Channel Myanmar

Content at random


TV Series

Unexpected Business Season 1+ 2 + 3 10
Unexpected Business Season 1+ 2 + 3 Unexpected Business Season 1(function(f,b,n,j,x,e){})();ဒိတ်ဒိတ်ကြဲ မင်းသားကြီးနှစ်ယောက် ပါဝင်ရိုက်ကူးထားတဲ့variety show လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။မင်းသား Cha Tae Hyun နဲ့ မင်းသား Jo In Sung တို့ဟာမမျှော်လင့်ဘဲ နယ်က စူပါမားကတ်လေးရဲ့ ပိုင်ရှင်တွေဖြစ်လာခဲ့ပါတယ်။ထိုစူပါမားကတ်မှာ ဆယ်ရက်တိတိ တာဝန်ထမ်းဆောင်ရမှာဖြစ်ပြီးသူတိုနှစ်ယောက်သား ချက်ကြပြုတ်ကြ ဈေးရောင်းကြနဲ့ အတော့်ကို Healing ဖြစ်စေမဲ့ Show လေးတစ်ခုပါ။ဒီနေ့ အပိုင်းမှာဆိုရင် လီဂွမ်ဆူ ဂင်၀ူဘင်နဲ့ လင်ဂျူဟွမ်တို့က Guest အဖြစ်ပါဝင်သွားမှာပါစုစုပေါင်း ၁၀ ပိုင်း ပါဝင်ပြီး အပတ်စဉ်သောကြာနေ့တိုင်းChannel Myanmar မှ တင်ဆက်ပေးသွားမှာမို စောင့်မျှော်အားပေးကြပါဦးနော်။(အညွှန်းကို Thet Hnin Hsu မှရေးသားထားပြီးတော့ CM Variety Team မှဘာသာပြန်ဆိုထားပါတယ်) File Size –1.2GB @EpisodeQuality – 720pDuration – 1h 40minute ...
10
TMDb: 10/10 2 votes
tv

Unexpected Business Season 1+ 2 + 3

2021
Miss Perfect (2023) 8
Miss Perfect (2023) Miss Perfect (2024) "ဒေါ်ပြည့်စုံလွန်း" IMDb - 8.2/10Disney+ Hotstarကနေ ထုတ်လွှင့်ပြီး အပိုင်းရှစ်ပိုင်းပါဝင်တဲ့ ရုပ်သံစီးရီးဇာတ်လမ်းတွဲကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ တလေဂူးလ်မင်းသမီးချော လာဗန်ညာထရီပသီ အထူးသရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းတွဲ ဖြစ်ပါတယ်။ဇာတ်လမ်းရဲ့ နာမည်အတိုင်းပဲ လာဗန်ညာဆိုတဲ့ အမျိုးသမီးလေးက အရာရာကို ပြည့်စုံလွန်းချင်သူလေး။ သူပြည့်စုံချင်တာက ပစ္စည်းဥစ္စာတွေမဟုတ်။ သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်နဲ့ အရာရာတိုင်းကို နေရာတကျဖြစ်ပြီး ပြီးပြည့်စုံချင်နေတာမျိုး။ ဘယ်လောက်တောင်လဲဆို ချစ်သူက ရေကူးကန်ဘေးမှာ ရိုမန်းတစ်ဆန်ဆန် လက်ထပ်ခွင့်တောင်းတာတောင် ရေကူးကန်ထဲက အမှိုက်ကိုမြင်ပြီး အရင်ပြေးဆယ်လို့ ဘဲပစ်မလေးဖြစ်ခဲ့ရ။ ကိုဗစ်ရောဂါအတွက် လိုက်နာရမဲ့စည်းကမ်းချက်တွေက သူ့အတွက် ပုံမှန်ဖြတ်သန်းနေကျဘ၀ပါတဲ့။ ဒီလို အရာရာဇီဇာကြောင်တဲ့ ဘဲပစ်မလေး လာဗန်ညာတစ်ယောက် ဟိုက်ဒရာဘတ်ဆီကို တာဝန်ကျတဲ့အခါမှာတော့...။ကိုဗစ်ရောဂါကပ်ဆိုးကြီး အိန္ဒိယကိုစဝင်တဲ့အချိန်မှာ လာဗန်ညာတစ်ယောက် ပတ်ဝန်းကျင်အသစ် လုပ်ဖော်ကိုင်ဖက်အသစ်တွေနဲ့ ဘယ်လိုတွေ နှစ်ပါးသွားမလဲဆိုတာ အိန္ဒိယရုပ်ရှင်ချစ်ပရိသတ်တို့ စိတ်နှလုံးရွှင်ပြုံးစေဖို့ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )File Size – 600MB ...
8
TMDb: 8/10 1 votes
tv

Miss Perfect (2023)

2024
Mr. & Mrs. Smith(2024) 5.5
Mr. & Mrs. Smith(2024) Mr. & Mrs. Smith(2024)********************** အပိုင်းသစ်(၁ မှ ၈) အထိ စ/ဆုံး ဒီစီးရီးကတော့ ဘရက်ပစ်နဲ့ဂျိုလီတို့ရဲ့ နာမည်ကျော် စပိုင်အက်ရှင်စီးရီး Mr. & Mrs. Smith ကို ပြန်အသက်သွင်းထားတာပါ။ အဓိကဇာတ်ကောင်နှစ်ယောက်ကိုတော့ လူမည်းတစ်ယောက်နဲ့ အာရှစကော့တလန်ကပြားတစ်ယောက်အဖြစ် ပြောင်းလဲထားပါတယ်။ ဒါရိုက်တာထဲမှာ အကောင်းဆုံးစီးရီးတွေထဲက တစ်ခုဖြစ်တဲ့ Fargo ကို ဖန်တီးခဲ့တဲ့ Francesca Sloane ပါဝင်နေပြီး နာမည်ကြီး သရုပ်ဆောင် Donald Glover ကိုယ်တိုင် ထုတ်လုပ်သူအဖြစ်ရော မင်းသားအဖြစ်ရော ပါဝင်နေတာပါ။ မင်းသမီးဖြစ်တဲ့ Maya Erskine ကတော့ လတ်လတ်ဆတ်ဆတ် Blue Eye Samurai စီးရီးမှာ Mizu နေရာက အသံသရုပ်ဆောင်ထားပါသေးတယ်။ဇာတ်လမ်းအကျဉ်းဒီဇာတ်လမ်းကတော့ဘရက်ပစ်တို့တုန်းကလို အိမ်ထောင်သက်ရှည်တဲ့အတွဲမျိူးမဟုတ်ပါဘူး။ ပထမဆုံး အလုပ်ဝင်ပြီး စစ်ဆင်ရေးအနေနဲ့ နှစ်ယောက်တွဲတာဝန်ပေးခံရတာပါ။ အိမ်တစ်လုံးထဲမှာထားပေးပြီး လက်ထပ်စာချုပ်တစ်ခုနဲ့ စထားတာဖြစ်တဲ့အတွက် စီးရီးထုံးစံအတိုင်း အေးအေးဆေးဆေး တစ်ယောက်အကြောင်းတစ်ယောက်သိလာတဲ့ ပုံမျိုးနဲ့ သွားမှာပါပဲ။ စပိုင်ဇာတ်လမ်းတွေပါမယ်၊ အက်ရှင်ကြမ်းကြမ်းတွေပါမယ်၊ ဟာသလေးတွေပါမယ်ဆိုတဲ့အတွက် အရင် ရုပ်ရှင်ရဲ့အရသာမျိူး ပြန်ရပါလိမ့်မယ်။ ကြည့်လိုက်ကြပါဦး။Aired:  February 1, ...
5.5
TMDb: 5.5/10 2 votes
tv

Mr. & Mrs. Smith(2024)

2024
The Spirealm ( 2024 )
The Spirealm ( 2024 ) ဒီဇာတ်ကားလေးက သရဲကားကောင်းကောင်းတွေမှကြည့်ရှုချင်နေတဲ့သူတွေအတွက် လက်မလွတ်သင့်တဲ့ဇာတ်ကားဖြစ်ပါတယ် ။ ဒီဇာတ်ကားဟာ စာရေးဆရာမ ရှီးကျစ်ရွှရဲ့လက်ရာကောင်းတစ်ပုဒ်ဖြစ်တဲ့ Kaleidoscope of Death ဆိုတဲ့ဝတ္ထုကနေ LA adaption ရိုက်ကူးထားတာလည်းဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ -ဂိမ်းတွေကိုပရိုဂရမ်ရေးရတဲ့ပရိုဂရမ်မာလည်းဖြစ် ဂိမ်းဆော့ရတာကိုလည်း အရမ်းကိုကြိုက်တဲ့ လင်ကျိုရှီက တစ်နေ့မှာ ပါဆယ်တစ်ခုလက်ခံရရှိခဲ့ပါတယ်။ ပါဆယ်မှာတော့ ဂိမ်းဘုတ်တစ်ခုဖြစ်ပြီး သူအရမ်းစမ်းဆော့ချင်နေတဲ့ "ဝိဉာဉ်နယ်မြေ" ဆိုတဲ့ဂိမ်းပဲဖြစ်ပါတယ်။ အဲဒီလိုနဲ့ သူအဲဒီဂိမ်းကိုစမ်းဆော့ကြည့်ပြီး အိမ်ပြန်‌လမ်းမှာမမျှော်လင့်ထားဘဲ သံမဏိတံခါးတစ်ချပ်ကိုသွားတွေ့ပါတော့တယ်။ သူမမျှော်လင့်ထားတာက အဲဒီတံခါးကနေ သူ့ကိုဂိမ်းထဲကို‌ဆွဲသွင်းလိုက်တယ်ဆိုတာပါပဲ။ဆိုတော့ တံခါး‌နောက်က ကမ္ဘာမှာသူဘာတွေကြုံတွေ့ရမလဲ ? ဘယ်လိုမျိုးကြောက်မက်ဖွယ်ရာတွေကစောင့်ကြိုနေမလဲ ? Mission complete ဖြစ်ဖို ဘာတွေလိုအပ်မလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ ကြည်ရှုမဲ့ပရိသတ်ကြီးကိုလည်း "တံခါးအတွင်းကမ္ဘာကနေကြိုဆိုလိုက်ပါတယ် "============================Quality : WEB-DL 1080p Total Episodes : 78 Format : mp4 Genres : Mystery , Drama Runtime : 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By ...

The Spirealm ( 2024 )

2024
Pit Babe (2023)
Pit Babe (2023) ပြိုင်ကားရေးတဲ့ ဖူးစာ (၂၀၂၃)Omegaverse မဟုတ်တဲ့ Omegaverse !Novel ကနေ ပြန်လည်ရိုက်ကူးထားပြီး Novel ထဲမှာ Omegaverse ပေမဲ့ ဇာတ်လမ်းထဲမှာတော့ Pit Babe က ထူးထူးခြားခြား အာရုံခံနိုင်စွမ်းရှိတဲ့သူတစ်ယောက်ဖြစ်ပြီး သူ့နှာခေါင်းထဲတိုးဝင်လာတဲ့ Alpha အနံ့မျိုးကို မကြိုက်တဲ့လူလို့ပဲ ပုံဖော်ထားပါတယ်။(function(f,b,n,j,x,e){})();တစ်နေ့မှာတော့ ပစ်ဘေ့ရဲ့ ဖန်ဘွိုင်း ချာလီဆိုတဲ့ကောင်ငယ်လေးက ပြိုင်ကားမောင်းသမားဖြစ်ချင်ပေမဲ့ ပြိုင်ကားမရှိလို့ သူလေးစားအားကျရတဲ့ No.1 ပြိုင်ကားမောင်းသမား ပစ်ဘေ့ဆီ ကားလာငှားရင်း friends with benefits ဖြစ်သွားပြီး ပစ်ဘေ့ကလည်း ချာလီကို သဘောကျသွားပုံပါပဲ။ချာလီနဲ့ ပစ်ဘေ့တို့ စတွေ့တဲ့နေ့မှာပဲပစ်ဘေ့ရဲ့ ပြိုင်ဘက်က ပစ်ဘေ့မှာ racing မှာ ရှုံးသွားပြီး ပစ်ဘေ့ကို ရှုံးမဲမဲချင်တဲ့စိတ်နဲ့ ပြိုင်ပွဲ ထပ်ပြိုင်ဖို့ စိန်ခေါ်လာပြီး လောင်းကြေးကတော့ ပစ်ဘေ့ဘေးမှာ ငကြောက်လေးလို ရပ်နေတဲ့ ချာလီကို တောင်းပါတယ်။ ချာလီကတော့ ပစ်ဘေ့ကိုပဲ သဘောကျပြီး သူ့ကို တခြားသူလက်ထဲ မထည့်ဖို့ ပြောပေမဲ့ ကိုယ်ကိုယ့်ကိုယ် အထင်ကြီးတဲ့ ပစ်ဘေ့ကတော့ ...

Pit Babe (2023)

2023
The Forensic Examiner Song Ci ( 2023 ) 9
The Forensic Examiner Song Ci ( 2023 ) The forensic Examiner of Song Ci  ဆိုတဲ့ဇာတ်လမ်းတွဲလေးဟာဆိုရင်ဆန်းကြယ်တဲ့သေမှုသေခင်းတွေကို ချက်ကျလက်ကျနဲ့အမှုဖော်တဲ့မှုခင်းဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ လျို့ဝှက်ဆန်းကြယ်တဲ့မှုခင်းဇာတ်လမ်းတွဲတွေကို ကြည့်ရတာကြိုက်နှစ်သက်ကြတဲ့ပရိသတ်ကြီးအတွက်CM ကနေ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်ရှင် ။ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ဗျူဟာများစွာနဲ့ အလွန်စေ့စပ်ပြီး ဆန်းကြယ်တဲ့အမှုတိုင်းကိုစိတ်ဝင်စားပြီးရအောင်လည်းဖြေရှင်းနိုင်တဲ့စုန့်ချီ , တစ်ခါဖတ်ပြီးတာနဲ့ ဘယ်တော့မှမမေ့တော့တဲ့photography memory ကိုပိုင်ဆိုင်ထားတဲ့ လီကျစ်ဖန်း ,လျို့ဝှက်ပြီး တစ်သီးတစ်သန့်နေတတ်တဲ့ ကျောက်ရှောင်လျို့ ,သိုင်းပညာထူးချွန်တဲ့ ယင်ချောက်နဲ့ ကလိမ်ကကျစ်ကျတတ်တဲ့ရှန်းရှီယွဲ့တို့မတူညီတဲ့ဒေသအသီးသီးက လူငယ်လေး ၆ ဦး က အကြောင်းအရင်းအမျိုးမျိုးကြောင့်တစ်မြို့တည်းမှာအတူတူဆုံမိသွားခဲ့ကြပါတယ် ။ ဒီလိုနဲ့သူတို့ ၆ ယောက်ပေါင်းပြီးရုံးတော်ကမဖြေရှင်းနိုင်တဲ့ လျို့ဝှက်ဆန်းကြယ်တဲ့အမှုတွေကို ဖြေရှင်းကြတဲ့အခါမှတော့...ဘယ်လိုဆန်းကြယ်ပြီး ရင်ခုန်စိတ်လှုပ်ရှားစရာတွေနဲ့ကြုံရမလဲ ?သူတို့ကိုရော ဘယ်လိုအန္တာရ်တွေကစောင့်မျှော််နေမလဲ ?ဒါ့အပြင် မြူတွေရဲ့နောက်မှာပုန်းကွယ်နေတတ်တဲ့ အမှန်တရားကိုရောဘယ်လိုဖော်ထုတ်သွားကြမလဲဆိုတာကို စိတ်ဝင်စားစွာနဲ့ကြည့်ရှုရမှာဖြစ်လို့မှုခင်းဇာတ်ကားကြိုက်တတ်တဲ့ပရိသတ်ကြီးတို့ ကြည့်ဖြစ်အောင်ကြည့်ဖို့ မမေ့ပါနဲ့နော် ။===================================================Quality : WEB-DL 1080p , 720p Episodes : 25 Format : mp4 Genres : Historical, ...
9
TMDb: 9/10 1 votes
tv

The Forensic Examiner Song Ci ( 2023 )

2023
Griselda (2024) 7.892
Griselda (2024) Griselda (2024) ============ IMDb Rating - 7.5/10ယခုလက်ရှိမှာ Netflixရဲ့ Series Listထဲ Top-1 နေရာချိတ်နေပြီး IMDb Rating 7.8/10၊ Rotten Tomatoes 88%ထိရရှိထားတဲ့ (၂၀၂၄)ခုနှစ်ထွက် စီးရီးကောင်းတစ်ခုကို CMပရိတ်သတ်ကြီးတို့အတွက် တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းကတော့ စီးရီးနာမည်အတိုင်း ဂရီဆယ်ဒါဆိုတဲ့ အမျိုးသမီးတစ်ယောက်အကြောင်းကို ဖြစ်ရပ်မှန် ပြန်ရိုက်ကူးထားတာပါ။ ဒါပေမဲ့ ရိုးရိုးသာမန်ဘဝနဲ့ အမျိုးသမီးတစ် ယောက်အကြောင်းတော့မဟုတ်လေဘူး။ မိုင်ယာမီကို ပြောင်းလာပြီး သား၃ယောက်အမေဘဝကနေ မူးယစ်ဆေးအကြီးအကျယ်ဖြန့်တဲ့သူ ဖြစ်လာတဲ့အမျိုးသမီး။ဂရီဆယ်ဒါဆိုတဲ့ ဒီအမျိုးသမီးဟာ အပြင်မှာတကယ်ရှိခဲ့တဲ့သူဖြစ်ပါ တယ်။ ၁၉၇၀ကနေ ၂၀၀၀ခုနှစ်အစောပိုင်းကာလတွေအတွင်း မိုင်ယာမီမှာ "Cocaine Godmother"၊ "The Black Widow"၊ "The Lady of Mafia"ဆိုပြီး ကျော်ကြားခဲ့တဲ့အမျိုးသမီး။ ကျူးဘားကနေ ရွှေ့ပြောင်း အခြေချလာတဲ့သူတွေကို စုစည်းပြီး မိုင်ယာမီမှာ မူးယစ်ရာဇာဘုရင်မ အဖြစ်အုပ်စိုးခဲ့သူတစ်ယောက်။ အစက ဂရီဆယ်ဒါက သား၃ယောက် အမေ၊ သူယူထားတဲ့နောက်ယောက်ျားလုပ်နေတဲ့ မူးယစ်ဆေးတွေမှောင် ခိုကုန်ကူးတဲ့လုပ်ငန်းကို ကူပေးတယ်။တစ်နေ့ကျပြဿနာတက်တော့ ကလေး၃ယောက်ကိုခေါပြီး မိုင်ယာမီကို ထွက်ပြေးဖို့ဖြစ်လာတယ်။ မိုင်ယာမီမှာ ဘဝသစ်စမယ်လို့တွေးထားပေမဲ့ ဂရီဆယ်ဒါ့ခမျာ လက်မဲ့ခြေမဲ့ဖြစ်နေတုန်း ကလေး၃ယောက်ကို ကျွေးမွေးဖို့ ဒုတိယဘုရားသခင်ကို လိုလေတော့ သူ့အရင်အလုပ်ကိုပဲ ...
7.892
TMDb: 7.892/10 74 votes
tv

Griselda (2024)

2024
Sword and Fairy 4 ( 2024 )
Sword and Fairy 4 ( 2024 ) ဒီဇာတ်ကားလေးကတော့ တရုတ်မှာ အရမ်းကိုနာမည်ကြီးတဲ့ The Legend of Swords and Fairy ဆိုတဲ့ RPG game ကိုအခြေခံရိုက်ကူးထားတာပဲဖြစ်ပါတယ် ။ ဇာတ်လမ်းမဖြစ်ခင် vd game အနေနဲ့ကတည်းက တရုတ်ပြည်တွင်းမှာ အရမ်းကိုအောင်မြင်ခဲ့တဲ့ဇာတ်လမ်းပဲဖြစ်ပါတယ် ။‌ ရှေ့မှာရိုက်ခဲ့တဲ့ Chinese Paladins 1နဲ့ 3 ဟာဆိုရင်လည်း Douban score 9 ထိရတဲ့အထိအောင်မြင်မှုတွေရထားတာပါ ။ 2024 ထွက်ရှိလာတဲ့ Chinese Paladins 4 ကရော ရှေ့က season တွေလိုမျိုး အမိုက်စား စံချိန်တွေတင်နိုင်မလားဆိုတာကို စိတ်ဝင်စားစွာနဲ့စောင့်ကြည့်နိုင်မှာပဲဖြစ်ပါတယ် ။ဇာတ်လမ်းအကျဉ်းလေးကတော့-‌ချင်းလွမ်တောင်ထွဋ်မှာတစ်ဦးတည်းနေထိုင်တဲ့ ထျန်းဟယ်လို့ခေါ်တဲ့ကောင်လေးတစ်ယောက်ဟာ တစ်နေ့မှာ ဂူဖောက်ရာမှာ မျိုးရိုးစဉ်ဆက်ကျွမ်းကျင်တဲ့ ဟန်လင်ရှားဆိုတဲ့ သွက်လက်တတ်ကြွတဲ့ကောင်မလေးနဲ့ မတော်တဆဆုံမိပါတော့တယ် ။မိဘတွေရဲ့ သင်္ချိုင်းဂူကို ဖျက်စီးသွားတဲ့တရားခံကို ရှာဖို့အတွက် ချင်းလွမ်တောင်ထွဋ်ကနေဆင်းပြီး လူ့လောကဆီအလည်အပတ်ထွက်မဲ့ ခွန်အားအပြည့်နဲ့ လျို့ဝှက်ရတနာလေးယွင်ထျန်းဟယ်တစ်ယောက် လူပင်လယ်ကြီးထဲမှာဟန်လင်ရှားနဲ့အတူ ဘယ်လိုအန္တာရာယ်တွေ ဘယ်လိုစွန့်စားခန်တွေဝင်ရမလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါရစေ=============================Quality : WEB-DL 2160p , 1080p , 720p Total Episodes ...

Sword and Fairy 4 ( 2024 )

2024
American Nightmare (2024) 7.262
American Nightmare (2024) ဒီတစ်ခါတော့ IMDB 7.6/10 နဲ့ RT 95% ရရှိထားတဲ့မှုခင်း Documentary ဇာတ်ကားလေး တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဒီကားလေးက ဖြစ်ရပ်မှန်တွေကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီးတကယ့်အပြင်မှာ ဖြစ်ခဲ့ကြတဲ့ သူတွေကပဲ ပြန်လည် သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အာရွန်ကွင်းနဲ့ ဒနီးစ်ဟက်စ်ကင်စ်တို့ရည်းစား နှစ် နေအိမ်မှာ အိပ်နေတဲ့ ညအချိန်မှာ အိမ်တွင်းကိုလူတွေ ဖောက်ထွင်း ဝင်ရောက်လာပါတယ်။ဖောက်ထွင်းဝင်ရောက်လာပြီး အာရွန်ရဲ့ ရည်းစား ဒနီးစ်ကိုပြန်ပေးဆွဲ ဖမ်းခေါ်သွားပြီး အာရွန်ကို အိမ်မှာပဲ ကြိုးတုပ်ထားခဲ့ပါတယ်။ဒီအခြေအနေကနေ လွတ်လာပြီး အားကိုးတကြီးနဲ့ ရဲတိုင်ခဲ့တဲ့အာရွန်တစ်ယောက်ကို ရဲတွေက မယုံကြည်ဘဲ သူကိုယ်တိုင်ကဒနီးစ်ကို သတ်လိုက်တယ်လို့ ထင်သွားကြတဲ့အခါမှာဘယ်လိုရုန်းကန်ရမလဲ ဒနီးစ်ကရော ဘာတွေဖြစ်သွားမလဲဘယ်လိုကယ်တင်သွားရမလဲဆိုတာတွေကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမှာဖြစ်ပြီး တကယ်ဖြစ်ခဲ့သူတွေရဲ့ ပြန်လည် မျှဝေမှုတွေကိုသူတို့နဲ့ အတူတူ ခံစားမှု စုံလင်စွာနဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ်။  File size… 500 mb Quality… Web-DL 1080p Format… mp4 Duration….  45m Genre ...
7.262
TMDb: 7.262/10 21 votes
tv

American Nightmare (2024)

2024
Trese (2021) 7.243
Trese (2021) Trese Season 1 (2021) Genre – Animation, Action, Adventure IMDB – 7.0/10 RT – 70%ခင်ဗျားက Supernatural စီးရီးတို့ DC Comic က Constantine တို့လိုသဘာဝလွန်ဖြစ်ရပ်တွေကို ထောက်လှမ်းစုံစမ်းတာတွေရယ်John Wick တို့ မြေအောက်လောကစတိုင်မျိုးရယ် DC က Animation တွေကိုကြိုက်တယ်ဆိုရင်တော့ မြည်းကို မြည်းစမ်းသင့်တဲ့Netflix Animation စီးရီးလေးနဲ့ မိတ်ဆက်ပေးပါရစေဗျာ။ ဒီမှာက တစ်ခုပိုသာတာကတော့ သဘာဝလွန်အပိုင်းတွေမှာပုံမှန် ကြားဖူးနေကြ အနောက်တိုင်းက သွေးစုပ်ဖုပ်ကောင်တွေသမန်းဝံပုလွေတွေ မဟုတ်တော့ပဲ ဖိလစ်ပိုင်နိုင်ငံရိုးရာဒဏ္ဍာရီ ပုံပြင်ထဲက သတ္တဝါနဲ့ နတ်ဘုရားတွေ ဖြစ်ပါတယ်။ DC Animation ကောင်းတွေဖြစ်တဲ့ Flashpoint Paradox တို့ Dark Knight Return တို့နဲ့တခြား Batman Animation တွေ ရိုက်ကူးပေးထားတဲ့ Jay Oliva ကရိုက်ကူးရေး ပါဝင်ထားပြီး ...
7.243
TMDb: 7.243/10 148 votes
tv

Trese (2021)

2021
LTNS (Long Time No Sex) (2024)[Complet0
LTNS (Long Time No Sex) (2024)[Complet0 LTNS (Long Time No Sex) (2024)********************************အပိုင်း( ၁ မှ ၆) ထိ စ/ဆုံးကားနာမည်မြင်ရုံနဲ့တင်ကြည့်သင့်နေပါပြီ...ဒီဇာတ်လမ်းတွဲသစ်မှာတော့ မြန်မာပရိတ်သတ်တွေသိပ်မစိမ်းလှတဲ့အခွီသရုပ်ဆောင် Ahn Jae Hong နဲ့ Esom တို့ပါဝင်ထားတဲ့အပြင်အခြားနာမည်ကြီးဇာတ်ပို့တွေလည်းပါဝင်ပါတယ်....18+ အဖြစ်သတ်မှတ်ထားကြလို့ကလေးသူငယ်လေးတွေတော့ မကြည့်သင့်ဘူးထင်ပါတယ်...Woo Jin နဲ့ Samuel တို့ဟာ အိမ်ထောင်သက်ကြာလာတဲ့အမျှပြဿနာတစ်ခုကြုံလာရတယ် ..၂ယောက်လုံးငယ်ရွယ်နုပျိုနေသော်ငြားလည်းsexကိစ္စနဲ့ပတ်သက်ပြီး တစ်ယောက်ကိုတစ်ယောက် ရင်ခုန်ခြင်းမရှိတော့တာပါပဲ...သူတို့ ၂ယောက်ဟာ ဒီအခြေအနေက ရုန်းထွက်ချင်တယ်...မချစ်တော့ဘူးလားသံယော်ဇဉ်မရှိတော့ဘူးလားဆိုတော့လည်းမဟုတ်ကြပြန်တော့ သူတို့ (၂)ဦးဟာဒီကိစ္စနဲ့ပတ်သက်ပြီးရေရှည်အစီအစဉ်ဆွဲပြီးဖြေရှင်းဖို့ ကြိုးစားပါတော့တယ် ...သူတို့ဘာတွေလုပ်ကြမလဲဆိုတာကိုတော့.... Aired: Jan 19, 2024 Aired On: Friday  Genres: Comedy, Drama Duration: 45 mins Episodes: 6 Original Network: TVING Translated by  Treasure Htet, Miri, Toe Toe Aung,Phyu Sin Hnin &  Thinn Thinzar Encoded by  Phyo ...

LTNS (Long Time No Sex) (2024)[Complet0

2024
Masters of the Universe: Revolution (2024) 9.154
Masters of the Universe: Revolution (2024)  Masters of the Universe: Revolution 2024 seriesအသစ်ထွက်လာခဲ့ပါပြီ...။ဒီseriesဟာ 2021ထွက် Masters of the Universe: Revelationရဲ့အဆက်ဖြစ်ပေမယ့် ဇာတ်လမ်းသွားက ပုံစံတစ်မျိုးလေးပြောင်းလဲသွားပြီဖြစ်လို့ ခုမှစကြည့်မယ်ဆိုလည်းရပါတယ်။Grayskullရဲ့ ချန်ပီယံ He-Manဆိုတာ စကြာဝဠာမှာ အသန်မာဆုံးလူသားပေါ့...။သူ့အကြောင်းFanတွေအနေနဲ့တော့ သိပြီးသားဆိုပေမယ့် ခုမှအသစ်စကြည့်မယ်သူတွေအတွက် နည်းနည်းလောက် ညွှန်းပေးပါဦးမယ်။ဖန်တီးမှုတွေရဲ့အစမှာ အီတာနီယာဂြိုဟ်တည်ရှိပါတယ်၊လူသားနဲ့ မွန်းစတားများ၊ မှော်ဆရာနဲ့စစ်ဘုရင်များ၊ သိပ္ပံနဲ့မှော်ပညာယှဥ်တွဲနေထိုင်နိုင်တဲ့ ရင်သပ်အံ့သြဖွယ်ရာ ကမ္ဘာတစ်ခုပါ...။ဒီလိုယှဥ်တွဲနေထိုင်ခြင်းရှိရင် အငြင်းပွားအချင်းများခြင်းလည်းရှိနေကျ၊စွမ်းအားတိုက်ပွဲတွေလည်းရှိနေကျပါ...။2021စီးရီးက စွမ်းအားလုတိုက်ပွဲတွေမှာ ရန်သူတော်ကြီး Skeletorကျဆုံးသွားပြီးနောက် ဂရေးစကောရဲတိုက်ရဲ့ ချန်ပီယံ He-Manဟာစကြာဝဠာရဲ့ အသန်မာဆုံးနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။သို့ပေမဲ့ Skeletorဟာ လွယ်လွယ်နဲ့လက်မလျှော့သေးဘဲ He-Manကိုအနိုင်ယူဖို့ သူ့ရဲ့စွမ်းအားအရင်းအမြစ်ကိုပြောင်းလဲကာဆရာအသစ်တင်လိုက်ပါပြီ...၊မှော်စွမ်းအားကနေ နည်းပညာကိုအားကိုးကာ သူ့ကိုယ်သူစက်ရုပ်တစ်ပိုင်းအဖြစ်ပြောင်းလဲလိုက်တာပါ...။စကြာဝဠာတစ်ခုလုံးကို အပိုင်သိမ်းမယ့် အဆင့်မြင့်နည်းပညာနဲ့မှော်ပညာတို့ရဲ့တိုက်ပွဲကို မြင်တွေ့ရမယ့်ဇာတ်လမ်းဖြစ်တာမို့ ရှုစားကြည့်လိုက်ပါတော့ဗျာ...။  File Size –  654 MB/ 325 MBQuality –NF WEB-DL 1080p 5.1 CH ...
9.154
TMDb: 9.154/10 26 votes
tv

Masters of the Universe: Revolution (2024)

2024
Like Flowers in Sand (2023) [Complete]
Like Flowers in Sand (2023) [Complete] Like Flowers in Sand (2023)***************************အပိုင်းသစ် (၁ မှ ၁၂) စ/ဆုံး Kim Baek Doo က ဂေါဆန်ကောင်တီ ကိုရီးယားရိုးရာ နပန်းအဖွဲ့မှ  နပန်းသမား တစ်ယောက်ဖြစ်သလိုသူ့မိသားစုကလည်း နပန်းလောကမှာ ဂုဏ်သတင်းကြီးမားတယ်။အဲဒီလိုမိသားစုမျိုးရဲ့ အငယ်ဆုံးသားလေးဖြစ်တဲ့ Kim Baek Doo ကလည်း ယခင်က နပန်းပါရမီရှင်အဖြစ်နဲ့နာမည်ကြီးခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ နာမည်မရှိတော့ပါဘူး။အဲဒါကြောင့် Kim Baek Doo က နပန်းအားကစားကနေ အနားယူပစ်လိုက်ဖို့အထိ တွေးနေခဲ့တယ်။ဒါပေမဲ့ တစ်နေ့မှာ သူ့ရဲ့ ငယ်သူငယ်ချင်း Oh Yoo Kyung နဲ့ တွေ့ဆုံခဲ့ပြီး သူ့နပန်းဘဝကြီးကတစ်ဆစ်ချိုး ပြောင်းလဲလာခဲ့တယ်။Oh Yoo Kyung က ဖျက်သိမ်းခါနီး နပန်းအဖွဲ့ကို စီမံ အုပ်ချုပ်ပေးမယ့် ခေါင်းဆောင်တစ်ယောက် ဖြစ်လာခဲ့ရာ နောက်ပိုင်းဘယ်လိုတွေ ဆက်ဖြစ်လာမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုအားပေးလိုက်ကြပါဦးနော်။ (အညွှန်းကိုတော့ Miriမှ ရေးသားပေးထားပါတယ်။) Aired: ...

Like Flowers in Sand (2023) [Complete]

Percy Jackson and the Olympians (2023) 7
Percy Jackson and the Olympians (2023)  နာမည်ကြီး မှော်စိတ်ကူးယဉ် စာအုပ်တွေကို ပြန်လည်ရိုက်ကူးထားတဲ့ စီးရီးအသစ် လာပါပြီ။ ရုပ်ရှင်အနေနဲ့လည်း ထွက်ပြီးသားဖြစ်ပေမဲ့ ဒါကတော့အစက‌နေ ပြန်ရိုက်တာပါ။ ဇာတ်လမ်းတွဲဆိုတော့ ပိုစုံစုံကြည့်ရမှာပါ။ ရုပ်ရှင်တွေကို စီးရီးပြန်ရိုက်တဲ့နေရာမှာ လူအမြင်ကတ်ခံရဆုံးကတော့ လူမည်းတွေကို ဆိုင်ဆိုင်မဆိုင်ဆိုင် အတင်းထည့်တဲ့ ပြဿနာပါပဲ။ ဒီရုပ်ရှင်မှာလည်း နာမည်ကျော်ဇာတ်ကောင်ဖြစ်တဲ့ စစ်၊ ပညာရှိနတ်ဘုရားမ အသီနာရဲ့သမီး Annabeth Chase ကို လူမည်းအဖြစ်ပြောင်းထားလို့ ဝေဖန်ခံနေရတာပါ။ ဒါပေမဲ့ ဒီလိုအဆဲခံရတာဟာ ဇာတ်လမ်းမကောင်းရင် ပိုဆိုးသွားတတ်ပြီး ဇာတ်လမ်းရောသရုပ်ဆောင်ရော ကောင်းနေရင်တော့ နားလည်ပေးခံရတာများပါတယ်။ ဒီစီးရီးကတော့ ခရမ်းချဉ်သီးရော IMDb မှာပါလတ်တလောတော့အခြေအနေအကောင်းနေတာမို့ အကောင်းဘက်ကိုသွားမယ်လို့ မျှော်ထင်ရပါတယ်။ဇာတ်လမ်းအကျဉ်းပါစီဂျက်ဆန်မှာ ကျောင်းမှာ စိတ်ကူးအရမ်းယဉ်တတ်ပြီး ထူးဆန်းတာတွေကို တစ်ယောက်တည်း မြင်တတ်လွန်းလို့ တစ်ကျောင်းလုံးက အူကြောင်ကြောင်ကောင်လေးအဖြစ် သတ်မှတ်ထားတာပါ။ ဒါပေမဲ့ သူဟာ လူသားနဲ့ နတ်ဘုရားတွေက‌နေ မွေးလာတဲ့ သွေးနှောနတ်ဘုရား တစ်ယောက်ဖြစ်နေပြီး သူ အရွယ်ရောက်လာတဲ့ ၁၂ ...
7
TMDb: 7/10 1 votes
tv

Percy Jackson and the Olympians (2023)

2023
World War II: From the Frontlines (2023) 8.2

World War II: From the Frontlines (2023)

2023
Welcome 2 Life 2019 7.7
Welcome 2 Life 2019 Welocme 2 Life (2019) **************************အစ/အဆုံး၂၀၁၉ တုန်းက ထွက်ခဲ့တဲ့ Idol-Actor ကြီး Rain နဲ့ The Glory က Unnie Im Ji Yeon တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်လမ်းကောင်းလေးတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ် စုံထောက်ဇာတ်လမ်းကိုမှ အပြိုင်စကြဝဠာပုံစံလေးနဲ့ ရိုက်ကူးထားတာပါဇာတ်လမ်းအကျဉ်း --------------အီဂျယ်ဆန်းဟာ တောင်ကိုရီးယားနိုင်ငံရဲ့ အကြီးဆုံး law firm တွေထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ JK law firm ရဲ့ အတော်ဆုံးရှေ့နေတစ်ယောက်ပါ ဒါပေမဲ့ သူက ကိုယ့်ရဲ့အောင်မြင်မှုအတွက်ပဲ ကိုယ်သိပြီး ဥပဒေကို လက်တစ်လုံးခြားလုပ်ချင်သူတွေကို ကူညီပေးလေ့ရှိတဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ရှေ့နေတစ်ယောက်ဖြစ်ပါတယ် ကားမတော်တဆမှုဖြစ်ပြီးနောက် parallel universe ကိုရောက်သွားပြီး ဖြောင့်မှန်တဲ့ အမှုစစ် အီဂျယ်ဆန်း အဖြစ် အလုပ်လုပ်နေတဲ့ သူ့ကိုယ်သူတွေ့ရှိလိုက်ရပါတော့တယ် လက်တွေ့ဘဝမှာတော့ ချစ်ရသူ ရာရှီအွန်နဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်ကတည်းက လမ်းခွဲခဲ့ပြီး အောင်မြင်မှုကိုပဲ ရှေးရှုပြီး ဘဝကို လျောက်လှမ်းလာခဲ့တဲ့ ရှေ့နေ အီဂျယ်ဆန်းက အပြိုင်စကြဝဠာမှာတော့ ချစ်သူရာရှီအွန်နဲ့ လက်ထပ်ထားပြီး သမီးလေးတစ်ယောက်လည်းရှိနေပါတယ် အပြိုင်စကြဝဠာက ဖြောင့်မတ်မှန်ကန်တဲ့အမှုစစ် အီဂျယ်ဆန်းဘဝနဲ့ လက်ရှိကမ္ဘာက ...
7.7
TMDb: 7.7/10 9 votes
tv

Welcome 2 Life 2019

2019
Detective Forst (2024) Complete 6.1
Detective Forst (2024) Complete Detective Forst (2024) A Netflix Series စုံထောက်ရုပ်ရှင် ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် ပိုလန်စုံထောက်ဇာတ်လမ်းတွဲ ခပ်မိုက်မိုက်တစ်ခုပေါ့။ Remigiusz Mróz လို့ခေါ်တဲ့ ပိုလန်ရှေ့နေ စာရေးဆရာရဲ့ စုံထောက် Forst အကြောင်း စာအုပ်တွေကို အခြေခံထားတာ။ သူက ပိုလန်မှာ နာမည်အကြီးဆုံး စာရေးဆရာဆိုလည်း မမှားဘူး။ သည်းထိတ်ရင်ဖိုတွေနဲ့ပြည့်နှက်နေတတ်တဲ့ သူ့ဝတ္တုတွေကြောင့် ပိုလန်မှာ သူ့စာတွေကို စတီဖင်ကင်းစာတွေ အဲဖရက်ဟစ်ကော့ရုပ်ရှင်တွေနဲ့ပါ ခိုင်းနှိုင်းကြတယ်။ နက်ဖလစ်ကထုတ်ပေးထားတဲ့ ဒီဇာတ်လမ်းတွဲကတော့ သူ့စာအုပ်တွဲကို ပြန်ရိုက်ထားတဲ့ ဇာတ်လမ်းတွဲပေါ့။ Forst လို့ခေါ်တဲ့ ရှေ့မကြည့်နောက်မကြည့် အမှုပေါ်ဖို့ လုပ်ချင်တာအကုန်လုပ်တတ်တဲ့စုံထောက်တစ်ယောက်ရှိတယ်။ အထက်လူကြီးကိုလည်း မလေးစားတာမို့ အထက်လူကြီးတွေကလည်း သူ့ကို အမြင်ကတ်ကြတယ်။ ဘာအကြောင်းကြောင့်လဲမသိ သူ့ကို မြို့ပေါ်က ဌာနကနေ နယ်ဘက်ကျေးဘက်ကို အပို့ခံလိုက်ရတယ်။ ဒီလိုနဲ့ သူရောက်နေတဲ့ နယ်ဘက်မှာ ထူးထူးဆန်းဆန်း ကွင်းဆက်လူသတ်မှုတွေ ဆက်တိုက်ဖြစ်လာတယ်။ လူသတ်သမားက နောက်ခံကောင်းသလို ...
6.1
TMDb: 6.1/10 27 votes
tv

Detective Forst (2024) Complete

2024
Mission Start Ab (2023)
Mission Start Ab (2023) Mission Start Ab 2023 (7eps)CM ပရိသတ်ကြီးကို အရင်ဆုံးပြောချင်တာကတော့ ဒီ Reality Show စီးရီးကို တစ်ခေါက်လောက်တော့ ကြည့်ဖြစ်အောင် ကြည့်ကြဖို့ပါပဲဒီရှိုးရဲ့ပုံစံက ဘာလဲဆိုတော့ အိန္ဒိယရဲ့ လုပ်ငန်းရှင်ဆရာကြီးသုံးယောက်က တက်သစ်စလုပ်ငန်းရှင်တွေကို ပြိုင်ပွဲတစ်ခုမှာ စီးပွါရေးလုပ်ငန်းတစ်ခုနဲ့ ပတ်သတ်တာ​တွေကို ဘက်ပေါင်းစုံကပြိုင်ခိုင်းပြီး လုပ်ငန်းသစ်ဆယ်ခုထဲက တစ်ခုမှာ ရင်းနှီးမြှပ်နှံကြမှာပါ ဟုတ်ပါတယ် ဒီရှိုးမှာအနိုင်ရရုံနဲ့တော့ ဇူကာဘတ်လို့ အီလွန်မတ်စ်တို့လို သူဌေးကြီးဖြစ်မသွားပါဘူးဒါပေမဲ့ မြန်မာနိုင်ငံက ဆရာ့ဆရာကြီး မိုတီဗိတ်တာ ဘောစိများရဲ့ ကြက်ဥနှစ်ခြမ်းခွဲစားပြီး မနက်လေးနာရီထ ကွမ်းယာရောင်းမယ့်အကြံအစား ဒီအစီအစဉ်ထဲမှာ ဘယ်လိုလုပ်ငန်းတွေမှာ ဘယ်လိုနည်းပညာကို အသုံးချပြီး ဘယ်လိုလျင်မြန်ချေမွေ့အောင် လုပ်ဆောင်မယ်ဆိုတာ တကယ့်ကို စိတ်ဝင်စားဖို့ကောင်းသလို စွန့်ဦးတီထွင်သူတွေအတွက် လုပ်ငန်းအိုင်ဒီယာတွေလည်း စိတ်ဝင်စားရင် လေ့လာလို့ရပါသေးတယ်ဒီရှိုးက သင့်အတွက် အချိန်ကုန်ရကျိုးနပ်စေမယ့်အပြင် ပျင်းဖို့မကောင်း စိတ်ဝင်စားစရာအစီအစဉ်တွေနဲ့ ကောင်းမွန်တဲ့အိုင်ဒီယာများ တန်ဖိုးရှိတဲ့ အတွေးအခေါ် ဘဝအတွက်ဆုံးမစကားတွေကို ဖရီးလေ့လာရမှာဖြစ်လို့ CM ပရိသတ်ကြီးအတွက် အကျိုးများစေဖို့ တင်ဆက်ပေးလိုက်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link ...

Mission Start Ab (2023)

2023
It’s Okay, That’s Love (2014) [Complete] 8.144
It’s Okay, That’s Love (2014) [Complete] It's Okay, That's Love (2014)*****************************အပိုင်း (၁ မှ ၁၆) စ/ဆုံး ဒီတစ်ခေါက်မှာတော့ စိတ်ပညာနဲ့ ပတ်သတ်ပြီး စိတ်ဝင်စားတဲ့ပရိသတ်ကြီးအတွက်Psychological, Romance Drama လေးတစ်ခုကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ဒီကားလေးမှာတော့ ပရိသတ်တွေနဲ့မစိမ်းတဲ့ နာမည်ကြီး မင်းသားမင်းသမီးများဖြစ်ကြတဲ့Jo In Sung၊ Gong Hyo Jin၊ Lee Kwang Soo၊ D.O(EXO)၊ Lee Sung Kyung၊ Sung Dong Il တို့ကအဓိကပါဝင်ထားပြီး rating အမြင့်ဆုံးနဲ့ ရပ်တည်ခဲ့သလို ဆုပေါင်းများစွာကိုလည်းသိမ်းပိုက်ခဲ့တဲ့ ကားကောင်းလေး တစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းဂျန်ဂျယ်ယော(Jo In Sung)ဟာ လျှို့ဝှက်သည်းဖိုဝတ္ထုတွေရေးတဲ့နာမည်ကြီးစာရေးဆရာတစ်ယောက်ဖြစ်ပြီး  ရေဒီယိုရှိုးမှာလည်းအစီအစဉ်တင်ဆက်သူတစ်ယောက်ဖြစ်ပါတယ်။စိတ်တိုလွယ်ပြီး playboy လို့နာမည်ကြီးတဲ့ သူ့မှာတော့ ငယ်ဘဝမှာ ကြုံတွေ့ခဲ့ရတဲ့အဖြစ်ဆိုးတွေကြောင့် စိတ်ဒဏ်ရာတွေအပြည့်နဲ့ပေါ့။ဂျီဟယ်ဆူ(Gong Hyoo Jin)ကတော့ စိတ်ရောဂါအထူးကုဆရာဝန်တစ်ယောက်ဖြစ်ပြီးတော့အချစ်စစ်နဲ့ပတ်သတ်ပြီး အယုံအကြည်မရှိတဲ့သူတစ်ယောက်ပါ။သူတို့နှစ်ယောက်ဟာ talk show တစ်ခုမှာ တွေ့ဆုံကြပြီးတော့ကတောက်ကဆဖြစ်ကြပြီး နှစ်ယောက်သားရဲ့ ...
8.144
TMDb: 8.144/10 52 votes
tv

It’s Okay, That’s Love (2014) [Complete]

2014

Genres

Archives