Channel Myanmar

Content at random


TV Series

Good Bad Girl(2022) 7
Good Bad Girl(2022) Good Bad Girl 2022 6.3/10 IMDbဒီတစ်ခါမိတ်ဆက်ပေးချင်တာကတော့ အိန္ဒိယစီးရီးအသစ်လေးတစ်ခုပါ.... လူ့ဘဝဆိုတာ ရှင်သန်ဖို့လွယ်ကူလား ခက်ခဲလား... ခက်ခဲတယ်လို့ပဲလူတိုင်းကပြောကြမှာပါ... ဒါဆိုဟုတ်ပြီ လူ့ဘဝကိုရုန်းကန်ရှင်သန်ဖို့အတွက် ကိုယ်ကလူတွေအကြောင်းကိုနားလည်နေရမယ် ပါးရည်နပ်ရည်ရှိရမယ်... ဒါတင်မဟုတ်သေးပါဘူး အခြေအနေနဲ့အချိန်အခါကိုလိုက်ပြီး မီးစင်ကြည့်ကတတ်ရပါတယ်..ဒါတွေအားလုံးကို ကိုယ်ဖြတ်သန်းရတဲ့ဘဝကပဲသင်ပေးသွားကြတာ ဟုတ်... ? အခုဒီစီးရီးထဲမှာတော့ ရှေ့နေမလေး မာယားအဟူဂျား (Samridhi Dewan) ရဲ့ သူ့ဘဝကိုသူဘယ်လိုရှင်သန်အောင် ဉာဏ်သုံးလဲဆိုတာတွေ့ရမှာပါ... သူက သူလိုချင်တာတစ်ခုကို ဘယ်နည်းလမ်းနဲ့မဆို မရ ရအောင်လုပ်တတ်တဲ့သူ။ကလေးဘဝထဲက အမွှေစိန်မလေး... ကောလိပ်ကျောင်းသူဘဝရောက်တော့လဲ ပိုက်ဆံကိုအိမ်ကသိပ်မတတ်နိုင်လို့ သူပိုက်ဆံဘယ်လိုရအောင်ရှာလဲဆိုတာ ဟာသလေးတွေနှောထားလို့ ရယ်မောကြရဦးမှာပါ... ရှေ့နေတစ်ယောက်ဖြစ်လာတော့လဲ ရုံးမှာလုပ်ဖော်ကိုင်ဖက်တွေ.. ရှင်းဖို့ခက်တဲ့အမှုတွေကိုသူမရ ရအောင်ဘယ်လိုဖော်ထုတ်လဲဆိုတာတွေကိုတွေ့မြင်ရမှာပါ ဘယ်လိုပဲတစ်ကိုယ်ကောင်းဆန်တယ် မိန်းမဆိုးလေးတစ်ယောက်ပါလို့ပဲသတ်မှတ်သတ်မှတ် သူ့အနေနဲ့တော့ဒါဟာ သူ့ဘဝကိုသူSurviveလုပ်တာပါပဲ။ သူ အခက်အခဲတွေကိုဘယ်လိုဖြေရှင်းလဲ သူ့ဘဝကိုဘယ်လိုကြိုးစားရှင်သန်လဲ သူလိုချင်တဲ့အရာကိုဘယ်လိုမရရအောင်ယူလဲ ဆိုတာကို ရသစုံအောင်ဖန်တီးရိုက်ကူးထားတာမို့ ပရိသတ်ကြီးကပဲစောင့်မျှော်ကြည့်ရှုပေးကြပါဦး... Quality : 1080p / 720p Total Episodes : 9Eps Format : mp4 Genres :Comedy , Drama Duration : 35min Subtitle : Myanmar Subtitle ( Hardsub ) Translated by Taylor ~Go - ...
7
TMDb: 7/10 1 votes
tv

Good Bad Girl(2022)

2022
Doom Patrol Season (2)+ Season(3)+Season(4) 7.2
Doom Patrol Season (2)+ Season(3)+Season(4) Season 1Doom Patrol Season 1 (2019) DCUရဲ့ Superheroes seriesပါ။Titans seriesတစ်ပိုင်းမှာပါဝင်ထားပြီးသားဖြစ်ပါတယ်။ဒီလူတွေကို Team တစ်ခုအနေနနဲ့ထွက်လာဖို့မျှော်လင့်ခဲ့တာအခုတော့ မျှော်လင့်ချက်ပြည့်ခဲ့ပါပြီ...ရူးသွပ်တဲ့သိပ္ပံပညာရှင်တစ်ယောက်ရဲ့ဖန်တီးမှုတွေကနေ ပေါ်ထွက်လာတဲ့စွမ်းအားရှင်လူသားအဖွဲ့တစ်ဖွဲ့ပဲဖြစ်ပါတယ်။အဖွဲ့ဝင်တစ်ယောက်စီမှာ ချို့ယွင်းချင်ကိုယ်စီရှိကြသလို ဇာတ်လမ်းကိုယ်စီနဲ့ပါ။မတော်တဆမှုတစ်ခုကျောက် ပြစ်ချွဲချွဲမိစ္ဆာတစ်ကောင်အဖြစ်ပြောင်းသွားတဲ့1950ခုနှစ်ကမင်းသမီး Rita Farrကားမှောက်ရာကနေ ဦးနှောက်တစ်ခုပဲအကောင်းအတိုင်းရှင်ကျန်ရစ်ရာကနေChiefရဲ့ကူညီမှုကြောင့် Robotmanဖြစ်သွားတဲ့ Cliffအာကာသယာဉ်မတော်တဆမှုကြောင့် Negative Manဖြစ်သွားရတဲ့ Larryလူတစ်ကိုယ်တည်းနဲ့စိတ်အမျိုးမျိုးဖြစ်နေတဲ့ Crazy Jameနဲ့ Cyborgတိူ့ပါဝင်မှာဖြစ်ပါတယ်။ယခုတစ်ပတ်အပိုင်းမှာတော့ Cyborgမပါသေးပါဘူး။လူတွေနဲ့ဝေးရာအရပ်မှာနေထိုင်ရင်းနဲ့ တစ်နေ့မှာ သူတို့ရဲ့ခေါင်းဆောင်မရှိတုန်းအပြင်လောကကြီး ထွက်လည်လိုက်ရာကနေပြဿနာတွေကိုဖိတ်ခေါ်လိုက်သလိုဖြစ်သွားခဲ့ပါတော့တယ်။ Season 2DC Universe ရဲ့ ပေါက်ကရလူထူးဆန်းတွေနဲ့ ဖွဲ့စည်းထားတဲ့ Doom Patrol တို့ အဖွဲ့ ပြန်လာပါပြီ။ Season 1 အဆုံးမှာ Mr.Nobody နဲ့ ရင်ဆိုင်ပြီးတဲ့နောက် ပန်းချီကားထဲကနေ ပြန်ထွက်လာကြတဲ့အခါ အားလုံးက Danny Street အပါအဝင် အားလုံးက ပိစိကွေးလေးတွေဖြစ်သွားကြပါတယ်။First Episode မှာတော့ အဲဒီပိစိကွေးလေးတွေဘဝနဲ့ သူတို့တွေ ...
7.2
TMDb: 7.2/10 441 votes
tv

Doom Patrol Season (2)+ Season(3)+Season(4)

2019
The Gilded Age (2022) 8.5
The Gilded Age (2022) ဒီစီးရီးက ဘက်ဂျက်အတော်ကြီးကိုသုံးထားပြီး အတော်ကြီးကို ကောင်းပါတယ်။ HBO စီးရီးတွေရဲ့ထုံးစံအတိုင်း ဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ ဆက်တင်တွေပီပီပြင်ပြင်ကြည့်ရမှာပါ။1882 ခုနှစ်၊ အမေရိကန်မှာ သံလမ်းလုပ်ငန်းတွေတွင်ကျယ်လာပြီး စီးပွားရေးအပြောင်းအလဲကြီးတွေ ဖြစ်ပျက်နေတဲ့ကာလ၊ နည်းလမ်းဟောင်းတွေနဲ့ နည်းလမ်းသစ်တွေ တိုက်ခိုက်နေကြတဲ့ Gilded age လို့ခေါ်တဲ့ကာလပါ။ နိုင်ငံရေးမသမာမှုတွေလည်း အတော်များတဲ့ကာလပေါ့။ပန်ဆယ်ဗေးနီးယား ကျေးလက်ဒေသမှာနေထိုင်တဲ့ မာရီယန်ဘရွတ်ခ်ဟာ ဖခင်ဖြစ်သူဆုံးပါးသွားပြီး သူ့ဖခင်နဲ့မသင့်မြတ်ခဲ့တဲ့ နယူးယောက်ကအဒေါ်တွေဆီ မဖြစ်မနေပြောင်းနေရဖို့ ဖြစ်လာပါတယ်။ရည်မှန်းချက်ကြီးတစ်ခုနဲ့ ဘဝသစ်စချင်နေတဲ့ လူမဲမိန်းကလေးပက်ဂီနဲ့တွေ့ရာကအပြန်အလှန်ကူညီဖို့အကြောင်းဖန်လာရင်း အဒေါ်တွေရဲ့အိမ်ကို အတူတူရောက်သွားကြပါတယ်။နယူးယောက်ရဲ့ လူကုံထံတွေဆီပြောင်းလာပြီး ဝင်ဆံ့အောင်ကြိုးစားချင်နေတဲ့ သံလမ်းလုပ်ငန်းပိုင်ရှင် မိသားစုတစ်စုနဲ့ လူသစ်လက်မခံချင်ကြတဲ့ အသိုင်းအဝိုင်းတို့ကြား မယ်ရီယန်တို့ရောက်လာတဲ့အခါ ဘယ်လိုအရှုပ်တော်ပုံတွေ ကြုံကြရမလဲဆိုတာ ရှုစားလိုက်ကြပါတော့။၁၉ရာစုလို စက်မှုထွန်းကားခါစကာလအခြေတည်တဲ့စီးရီးမျိုးတွေကြိုက်ရင်၊ ဇာတ်အိမ်ခိုင်ခိုင်မာမာစီးရီးတွေနှစ်သက်ရင် လုံးဝလက်လွှတ်မခံသင့်​ကြောင်း ပြောလိုက်ပါရစေFile size…400 Mb Quality….Webrip 720p Format…mp4 Duration….60 Min Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyi T Nyein Complete Zip File - Yoteshin ...
8.5
TMDb: 8.5/10 15 votes
tv

The Gilded Age (2022)

2022
Warrior Nun (2020) 8.4
Warrior Nun (2020) Channel Myanmar ပရိတ်သတ်တွေအတွက် အခုတစ်ခါ တင်ဆက်ပေးမှာကတော့ မနေ့တစ်နေ့ကမှ လောလောလတ်လတ် ထွက်ရှိထားတဲ့ Warrior Nun ဆိုတဲ့ အမိုက်စား ရုပ်ရှင်စီးရီးလေးပဲဖြစ်ပါတယ်။ ဒီ Warrior Nun Series ဟာ July 2 ရက်နေ့ကမှ Neflix မှာ စတင်ပြသခဲ့တာဖြစ်ပြီး Stranger Things ရဲ့ vibe ကို ခံစားရစေတယ်လို့ ကြည့်ရှုသူတွေက ဆိုကြပါတယ်။ ဇာတ်လမ်းအကြောင်းလေး ပြောရမယ်ဆိုရင်တော့… ပရိတ်သတ်တို့ ပတ်ဝန်းကျင်မှာ ခရစ်ယာန်သီလရှင်တွေကို မြင်ဖူးပါသလား.. ခရစ်တော်ရဲ့ တရားဓမ္မနဲ့ ပျော်မွေ့တဲ့ မေတ္တာတရားပိုင်ရှင် အေးချမ်းတဲ့မျက်နှာလေးတွေနဲ့ သီလရှင်လေးတွေပေါ့…. ဒါပေမယ့် ဒီဇာတ်လမ်းမှာ ပါဝင်တဲ့ သီလရှင်လေးကတော့ ကမ္ဘာပေါ်ရောက်လာတဲ့ နတ်ဆိုးတွေကို တိုက်ထုတ်ရင်း ဘုရားသခင်ကို ရွပ်ရွပ်ချွံချွံ အမှုတော်ထမ်းမယ့် စစ်သည်တော်သီလရှင်လေးပါ။ သူကတော့ အေဗာ တဲ့….. အသက် ၁၉ နှစ်အရွယ် အေဗာလေးဟာ ရုတ်တရက်သေဆုံးသွားပြီး ရင်ခွဲရုံထဲ ရောက်သွားခိုက် ရုတ်တရက် သေရွာပြန်အဖြစ်နဲ့ ပြန်လည် နိုးထလာတဲ့အခါ……… တဖန်ပြန်လည်ရှင်သန်ခြင်းနဲ့အတူ ငရဲဘုံရော ကောင်းကင်ဘုံကပါ အသည်းအသန်လိုချင်နေတဲ့ အစွမ်းတွေက သူ့ဆီကို မဖိတ်ခေါ်ဘဲ ရောက်လာခဲ့တဲ့အခါ….. တစ်ဖက်မှာလည်း ဘုန်းတော်ကြီးတွေ စစ္စတာတွေနဲ့ ဖွဲ့စည်းထားတဲ့ ဘာသာရေးဂိုဏ်းက အေဗာ့ဆီရောက်သွားတဲ့ စွမ်းအင်ကို အသည်းအသန်လိုက်ရှာရင်း ...
8.4
TMDb: 8.4/10 20 votes
tv

Warrior Nun (2020)

2020
American Gigolo (2022) Complete 8.2
American Gigolo (2022) Complete American Gigolo (2022) Completed Limited Series ~ IMDb rating - 7.5/10 ~  (18+ warning!!!)  နာမည်အတိုင်းပဲ အမေရိကန်မှာ ယောက်ျားဖာ (ဝါ) အပျော်လင် (ဝါ) ဇိမ်ဘဲ လုပ်စားတဲ့ လူတစ်ယောက်ရဲ့ ဇာတ်ကြောင်းပါ။ စစဖွင့်ချင်းက‌တော့ သူဟာ အိပ်ရာတစ်ခုထဲနိုးလာပါတယ်။ သူ့တစ်ကိုယ်လုံးသွေးတွေပေနေပြီး လက်ထဲမှာ ဓားတစ်ချောင်းလည်းရှိနေပါတယ်။ ဘေးမှာတော့ သူ့ဖောက်သည် လည်ပင်းကို ဓားနဲ့ဟက်တက်ခွဲခံရပြီးသေနေပါတယ်။ ဒီတော့ သူ့ကို စုံထောက်တွေက စစ်ဆေးပေမဲ့ သူက ဘာမှမှတ်မိမနေပါဘူး။ ဒီလိုနဲ့ သူ ထောင်ကျသွားပါ‌လေရော။ တရားခံအစစ်မိလို့ လွတ်လာတဲ့အခါမှာ စုံထောက်တွေက တရားခံကို ခိုင်းတဲ့သူဘယ်သူလဲ မေးပေမဲ့ တရားခံကမပြောပါဘူး။ ဇိမ်ဘဲကြီးကို ဒုက္ခရောက်အောင်လုပ်တာ ဘယ်သူလဲဆိုတာကို အပိုင်းတစ်မှာတင် ဖြစ်နိုင်ချေအမျိုးမျိုးပြပြီး စိတ်ဝင်စားစရာကောင်းအောင် ဆွဲခေါ်သွားရင်း သူ့ရဲ့ဘဝဇာတ်ကြောင်းကိုပါ ခြေရာပြန်ကောက်ပြသွားပါတယ်။ စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းတွဲလေးပါပဲ။ 1980 မှာ ထွက်ခဲ့ပြီး ...
8.2
TMDb: 8.2/10 5 votes
tv

American Gigolo (2022) Complete

2022
The Golden Spoon (2022)
The Golden Spoon (2022) MBC ကနေ Big Mouth အစားအပတ်စဉ် သောကြာ စနေတိုင်းထုတ်လွှင့်ပြသသွားမယ့် "Golden Spoon"...မှင်စာကားထဲက မင်းသားရဲ့တူဖြစ်တဲ့ဒေါ့ဟွာလေးကို မှတ်မိပြီးMystic Pop-Up Bar ကြည့်ဖူးတဲ့သူဆိုဒီကားကို လုံးဝ ကြည့်ချင်ကြမှာ ပြောရဲပါတယ်...ဟုတ်ပါတယ် အဓိကဇာတ်ဆောင်ကBTOB အဖွဲဝင်ဖြစ်ခဲ့တဲ့ အဆိုတော်မင်းသား Yook Sung-Jae ပါပဲဇာတ်လမ်းလေးကလည်းအတော်စိတ်ဝင်စားဖိုကောင်းပါတယ်ကိုရီးယားနိုင်ငံမှာ အဆင့်အတန်းကို ရွှေဇွန်း ၊ ငွေဇွန်း ဆိုပြီးခွဲခြားပြောတတ်ကြတာကို ကြားဖူးမှာပါLee SeungCheon ဆိုတဲ့ အထက်တန်းကျောင်းသားလေးဟာဆင်းရဲတဲ့မိဘတွေနဲ့ တစ်ဘဝလုံး ငွေဇွန်းလိုအပြောခံပြီးရုန်းကန်ကြီးပြင်းလာခဲ့ရတယ်နုံချာတဲ့ အသိုင်းအဝိုင်းကို စိတ်ကုန်နေပြီးချမ်းသာချင်နေတဲ့အချိန်မှာ တိုက်ဆိုင်စွာနဲ့အဘွားအိုကြီး တစ်ယောက် ဈေးရောင်းနေတာကိုကြားလိုက်ရတယ်"မချမ်းသာချင်ဘူးလား?ချမ်းသာအောင်လုပ်ပေးမယ့် ရွှေဇွန်းလေးတစ်ချောင်းတည်းကို ဝမ် သုံးသောင်းတည်းပါ"Seung-Cheon စိတ်ဝင်စားသွားပြီးရွှေဇွန်းကို ဝယ်တဲ့အခါ အဘွားအိုက ဒီလိုမှာလိုက်တယ်"ချမ်းသာတဲ့ မင်းနဲ့ရွယ်တူတစ်ယောက်အိမ်မှာဒီရွှေဇွန်းနဲ့ ထမင်းသုံးနပ်အတူစားပါ အဲလိုဆိုသူ့မိဘတွေက မင်းမိဘတွေဖြစ်လာလိမ့်မယ်"သူလည်း အဘွားအိုပြောတဲ့အတိုင်းအရမ်းချမ်းသာတဲ့ သူနဲ့ရွယ်တူ သူငယ်ချင်းHwang Tae-Yong ရဲ့ အိမ်မှာ အဲရွှေဇွန်းနဲ့ထမင်းသုံးနပ်စားလိုက်တယ် သိပ်မကြာခင်မှာပဲသူ့ရဲ့ ဘဝပြောင်းလဲသွားပါတော့တယ်... **********Yook SungJae ...

The Golden Spoon (2022)

2022
Light Chaser Rescue (2022)
Light Chaser Rescue (2022) Ebola Fighters (2021) အပြီး ထပ်ရောက်လာတဲ့စေတနာဝန်ထမ်းတွေရဲ့ ဘဝတစ်စိတ်တစ်ပိုင်းနဲ့ကယ်ဆယ်ရေးကြားထဲကအချစ်တေးသွားအသစ်လေးတစ်ပုဒ်ဖြစ်တဲ့Light Chaser Rescue (The Light of Life) ကိုCM Chinese ကဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်....{ ဇာတ်လမ်းအကျဉ်း }ရှီချွမ်းမှာဖြစ်ပွားတဲ့ငလျင်ဘေးဒဏ်ကြောင့်လုပ်ငန်းနယ်ပယ်အသီးသီးကမတူညီတဲ့သူတွေက ရှီချွမ်းမှာလာဆုံကြပြီးစေတနာ့ဝန်ထမ်းလာလုပ်ပေးခဲ့ကြတယ်ရှေ့နေဖြစ်တဲ့ လော့ပန်း(Luo Yunxi)ဟာသူ့ရဲ့ညီမဖြစ်သူကိုစိတ်ပူလို ထိုငလျင်ဒေသကိုသွားခဲ့ရာမှကယ်ဆယ်ရေးလုပ်သားစေတနာ့ဝန်ထမ်းတွေကိုကြည့်ရင်း ပီတိဖြစ်ခဲ့တယ်ဒါ့ကြောင့်သူကိုယ်တိုင်လည်းကယ်ဆယ်ရေးအဖွဲထဲဝင်ရောက်ခဲ့ပြီးစေတနာ့ဝန်ထမ်းဆရာဝန်မလေးကျန်းယန် (Wu Qian)နဲ့ဆုံတွေ့ခဲ့တယ်..အဲ့ဒီဒေသမှာ အရင်တုန်းက သူနဲ့သိကျွမ်းခဲ့ဖူးတဲ့ကျန်းယန်က အရင်နဲ့မတူတော့ဘဲစိတ်သဘောထားကောင်းတဲ့ဆရာဝန်မလေးအဖြစ်ပြောင်းလဲတာကိုမြင်ပြီး သူကလည်း ကျန်းယန်အပေါ်အကောင်းမြင်စိတ်တွေပြောင်းသွားခဲ့တယ်။ဒီကားမှာ စေတနာ့ဝန်ထမ်းတွေရဲ့ဘဝနဲ့အခက်အခဲတွေကိုမြင်ရပါမယ်ထူးထူးခြားခြား NGOအဖွဲအစည်းကလည်းဒီကားဖြစ်မြောက်အောင် ပံ့ပိုးထားသေးတာမိုတကယ့် လက်တွေ့ဘဝနဲ့ နီးစပ်မှာသေချာပါတယ်...ဇာတ်လိုက်တွေဖြစ်တဲ့ Wu Qianနဲ့ Luo Yunxiဟာဆိုရင်လည်း"My Sunshine" နဲ့ "A Lifetime Love"ဆိုတဲ့ဇာတ်လမ်းတွဲနှစ်ခုမှာဆုံခဲ့ဖူးပြီးသားဖြစ်ပြီးအခုဒီကားလေးကတော့ သူတိုနှစ်ယောက်ရဲ့သုံးကားမြောက် collab ဇာတ်ကားမိုchemistry ထိမိမှာ အသေချာပါပဲ...(အညွှန်းရေးသားထားသူကတော့ Chu Chu ဖြစ်ပါတယ်)Quality : WEB-DL 720p,1080pTotal Episodes : 40Format : mp4Genres : ...

Light Chaser Rescue (2022)

2022
The Patient (2022) 7.231
The Patient (2022) The Patient (2022) ============== IMDb Rating - 7.3/10Hulu ကနေ အသစ်ပြသလာတဲ့ Drama, Mystery, Thriller series အသစ်လေးကို တင်ဆက်ပေးချင်ပါတယ်။ Rating 7.3/10 ရရှိထားပြီးအတော်လေးစိတ်ဝင်စားဖို့လည်း ကောင်းပါတယ်။ဇာတ်လမ်းအကျဥ်းလေးပြောရရင် စိတ်ရောဂါကုထုံးဆရာဝန်တစ်ယောက် ဒေါက်တာ စရတ်က မကြာသေးခင်က မိန်းမဆုံးပါးသွားလို့ ဝမ်းနည်းပူဆွေးနေသူတစ်ဦးပါ။ ပုံမှန် အတိုင်း လူနာတွေနဲ့ စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး ဆွေးနွေးလေ့ရှိပြီး သာမန်ဘဝ တစ်ခုမှာ ကျင်လည်နေပါတော့တယ်။ တစ်ရက် သူ့ဆီလာပြတဲ့ လူနာတစ်ယောက်က ဒေါက်တာ့ကို ပြန်ပေးဆွဲသွားပြီး လူမသိသူမသိတဲ့ တောထဲက အိမ်တစ်အိမ်ကို ခေါ်သွား ပါတော့တယ်။အဲ့ဒီလူနာက ဘယ်သူလဲ.....ဒေါက်တာ စရတ်ကို ဘာကြောင့်ဖမ်းခေါ်သွားတာလဲ....... ဒီဇာတ်ကားကတော့ Psychology နဲ့ပတ်သက်ပြီး စိတ်ဝင်စားတဲ့သူတွေ ကြိုက်နှစ်သက် မယ်လို့ မျှော်လင့်ပါတယ်။ Season 1မှာ အပိုင်း ၁၀ ပိုင်းပါဝင်ပြီး တစ်ပတ်ကို တစ်ပိုင်းနှုန်းနဲ့ ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။ (ဒီစီးရီးရဲ့ အညွှန်းနဲ့ ဘာသာပြန် ရေးသားပေးသူကတော့ Parris ဖြစ်ပါတယ်။)File Size.............(400 MB) / (800 ...
7.231
TMDb: 7.231/10 13 votes
tv

The Patient (2022)

2022
One Dollar Lawyer(2022)[Complete]
One Dollar Lawyer(2022)[Complete] One Dollar Lawyer(2022)***********************အပိုင်း ( ၁ မှ ၁၂ ) ထိ စ/ဆုံးNamkoong Min ရဲ့ ဇာတ်ရုပ်အများစုဟာအပြုံးအရယ်နည်းတယ်..ဉာဏ်ရည်မြင့်တဲ့ဇာတ်ရုပ်တွေနဲ့ထီမထင်သူ့ဟန်ပန်ကြောင့် အတော်များများသဘောကျကြတယ်..ဟာသ အချစ်တွေ နဲ့ အပန်းဖြေဇာတ်ကွက်တွေ တစ်စက်တောင်မပါလင့် ကစား ဒီဘဲကြီးရဲ့စီးရီးတွေ နင်းကန်ကြည့်ကောင်းနေတယ်... Doctor Prisoner,Hot Stove League,Awaken, The Veil တို့ တင်မဟုတ် Remember: War of the Son , Can You Hear My Heartတို့လိုဗီလိန်ဇာတ်ရုပ် ထဲတောင်ကြွေအောင်သရုပ်ဆောင်နိုင်တဲ့ဒီဘဲကြီးဟာ အခု စီးရီးကလည်း လန်းဖို့အတော်များတယ်.. ဒီစီးရီးထဲမှာ သူဟာ  ရှေ့နေဖြစ်တယ်..ထူးဆန်းတာက သူ့ရဲ့ ရှေ့နေငှါးခကတော့ တစ်ဒေါ်လာပဲကျသင့်ပါသတဲ့... သို့ပေမဲ့ ရှေ့နေအသိုင်းအဝန်းထဲမှာတော့ သူဟာ ဆရာကျတဲ့အထဲမှာပါတယ်... သူ့ရဲ့ အဓိက ပစ်မှတ်တွေကတော့ လူကုံထံ ငညစ်တွေနဲ့ အဲ့အသိုင်းအဝိုင်းကို ရှေ့နေ့လုပ်ပေးပြီး ဉပဒေလက်တစ်လုံးခြာလုပ်နေတဲ့ အဖွဲ့တွေကို ကောင်းကောင်းကြီး ရိုက်ချိုး သမဖို့ပါတဲ့..ဘယ်လိုတွေ လန်းနေမလဲဆိုတာကိုတော့ ....Episodes: 16 Aired: Sep 23, 2022 - Nov 12, 2022 Aired ...

One Dollar Lawyer(2022)[Complete]

2022
Mr. Midnight: Beware the Monsters (2022) S01 Complete 6
Mr. Midnight: Beware the Monsters (2022) S01 Complete Mr. Midnight: Beware the Monsters (2022) Season 01 Complete ငယ်ငယ်က ဆရာသက်ဦးလွင် ဘာသာပြန်တဲ့ James Lee ရဲ့ Mr. Midnight စာစဥ်အတွဲလိုက်တွေကို ဖတ်ဖူးတဲ့ ကြောက်ခဲ့ဖူးတဲ့ မစ္စတာမစ်နိုက်ဖန်တွေ ရှိမယ်ထင်ပါတယ်။ ခုစီးရီးကတော့ အဲဒီစာအုပ်တွေကို မှီငြမ်းထားပြီး မစ္စတာမစ်နိုက်ဖန်တွေအတွက်တင်မကဘဲ သရဲခြောက်တဲ့အိမ်တွေ နေရာတွေကို လိုက်သွားရင်း ဇစ်မြစ်ရှာ သရဲတွေချွတ်တာကို သဘောကျတဲ့ Supernatural ဖန်တွေအတွက် သရဲချွတ်တဲ့ သရဲရှာတဲ့ကလေးတွေရဲ့ စီးရီးအသစ်ကလေးပေါ့။ James Lee ရဲ့ စာအုပ်‌တွေဟာ စင်ကာပူကထုတ်တာဖြစ်သလို ဒီစီးရီးကိုလည်း စင်ကာပူကပဲထုတ်တာပါ။ ကျွန်တော့်အတွက်တော့ ပထမဆုံးကြည့်ဖူးတဲ့ စင်ကာပူရုပ်ရှင်လည်းဟုတ်ပါတယ်။ ဇာတ်လမ်းကတော့ ကလေးသုံးကောင် ယူကျူ့ချန်နယ်ထောင်ပြီး သရဲခြောက်တဲ့နေရာတွေအကြောင်း တင်ကြပါတယ်။ တစ်နေ့မှာတော့ သူတို့ထဲက ကောင်လေးက ဝိညာဥ်တွေကို မြင်လာနိုင်ပြီး ပရလောကနဲ့ လူ့လောကကြား နှစ်ဖက်လုံးနဲ့ ချိတ်ဆက်နိုင်တဲ့ နတ်ဝင်သည်ဖြစ်လာပါတယ်။ ...
6
TMDb: 6/10 1 votes
tv

Mr. Midnight: Beware the Monsters (2022) S01 Complete

2022
Ultraman – Season (02) 7.047
Ultraman – Season (02) Ultraman season 2 (2022) ====================== IMDb Rating - 6.8/10Netflix ရဲ့ Anime ဇာတ်လမ်းကောင်းတစ်ခုဖြစ်တဲ့ Ultraman season 2 ဖြစ်ပါတယ်။ အာထရာမန်း fan တွေဆိုရင် ဒီ series က season 1 မှာထဲက လက်ရာဘယ်လောက်ကောင်းလဲသိပါတယ်။ အခု season 2 မှာလည်း စိတ်ပျက်မိစေမှာမဟုတ်ပါဘူး။ဇာတ်လမ်းအညွှန်းကတော့ နယူးယောက်မှာ ရုတ်တရက် နေ့ခင်း ကြောင်တောင် လူသွားလမ်းကြီးမှာ လူအုပ်လိုက် ပျောက်ဆုံးမှုဖြစ်သွား ပါတယ်။ ဒါကို သက်ဆိုင်ရာအာဏာပိုင် သတင်းထောက်တွေကလည်း အဖြေရှာနေကြပြီး မစဉ်းစားတတ်နိုင်အောင်ဖြစ်နေပါတယ်။ လျှို့ဝှက် အဖွဲ့အစည်းတွေကတော့ ဒီကိစ္စက ဂြိုလ်သားသက်ရှိတွေပါဝင်ပတ်သက် နေရမယ်ဆိုပြီးပြောထားပါတယ်။ဒီလိုနဲ့ ဒုတိယအကြိမ်အဖြစ် ဂျပန်မှာလည်း လူတွေပျောက်သွားပြန်ပါတယ်။ ဒီအခါမှာတော့ ကမ္ဘာကြီးကို ပါဝင်မယ့် အာထရာမန်းတွေပါဝင်လာခဲ့ပြီး၊ နောက်ကွယ်က တရားခံကို စုံစမ်းနိုင်ခဲ့ပါတယ်။ ဝါဒိုရန်ဆိုတဲ့ ဂြိုလ်သားမျိုးစိတ် တွေဟာ မျိုးတုံးခါနီးအခြေအနေနဲ့ရင်ဆိုင်ရတဲ့အတွက် လူသားတွေကိုပြန်ပေး ဆွဲပြီး ကပ်ပါးကောင်အနေနဲ့ နေထိုင်တာဖြစ်ပါတယ်။ နောက်ကွယ်က Villainကြီး ကလည်း တစ်ကမ္ဘာလုံးက လူတွေမပျောက်ချင်ရင် ကမ္ဘာမြေတစ်ဝက် သူ့လက်ထဲ ထည့်ပါဆိုပြီးခြိမ်းခြောက်လာပါတယ်။ ဒါကို ...
7.047
TMDb: 7.047/10 2100 votes
tv

Ultraman – Season (02)

2019
2 Good 2 Be True(2022)[Complete] 7.8
2 Good 2 Be True(2022)[Complete] 2 Good 2 Be True(2022) ဇာတ်လမ်းတွဲ*********************************အပိုင်း (၁ မှ ၁၃၀) ထိ စ/ဆုံးကဲ ဒီတစ်ခါတော့ ကိုရီးယားလည်းမဟုတ် ဂျပန်လည်းမဟုတ် အင်္ဂလိပ်လည်းမဟုတ်တဲ့ဖိလစ်ပိုင်ဇာတ်လမ်းတွဲလေးကိုတင်ဆက်ပေးမှာပါ... ဖိလစ်ပိုင်ကားလို့ပြောလိုက်တာနဲ့ လူတိုင်းက Kathrine နဲ့ Daniel တို့အတွဲကိုပြေးမြင်ကြဖို့များပါတယ်... ဖိလစ်ပိုင်တွေက တကယ့်အတွဲတွေကိုပဲ Chemistry ရှိရှိနဲ့ ရိုက်ကူးလေ့ရှိကြတာမလို့ KathNiel လို့ Nickname ရထားတဲ့ Real Life Couple ကို မြန်မာပရိသတ်တွေကစိမ်းနေမှာမဟုတ်ပါဘူး..."She's Dating the Gangster", "Crazy Beautiful You","Can't Help Falling in Love", "The Hows of Us"....အစရှိတဲ့ ဇာတ်ကားတွေက နှစ်ယောက်လုံးရဲ့ Chemistry မိ/မမိ ကို မြင်သာထင်သာရှိစေပါတယ်... သူတို့ရိုက်သမျှကားတိုင်းဟာ ဇာတ်လမ်းပြီးတိုင်းရင်ထဲစွဲသွားစေတာရှိသလို ရိုရင်လည်း အားလုံးက ငေးမောအားကျနေရလောက်အောင်ပါပဲ.. အရမ်းကိုလည်း သဘာဝကျပြီး နှစ်ယောက်လုံးက ကျရာဇာတ်ရုပ်မှာ ပိုင်နိုင်တာမလို့... အခု "2 ...
7.8
TMDb: 7.8/10 39 votes
tv

2 Good 2 Be True(2022)[Complete]

2022
Bad Prosecutor (2022) 10
Bad Prosecutor (2022)  EXO ရဲ့ ACE တစ်ဦးဖြစ်တဲ့ Doh KyungSoo နဲ့ Lee SeHee တို့ရဲ့ အကြမ်းအရမ်း Law ကားလေးလာပါပြီ ။Jin Jung (Doh KyungSoo)ဆိုတဲ့ တရားမျှတမှုရဲ့ ဘက်တော်သား အမှုစစ်ဟာ အားနည်းပြီးအနိုင်ကျင့်ခံရသူတွေအတွက်ကြင်နာမှု ၊ လူမဆန်တဲ့သူတွေအတွက် ရက်စက်ကြမ်းကြုတ်တဲ့ နည်းလမ်းနဲ့အပြစ်ပေးတတ်သူဖြစ်ပါတယ် ။Shin Ah Ra (Lee SeHee) ကတော့ ခေါင်းအေးအေးထားပြီး တရားဥပဒေဘောင်ထဲက လုပ်ကိုင်တတ်တဲ့ ရှေ့နေတစ်ဦးဖြစ်ပါတယ် ။မတူညီတဲ့အကျင့်စရိုက်တွေနဲ့ သူတို့နှစ်ဦးဟာ တူညီတဲ့ရန်သူအတွက်အလုပ်အတူတူတွဲလုပ်ဖို့ဖြစ်လာတဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲ ?KBS ကထုတ်လွှင့်ရိုက်ကူးသွားမှာဖြစ်ပြီး အပိုင်း 12ပိုင်းပါဝင်ပါမယ် ။Native Title: 진검승부v Episodes: 12 Aired: Oct 5, 2022 - Nov 10, 2022 Aired On: Wednesday, Thursday Original Network: KBS2, Netflix Duration: ...
10
TMDb: 10/10 2 votes
tv

Bad Prosecutor (2022)

2022
Love in Contract (2022)
Love in Contract (2022) Love in contract (2022)အားလုံးရဲ့အချစ်တော် အတွင်းရေးမှူးမလေးအဖြစ် လူသိများကြတဲ့ Unnie Park Min Young ရဲ့ ထူးထူးခြားခြား ကားသစ်လေး ထွက်ရှိလာပါပြီ။Unnie ကတော့ ထူးခြားပြီး ချစ်စရာကောင်းတဲ့ character တွေကို သရုပ်ဆောင်နေကျအတိုင်းပဲ ဒီကားလေးမှာလည်း Single ဘဝကို ပြီးပြည့်စုံစွာ ဖြတ်သန်းချင်သူတွေအတွက် Partner အဖြစ် ဝန်ဆောင်မှုပေးတဲ့ ထူးခြားထက်မြက်တဲ့ character (Choi Sang Eun)အဖြစ် သရုပ်ဆောင်သွားမှာပါ။လောကကြီးမှာ ရှင်သန်ရင်းနဲ့ "ဇနီးသည်" တစ်ယောက် လိုအပ်တဲ့ အခိုက်အတန့်တွေ ရှိတတ်ပါတယ်တဲ့။ ပြောရရင် ကျောင်းသားဟောင်းပြန်လည်တွေ့ဆုံပွဲတွေ၊ အိမ်ထောင်သည်သူငယ်ချင်းတွေ ‌တွေ့ဆုံပွဲလုပ်တဲ့အခါမျိုးတွေမှာပေါ့။ အဲဒါကိုသိတဲ့ Choi Sang Eun က Partner အဖြစ် service ပေးတဲ့အလုပ်ကို စလုပ်လိုက်ပြီးတော့ client တွေနဲ့ စာချုပ်ချုပ်ဆိုပါတယ်။ အဲဒီထဲကမှ တစ်ခုက Jung Ji Ho နဲ့ ၅ နှစ် စာချုပ်ချုပ်ဆိုပြီး အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့တွေမှာ ...

Love in Contract (2022)

2022
Panhandle (2022) 6.8
Panhandle (2022) Panhandle (2022) ============= IMDb Rating - 6.8/10‌ဘဲလ်ပရက်စ်ကော့ ဆိုတဲ့ ဇီဇာကြောင်တဲ့ သူဌေးတစ်ယောက်နဲ့ ကမ်မီလော့ဒ်ဆိုတဲ့ အလုပ်လုပ်ရတာစိတ်မပါတဲ့ ယာဉ်ထိန်းရဲမေရယ်၊ သူတို့နှစ်ယောက် လူသတ်မှုတစ်ခုအကြောင်းစုံစမ်းတာကို ရိုက်ကူး ပုံဖော်ထားတဲ့ဇာတ်လမ်းတွဲလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း ဘဲလ်က မိန်းမဖြစ်သူ ဗီဒါ တရားခံမပေါ်ဘဲ အသတ် ခံလိုက်ရပြီးကတည်း အိမ်တွင်းအောင်းနေတဲ့ ကိုဇီဇာကြောင်သူကြီးပေါ့။ အဲဒီနောက်ငါးနှစ်ကြာပြီးတဲ့ တစ်ရက်မှာ သူ့ခြံဝင်းထဲမှာ ဘယ်ကမှန်းမသိတဲ့ လူသေအလောင်းတစ်လောင်းပေါ်လာရော အဲဒါနဲ့ ရဲခေါ်လိုက်တော့ ဇာတ် လိုက်ရဲမေဖြစ်တဲ့၊ ကားပြေစာရေးတဲ့ယာဉ်ထိန်းရဲမေတစ်ယောက်ရောက် လာတယ်။ တိုက်ဆိုင်ချင်တော့ အဲဒီအ‌လောင်းက သူ့မိန်းမအသတ်ခံရတဲ့ အမှုနဲ့ ဆက်နွယ်နေတယ်ဆိုတာကို သူတို့ရှာတွေ့သွားတယ်။ ဒါကိုသူတို့ ဘယ်လိုဆက်ပြီးဖော်ထုတ်မလဲ၊ သူ့မိန်းမကိုရော ဘယ်သူက သတ်သွားတာလဲ ဆိုတာကို ဟာသနှောနှောနဲ့ ဒရာမာဆန်ဆန် ကြည့်ရှုရမယ့် မှုခင်းဇာတ်လမ်းတွဲ လေးပဲဖြစ်ပါတယ်။အပတ်စဥ်(၁)ပိုင်းနှုန်းနဲ့ထွက်ရှိတာဖြစ်ပြီး cm မှထွက်သမျှအပိုင်းအားလုံးကို အပတ်စဥ်တင်ဆက်ပေးသွားပါမည်။ (ဒီစီးရီးရဲ့ အညွှန်းနဲ့ ဘာသာပြန် ရေးသားပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်။)File Size.............(350 MB) / (700 MB) Quality...............WEB-DL 720p / 1080p Duration............50Mins(@Episode) Subtitle..............Myanmar Hardsub Format...............MP4 Genre.................Crime, Drama Translator..........Khant Sett Naing Encoder..............SWM720P (350 ...
6.8
TMDb: 6.8/10 1328 votes
tv

Panhandle (2022)

2022
DC’s Stargirl – Season(03) 7.2

DC’s Stargirl – Season(03)

2022
The Thing About Pam ( Season1) (2022)
The Thing About Pam ( Season1) (2022)  ပရိသတ်ကြီးရေ ဒီတစ်ခါတော့ သပွတ်အူကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် တခါတလေ အချစ်ကြီးရင် အမျက်ကြီးတတ်တာတို့ သူငယ်ချင်းအရင်းကြီး နောက်ကျောက ဓားနဲ့ထိုးခံရတယ် ဆိုတာတို့က အရပ်ထဲမှာ ပေါပေါများများ သုံးနေကြတဲ့စကားတွေပါပဲ နောက်ကျောကို ဓားနဲ့ အချက်၅၀လောက် ထိုးသွားပြီဆိုရင်တော့ အဲဒီ သူငယ်ချင်းကိုလည်း စိတ်ပြန်ဆိုးလို့ရမှာမဟုတ်တော့ပါဘူး နောင်သံသရာတကွေ့မှာပဲ တွေ့ဖို့ စောင့်ပေရောပဲပေါ့ ဇာတ်လည်အကျဉ်း ပန်း ဆိုတဲ့ အောင်မြင်နေတဲ့အမျိုးသမီးစီးပွားရေး လုပ်ငန်းရှင်တစ်ယောက်မှာ ကင်ဆာရောဂါ ခံစားနေရတဲ့ အချစ်ဆုံး သူငယ်ချင်းတစ်ယောက်ရှိနေတာပါ ပန်း က သူ့သူငယ်ချင်းကို အသေးစိတ်ကနေ ဂရုစိုက်ပေးပေမဲ့ သူ့ သူငယ်ချင်းယောကျာ်းကိုတော့ ကြည့်မရပါဘူး ပန်း ရဲ့ သူငယ်ချင်းကလည်း ကင်ဆာ ရောဂါကို ခံစားနေရတော့ သူ့သမီးလေးတွေကို သူ့အမေအိမ်မှာ ထားပြီး ပိတ်ရက်တွေမှ သွား သွားလည်နေတာပေါ့လေ အဲဒီလိုနဲ့ တစ်နေ့ ပန်း ရဲ့ သူငယ်ချင်းက ကင်ဆာဆေးသွင်းပြီး သူ့အမေအိမ်မှာ နေမလို့လုပ်တုန်း ပန်း ...

The Thing About Pam ( Season1) (2022)

Love in Time (2022)
Love in Time (2022) Ke Zhen Yu ကရှေ့နေတစ်ယောက်ဖြစ်ပြီးသူလိုက်သမျှ အမှုတိုင်းရှုးတယ်ဆိုတာမရှိတဲ့အတွက်ကြောင့်မာနထောင်လွှားနေတဲ့သူပါ တစ်နေ့မှာဂျူဒိုနည်းပြတစ်ယောက်ပါဝင်တဲ့လူသတ်မှုကိုတာဝန်ယူရာကနေ အလုပ်ဆုံးရှုးရုံသာမကသက်သေအတုလုပ်မှုနဲ့ စုံစမ်းရေးမှူး Mu si ming ဆီကနေတရားစွဲခံရပါတော့တယ် ချက်ချင်းဆိုသလိုအောက်ဆုံးကိုရောက်သွားတဲ့ Ke Zhen Yu တစ်ယောက်တိုက်ခန်းအဟောင်းလေးကိုပြောင်းရွှေ့သွားပြီးနောက်ပိုင်းထူးဆန်းမှုတွေစဖြစ်လာပါတော့တယ်အဲ့ဒါကတော့ ညတိုင်း ၁၀နါရီ၆မိနစ်ရောက်တဲ့ချိန်တိုင်းအမျိုးသမီးအိမ်ငှားတစ်ယောက်ယောက်ပေါ်ပေါ်လာပါပဲKe Zhen Yu တစ်ယောက် အစကတော့သရဲမြင်တယ်လိုထင်ပေမယ့် တကယ်တန်းကတော့တက်သစ်စသတင်းထောက်မလေး Cheng Jia Leဖြစ်နေပါတော့တယ် လွန်ခဲ့တဲ့လေးလကြာအချိန်မှာနေထိုင်တဲ့သတင်းထောက်မလေးနဲ့ ယခုလက်ရှိအချိန်မှာနေထိုင်တဲ့ရှေ့နေကောင်လေးတို မထင်မှတ်ဘဲတွေ့ဆုံကြတဲ့အခါရှေ့နေတစ်ယောက် သူရဲ့အတိတ်ကိုပြောင်းလဲဖိုအတွက်သတင်းထောက်မလေးကိုအသုံးချရာကနေသူတိိနှစ်ယောက်ကြား ဘယ်လိုတွေဆက်ဖြစ်မှာလဲရှေ့နေ Ke Zhen Yu ကိုအောက်ဆုံးထိ ရောက်သွားစေတဲ့လူသတ်မှုနောက်ကွယ်မှာရောဘယ်လိုအကြောင်းအရာတွေရှိနေမှာလဲစုစုပေါင်း၂၄ပိုင်းပါဝင်ပြီးနေ့စဥ်ထုတ်လွှင့်သွားမှာဖြစ်ပါတယ်(အညွှန်းရေးသားထားသူကတော့ Shwe Pyae Sone ဖြစ်ပါတယ်)Quality : WEB-DL 720p,1080pTotal Episodes : 24Format : mp4Genres : Comedy, Romance, Fantasy, Sci-fiDuration : 45 min per EpisodeSubtitle : ...

Love in Time (2022)

Genres

Archives