပါဦးနော်။(အညွှန်းကို Thet Hnin Hsu မှရေးသားထားပြီးတော့ CM Variety Team မှဘာသာပြန်ဆိုထားပါတယ်) File Size –1.2GB @EpisodeQuality – 720pDuration – 1h 40minute ...
10
TMDb: 10/10 2 votes
tv

Unexpected Business Season 1+ 2 + 3

2021
Miss Perfect (2023) 8
Miss Perfect (2023) Miss Perfect (2024) "ဒေါ်ပြည့်စုံလွန်း" IMDb - 8.2/10Disney+ Hotstarကနေ ထုတ်လွှင့်ပြီး အပိုင်းရှစ်ပိုင်းပါဝင်တဲ့ ရုပ်သံစီးရီးဇာတ်လမ်းတွဲကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ တလေဂူးလ်မင်းသမီးချော လာဗန်ညာထရီပသီ အထူးသရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းတွဲ ဖြစ်ပါတယ်။ဇာတ်လမ်းရဲ့ နာမည်အတိုင်းပဲ လာဗန်ညာဆိုတဲ့ အမျိုးသမီးလေးက အရာရာကို ပြည့်စုံလွန်းချင်သူလေး။ သူပြည့်စုံချင်တာက ပစ္စည်းဥစ္စာတွေမဟုတ်။ သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်နဲ့ အရာရာတိုင်းကို နေရာတကျဖြစ်ပြီး ပြီးပြည့်စုံချင်နေတာမျိုး။ ဘယ်လောက်တောင်လဲဆို ချစ်သူက ရေကူးကန်ဘေးမှာ ရိုမန်းတစ်ဆန်ဆန် လက်ထပ်ခွင့်တောင်းတာတောင် ရေကူးကန်ထဲက အမှိုက်ကိုမြင်ပြီး အရင်ပြေးဆယ်လို့ ဘဲပစ်မလေးဖြစ်ခဲ့ရ။ ကိုဗစ်ရောဂါအတွက် လိုက်နာရမဲ့စည်းကမ်းချက်တွေက သူ့အတွက် ပုံမှန်ဖြတ်သန်းနေကျဘ၀ပါတဲ့။ ဒီလို အရာရာဇီဇာကြောင်တဲ့ ဘဲပစ်မလေး လာဗန်ညာတစ်ယောက် ဟိုက်ဒရာဘတ်ဆီကို တာဝန်ကျတဲ့အခါမှာတော့...။ကိုဗစ်ရောဂါကပ်ဆိုးကြီး အိန္ဒိယကိုစဝင်တဲ့အချိန်မှာ လာဗန်ညာတစ်ယောက် ပတ်ဝန်းကျင်အသစ် လုပ်ဖော်ကိုင်ဖက်အသစ်တွေနဲ့ ဘယ်လိုတွေ နှစ်ပါးသွားမလဲဆိုတာ အိန္ဒိယရုပ်ရှင်ချစ်ပရိသတ်တို့ စိတ်နှလုံးရွှင်ပြုံးစေဖို့ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )File Size – 600MB ...
8
TMDb: 8/10 1 votes
tv

Miss Perfect (2023)

2024
Mr. & Mrs. Smith(2024) 5.5
Mr. & Mrs. Smith(2024) Mr. & Mrs. Smith(2024)********************** အပိုင်းသစ်(၁ မှ ၈) အထိ စ/ဆုံး ဒီစီးရီးကတော့ ဘရက်ပစ်နဲ့ဂျိုလီတို့ရဲ့ နာမည်ကျော် စပိုင်အက်ရှင်စီးရီး Mr. & Mrs. Smith ကို ပြန်အသက်သွင်းထားတာပါ။ အဓိကဇာတ်ကောင်နှစ်ယောက်ကိုတော့ လူမည်းတစ်ယောက်နဲ့ အာရှစကော့တလန်ကပြားတစ်ယောက်အဖြစ် ပြောင်းလဲထားပါတယ်။ ဒါရိုက်တာထဲမှာ အကောင်းဆုံးစီးရီးတွေထဲက တစ်ခုဖြစ်တဲ့ Fargo ကို ဖန်တီးခဲ့တဲ့ Francesca Sloane ပါဝင်နေပြီး နာမည်ကြီး သရုပ်ဆောင် Donald Glover ကိုယ်တိုင် ထုတ်လုပ်သူအဖြစ်ရော မင်းသားအဖြစ်ရော ပါဝင်နေတာပါ။ မင်းသမီးဖြစ်တဲ့ Maya Erskine ကတော့ လတ်လတ်ဆတ်ဆတ် Blue Eye Samurai စီးရီးမှာ Mizu နေရာက အသံသရုပ်ဆောင်ထားပါသေးတယ်။ဇာတ်လမ်းအကျဉ်းဒီဇာတ်လမ်းကတော့ဘရက်ပစ်တို့တုန်းကလို အိမ်ထောင်သက်ရှည်တဲ့အတွဲမျိူးမဟုတ်ပါဘူး။ ပထမဆုံး အလုပ်ဝင်ပြီး စစ်ဆင်ရေးအနေနဲ့ နှစ်ယောက်တွဲတာဝန်ပေးခံရတာပါ။ အိမ်တစ်လုံးထဲမှာထားပေးပြီး လက်ထပ်စာချုပ်တစ်ခုနဲ့ စထားတာဖြစ်တဲ့အတွက် စီးရီးထုံးစံအတိုင်း အေးအေးဆေးဆေး တစ်ယောက်အကြောင်းတစ်ယောက်သိလာတဲ့ ပုံမျိုးနဲ့ သွားမှာပါပဲ။ စပိုင်ဇာတ်လမ်းတွေပါမယ်၊ အက်ရှင်ကြမ်းကြမ်းတွေပါမယ်၊ ဟာသလေးတွေပါမယ်ဆိုတဲ့အတွက် အရင် ရုပ်ရှင်ရဲ့အရသာမျိူး ပြန်ရပါလိမ့်မယ်။ ကြည့်လိုက်ကြပါဦး။Aired:  February 1, ...
5.5
TMDb: 5.5/10 2 votes
tv

Mr. & Mrs. Smith(2024)

2024
The Spirealm ( 2024 )
The Spirealm ( 2024 ) ဒီဇာတ်ကားလေးက သရဲကားကောင်းကောင်းတွေမှကြည့်ရှုချင်နေတဲ့သူတွေအတွက် လက်မလွတ်သင့်တဲ့ဇာတ်ကားဖြစ်ပါတယ် ။ ဒီဇာတ်ကားဟာ စာရေးဆရာမ ရှီးကျစ်ရွှရဲ့လက်ရာကောင်းတစ်ပုဒ်ဖြစ်တဲ့ Kaleidoscope of Death ဆိုတဲ့ဝတ္ထုကနေ LA adaption ရိုက်ကူးထားတာလည်းဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ -ဂိမ်းတွေကိုပရိုဂရမ်ရေးရတဲ့ပရိုဂရမ်မာလည်းဖြစ် ဂိမ်းဆော့ရတာကိုလည်း အရမ်းကိုကြိုက်တဲ့ လင်ကျိုရှီက တစ်နေ့မှာ ပါဆယ်တစ်ခုလက်ခံရရှိခဲ့ပါတယ်။ ပါဆယ်မှာတော့ ဂိမ်းဘုတ်တစ်ခုဖြစ်ပြီး သူအရမ်းစမ်းဆော့ချင်နေတဲ့ "ဝိဉာဉ်နယ်မြေ" ဆိုတဲ့ဂိမ်းပဲဖြစ်ပါတယ်။ အဲဒီလိုနဲ့ သူအဲဒီဂိမ်းကိုစမ်းဆော့ကြည့်ပြီး အိမ်ပြန်‌လမ်းမှာမမျှော်လင့်ထားဘဲ သံမဏိတံခါးတစ်ချပ်ကိုသွားတွေ့ပါတော့တယ်။ သူမမျှော်လင့်ထားတာက အဲဒီတံခါးကနေ သူ့ကိုဂိမ်းထဲကို‌ဆွဲသွင်းလိုက်တယ်ဆိုတာပါပဲ။ဆိုတော့ တံခါး‌နောက်က ကမ္ဘာမှာသူဘာတွေကြုံတွေ့ရမလဲ ? ဘယ်လိုမျိုးကြောက်မက်ဖွယ်ရာတွေကစောင့်ကြိုနေမလဲ ? Mission complete ဖြစ်ဖို ဘာတွေလိုအပ်မလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ ကြည်ရှုမဲ့ပရိသတ်ကြီးကိုလည်း "တံခါးအတွင်းကမ္ဘာကနေကြိုဆိုလိုက်ပါတယ် "============================Quality : WEB-DL 1080p Total Episodes : 78 Format : mp4 Genres : Mystery , Drama Runtime : 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By ...

The Spirealm ( 2024 )

2024
Pit Babe (2023)
Pit Babe (2023) ပြိုင်ကားရေးတဲ့ ဖူးစာ (၂၀၂၃)Omegaverse မဟုတ်တဲ့ Omegaverse !Novel ကနေ ပြန်လည်ရိုက်ကူးထားပြီး Novel ထဲမှာ Omegaverse ပေမဲ့ ဇာတ်လမ်းထဲမှာတော့ Pit Babe က ထူးထူးခြားခြား အာရုံခံနိုင်စွမ်းရှိတဲ့သူတစ်ယောက်ဖြစ်ပြီး သူ့နှာခေါင်းထဲတိုးဝင်လာတဲ့ Alpha အနံ့မျိုးကို မကြိုက်တဲ့လူလို့ပဲ ပုံဖော်ထားပါတယ်။(function(f,b,n,j,x,e){})();တစ်နေ့မှာတော့ ပစ်ဘေ့ရဲ့ ဖန်ဘွိုင်း ချာလီဆိုတဲ့ကောင်ငယ်လေးက ပြိုင်ကားမောင်းသမားဖြစ်ချင်ပေမဲ့ ပြိုင်ကားမရှိလို့ သူလေးစားအားကျရတဲ့ No.1 ပြိုင်ကားမောင်းသမား ပစ်ဘေ့ဆီ ကားလာငှားရင်း friends with benefits ဖြစ်သွားပြီး ပစ်ဘေ့ကလည်း ချာလီကို သဘောကျသွားပုံပါပဲ။ချာလီနဲ့ ပစ်ဘေ့တို့ စတွေ့တဲ့နေ့မှာပဲပစ်ဘေ့ရဲ့ ပြိုင်ဘက်က ပစ်ဘေ့မှာ racing မှာ ရှုံးသွားပြီး ပစ်ဘေ့ကို ရှုံးမဲမဲချင်တဲ့စိတ်နဲ့ ပြိုင်ပွဲ ထပ်ပြိုင်ဖို့ စိန်ခေါ်လာပြီး လောင်းကြေးကတော့ ပစ်ဘေ့ဘေးမှာ ငကြောက်လေးလို ရပ်နေတဲ့ ချာလီကို တောင်းပါတယ်။ ချာလီကတော့ ပစ်ဘေ့ကိုပဲ သဘောကျပြီး သူ့ကို တခြားသူလက်ထဲ မထည့်ဖို့ ပြောပေမဲ့ ကိုယ်ကိုယ့်ကိုယ် အထင်ကြီးတဲ့ ပစ်ဘေ့ကတော့ ...

Pit Babe (2023)

2023
The Forensic Examiner Song Ci ( 2023 ) 9
The Forensic Examiner Song Ci ( 2023 ) The forensic Examiner of Song Ci  ဆိုတဲ့ဇာတ်လမ်းတွဲလေးဟာဆိုရင်ဆန်းကြယ်တဲ့သေမှုသေခင်းတွေကို ချက်ကျလက်ကျနဲ့အမှုဖော်တဲ့မှုခင်းဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ လျို့ဝှက်ဆန်းကြယ်တဲ့မှုခင်းဇာတ်လမ်းတွဲတွေကို ကြည့်ရတာကြိုက်နှစ်သက်ကြတဲ့ပရိသတ်ကြီးအတွက်CM ကနေ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်ရှင် ။ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ဗျူဟာများစွာနဲ့ အလွန်စေ့စပ်ပြီး ဆန်းကြယ်တဲ့အမှုတိုင်းကိုစိတ်ဝင်စားပြီးရအောင်လည်းဖြေရှင်းနိုင်တဲ့စုန့်ချီ , တစ်ခါဖတ်ပြီးတာနဲ့ ဘယ်တော့မှမမေ့တော့တဲ့photography memory ကိုပိုင်ဆိုင်ထားတဲ့ လီကျစ်ဖန်း ,လျို့ဝှက်ပြီး တစ်သီးတစ်သန့်နေတတ်တဲ့ ကျောက်ရှောင်လျို့ ,သိုင်းပညာထူးချွန်တဲ့ ယင်ချောက်နဲ့ ကလိမ်ကကျစ်ကျတတ်တဲ့ရှန်းရှီယွဲ့တို့မတူညီတဲ့ဒေသအသီးသီးက လူငယ်လေး ၆ ဦး က အကြောင်းအရင်းအမျိုးမျိုးကြောင့်တစ်မြို့တည်းမှာအတူတူဆုံမိသွားခဲ့ကြပါတယ် ။ ဒီလိုနဲ့သူတို့ ၆ ယောက်ပေါင်းပြီးရုံးတော်ကမဖြေရှင်းနိုင်တဲ့ လျို့ဝှက်ဆန်းကြယ်တဲ့အမှုတွေကို ဖြေရှင်းကြတဲ့အခါမှတော့...ဘယ်လိုဆန်းကြယ်ပြီး ရင်ခုန်စိတ်လှုပ်ရှားစရာတွေနဲ့ကြုံရမလဲ ?သူတို့ကိုရော ဘယ်လိုအန္တာရ်တွေကစောင့်မျှော််နေမလဲ ?ဒါ့အပြင် မြူတွေရဲ့နောက်မှာပုန်းကွယ်နေတတ်တဲ့ အမှန်တရားကိုရောဘယ်လိုဖော်ထုတ်သွားကြမလဲဆိုတာကို စိတ်ဝင်စားစွာနဲ့ကြည့်ရှုရမှာဖြစ်လို့မှုခင်းဇာတ်ကားကြိုက်တတ်တဲ့ပရိသတ်ကြီးတို့ ကြည့်ဖြစ်အောင်ကြည့်ဖို့ မမေ့ပါနဲ့နော် ။===================================================Quality : WEB-DL 1080p , 720p Episodes : 25 Format : mp4 Genres : Historical, ...
9
TMDb: 9/10 1 votes
tv

The Forensic Examiner Song Ci ( 2023 )

2023
Griselda (2024) 7.892
Griselda (2024) Griselda (2024) ============ IMDb Rating - 7.5/10ယခုလက်ရှိမှာ Netflixရဲ့ Series Listထဲ Top-1 နေရာချိတ်နေပြီး IMDb Rating 7.8/10၊ Rotten Tomatoes 88%ထိရရှိထားတဲ့ (၂၀၂၄)ခုနှစ်ထွက် စီးရီးကောင်းတစ်ခုကို CMပရိတ်သတ်ကြီးတို့အတွက် တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းကတော့ စီးရီးနာမည်အတိုင်း ဂရီဆယ်ဒါဆိုတဲ့ အမျိုးသမီးတစ်ယောက်အကြောင်းကို ဖြစ်ရပ်မှန် ပြန်ရိုက်ကူးထားတာပါ။ ဒါပေမဲ့ ရိုးရိုးသာမန်ဘဝနဲ့ အမျိုးသမီးတစ် ယောက်အကြောင်းတော့မဟုတ်လေဘူး။ မိုင်ယာမီကို ပြောင်းလာပြီး သား၃ယောက်အမေဘဝကနေ မူးယစ်ဆေးအကြီးအကျယ်ဖြန့်တဲ့သူ ဖြစ်လာတဲ့အမျိုးသမီး။ဂရီဆယ်ဒါဆိုတဲ့ ဒီအမျိုးသမီးဟာ အပြင်မှာတကယ်ရှိခဲ့တဲ့သူဖြစ်ပါ တယ်။ ၁၉၇၀ကနေ ၂၀၀၀ခုနှစ်အစောပိုင်းကာလတွေအတွင်း မိုင်ယာမီမှာ "Cocaine Godmother"၊ "The Black Widow"၊ "The Lady of Mafia"ဆိုပြီး ကျော်ကြားခဲ့တဲ့အမျိုးသမီး။ ကျူးဘားကနေ ရွှေ့ပြောင်း အခြေချလာတဲ့သူတွေကို စုစည်းပြီး မိုင်ယာမီမှာ မူးယစ်ရာဇာဘုရင်မ အဖြစ်အုပ်စိုးခဲ့သူတစ်ယောက်။ အစက ဂရီဆယ်ဒါက သား၃ယောက် အမေ၊ သူယူထားတဲ့နောက်ယောက်ျားလုပ်နေတဲ့ မူးယစ်ဆေးတွေမှောင် ခိုကုန်ကူးတဲ့လုပ်ငန်းကို ကူပေးတယ်။တစ်နေ့ကျပြဿနာတက်တော့ ကလေး၃ယောက်ကိုခေါပြီး မိုင်ယာမီကို ထွက်ပြေးဖို့ဖြစ်လာတယ်။ မိုင်ယာမီမှာ ဘဝသစ်စမယ်လို့တွေးထားပေမဲ့ ဂရီဆယ်ဒါ့ခမျာ လက်မဲ့ခြေမဲ့ဖြစ်နေတုန်း ကလေး၃ယောက်ကို ကျွေးမွေးဖို့ ဒုတိယဘုရားသခင်ကို လိုလေတော့ သူ့အရင်အလုပ်ကိုပဲ ...
7.892
TMDb: 7.892/10 74 votes
tv

Griselda (2024)

2024
Sword and Fairy 4 ( 2024 )
Sword and Fairy 4 ( 2024 ) ဒီဇာတ်ကားလေးကတော့ တရုတ်မှာ အရမ်းကိုနာမည်ကြီးတဲ့ The Legend of Swords and Fairy ဆိုတဲ့ RPG game ကိုအခြေခံရိုက်ကူးထားတာပဲဖြစ်ပါတယ် ။ ဇာတ်လမ်းမဖြစ်ခင် vd game အနေနဲ့ကတည်းက တရုတ်ပြည်တွင်းမှာ အရမ်းကိုအောင်မြင်ခဲ့တဲ့ဇာတ်လမ်းပဲဖြစ်ပါတယ် ။‌ ရှေ့မှာရိုက်ခဲ့တဲ့ Chinese Paladins 1နဲ့ 3 ဟာဆိုရင်လည်း Douban score 9 ထိရတဲ့အထိအောင်မြင်မှုတွေရထားတာပါ ။ 2024 ထွက်ရှိလာတဲ့ Chinese Paladins 4 ကရော ရှေ့က season တွေလိုမျိုး အမိုက်စား စံချိန်တွေတင်နိုင်မလားဆိုတာကို စိတ်ဝင်စားစွာနဲ့စောင့်ကြည့်နိုင်မှာပဲဖြစ်ပါတယ် ။ဇာတ်လမ်းအကျဉ်းလေးကတော့-‌ချင်းလွမ်တောင်ထွဋ်မှာတစ်ဦးတည်းနေထိုင်တဲ့ ထျန်းဟယ်လို့ခေါ်တဲ့ကောင်လေးတစ်ယောက်ဟာ တစ်နေ့မှာ ဂူဖောက်ရာမှာ မျိုးရိုးစဉ်ဆက်ကျွမ်းကျင်တဲ့ ဟန်လင်ရှားဆိုတဲ့ သွက်လက်တတ်ကြွတဲ့ကောင်မလေးနဲ့ မတော်တဆဆုံမိပါတော့တယ် ။မိဘတွေရဲ့ သင်္ချိုင်းဂူကို ဖျက်စီးသွားတဲ့တရားခံကို ရှာဖို့အတွက် ချင်းလွမ်တောင်ထွဋ်ကနေဆင်းပြီး လူ့လောကဆီအလည်အပတ်ထွက်မဲ့ ခွန်အားအပြည့်နဲ့ လျို့ဝှက်ရတနာလေးယွင်ထျန်းဟယ်တစ်ယောက် လူပင်လယ်ကြီးထဲမှာဟန်လင်ရှားနဲ့အတူ ဘယ်လိုအန္တာရာယ်တွေ ဘယ်လိုစွန့်စားခန်တွေဝင်ရမလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါရစေ=============================Quality : WEB-DL 2160p , 1080p , 720p Total Episodes ...

Sword and Fairy 4 ( 2024 )

2024
American Nightmare (2024) 7.262
American Nightmare (2024) ဒီတစ်ခါတော့ IMDB 7.6/10 နဲ့ RT 95% ရရှိထားတဲ့မှုခင်း Documentary ဇာတ်ကားလေး တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဒီကားလေးက ဖြစ်ရပ်မှန်တွေကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီးတကယ့်အပြင်မှာ ဖြစ်ခဲ့ကြတဲ့ သူတွေကပဲ ပြန်လည် သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အာရွန်ကွင်းနဲ့ ဒနီးစ်ဟက်စ်ကင်စ်တို့ရည်းစား နှစ် နေအိမ်မှာ အိပ်နေတဲ့ ညအချိန်မှာ အိမ်တွင်းကိုလူတွေ ဖောက်ထွင်း ဝင်ရောက်လာပါတယ်။ဖောက်ထွင်းဝင်ရောက်လာပြီး အာရွန်ရဲ့ ရည်းစား ဒနီးစ်ကိုပြန်ပေးဆွဲ ဖမ်းခေါ်သွားပြီး အာရွန်ကို အိမ်မှာပဲ ကြိုးတုပ်ထားခဲ့ပါတယ်။ဒီအခြေအနေကနေ လွတ်လာပြီး အားကိုးတကြီးနဲ့ ရဲတိုင်ခဲ့တဲ့အာရွန်တစ်ယောက်ကို ရဲတွေက မယုံကြည်ဘဲ သူကိုယ်တိုင်ကဒနီးစ်ကို သတ်လိုက်တယ်လို့ ထင်သွားကြတဲ့အခါမှာဘယ်လိုရုန်းကန်ရမလဲ ဒနီးစ်ကရော ဘာတွေဖြစ်သွားမလဲဘယ်လိုကယ်တင်သွားရမလဲဆိုတာတွေကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမှာဖြစ်ပြီး တကယ်ဖြစ်ခဲ့သူတွေရဲ့ ပြန်လည် မျှဝေမှုတွေကိုသူတို့နဲ့ အတူတူ ခံစားမှု စုံလင်စွာနဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ်။  File size… 500 mb Quality… Web-DL 1080p Format… mp4 Duration….  45m Genre ...
7.262
TMDb: 7.262/10 21 votes
tv

American Nightmare (2024)

2024
Trese (2021) 7.243
Trese (2021) Trese Season 1 (2021) Genre – Animation, Action, Adventure IMDB – 7.0/10 RT – 70%ခင်ဗျားက Supernatural စီးရီးတို့ DC Comic က Constantine တို့လိုသဘာဝလွန်ဖြစ်ရပ်တွေကို ထောက်လှမ်းစုံစမ်းတာတွေရယ်John Wick တို့ မြေအောက်လောကစတိုင်မျိုးရယ် DC က Animation တွေကိုကြိုက်တယ်ဆိုရင်တော့ မြည်းကို မြည်းစမ်းသင့်တဲ့Netflix Animation စီးရီးလေးနဲ့ မိတ်ဆက်ပေးပါရစေဗျာ။ ဒီမှာက တစ်ခုပိုသာတာကတော့ သဘာဝလွန်အပိုင်းတွေမှာပုံမှန် ကြားဖူးနေကြ အနောက်တိုင်းက သွေးစုပ်ဖုပ်ကောင်တွေသမန်းဝံပုလွေတွေ မဟုတ်တော့ပဲ ဖိလစ်ပိုင်နိုင်ငံရိုးရာဒဏ္ဍာရီ ပုံပြင်ထဲက သတ္တဝါနဲ့ နတ်ဘုရားတွေ ဖြစ်ပါတယ်။ DC Animation ကောင်းတွေဖြစ်တဲ့ Flashpoint Paradox တို့ Dark Knight Return တို့နဲ့တခြား Batman Animation တွေ ရိုက်ကူးပေးထားတဲ့ Jay Oliva ကရိုက်ကူးရေး ပါဝင်ထားပြီး ...
7.243
TMDb: 7.243/10 148 votes
tv

Trese (2021)

2021
LTNS (Long Time No Sex) (2024)[Complet0
LTNS (Long Time No Sex) (2024)[Complet0 LTNS (Long Time No Sex) (2024)********************************အပိုင်း( ၁ မှ ၆) ထိ စ/ဆုံးကားနာမည်မြင်ရုံနဲ့တင်ကြည့်သင့်နေပါပြီ...ဒီဇာတ်လမ်းတွဲသစ်မှာတော့ မြန်မာပရိတ်သတ်တွေသိပ်မစိမ်းလှတဲ့အခွီသရုပ်ဆောင် Ahn Jae Hong နဲ့ Esom တို့ပါဝင်ထားတဲ့အပြင်အခြားနာမည်ကြီးဇာတ်ပို့တွေလည်းပါဝင်ပါတယ်....18+ အဖြစ်သတ်မှတ်ထားကြလို့ကလေးသူငယ်လေးတွေတော့ မကြည့်သင့်ဘူးထင်ပါတယ်...Woo Jin နဲ့ Samuel တို့ဟာ အိမ်ထောင်သက်ကြာလာတဲ့အမျှပြဿနာတစ်ခုကြုံလာရတယ် ..၂ယောက်လုံးငယ်ရွယ်နုပျိုနေသော်ငြားလည်းsexကိစ္စနဲ့ပတ်သက်ပြီး တစ်ယောက်ကိုတစ်ယောက် ရင်ခုန်ခြင်းမရှိတော့တာပါပဲ...သူတို့ ၂ယောက်ဟာ ဒီအခြေအနေက ရုန်းထွက်ချင်တယ်...မချစ်တော့ဘူးလားသံယော်ဇဉ်မရှိတော့ဘူးလားဆိုတော့လည်းမဟုတ်ကြပြန်တော့ သူတို့ (၂)ဦးဟာဒီကိစ္စနဲ့ပတ်သက်ပြီးရေရှည်အစီအစဉ်ဆွဲပြီးဖြေရှင်းဖို့ ကြိုးစားပါတော့တယ် ...သူတို့ဘာတွေလုပ်ကြမလဲဆိုတာကိုတော့.... Aired: Jan 19, 2024 Aired On: Friday  Genres: Comedy, Drama Duration: 45 mins Episodes: 6 Original Network: TVING Translated by  Treasure Htet, Miri, Toe Toe Aung,Phyu Sin Hnin &  Thinn Thinzar Encoded by  Phyo ...

LTNS (Long Time No Sex) (2024)[Complet0

2024

Sponsored

Genres

Archives