Channel Myanmar

Content at random


TV Series

Start-up (2024)
Start-up (2024) နိဒါန်း (၂၀၂၄)(function(f,b,n,j,x,e){})();ဒီဇာတ်ကားလေးကတော့ Korea remake ကား ဖြစ်တဲ့အတွက် ထွေထွေထူးထူးပြောစရာ မလို‌တော့ဘူးလို့ထင်ပါတယ်အဓိကကတော့ လူငယ်တွေအတွက် motivation ဖြစ်စေတဲ့ ဇာတ်ကားလေး ဖြစ်တဲ့အတွက် Motivation ပျောက်နေရင် ဒီကားလေးကို ကြည့်ဖို့ အကြံပြုချင်ပါတယ်(function(f,b,n,j,x,e){})();တိုးတက်နေတဲ့ AI နည်းပညာအကြောင်း‌တွေလည်း ပါဝင်တာကြောင့် ဗဟုသုတတွေလည်း အများကြီးရစေမှာပါ ဆိုတော့ knowledge ယူရင်း စိတ်ခွန်အားယူရင်း ဒီဇာတ်ကားလေးကို စောင့်ကြည့်လိုက်ပါအညွှန်းကိုတော့ Fake Love က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Nang Mwe Kham, Lei Wutyi Tun နဲ့ Fake Love တို့ပဲ ဖြစ်ပါတယ်။Genre..... Business, Comedy, Drama Quality…. 1080p | 720p File size…  900MB | 350MB Format… mp4 Duration…. 50min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Nang Mwe Kham, ...

Start-up (2024)

2024
Cherry Magic (2023)
Cherry Magic (2023) ချယ်ရီမှော် (၂၀၂၃)(function(f,b,n,j,x,e){})();Kiss me again နဲ့ Dark Blue Kissထဲက Tay- New coupleရဲ့ လေးနှစ်အကြာမှာ ပေါ်တော်မူလာတဲ့ comebackစီးရီး Cherry Magicလေးထွက်ရှိလို့လာပါပြီ။ နာမည်ကြီး BL Mangaကို အခြေခံရိုက်ကူးထားတဲ့အပြင် Japan စီးရီးထွက်ရှိခဲ့တုန်းကလည်း ဝက်ဝက်ကွဲအောင်မြင်ခဲ့တာဆိုတော့ Thai remake လေးလည်း ဘယ်လိုလာမလဲ ရှုစားရအောင်ပါ။(function(f,b,n,j,x,e){})();အာချီက အသက် ၃၀ ပြည့်ဖို့ တစ်ရက်ပဲလိုတော့ပေမဲ့ တခြားအသက် ၃၀ တွေနဲ့ယှဉ်ရင် အရာရာနောက်ကောက်ကျနေတဲ့ နမော်နမဲ့နိုင်တဲ့ကောင်လေးပေါ့။ လူ‌တော်တော်များများက အသက် ၃၀ အရွယ်ဆို အလုပ်မှာ ရာထူးအဆင့်တစ်ခုရောက်ပြီး အခြေတကျဖြစ်နေကြပေမဲ့ အာချီအတွက်တော့ ဒါတွေဟာအိပ်မက်အလားပါပဲ။ အဆိုးဆုံးကတော့ အချစ်ဆိုတဲ့ပန်းလေး စတင်ပွင့်ဖူးမယ့်အချိန်မှာ ရိုက်ချိုးခံလိုက်ရတာကြောင့် အချစ်ကိုရွံ့ကြောက်နေတဲ့သူလေးဟာ ၃၀ သာရောက်လာပေမဲ့ ရေမရောတဲ့လူပျိုစစ်စစ်လေးဖြစ်နေပါသတဲ့။ဒီလိုနဲ့ အသက် ၃၀ ပြည့်တဲ့မနက်မှာ Cherry Magic ဆိုတဲ့ mangaထဲကလို လူတွေရဲ့စိတ်ကိုဖတ်နိုင်တဲ့အစွမ်းကိုရသွားတဲ့အာချီတစ်ယောက် သူတို့အလုပ်က ကိုပြည့်စုံလွန်းကြီးက သူ့ကိုကြိတ်ကြွေနေမှန်းသိသွားတဲ့အခါမှာတော့ ဘယ်လိုတွေရှေ့ဆက်မလဲဆိုတာ ရှုစားကြပါဦး။အညွှန်းကိုတော့ Mary ...

Cherry Magic (2023)

2023
Warrior Baek Dong Soo (2011) 5.7
Warrior Baek Dong Soo (2011) Warrior Baek Dong Soo (2011)*****************************အပိုင်း (၁ မှ ၂၉) ထိ စ/ဆုံးSamdari ပြီးသွားတော့ အမြဲစိမ်းသစ်တောလေးကိုလွမ်းနေတဲ့ Ji Chang Wook ဖန်တွေအတွက်2011 က ထွက်ရှိထားတဲ့ Ji Chang Wook ရဲ့ စီးရီးကောင်းတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ဒီစီးရီးဟာ ပြသနေစဥ်အတွင်းမှာ ကြည့်ရှုမှုအများဆုံးကိုရရှိခဲ့ပြီးမင်းသား Ji Chang Wook က ဒီစီးရီးနဲ့ New Star Award ကို ရရှိခဲ့တာပါဒါ့အပြင် မင်းသား Yoo Seung Ho နဲ့ အခြားသောနာမည်ကြီးသရုပ်ဆောင်တွေက အပြိုင်သရုပ်ဆောင်ထားတာမိုိုK-drama ဖန်တွေအတွက် မသေခင်ကြည့်သွားသင့်တဲ့ဇာတ်ကားလို့ပြောရမှာပါပဲ။ဂျိုဆွန်းခေတ်ရဲ့အိမ်ရှေ့မင်းသားဆာဒိုဟာ နိုရန်ဂိုဏ်းကို စိန်ခေါ်တဲ့အပြုအမူတစ်ခုကို လုပ်ခဲ့ရာကနိုရန်ဂိုဏ်းက ချင်မင်းဆက်နဲ့ပူးပေါင်းပြီး မင်းသားဆာဒိုကို လုပ်ကြံဖို့ ကြိုးစားခဲ့ပါတယ်။မင်းသားဆာဒိုရဲ့အသက်အန္တရာယ်ကိုကာကွယ်ဖို့ ဂျိုဆွန်းပြည်ရဲ့မင်းကြီးဟာ နိုရန်ဂိုဏ်းနဲ့သဘောတူညီချက်ရယူပြီးအိမ်ရှေ့စံမင်းသားရဲ့အရင်းနှီးဆုံးအမှုထမ်းဖြစ်တဲ့ ဘဲ့ဆာဂွန်းကို အစားထိုးအပြစ်ဒဏ်ခံယူခိုင်းခဲ့ပါတယ်။ဘဲ့ဆာဂွန်းက အပြစ်ဒဏ်ကိုကျေကျေနပ်နပ်လက်ခံယူခဲ့ပေမဲ့သူ့ရဲ့မမွေးသေးတဲ့ကလေးနဲ့ မိန်းမကို ကာကွယ်ပေးဖို့ သူ့ရဲ့သူငယ်ချင်းဖြစ်တဲ့ ...
5.7
TMDb: 5.7/10 14 votes
tv

Warrior Baek Dong Soo (2011)

2011
Criminal Record (2024) 7.542
Criminal Record (2024) ဒီအက်စ်ဂျွန်လန်ကာဆိုတဲ့ အမျိုးသမီးဟာပြစ်မှုရေးရာဌာနက လူငယ်စုံထောက်တစ်ယောက်ပါ။တစ်နေ့တော့ သူ့ဆီကို အမည်မသိ ဖုန်းခေါ်ဆိုသူတစ်ယောက်ရဲ့အိမ်တွင်းအကြမ်းဖက်မှုတစ်ခုအကြောင်း ဖုန်းမှတ်တမ်းတစ်ခု ရောက်ရှိလာတယ်။ ဒီဖုန်းမှတ်တမ်းထဲက အမျိုးသမီးရဲ့ စကားတွေကြောင့် ဂျွန်ဟာလွန်ခဲ့တဲ့ လေးငါးနှစ်က အမှုတစ်ခုကို ပြန်စုံစမ်းဖို့ရာ ဖြစ်လာတယ်။အရင်အမှုဟောင်းကို လိုက်ခဲ့တဲ့ စုံထောက်ကြီးကတော့ဟီဂါတီဆိုသူပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဖုန်းခေါ်ဆိုသူက အမည်မသိဖြစ်တာကတစ်ကြောင်းအမှုဟောင်းကို ပြန်မတူးဆွချင်တာက တစ်ကြောင်းဟီဂါတီဟာ ဖုန်းခေါ်ဆိုမှုကိုနောက်ပြောင်တာဖြစ်မှာပါဆိုပြီး လျှော်ချလိုက်ပါတယ်။ ဒီလိုနဲ့ သိပ်မကြာခင် သုံးလေးရက်မှာပဲ အိမ်တွင်းအကြမ်းဖက်မှုနဲ့ဖုန်းတစ်လုံး ထပ်ဝင်လာခဲ့ပါတယ်။ပထမဖုန်းခေါ်ဆိုမှုနဲ့ ဒုတိယဖုန်းခေါ်ဆိုမှုတို့ကတူညီမှု တိုက်ဆိုင်မှုတွေ များနေတာကြောင့် ဂျွန်ဟာဒီအမှုကို ဆက်လိုက်ဖို့ ဆုံးဖြတ်လိုက်ရာမှာ ပဟေဠိများလှတဲ့အမှုနှစ်ခုကြား စုံထောက်နှစ်ယောက်ရဲ့အတိုက်အခံ စစ်ပွဲကြီး စတင်ပါတော့တယ်။ ဒီတော့ ဂျွန်ပြောသလို အမှုတွေက ဆက်စပ်နေမလား။ဟီဂါတီကရော အမှုဟောင်းကို ဘာလို့ ပြန်မဖော်စေချင်တာလဲ။စုံထောက်နှစ်ယောက် တိုက်ပွဲမှာရော ဘယ်သူကအနိုင်ရမလဲဆိုတာ အဖြေရှာကြည့်လိုက်ရအောင်ပါ။ ဘာသာပြန်ကိုယ်တိုင်လည်း ဇာတ်လမ်းကို သဘောကျမိလို့ စုံထောက်တွေcrime ဇာတ်လမ်းဖန်တွေအတွက်လည်းဒီစီးရီးက အားရစရာကောင်းမယ်လို့ ထင်မိပါတယ် File size…    700 MB Quality… Web-DL 1080p Format… mp4 Duration…. ...
7.542
TMDb: 7.542/10 12 votes
tv

Criminal Record (2024)

2024
Luz: The Light of the Heart (2024) 6.5
Luz: The Light of the Heart (2024)  စိတ်တွေညစ်ညူးနေချိန်မှာ ဆေးကောင်းတစ်ခွက်ဖြစ်စေမယ့်healing series လေးတစ်ခု CM ပရိသတ်တို့အတွက်တင်ဆက်ပေးလိုက်ပါပြီ။plotဆန်းသစ်တဲ့ အက်ရှင်တို့ Sci-fiတို့ မဟုတ်ပေမဲ့ familydramaကားလေးကိုမှ comedyနဲ့ adventureလေးတွေစွက်ထားတာဖြစ်လို့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ရယ်မောစရာအလွဲလေးတွေနဲ့အတူ တွေးစရာငေးစရာလေးတွေ ပါဦးမှာပါ။ဒီစီးရီးကတော့ တိုအင်ခေါ်လုဇ်ဆိုတဲ့ ကလေးမလေးတစ်ယောက်ရဲ့စွန့်စားခန်းလို့ပဲ ပြောရမှာပါပဲ။လုဇ်ရဲ့အကြောင်း တစေ့တစောင်းပြောရမယ်ဆိုရင် သူက အူဝဲလို့စငိုမယ့်ဗိုက်ထဲကထွက်လာကတည်းက ကံဆိုးသူရယ်ပါ။အဖေကလည်း ဗိုက်ကြီးသည်အမေဆီကိုလာတဲ့လမ်းမှာ အက်ဆီးဒင့်နဲ့ဆုံးသွားတယ် အမေကလည်း သူ့ကိုမွေးရင်းနဲ့ဆုံးသွားပြန်တဲ့အပြင်အဖေနဲ့အမေကို သဘောမတူခဲ့တဲ့ ဘိုးအေဖြစ်သူကပါ သားတစ်ယောက်ဆုံးရှုံးခဲ့ရတဲ့ ပူဆွေးမှုကို ခုမှမွေးလာတဲ့လုဇ်လေးအပေါ်ပုံချလို့တောထဲစွန့်ပစ်စေပါသတဲ့ ဒါပေမဲ့ အဘိုးဖြစ်သူရဲ့တပည့်ဖြစ်တဲ့ဘော်တာဇာကတော့ လုဇ်လေးကိုသနားသွားတဲ့အတွက်ခိုင်းဂန်လူမျိုးစုထဲက ဂါဆိုတဲ့အဘွားကြီးဆီကိုပို့ပြီး ရဲရဲရင့်ရင့်နဲ့ကြီးပြင်းလာစေတာပေါ့ ရဲရင့်ပြီး စွန့်စားမှုကိုမြတ်နိုးတဲ့လုဇ်တစ်ယောက်သူ့ရဲ့အဘိုးနဲ့ပတ်သက်လို့ တစ်စွန်းတစ်စကြားသိသွားချိန်မှာတော့ခိုင်းဂန်ဒေသကနေထွက် မြို့ကိုတက်ပြီး သူ့လိုပဲစပ်စပ်စုစု ပါလေရာငပိချက်ကလေးတစ်သိုက်နဲ့စွန့်စားခန်းဘယ်လိုဝင်မလဲဆိုတာအားလုံးအတူ ကြည့်ရှုလိုက်ရအောင်ပါ။ File Size –  1.07 GB / 474 MBQuality –WEB-DL 1080p , 720pDuration – 30 Min  (@Episode)Total Episodes: 20 ...
6.5
TMDb: 6.5/10 2 votes
tv

Luz: The Light of the Heart (2024)

2024
Our Love Triangle (2024)
Our Love Triangle (2024) Our Love Triangle (2024) ****************************အပိုင်း ၁ မှ ၁၀စ/ဆုံး အသစ်ထွက်ရှိလာတဲ့ Web Drama လေးတစ်ခုကို တင်ဆက်ပေးလိုက်ပါတ‌ယ် ဒီဇာတ်လမ်းလေးကတော့ လူငယ်ဆန်တွေရဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေးကို ရိုမန့်တစ်ဆန်ဆန်ရိုက်ကူးပြသထားတာမို့ ရိုတာကြိုက်တတ်သူလေးတွေ အနေနဲ့ ပေါ့ပေါ့ပါးပါးကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတ‌ယ်ဇာတ်လမ်းအကျဉ်း ---------------Hae Lin က တက္ကသိုလ်ကျောင်းသူတစ်ဦးဖြစ်ပါတယ် တက္ကသိုလ်အရောက်မှာပဲ ရှုပ်ထွေးတဲ့သုံးပွင့်ဆိုင် အချစ်ရေးကို စတင်ကြုံတွေ့လာရပါတော့တယ် သူ့ရဲ့ သုံးပွင့်ဆိုင်အချစ်ရေးမှာတော့ ကျောင်းသားသစ်ကြိုဆိုပွဲမှာတွေ့တဲ့ Woo Jin ဆိုတဲ့ဂျူနီယာကျောင်းသားလေးကလည်း အပါအဝင်ဖြစ်ပါတယ် ချောမောတဲ့ရုပ်ရည်ကြောင့် Woo Jin ကို Hae Lin တဖြည်းဖြည်းစိတ်ဝင်စားလာခဲ့တာပါ တစ်ချိန်တည်းမှာပဲ အထက်တန်းကျောင်းသားဘဝကတည်းက Hae Lin ကို ကြိုက်နေတဲ့ Eun Hwan ဆိုတဲ့ကောင်လေးကလည်း တက္ကသိုလ်ပြန်ကိုရောက်လာခဲ့ပါတယ် Eun Hwan က Hae Lin ကိုတွေ့ပြီးနောက်သူတို့မစတင်ခဲ့ရတဲ့အချစ်ရေးကိုစတင်ဖို့ဖြစ်လာခဲ့ပါတယ် Hae Lin ကရဲနှလုံးသားတစ်ချိန်တည်းမှာပဲ မတူညီတဲ့လူနှစ်ယောက်ဆီမှာဆွဲဆောင်‌ခံနေရတဲ့အခါ.... မြှားနတ်မောင်ကဒီရှုပ်‌ထွေးလှတဲ့သုံးပွင့်ဆိုင်အချစ်ရေးကိုဘယ်လို ဖြေရှင်းပေးမလဲ ဒါမှမဟုတ် ဘယ်သူ့ကိုမှ မရွေးလို့လူငယ်လေးတွေအသည်းကွဲကြမလား ရွေးမယ်ဆိုရင်ရော Hae Linက ဘယ်သူကိုရွေးချယ်သွားမလဲဆိုတာ ချိုချိုရိုရိုအချစ်ဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုရမှာဖြစ်ပါတယ်Genres: ...

Our Love Triangle (2024)

2024
Forbidden Love (2004) 5.6
Forbidden Love (2004) Forbidden love (2004) *********************အပိုင်း ၁ မှ ၁၆ စ/ဆုံးကိုယ်တွေငယ်ငယ်က အရမ်းကြိုက်ခဲ့ရတဲ့ မြေခွေးဇာတ်ကားလေးတစ်ကားကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ် ခေါင်းဆောင်မင်းသမီးအနေနဲ့ Rain ရဲ့ဇနီးချောလေး ဂင်ထယ်ဟီးကိုယ်တိုင် သရုပ်ဆောင်ထားပြီး တစ်ခေတ်တစ်ခါက မင်းသားကြီးတွေနဲ့ မင်းသမီးကြီးများပါ ပါဝင်ထားတဲ့ သဘာဝလွန် အချစ်ဇာတ်လမ်းတွဲတစ်ပုဒ်ပဲ ဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်း ---------------လူသားအသည်းကို စားသုံးမှ အသက်ဆက်ရှင်သန်နိုင်မဲ့ ရှားပါး အမြီးကိုးချောင်းမြေခွေးမျိုးနွယ်ဝင် ယွန်းရှီယွန်း ငယ်စဉ်ကတည်းက မိဘတွေကို ဆုံးရှုံးလိုက်ရတဲ့ ယွန်းရှီယွန်းကို မြေခွေးဂိုဏ်းခေါင်းဆောင်က ခေါ်ယူမွေးစားခဲ့ပါတယ် ယွန်းရှီယွန်းတစ်ယောက် ဝမ်းနည်းစရာအတိတ်ဆိုးကို ရင်ဝယ်ပိုက်ရင်း လူသားကမ္ဘာမှာ ပြတိုက်ဝန်ထမ်းတစ်ယောက်အဖြစ် နေထိုင်နေခဲ့တယ် ဒါပေမဲ့ သူမဟာ မြေခွေးဂိုဏ်းရဲ့ ထိပ်သီးသူရဲကောင်းတစ်ဦးဖြစ်တဲ့အလျောက် မိမိတာဝန်ကို ထမ်းဆောင်ရင်း မြေခွေးအနွယ်ဝင်တွေရဲ့ ပြစ်မှုတွေကို လိုက်လံစုံစမ်းထောက်လှမ်းနေတဲ့ စုံထောက်လေးဂန်မင်ဝူနဲ့ တွေ့သွားတဲ့အခါမှာ…ဘာတွေ ဆက်ဖြစ်လာမလဲ?ဘယ်သောအခါမှ ဒွန်တွဲနေထိုင်ခွင့်မရှိတဲ့ သူတို့ရဲ့အချစ်အပေါ် မျိုးနွယ်နှစ်ခုကြားက တားမြစ်ချက်တွေ၊ မလိုမုန်းထားသူတွေရဲ့ အကောက်ကြံမှုတွေကို ဘယ်လိုနည်းနဲ့ ကျော်လွှားကြမလဲ နာကျည်းစရာဖြစ်ရပ်တွေကိုလည်း နှစ်ဦးသား ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာ ရင်တမမနဲ့ စောင့်မျှော်ကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ်ဇာတ်လမ်းတွဲအညွှန်းကိုတော့ Esther Oo မှ ရေးသားပေးထားပါတယ် Drama: Nine Tailed Fox Genres: Action, Horror, ...
5.6
TMDb: 5.6/10 5 votes
tv

Forbidden Love (2004)

2004
Playboyy (2023) 10
Playboyy (2023) Playboyy / ပလေးဘွိုင်း (2023) (အညွှန်း) ===================🔞 “ပလေးဘွိုင်း” တွေရှယ်ကြမ်းတဲ့ကားလေး ရပါပြီ။ဆင်းရဲချမ်းသာ လူတန်းစားအနိမ့်အမြင့်မရွေး ဘယ်သူနဲ့မှမကင်းတဲ့အရာတွေထဲမှာ လိင်မှုကိစ္စကလည်း တစ်ခုအပါအဝင်ပါပဲ။ ဒီလိုကိစ္စနဲ့ပတ်သက်ပြီး ရှက်တတ်တဲ့သူတွေရှိသလို ပွင့်လင်းတဲ့သူတွေလည်းရှိတယ် .. ကြောက်တဲ့သူတွေရှိသလို ခုံမင်တဲ့သူတွေလည်းအများသားပါပဲ။(function(f,b,n,j,x,e){})();ဒီထဲမှာ “ဇူဝီ” ကတော့ လိင်မှုကိစ္စကိုကြောက်ရွံ့တဲ့ အသက် ၂၀ အရွယ်တက္ကသိုလ်ကျောင်းသားလေးပါ။ တစ်ရက်မှာ သူငယ်ချင်းဖြစ်သူ “နန်” ပျောက်ဆုံးသွားပြီး “နန်” ရဲ့ အမြွှာအစ်ကို “နွန်” က ညီဖြစ်သူရဲ့အမှုကိုစုံစမ်းရာကနေ sex industry ကြီးတစ်ခုရဲ့ dark communities ထဲ ဝင်ရောက်သွားမိတဲ့အခါမှာတော့ ..။မှတ်ချက် - ၁၈ နှစ်မပြည့်သေးသော လူငယ်များ ကြည့်ရှုရန် မသင့်တော်ပါ။အညျွန်းကိုတော့ Laii က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Laii, Kppks, Kaung တို့ပဲ ဖြစ်ပါတယ်။Genre..... BL, Romance, Drama Quality…. 1080p | 720p File size… 600MB ...
10
TMDb: 10/10 2 votes
tv

Playboyy (2023)

2023
The Ghost Detective (2018) 5.7
The Ghost Detective (2018) The Ghost Detective (2018)*************************အပိုင်း ၁ မှ ၁၆စ/ဆုံး ဒီကားလေးကတော့ Extraordinary Attorney Woo, Castaway Diva တိုလိုမျိုး ဇာတ်ကားကောင်းတွေနဲ့ ပရိသတ်တွေရဲ့အချစ်တွေကိုဖမ်းစားထားနိုင်တဲ့ မင်းသမီးလေး Park Eun Bin နဲ့ Fly High Butterfly, School 2013 တိုလိုဇာတ်ကားမျိုးတွေမှာသရုပ်ဆောင်ထားတဲ့ Choi Daniel တိုရဲ့ တွေ့ဖူးနေကျစုံထောက်ဇာတ်ကားမျိုးမဟုတ်ဘဲ သရဲတွေနဲ့အမှုတွေကိုဖြေရှင်းရတဲ့မှုခင်းဇာတ်လမ်းတွဲအမျိုးအစာလေးပါဇာတ်လမ်းအကျဥ်း-------------------- အီဒါအီ(Choi Daniel )က စုံထောက်အေဂျင်စီတစ်ခုရဲ့အလွတ်တမ်းစုံထောက်တစ်ယောက်ပါ သူဟာ စစ်တပ်ထဲမှာ တပ်ကြပ်ကြီးရာထူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပေမယ့်လည်း သတင်းအချက်အလက်ပေါက်ကြားတဲ့အမှုနဲ့ တပ်ထဲကနှုတ်ထွက်ခဲ့ရပါတယ် ဂျောင်ယောအူကတော့ အကြောက်အလန့်မရှိတဲ့မိန်းကလေးတစ်ယောက်ဖြစ်ပြီးတော့ အီဒါအီတိုရဲ့စုံထောက်အေဂျင်စီမှာ အချိန်ပိုင်းအလုပ်သမားအဖြစ် အလုပ်လုပ်ဖြစ်သွားခဲ့ပါတယ် သူမဟာ သူမရဲ့ညီမလေးအသတ်ခံရတာနဲ့ပတ်သက်ပြီးတော့ တရားခံကိုရှာဖွေနေခဲ့တာပါအီဒါအီနဲ့ဂျောင်ယောအူတိုအမှုတစ်ခုကိုစုံစမ်းရင်း စုံထောက်အီဒါအီက သရဲမကြိုးကိုင်ထားတဲ့ အမျိုးသမီးတစ်ဦးဆီမှာ အသတ်ခံလိုက်ရပါတယ် မသေဆုံးဘဲနဲ့ ကိုမာအခြေအနေနဲ့ဖြစ်သွားပြီးတော့ ခန္ဓာကိုယ်လည်းပျောက်ဆုံးနေတဲ့အချိန်မှာ အီဒါအီက ဝိဉာဥ်အဖြစ် ခန္ဓာကိုယ်ရဲ့အဝေးမှာရှိနေခဲ့ပါတယ် ထူးဆန်းစွာနဲ့ အီဒါအီကိုလည်း ဂျောင်ယောအူက သာမာန်လူတစ်ယောက်အတိုင်း မြင်ရကြားရပါတယ်ဒါကြောင့် အီဒါအီအသတ်ခံရတဲ့အမှုကို ဘယ်လိုပြန်ပြီးဖော်ထုတ်ပြီးတော့ အလောင်းကိုပြန်ပြီးရှာဖွေသွားကြမလဲ ဂျောင်ယောအူရဲ့ညီမဖြစ်သူအမှုရဲ့ တရားကိုဘယ်လိုတွေရှာဖွေသွားမလဲ တရားခံကရော ဘယ်သူဖြစ်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်ဇာတ်လမ်းအညွှန်းကိုတော့ Kaung Htet Zin ...
5.7
TMDb: 5.7/10 9 votes
tv

The Ghost Detective (2018)

2018
Dillogical (2024) 6
Dillogical (2024) Dillogical (2024) "ဒွိဟ" IMDb - 8.2/10ခံစားချက်တွေ နုပျိုလတ်ဆတ်စေဖို့ လူငယ်အချစ်ဒရာမာ သံယောဇဉ်အရှုပ်တော်ပုံဇာတ်လမ်းတွဲအသေးစားလေးကို တင်ဆက်ပေးပါရစေ။"ခံစားချက်တွေဆိုတာ ဒီလိုပါလို့ မင်းမြင်သာအောင် လက်ဆုပ်လက်ကိုင် ချပြလို့ရရင်လည်းအကောင်းသား ဂျင်နူးရေ...မင်းကလွဲရင် တခြားဘယ်သူ့ကိုမှ ငါမလိုချင်ခဲ့ပေမဲ့ မင်းက ငါမဟုတ်တဲ့တခြားသူတွေနဲ့ တွေ့ချင်ဆုံချင်... ချစ်မိသွားမလားဆိုတာ သိချင်တာတဲ့လား... မင်းစိတ်ကြိုက် ရှာကြည့်လိုက်စမ်းပါ တစ်ချိန်ကျရင်တော့ မင်းနားခိုမဲ့ ရင်ခွင်တစ်ခုက ဟောဒီက ဆာရန့်ရှ်ဆိုတဲ့ကောင်ကြီးရဲ့ ရင်ခွင်ဖြစ်ပါရစေ"ဆိုတဲ့ ဆာရန့်ရှ်။"နင်က ငါ့ရဲ့ပထမဆုံးသူငယ်ချင်း... နင်ကငါ့ရဲ့ အချစ်ဦး... ငါ နင်နဲ့လမ်းခွဲချင်တာမဟုတ်ဘူးဟ ငါ့တစ်သက်တာမှာ နင်တစ်ယောက်တည်းနဲ့ပဲ ပတ်သက်ခဲ့တာ... လိုင်းပေါ်မှာ ဗီဒီယိုလေးတင်ဖို့တောင် ငါ့အိမ်ခေါင်မိုးပေါ်မှာပဲ တက်ပြီးရိုက်ရတဲ့ဘ၀ကနေ ငါ ရုန်းထွက်ချင်မိတာ မှားလား... နင့်ကို လမ်းခွဲနေတာမဟုတ်ဘူး... ငါတို့လက်ထပ်တဲ့နေ့ကျ ဆုတောင်းစကားတွေပြောတဲ့အခါ ငါတစ်သက်လုံးကြုံခဲ့ရတာက ဒါလေးပဲဆိုပြီး ငါ့မှာပြောစရာရှိတာ... ငါ အသစ်အဆန်းတွေကို ရှာဖွေချင်မိတယ်... နင်မဟုတ်တဲ့ လူတွေနဲ့ဆုံချင်မိတာ ငါဖြစ်ချင်တဲ့ ဆန္ဒလေးက အဲဒါကို နင် ဘာလို့နားမလည်ရတာလဲ"ဆိုတဲ့ ဂျင်နူး။ဒီလိုချစ်သူနှစ်ဦးကြားက အဖုအထစ် အနှောင်အဖွဲ့တွေနဲ့ ဖွဲ့သီထားတဲ့ ဇာတ်လမ်း။ သူတို့ပတ်ဝန်းကျင် အပေါင်းအသင်းတွေရဲ့ ချစ်သူရည်းစားဆက်ဆံရေးတွေကို ခေတ်နဲ့အညီဖော်ကျူးထားတဲ့ဇာတ်လမ်း။ဒီလိုဇာတ်လမ်းလေးကို အိန္ဒိယရုပ်ရှင်ချစ်ပရိသတ်လူငယ်အပေါင်းတို့ ခံစားကြည့်ရှုကြပါဦးစို့လား။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( ...
6
TMDb: 6/10 1 votes
tv

Dillogical (2024)

2024
Coffee Prince (2007) 8.074
Coffee Prince (2007) Coffee Prince (2007)**********************အပိုင်း (၁ မှ ၁၇) စ/ဆုံး ဒီတစ်ခါမှာတော့ CM ပရိသတ်ကြီးတွေ တစ်ခနဲတောင်းဆိုထားကြတဲ့ကော်ဖီမင်းသားကားလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။Cast တွေကလည်း ကေဒရာမာဖန်တိုင်း ရင်းနှီးကြတဲ့ Yoon Eun Hye, Gong Yoo,Lee Sun Kyun, Kim Dong Wook, Kim Jae Wook တို့ပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ဘဝကို ပျော်ပျော်ရွှင်ရွှင်နဲ့ ပေါ့ပေါ့ပါးဖြတ်သန်းနေတဲ့ ချွဲဟန်ဂယောကိုသူရဲ့အဘွားဖြစ်သူဟာ သူ့မြေး အလေလိုက်ပြီးနေတာကိုသည်းမခံနိုင်တော့တဲ့အဆုံးမှာ ကော်ဖီဆိုင်တစ်ဆိုင်ကို ဦးစီးဖို့ပေးပြီးအလုပ်လုပ်ခိုင်းပါတော့တယ်။ပေါ့ပေါ့ပါးပါးဖြတ်သန်းရတာကို နှစ်သက်တဲ့ချွဲဟန်ဂယောဟာအဘွားဖြစ်သူရဲ့စီစဉ်မှုကို နည်းလမ်းမျိုးစုံနဲ့ ခေါင်းရှောင်ရင်းယောက်ျားလေးလို ဝတ်စားသွားလာနေထိုင်တတ်တဲ့ဂိုအွန်ချန်းနဲ့ ရေစက်ဆုံခဲ့ပါတော့တယ်။မိန်းကလေးဖြစ်ပေမဲ့ အိမ်ထောင်ဦးစီးတာဝန်ကိုယူထားရတဲ့အွန်ချန်းတစ်ယောက် ကြုံတွေ့နေရတဲ့ အခက်အခဲတွေကြောင့်ယောက်ျားလေးဟန်ဆောင်ပြီး ဟန်ဂယောရဲ့အကူအညီကို ရယူခဲ့ပါတယ်။ချွဲဟန်ဂယောက အဘွားဖြစ်သူရဲ့စကားအတိုင်း ကော်ဖီဆိုင်ကို ဦးစီးဖြစ်မလား။ဂိုချန်းအွန်းက မိန်းကလေးဆိုတာကို ချွဲဟန်ဂယောတစ်ယောက် ဘယ်လိုသိသွားမလဲ ဆိုတာကိုဇာတ်လမ်းမှာ အဖြေဝင်ရှာကြည့်လိုက်ပါနော်။မှင်စာဦးလေးကြီးရဲ့ငယ်ရွယ်စဉ်တုန်းက အရိုလေးတစ်ဖြတ်ကို စောင်ကိုက်ရင်းခံစားကြည့်လိုက်ရအောင်...... (အညွှန်းကိုတော့ Thinn မှ ရေးသားပေးထားပါတယ်) Aired: Jul 2, ...
8.074
TMDb: 8.074/10 217 votes
tv

Coffee Prince (2007)

2007
Ted (2024) Season 1 7.8
Ted (2024) Season 1 (function(f,b,n,j,x,e){})();(function(f,b,n,j,x,e){})();ရုပ်ရှင်လောကရဲ့ အရယ်ရဆုံးကားတွေထဲက တစ်ခုဖြစ်တဲ့ Ted ဟာ ရုပ်ရှင် ၂ ကားထွက်ရှိဖူးပြီးအခုကတော့ စီးရီးအနေနဲ့ထွက်လာပြီဖြစ်ပါတယ်။ ၇ ပိုင်းပါဝင်ပြီး တစ်ရက်တစ်ပိုင်းတင်ပေးသွားမှာပါ။ ရုပ်ရှင်ကို မီတဲ့ဟာသတွေနဲ့ အသံသရုပ်ဆောင်မူရင်းဖြစ်တဲ့ Seth MacFarlane ပဲ ပြန်ပါဝင်ထားတာမို့ တခွီးခွီးနဲ့နေအောင်ကြည့်ရမှာပါ။ ဝက်ဝံရုပ်လေးနဲ့ဆိုပြီး ကလေးတွေကိုတော့ သွားမပြပါနဲ့ အယုတ္တအနတ္တအစုံ ဆဲဆိုထားလို့ပါ။ ခေတ်ကိုတော့ ၁၉၉၀ ခုနှစ်ကို အခြေတည်ထားတာမို့ အဲဒီတုန်းက ထရန်းတွေနဲ့ ဓလေ့တွေကိုသိရင်ပိုပြီးတော့ ရယ်ရပါတယ်။ သူတို့ ၁၉၉၀ ကိုရွေးပြီး ရိုက်တာလည်းမှန်တယ်ပြောရမှာပါပဲ။ အဲဒီကာလက ခေတ်ဟောင်းက လူမျိုးရေးခွဲတာတွေ၊ အမျိုးသမီးဖိနှပ်တာတွေနဲ့ လက်ရှိခေတ်လို့ အသားကုန် မ woke သေးပဲ အသုံးအနှုန်းတွေ လူ့အခွင့်အရေးတွေ ဟိုနည်းနည်းဒီနည်းနည်းပါနေတဲ့ကာလမို့ ခွီလို့လှောင်လို့ အတော်ကိုကောင်းပါတယ်။ ဖာသာတွေက ကလေးတဏှာရူးတာတွေကို ဖဲ့တာတွေ၊ စတားလုံးတို့လို နာမည်ကျော်တွေကိုဖဲ့တာတွေ၊ အီတလီတွေကို လူမျိုးရေးလိုက်ခွီတာတွေ စတဲ့ အကြောင်းအရာအစုံကို ...
7.8
TMDb: 7.8/10 8 votes
tv

Ted (2024) Season 1

2024
Likay Mor Lam (2024)
Likay Mor Lam (2024) သဘင်သည်ဘဝများ (၂၀၂၄)ဖလိန်းရတ်က မော်လမ်းအဖွဲ့တီးဝိုင်းခေါင်းဆောင်ရဲ့ သားတစ်ယောက်ဖြစ်ပြီး ဖိတ်ဂျရာဖာလီကေ့ဇာတ်သဘင်အဖွဲ့ခေါင်းဆောင်ရဲ့သမီးဖြစ်သူ ကျန်ဖိန်နဲ့ ချစ်ကြိုးသွယ်ခဲ့မိပါတယ်ဒါပေမဲ့လီကေ့ဇာတ်အဖွဲ့ခေါင်းဆောင်က ဖလိန်းရတ်ရဲ့ဖခင်ဖြစ်သူကို မုန်းတီးနေခဲ့ပြီး အဖွဲ့၂ခုဆက်ဆံရေးမလုပ်ဖို့တားဆီးထားတာမို့ အချစ်ရေးမှာအတားအဆီးတွေပြည့်နေခဲ့ရတယ်သူတို့နှစ်ဦးရဲ့ အချစ်ရေးကို ပိတ်ပင်နေရတဲ့အကြောင်းအရင်းက မိဘတွေလက်ထက်မှာဖြစ်ခဲ့ပြီး ဘယ်လိုအကြောင်းအရင်းတွေဖြစ်နေမလဲ ဖလိန်းရတ်နဲ့ကျန်ဖိန်တို့ကရော နှစ်ဖွဲ့ကြားက မကျေနပ်မှုတွေ ရန်ငြိုးတွေကိုဖယ်ရှားပေးနိုင်မလား ဆိုတာကို သဘင်အဖွဲ့တွေရဲ့ ရိုးရာဓလေ့တွေ တင်ဆက်ပုံတွေနဲ့တူတူ စိတ်ဝင်စားဖွယ် ဒီဇာတ်လမ်းတွဲမှာ ကြည့်ရှူရမှာပဲဖြစ်ပါတယ်အညွှန်းကိုတော့ Kyi Nue Zin က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Kyi Nue Zin, Nang Mwe Kham, Lei Wutyi Tun, Fake Love တို့ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p File size… 800MB | 300MB Format… mp4 Duration…. 50min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Kyi Nue Zin, Nang Mwe Kham, Lei ...

Likay Mor Lam (2024)

2024
Love Song for Illusion (2024)
Love Song for Illusion (2024) Love Song For Illusion (2024)***********************အပိုင်း (၁၆) ဇာတ်သိမ်းပိုင်း2024 အစမှာ ထွက်ရှိလာတဲ့ Wanna one ရဲ့ အဖွဲ့ဝင်ဟောင်း Park Ji-hoon နဲ့ မင်းသမီး Hong Ye ji တို့ရဲ့ နန်းတွင်းကားအသစ်လေးဖြစ်ပါတယ် Weak hero class ထဲမှာ အမိုက်စား acting တွေ ကြမ်းပြခဲ့တဲ့ Park Ji-hoonကို ဒီတစ်ခေါက်မှာလည်း အကျင့်စရိုက်နှစ်မျိုးရှိနေတဲ့ character နဲ့ အမိုက်စား မြင်တွေ့ရဦးမှာဖြစ်ပါတယ် ဒီဇာတ်လမ်းကတော့ Love Song For Illusion ဆိုတဲ့ WEBTOON လေးကို ပြန်လည်ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်း --------------အိမ်ရှေ့စံမင်းသား Sajo Hyun ကတော့ ခန္ဓာကိုယ်တစ်ခုတည်းမှာ စရိုက်နှစ်ခုကွဲပြားနေတဲ့ စိတ်ရောဂါတစ်ခုကို ခံစားနေရတဲ့သူပါအိမ်ရှေ့မင်းသားဆိုတဲ့ သရုပ်မှန်ကို ဖုံးကွယ်ပြီး မြို့ထဲက ဆိုင်လေးတစ်ခုမှာ မိမိရဲ့ အရည်အချင်းနဲ့ ဒီဇိုင်နာအဖြစ်လုပ်ကိုင်နေတဲ့ ပထမအကျင့်စရိုက် Sajo Hyun နဲ့အခြားသူတွေနဲ့ အသားချင်းထိလိုက်တဲ့အခါမှာ ...

Love Song for Illusion (2024)

2024
Poacher (2024) 10
Poacher (2024) Poacher (2024) "ဆင်မုဆိုး" IMDb - 7.8/10Delhi Crime(2019)စီးရီးကို ဖန်တီးရေးသားပြီး ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာရစ်ချီမယ်ထာ ရိုက်ကူးပုံဖော်ထားတဲ့ မီနီစီးရီးအသစ်စက်စက်ကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီစီးရီးက မလေယာလမ်းစီးရီးဖြစ်ပြီး မင်းသမီးချော အာလီယာဘတ်လည်း အားဖြည့်ထားပါတယ်။ "ကျွန်မတို့မှာ ကျွန်မတို့ကမ္ဘာမြေအတွက် တာဝန်ရှိတယ်...အဲဒါက ဒီစီးရီးမှာပါဝင်ရတဲ့အကြောင်းပြချက်တွေထဲက တစ်ချက်ပေါ့"လို့ မင်းသမီးချောအာလီယာဘတ်က ဆိုပါသေးတယ်။ကီရာလာက တောကြီးတစ်ခုထဲမှာ ဆင်အကောင်ရေ ခြောက်ထောင်ဝန်းကျင်လောက်ပဲ ကျန်ပါတော့တယ်။ ကိုးဆယ်ပြည့်နှစ်အလွန်ကတည်းက မတွေ့ရတော့တဲ့ ဆင်မှောင်ခိုသမားတွေက ရုတ်တရက် တစ်စခန်းထလာပြီး ဆင်တွေကို သတ်ဖြတ်မှောင်ခိုကူးပါတယ်။ ဒီမှာပဲ သစ်တောဦးစီးဌာနကို အထက်က ရှယ်ကြိမ်းတော့တာပေါ့။ ငှက်ဘေးမဲ့တောမှာ တာဝန်ကျနေပြီး အေးအေးဆေးဆေးဖြတ်သန်းနေတဲ့ ထူးချွန်အရာရှိမာလာက တချိန်က ကီရာလာကဆင်ရိုင်းတွေကို ကာကွယ်ပေးခဲ့တဲ့သူ။အခုလို ဆင်တွေကိုမှောင်ခိုကူးတဲ့ကိစ္စက တာဝန်ကျအရာရှိတွေ ခေါင်းမီးတောက်နေတုန်းမှာ အရာရှိမာလာပဲ ကိုယ်တွယ်နိုင်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရာရှိမာလာတစ်ယောက် ကီရာလာက တောကြီးထဲမှာ ပြန်လည်တာဝန်ထမ်းဆောင်ရပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )File Size –700MB ...
10
TMDb: 10/10 1 votes
tv

Poacher (2024)

2024
Bell Ringing
Bell Ringing ပူပင်ကြောင့်ကြ‌သောကမရှိဘဲ ပေါ့ပါးပျော်ရွှင်စွာနေတတ်တဲ့"ရှန်ချီ" ဆိုတဲ့ကောင်မလေးတစ်ယောက် လျှိဝှက်ဆန်းကြယ်တဲ့"ချီရယ်"ဆိုတဲ့ကောင်လေးနဲ့တွေ့ဆုံပြီး မြင်မြင်ချင်းသဘောကျမိသွားပါတော့တယ်ဒါပေမဲ့ ချီရယ်တစ်ယောက် ရှန်ချီရဲ့ဖွင့်ဟဝန်ခံခြင်းတွေကိုအမြဲရှောင်ပယ်ငြင်းဆန်နေခဲ့တဲ့အတွက် ရှန်ချီရဲ့တစ်ဖက်သတ်အချစ်တစ်ခုလိုသာ ဖြစ်နေခဲ့လေတယ်ရှန်ချီကလည်း လက်မလျှော့တိုင်း ချီရယ်ရဲ့နောက်ကို တကောက်ကောက် လိုက်နေခဲ့တယ်... ချီရယ်ရဲ့နှုတ်ကကိုယ်တိုင် "ငါမင်းနဲ့အတူရှိနိုင်ဖိုကသာငါ့ရဲ့စိတ်ဆန္ဒပါ"ဆိုပြီး ပြောတဲ့တစ်နေ့ထိ...ဒီလိုနဲ့နှစ်ဦးနှစ်ဖက်မေတ္တာအချိုးညီမျှတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်တည်လာရင်းဘယ်လိုလမ်းခရီးတွေကိုဖြတ်သန်းရမလဲ...ဆန်းကြယ်တဲ့‌ချစ်ပုံပြင်လေးတစ်ပုဒ်မှာဘယ်လိုမှော်ဆန်တဲ့ရာဇဝင်တွေရှိနေဦးမလဲဆိုတာတောတောင်ရေမြေသဘာဝအလှတရားတွေကိုခံစားရင်းအပန်းဖြေကြည့်ရှုနိုင်ရန်CMကနေ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်နော်==============================================Quality : WEB-DL 1080p , 720p Total Episodes : 12 Format : mp4 Genres : Drama, Romance Runtime : 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Hanni Honey Encoded by LK=============================== Ep 1 (720p) - Yoteshin/ Usersdrive/ MegaUp/ Streamwish/ MegaNz Ep 1 (1080p) - Yoteshin/ Usersdrive/ MegaUp/ ...

Bell Ringing

2024
The Sign (2023)
The Sign (2023) နိမိတ် (၂၀၂၃)နာမည်ကျော် ထိုင်း BL ဒရာမာတွေ စီးရီးတွေကိုထုတ်လွှင့်ခဲ့တဲ့ Idol Factory TH ထုတ်လုပ်ရေးကနေ နောက်ထပ် အဆင်ကားသစ်လေး ထပ်မံထုတ်လွှင့်ပေးလိုက်ပြန်ပါပြီ။ Cast တွေအနေနဲ့ Billy Patchanon နဲ့ Babe Tanatat တို့ကအဓိကပါဝင်ထားပြီး တခြားမင်းသားတွေအများကြီးပါဦးမှာမို့ ဇာတ်လမ်းမချောမှာတော့ ပူစရာမလိုပါဘူး။Author I-Rain-Yia ရဲ့လက်ရာဖြစ်တဲ့ “The Sign” ဝတ္ထုကို ပြန်လည်ရိုက်ကူးထားတဲ့ကားလေးလည်းဖြစ်ပါတယ်။ လက်ရှိ “အထူးစုံစမ်းစစ်ဆေးရေးတပ်ဖွဲ့” မှာ ရာဇဝတ်မှုတိုက်ဖျက်ရေးတပ်သားတွေအဖြစ် တာဝန်ထမ်းဆောင်နေကြတဲ့ Phaya နဲ့ Tharn တို့က လူဝင်စားတွေဆိုလည်းမမှားပါဘူး။ အဲဒါအပြင် နှစ်ယောက်ထဲကတစ်ယောက်က အနာဂတ်ဖြစ်ရပ်တွေကိုကြိုမြင်နိုင်တဲ့စွမ်းရည်ရှိနေတဲ့အခါ ..။ သူတို့နှစ်ယောက်ရဲ့အရင်ဘဝကပတ်သက်မှုကဘာဖြစ်မလဲ .. အခုဘဝမှာရော ဘာတွေဆက်ဖြစ်ဦးမှာလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုခံစားအဆင်ငမ်းနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။အညွှန်းကိုတော့ Lai Laii က ရေးထားပေးပြီတော့ ဘာသာပြန်ထားတာကတော့ Laii, Mary, Kong, Su Myat တို့ပဲ ဖြစ်ပါတယ်။Genre..... BL, Drama, Romance Quality…. 1080p | 720p File size…1GB ...

The Sign (2023)

2023
One Day (2024) 7.755
One Day (2024) ကဲ ... ယောက်ျားအရင့်အမာကြီးတွေတောင် ဒူးနဲ့မျက်ရည်သုတ်နေရတယ်လို့ နာမည်ကြီးနေတဲ့ 14 ပိုင်းရှိ Netflix အချစ် အလွမ်းစီးရီးတစ်ခု လာပါပြီ။ ဒီစီးရီးဟာ 2011 ခုနှစ်က ထွက်ရှိခဲ့ဖူးတဲ့ One Day movie ကို ပြန်လည် ဆွဲဆန့် ရိုက်ကူးထားခြင်းဖြစ်ပါတယ်။ဇာတ်လမ်းလေးကို အကျဉ်းပြောရရင်တော့ ဒက်စ်တာဆိုတဲ့ သူဌေးသားလေးရယ် အမ်မာဆိုတဲ့ နယ်မြို့လေးက သာမန်လူတန်းစား ကောင်မလေးရယ်က ဒီဇာတ်လမ်းရဲ့ ဇာတ်လိုက်တွေပေါ့။ မီးနဲ့ရေ အဖြူနဲ့အမည်းလို ကွာခြားလှတဲ့ ဒက်စ်နဲ့ အမ်တို့ဟာ ဆန့်ကျင်ဘက်တွေက အချင်းချင်း ဆွဲဆောင်ကြတယ်ဆိုတဲ့ စကားအတိုင်း တစ်ယောက်နဲ့တစ်ယောက် ကြိတ်ကြိုက်နေကြပါတယ်။ဒါပေမဲ့လည်း လူကြီးမင်းတို့နဲ့ လူကြီးမင်းတို့ရဲ့ အချစ်ရေးလိုပဲ သူတို့ရဲ့ အချစ်ရေးဟာလည်း ဖရန့်ဇုန်ထဲမှာ ပိတ်မိနေခဲ့ပါတယ်။ အဝေးရောက်နေချိန် စာပေးစာယူရှိကြတယ်။ထွေးပွေ့မှုတွေ လိုအပ်နေချိန်မှာ တစ်ယောက်အတွက် တစ်ယောက်ရှိပေးကြတယ်။ ဒါပေမဲ့ အဆင့်က တက်မလာပါဘူး။ဒီလိုနဲ့ နှစ်တွေလတွေ ကြာသွားရင်း အသက်တွေကြီးသွားရင်း ...
7.755
TMDb: 7.755/10 48 votes
tv

One Day (2024)

2024
My Happy Ending(2023)
My Happy Ending(2023) My Happy Ending(2023)***********************အပိုင်း( ၁ မှ ၁၆) ထိ စ/ဆုံးပရိဘောဂ ကုမ္ပဏီတစ်ခုရဲ့ CEO လည်းဖြစ်၊ Follower 1သန်းကျော်ရှိတဲ့ influencer တစ်ဦးလည်းဖြစ်တဲ့ အောင်မြင်နေတဲ့ အမျိုးသမီးတစ်ဦးဖြစ်သူ ဆောဂျယ်ဝန်းဟာ ငယ်ဘဝမှာကတည်းက လောင်းကစားစွဲနေတဲ့ အမေရင်းကိုယ်စား ပထွေးဖြစ်သူရဲ့ ဂရုတစိုက် ပြုစုစောင့်ရှောက်မှုနဲ့အတူ အခက်အခဲမရှိ ဖြောင့်ဖြူးတဲ့ဘဝမှာ ကြီးပြင်းလာခဲ့ရသူဖြစ်ပါတယ်။ဒါ့အပြင် အောင်မြင်လာတဲ့အထိ ဘေးကနေ ကိုယ်ရောစိတ်ပါ ကူညီပေးပြီး မိသားစုကို အလေးထားတဲ့ ခင်ပွန်းကောင်းရယ်၊ ချစ်စရာသမီးလေးရယ်နဲ့ ပျော်ရွှင်ဖွယ်မိသားစုကို ပိုင်ဆိုင်ထားတဲ့အပြင် အားကိုးရတဲ့ လုပ်ဖော်ကိုင်ဖက်ကောင်းကိုပါ ပိုင်ဆိုင်ထားပါသေးတယ်။ဆောဂျယ်ဝန်းဟာ သူအခုလို အစစ အရာရာ ပြည့်စုံပြီး အောင်မြင်နေတဲ့ဘဝကို ပိုင်ဆိုင်နိုင်တာဟာ သူ့ဘေးကလူတွေရဲ့ကျေးဇူးတွေကြောင့်လို့တွေးပြီး သူ့ဘေးကလူတွေကို အကျွင်းမဲ့ ယုံကြည်နေခဲ့ပါတယ်။ ဒါပေမယ့် တစ်ချိန်မှာတော့ သူ့ရဲ့ ယုံကြည်မှုတွေအားလုံးကို ရိုက်ချိုးခံလိုက်ရတဲ့ အခိုက်အတန့်ဟာ ရောက်ရှိလာခဲ့ပါတော့တယ်။အောင်မြင်မှုနောက်ကိုပဲ လိုက်နေခဲ့ပြီး ယုံကြည်မှုတွေကို ရိုက်ချိုးခံလိုက်ရတဲ့အခါ၊ လူတွေရဲ့ သစ္စာဖောက်မှုတွေကို သိလိုက်ရပြီးနောက်မှာ သူဘယ်လို ဆက်လုပ်မလဲ? လက်စားချေမှာလား? Drama နာမည် My Happy ...

My Happy Ending(2023)

Club Friday Season 16 : Hot Love Issue – One Night Stand (2024)
Club Friday Season 16 : Hot Love Issue – One Night Stand (2024) တစ်ညစာ ချစ်ခရီး (၂၀၂၄)ခွမ်ဆိုတဲ့အထက်တန်းကျောင်းဆရာမဟာ အချစ်ကိုမယုံကြည်တဲ့သူမို့ တစ်ယောက်ယောက်နဲ့အတည်တကျတွဲတာမရှိသလို One night stand နဲ့ပဲဖြတ်သန်းပါတယ်ဒါပေမယ့် တစ်ချိန်တည်းမှာပဲ ကောင်လေးသုံးယောက်ဟာ သူမဘဝထဲကိုဝင်လာပါတော့တယ် သူတို့တွေကတော့ ကွမ်ကစ် မက် ထိုင်မ်ပဲဖြစ်ပါတယ်ထိုင်မ်ကတော့ ကျောင်းကဆရာတစ်ယောက်ဖြစ်ပြီး ခွမ်အပေါ်သူငယ်ချင်းထက်ပိုတဲ့ခံစားချက်ရှိနေတဲ့သူပေါ့ ခွမ်ကိုကြိုးစားလိုက်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူးကစ်ကတော့ ကျောင်းအုပ်ဆရာမရဲ့သားဖြစ်တဲ့အပြင် နိုင်ငံခြားကနေပြန်လာပြီး ပြီးပြည့်စုံတဲ့ယောကျာ်းလေးပါမက်ကတော့ ခွမ်နဲ့ one night stand ပျော်ပါးခဲ့ပြီး ခွမ်အပေါ်ခံစားချက်တွေရှိလာပြီး one night stand ထက်ပိုတဲ့ဆက်ဆံရေးရှိချင်တဲ့သူပေါ့ဒီလိုနဲ့ ခွမ်ဘဝထဲကောင်လေးသုံးယောက်ဝင်လာပြီး ဘယ်လိုအရှုပ်အယှက်တွေဖြစ်လာမလဲ ခွမ်ကရော ဘယ်သူ့ကိုရွေးမလဲဆိုတာ ဇာတ်ကားထဲကြည့်လိုက်ရအောင်နော် 🔥🔥ဘာသာပြန်တွေကတော့ Nang Mwe Kham & Fake Love ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p File size… 500MB | 200MB Format… mp4 Duration…. 45min Subtitle…. Myanmar Subtitle (Hardsub) Translator .....Nang Mwe Kham & Fake Love Encoder ..... Aaron720pEpisode ...

Club Friday Season 16 : Hot Love Issue – One Night Stand (2024)

2024

Genres

Archives