Channel Myanmar

Content at random


TV Series

Another Miss Oh(2016) 8.2
Another Miss Oh(2016) Another Miss Oh(2016) ဇာတ်လမ်းတွဲ**********************************အပိုင်း ( ၁ မှ ၁၈) ထိ စ/ဆုံးWHY HER (2022) ဇာတ်လမ်းတွဲထဲက မမ အိုဆူဂျယ်ရဲ့ဇာတ်လမ်းတွဲကောင်းဖြစ်တဲ့ ဒီစီးရီးလေးကိုတင်ဆက်ပေးလိုက်ပါတယ်..ဒီဇာတ်လမ်းတွဲဟာ သူမရဲ့အကောင်းဆုံးစီးရီးတွေထဲက တစ်ခုဖြစ်လို့အားပေးတဲ့သူလည်း များပြားလှပါတယ်...ဒါ့ကြောင့် CM ကနေ ရုပ်ထွက်အကောင်းဆုံး 1080Pလေးနဲ့တင်ဆက်ပေးလိုက်တာမို့ မိုးအေးအေးလေးနဲ့ခံစားချင်သူများအတွက်အဆင်ပြေမယ်လို့ထင်ပါတယ်...ဒီဇာတ်လမ်းတွဲထဲမှာတော့ သူမက မင်္ဂါလာဆောင်ခါနီး တစ်ရက်အလိုမှာတင်သတို့သားနဲ့ သတို့သားနဲ့ ခွာပြဲခဲ့တာကြောင့် မိသားစုအသိုင်းအဝန်းကြားမျက်နှာပျက်ခဲ့ရပါတယ်...ဒါ့အပြင် အလုပ်မှာလည်းအဆင်မပြေမှုများစွာနဲ့ဖြတ်သန်းနေရတဲ့ကောင်မလေးပေါ့...ဒီလိုကံကြမ္မာဆိုးဟာ တကယ်တော့ ယောင်္ကျားလေးတစ်ယောက်ကြောင့်ဖြစ်ရတယ်ဆိုလည်းမမှားပါဘူး...ဒီလိုယောင်္ကျားနဲ့ဆုံဖို့ အကြောင်းဖန်လာတဲ့အခါမှာတော့...ဒီဇာတ်လမ်းတွဲဟာ ရယ်ရတဲ့အခိုက်အတန့်တွေလည်းရှိသလိုသနားရ ဝမ်းနည်းရ ကြည်နူးရနဲ့မို့ ရသစုံလင်တဲ့ဇာတ်လမ်းတွဲလေးလို့လည်းဆိုနိုင်ပါတယ်...မင်းသား,မင်းသမီးတွေကလည်းနာမည်ကြီးတွေမို့ ခံစားကြည့်ကြပါဦး..Episodes: 18Aired: Jun 10, 2022 - Jul 23, 2022File Size: 1.4GB & 500MBQuality :Web-DL 1080p,720pGenres: Comedy, Romance, LifeTranslated by Hnin Wut Ye,ChitThe, Estel,So Ri,Thynn ...
8.2
TMDb: 8.2/10 152 votes
tv

Another Miss Oh(2016)

2016
A Dream of Splendor (2022)
A Dream of Splendor (2022) CM ချစ်ပရိသတ်ကြီးတွေအတွက် CM ကနေA Dream of Splendor ဆိုတဲ့ကားလေးနဲ့မိတ်ဆက်ပေးလိုက်ချင်ပါတယ်။ဇာတ်လမ်းထဲမှာပါတဲ့ cast တွေကတော့(2006) သိမ်းဌက်သူရဲကောင်းဇာတ်ကားထဲမှာဂူးဂူးအဖြစ် လူသိများတဲ့ Liu Yi Fei ,The Romance of the Condor Heroes (2014) ဇာတ်ကားထဲမှာYang Guo အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Cheng Xiao တိုကပါဝင်သရုပ်ဆောင်ထားပြီး ဂူးဂူးရဲ့ (၁၅) နှစ်ကျော်မှာcomeback အနေနဲ့ပြန်လာတဲ့ဇာတ်လမ်းတွဲလေးလည်းဖြစ်တော့သေချာပေါက်ကောင်းမွန်တဲ့ဇာတ်ကောင်းကောင်းလေးဖြစ်မှာအသေအချာပါဘဲနော်ဇာတ်လမ်းအကျဉ်းလေးကတော့ဟန်ကျိုးမြိုမှာအခါးရည်ဆိုင်လေးဖွင့်ထားတဲ့ Zhao Pan Er ကတစ်နေ့မှာသတိုသားလောင်းဖြစ်တဲ့ Ou Yang Xu ဆီကမြိုတော်မှာစာမေးပွဲအောင်ကြောင်းသတင်းကြားသိရတဲ့တစ်ချိန်တည်းမှာဘဲ Zhao Pan Er ကိုမျိုးရိုးနိမ့်လိုဆိုတဲ့အကြောင်းပြချက်နဲ့စေ့စပ်ပွဲဖျက်သိမ်းကြောင့်သတင်းပါကြားသိရတာပေါ့။ဒီလိုနဲ့ Zhao Pan Er ကလက်မခံနိုင်ပဲမြိုတော်ဆီသွားပြီးတရားမျှတမှုကိုရအောင်ရှာမယ်ဆိုပြီးကတိပြုခဲ့တယ်။မြိုတော်ကိုသွားတဲ့လမ်းမှာအိမ်ထောင်ရေးမှာလိမ်ညာလှည့်စားသွားခံရတဲ့ Song Yin Zhang ကိုကယ်တင်ရင်းညီအစ်မတွေလိုဖြစ်သွားခဲ့တယ်။တစ်ချိန်တည်းမှာပဲမြိုတော်ဆီသွားတဲ့လမ်းမှာ အိမ်ထောင်ရေးကံမကောင်းတာကြောင့်ကိုယ့်ကိုယ်သတ်သေဖိုကြိုးစားနေတဲ့ Sun San Niang ကိုကယ်တင်ရင်း Zhao Pan Er, ...

A Dream of Splendor (2022)

2022
Exo Ladder Season 3
Exo Ladder Season 3 EXO Ladder Season 3 (အညွှန်း)EXO ရဲ့ 10 နှစ်ပြည့် anniversary ကိုတော့ Ladder Season 3 နဲ့ပြန်လာခဲ့ပြီပဲဖြစ်ပါတယ်။ဒီတစ်ခေါက်ရဲ့ season 3 မှာလည်း အစဉ်အလာမပြတ် ladder game ကစားရင်း ပျော်ရွှင်နေတဲ့ညီအစ်ကိုတွေကိုတွေ့မြင်ရဦးမှာပါ။ အရင် season တွေနဲ့မတူဘဲ ထူးခြားတာကတော့ EXO ရဲ့10th anniversary ကိုဂုဏ်ပြုတဲ့အနေနဲ့ variety show နယ်ပယ်က ခင်မင်ရတဲ့ အစ်ကိုတွေ၊စီနီယာတွေ၊ ချစ်ခင်ရတဲ့ ဂျူနီယာညီလေးတွေရဲ့ ဂုဏ်ပြုစကားနဲ့အတူ သူတို့ပေးအပ်တဲ့ mission တွေကိုအောင်မြင်အောင်လုပ်ဆောင်ရမှာပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ်တွေတစ်လျှောက်ပင်ပန်းထားသမျှကို အပန်းပြေစေမယ့် healing trip လေးဖြစ်တဲ့အပြင်ဒီတစ်ခေါက် season မှာမပါဝင်နိုင်တဲ့မန်ဘာတွေရဲ့ကိုယ်စား ပိုပြီးအားတက်သရောကြိုးစားနေတဲ့Kyung Soo ရဲ့ ပုံစံအသစ်ရယ်၊ ရသစုံရှိုးလောကထဲကို “ပန်တီ အိုပါး” ကအစပြုပြီးရောက်ရှိနေပြီဖြစ်တဲ့Jong In ရဲ့စီနီယာကျမှုတွေကိုမြင်တွေ့ရမယ့်အပြင် ညီအစ်ကိုတွေအတူတူ mission တွေအောင်မြင်အောင်လုပ်ရင်း ...

Exo Ladder Season 3

2022
The Lost Soul (2022) 6.5
The Lost Soul (2022) The Lost Soul (2022) စ/ဆုံး"ချစ်ရတဲ့ ဝိညာဉ်မလေး" Pang SanaehaCasts:တေချစ် အဖြစ် ‌Ko Vasin ပရိုင်‌ဒေါင်/ဆိန်ဝမ်အဖြစ် Pinkploy Paparwadee ဆီ‌ထောင်းအဖြစ် Maggi Apa ‌‌‌ပေါလ် အဖြစ် Off Chanapolဇာတ်လမ်းအကျဥ်းကတော့....မိမိကိုယ်ကို ဘယ်သူဘယ်ဝါ မှန်းမသိ ဘယ်ကနေ ဘယ်လိုရောက်လာမှန်းမသိ လေလွင့်နေတဲ့ ဝိညာဉ် မလေး ဆိန်ဝမ်....မဟုတ်မခံ နိုင်ငံကြီးသားပီပီ အမှန်တရားကိုချစ်တဲ့ လူတစ်ယောက် မိန်းမနဲ့ ကလေး အသတ်ခံရတဲ့အမှုကို မဖော်နိုင်တဲ့အပြင် တရားခံကိုပါမဖမ်းနိုင်တဲ့အချိန်မှာ ရဲအရာရှိ တေချစ်တစ်ယောက် အကုန်လုံးကိုစိတ်ကုန်ပြီး သူငယ်ချင်း ဖြစ်သူဆီရဲ့ ဟိုတယ်ကို ခဏတစ်ဖြုတ် အနားယူဖိုလာရင်း လေလွင့်နေတဲ့ဝိညာဥ်မလေးဆိန်ဝမ်ကို မထင်မှတ်ပဲ တွေ့လိုက်ရတယ်ဝိညာဥ်မလေး ဆိန်ဝမ်က မိမိအကြောင်းကိုပိုသိချင်လို တစ်ဦးတည်းသောလူသား ရဲအရာရှိတေချစ်ပဲ သူ့ကိုမြင်နိုင်တဲ့အချိန်မှာ ဘယ်လိုဆက်ဖြစ်မလဲ ......?အချင်းချင်းရင်းနှီးသိကျွမ်းပြီး တေချစ်က ဝိညာဥ်မလေး ဆိန်ဝမ်ကိုကူညီရင်း လူသားနဲ့ဝိညာဥ်ကြားကအချစ်တွေဘယ်လိုပေါက်ဖွားလာမလဲ...?ဝိညာဥ်အဖြစ်နဲ့နေရတဲ့ ဆိန်ဝမ်ကရော ဘယ်သူလဲ?ချစ်စရာကောင်းသောဝိညာဥ်မလေး ဆိန်ဝမ်ကလည်း ဝိညာဥ်အဖြစ်နဲ့ တစ်သက်လုံးနေသွားမှာလား...?ရဲအရာရှိ တေချစ်ရဲ့ မိန်းမနဲ့ကလေးရော ဘယ်သူ့လက်ချက်ကြောင့်သေသွားတာလဲ....?လျှိဝှက်ဆန်းကြယ်တဲ့သရဲကားမျိုးမဟုတ်ပဲ Romance ဆန်ဆန် လူသားနဲ့ ...
6.5
TMDb: 6.5/10 1 votes
tv

The Lost Soul (2022)

Candy (2022) (Complete) 8.5
Candy (2022) (Complete) Candy (2022) Completed Mini Series  ~ IMDb - 7.4/10, Rotten Tomatoes - 68% ~ တစ်ခါတလေကျရင်တော့ လူ‌ဘုံလူ့လောကကြီးမှာ အသက်တစ်ရာမနေရပေမဲ့၊ အမှုတစ်ရာပွေရစမြဲပဲလို့ ဆိုရမလိုပါပဲ။ တစ်ချို့အမှုတွေမှာ အပြစ်မရှိဘဲ အပြစ်တွေပုံချခံခဲ့ရတဲ့သူတွေရှိသလို တစ်ချို့ကျပြန်တော့လည်း အပြစ်ရှိလျက် လွတ်ကြပြန်ပါတယ်။ သွေးအေးလူသတ်သမားအချို့ဟာ အကြောင်းပြချက်မဲ့စွာ လူသတ်တတ်ကြသလို တစ်ခါတလေကျရင်တော့ တစ်ချို့လူသတ်သမားတွေဟာ ဘယ်လိုကြောင့်ဘယ်လိုလူသတ်လိုက်မိတာလဲဆိုတာကို သူတို့ကိုယ်သူတို့တောင် နားမလည်မိတတ်ကြတဲ့အထိပါပဲ။ ဒီစီးရီးဟာ ၁၉၈၀ ပြည့်နှစ်က အမေရိကန်နိုင်ငံ တစ်နိုင်ငံလုံး ဟိုလေးတကျော်ကျော်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်လူသတ်မှုတစ်ခုကို ပြန်လည်ရိုက်ကူးထားတဲ့ စီးရီးဖြစ်ပြီး ထိုလူသတ်မှုမှာတော့ အိမ်ရှင်မတစ်ယောက်ဟာ သူ့သမီးရဲ့သူငယ်ချင်းဖြစ်တဲ့ကလေးမလေးရဲ့ မိခင်ဖြစ်သူကို ပုဆိန်တစ်ခုနဲ့ ၄၁ ချက်တိတိအထိ ခုတ်သတ်ခဲ့တာလည်းဖြစ်ပါတယ်။ လူတစ်ယောက်သေဖို့ဆိုရင် ပုဆိန် ၄၊ ၅ ချက်ဟာ လုံလောက်နေပါပြီ။ ၁၀ ချက်ကျော်‌ဆိုရင်တောင် ပိုလွန်းနေပြီပဲဖြစ်ပါတယ်။ ဒါကို ဘယ်လိုစိတ်နဲ့များ အချက်ပေါင်း ၄၁ ချက်ကျော်အထိ ခုတ်သတ်ခဲ့ပါသလဲ။ ...
8.5
TMDb: 8.5/10 18 votes
tv

Candy (2022) (Complete)

2022
From (2022-2023)
From (2022-2023)      ထူးခြားမှုတွေ ကြောက်လန့်မှုတွေကိုမှ ကြိုက်နှစ်သက်တဲ့ သူတွေအတွက် ဇာတ်လမ်းတွဲလေးလာပါပြီနိုင်ငံအတွင်းမှာပဲ ခရီးသွားနေရင်းနဲ့ ဒေသမတူ နေရာမတူ လမ်းကြောင်းမတူတဲ့လူတွေဟာ သစ်တုံးတစ်တုံးလမ်းပိတ်ထားတာနဲ့ ကျီးကန်းအုပ်ကြီးကိုမြင်ပြီးပြန်လှည့်မောင်းရာကနေတ ဝင်္ကပါထဲကိုရောက်သွားသလိုဖြစ်ပြီး တစ်နေရာတည်းကိုပဲပြန်ပြန်ရောက်နေတဲ့ ထူးဆန်းပြီးကြောက်စရာကောင်းတဲ့ မြို့ကြီးတစ်မြို့ထဲကိုတဖွဲဖွဲနဲ့ရောက်ရှိလာကြတာပါ အဲဒီမြို့ကြီးကဘယ်လိုထူးဆန်းတာလဲဆိုတော့နေ့ခင်းဘက်ဆိုရင် ပုံမှန်အတိုင်းနေလို့ရပေမယ့်ညပိုင်းမှာဆိုရင်တော့ တောထဲကနေအိမ်တွေကို တံခါးလာလာခေါက်တဲ့ မကောင်းဆိုးဝါးတွေရှိနေတာပါအဲဒီကောင်တွေကလူယောင်ဖန်ဆင်း လူတွေသဘောကျမယ့်ပုံစံတွေနဲ့ပြောစည်းရုံးပြီး အထဲပေးဝင်ဖို့တောင်းဆိုတတ်ကြပါတယ် အဲဒါကိုယုံစားဖို့ဖွင့်ပေးလိုက်ရင်တော့ သူတို့ပြုသမျှနုရတော့တာပါပဲ ရောက်လာတဲ့သူတွေထဲမှာ ရဲမှူးရော သင်းအုပ်ဆရာတော်ရောပါတော့စုပေါင်းပြီး လက်ဖွဲ့အဆောင်လေးတစ်ခုကိုရှာတွေ့တာနဲ့ တံခါးတွေမှာချိတ်ထားပြီးသူတို့မလာအောင်လို့ ကာကွယ်ပြီးနေကြရတာပါ အဲဒီလိုနဲ့တစ်နေ့မှတော့နေရာမတူတဲ့နေရကနေ ကာနှစ်စီးရောက်လာပြီး မတော်တဆဖြစ်မှုဖြစ်ပွားခဲ့ပါတယ် ရောက်လာတဲ့ ကားနှစ်စီးထဲမှာ အင်ဂျင်နီယာနှစ်ယောက်ပါလာပြီးတော့အဲဒီမြို့ကြီးထဲကနေ ထွက်လို့ရအောင် ပြင်းပြင်းထန်ထန်ကြိုးစားကြပါတော့တယ်ဒါပေမဲ့ တကယ့်ပြဿနာက မြို့ကြီးလား မကောင်းဆိုးဝါးတွေလား သူတို့သေပြီးလို့ကောင်းကင်ဘုံမရောက်ခင်ငရဲခံရတဲ့နေရာလား ဒါမှမဟုတ် အဲဒီနေရာကြီးကိုဖန်တီးထားတဲ့လူတွေရှိနေတာလား ဆိုတာကတော့ တကယ့်ကိုစိတ်ဝင်တစားနဲ့ခံစားလို့ကောင်းမယ့် ဇာတ်လမ်းတွဲလေးပါပဲ  Quality : WEB-DL 720pFormat : mp4Genres :  Drama / Horror / MysteryDuration : 52 min per Episode Total: ...

From (2022-2023)

Man Vs Bee (2022) 10
Man Vs Bee (2022) Man Vs Bee (2022) Complete Limited Series IQ 178 ရှိတဲ့ စူပါဂျီးနီးယပ်စ်တစ်ယောက်ဖြစ်တဲ့ ရို၀န်အတ်ကင်ဆန်ရဲ့ တစ်ကျော့ပြန် ဇာတ်လမ်းတွဲအသစ်ကို Netflix ကနေ အစအဆုံး တစ်သုတ်တည်း ထုတ်လုပ်တင်ဆက်ပေးလိုက်ပါပြီ။ ဒီဇာတ်လမ်းတွဲကို ရိုဝန်အတ်ကင်ဆန်ရဲ့ Johnny English Strikes Again ကားကို ရိုက်ခဲ့တဲ့ ဒါရိုက်တာကပဲ ရိုက်ထားတာပါ။ ရုပ်ရှင်အကြိုက်တွေ အမျိုးမျိုးကွဲကြပေမဲ့ တစ်ခေတ်တစ်ခါတုန်းက Legend တစ်ယောက်ဖြစ်တဲ့ ချာလီချက်ပလင်ကို မကြိုက်တဲ့သူမရှိသလို သူ့နောက်တစ်ခေတ်မှာလည်း တွမ်အန်န်ဂျယ်ရီကို မကြိုက်တဲ့သူမရှိပါဘူး။ အဲဒီလိုမျိုး ကျွန်‌တော်တို့ မျက်မှောက်ခေတ်ရဲ့ ဟာသ Legend ကြီးကတော့ မစ္စတာဘင်းန်ပါပဲ။ အဲဒီဇာတ်လမ်းတွဲကို မကြိုက်တဲ့သူမရှိတာ သေချာပါတယ်။ ဇာတ်လမ်းကတော့ နာမည်အတိုင်းပဲ၊ လူနဲ့ပျား အကြိတ်အနယ်ဆော်ကြတဲ့ဇာတ်ပါပဲ။ ခင်ဗျားအိမ်ထဲ ငှက်တစ်ကောင်ဖြစ်ဖြစ် ပျားတစ်ကောင်ဖြစ်ဖြစ် ၀င်ပြီး ပြန်ထွက်မရဖြစ်နေတာကြုံဖူးမှာပေါ့။ အ၀တ်နဲ့ရိုက်ထုတ်လိုက် မောင်းထုတ်လိုက် လုပ်ပေမဲ့ အေဘေးက မထွက်တာလည်း ...
10
TMDb: 10/10 1 votes
tv

Man Vs Bee (2022)

2022
Legacy (2022)
Legacy (2022) LegacyCM ချစ်ပရိသတ်ကြီးရေ !ဒီတစ်ခါလည်း CM ကနေကားကောင်းလေးတစ်ကားဖြစ်တဲ့Legacy ဆိုတဲ့ကားလေးကို တင်ဆက်ပေးလိုက်ပြန်ပြီနော်။ဇာတ်ကားထဲမှာအဓိကပါဝင်သရုပ်ဆောင်ပေးထားတာတွေကတော့Story of Yanxi Palace ဇာတ်ကားထဲက Fuca Rongyin အဖြစ်သရုပ်ဆောင်ခဲ့တဲ့မင်းသမီး Qin Lan,Royal Feast ဇာတ်ကားထဲက Yao Zi Jin အဖြစ်သရုပ်ဆောင်ခဲ့တဲ့မင်းသမီး Wu Jin Yan, Royal Feast ဇာတ်ကားထဲမှHu Shan Xiang အဖြစ်သရုပ်ဆောင်ခဲ့တဲ့မင်းသမီး Zhang Nan, The Wind Blows From LongXi ထဲကFeng Ying အဖြစ်သရုပ်ဆောင်ခဲ့တဲ့မင်းသား Nie Yuan , Han Geng အစရှိတဲ့နာမည်ကြီးမင်းသားမင်းသမီးတွေ ပါဝင်သရုပ်ဆောင်ထားတော့ကားကောင်းလေးတစ်ကောင်းဖြစ်မှာအသေအချာပါဘဲနော်။ဇာတ်လမ်းလေးကတော့ (၁၉၂၀) ခုနှစ်ပတ်ဝန်းကျင်လောက်ကိုဇာတ်အိမ်တည်ထားပြီး ရှန်ဟိုင်မြိုရဲ့အကြီးစားကုန်သည်ဖြစ်တဲ့Yi မိသားစုကြီးကတော့ အမွေပြသာနာနဲ့ခေါင်းကိုက်နေရပါတယ်။အကြောင်းရင်းကတော့တစ်ဦးတည်းသောသားဖြစ်တဲ့ Yi Zhong Jie ကမိဘစီးပွားရေးကိုစွန့်လွှတ်ပြီး ဆေးပညာကိုသင်ယူခဲ့တာကြောင့်ကျန်တဲ့သမီးသုံးယောက်ထဲကတစ်ယောက်ကိုအမွေဆက်ခံသူအဖြစ် ရွေးချယ်ရပါတော့တယ်။အကြီးဆုံးသမီးဖြစ်တဲ့ Yi ...

Legacy (2022)

2022
Umbrella Academy 2022 Season 1+2+3
Umbrella Academy 2022 Season 1+2+3 နက်ဖလစ်ရဲ့ စူပါဟီးရိုး စီးရီးအသစ်တစ်ခု ကြည့်လိုက်ရအောင်။ ဒီစီးရီးရဲ့ ဇတ်လမ်းကတော့ ရယ်ရမလို ငိုရမလိုပါပဲ။ ထူးထူးခြားခြားလေးလည်း ဖြစ်ပါတယ်။ ဟိုးအရင်က ထွက်ဖူးတဲ့ Heroes စီးရီးနဲ့တော့ နည်းနည်းတူတယ်ပြောလို့ရပါတယ်။ဇာတ်လမ်းအကျဉ်းလွန်ခဲ့တဲ့နှစ်တွေတုန်းက အင်တာနက်မှာ ထူးဆန်းတဲ့သတင်းတစ်ပုဒ်ဖတ်မိမှာပါ။ရေကန်ထဲမှာရေကူးနေတဲ့အမျိုးသမီးတွေ အလိုလိုကိုယ်ဝန်ရကုန်တဲ့ သတင်းပေ့ါ။ဒီစီးရီးက အဲဒီသတင်းနဲ့ပဲ စတင်ထားတာပါပဲ။၁၉၈၉ ခုနှစ် အောက်တိုဘာလ တစ်ရက်နေ့ ၁၂ နာရီအချိန်မှာ ကမ္ဘာအနှံ့က အမျိုးသမီး ၄၂ ယောက်ဟာ ကိုယ်ဝန်မဆောင်ဘဲနဲ့ တပြိုင်တည်း ကလေးတစ်ယောက်စီ မွေးဖွားခဲ့ကြပါတယ်။ရီဂျင်နယ် ဟားဂရိ ဆိုတဲ့ လူထူးဆန်းဘီလီယံနာသူဌေးကြီးတစ်ဦးကတော့ အဲဒီကလေးတွေကို ရနိုင်သမျှ စုစည်းပြီး မွေးစားခဲ့ပါတယ်။သူ ရှာတွေ့ခဲ့တာ စုစုပေါင်း ၇ ယောက်ပါပဲ။ အဲဒီလို မွေးဖွားလာတဲ့ကလေးတွေမှာ ကိုယ်ပိုင်အစွမ်းတွေ ရှိနေတဲ့အတွက် သူတို့အားလုံးကို လေ့ကျင့်ပေးပြီး အမ်ဘရဲလားအကယ်ဒမီလို့နာမည်ပေးခဲ့ပါတယ်။အားအရမ်းကြီးသူ၊ ပြောသမျှကို လူတိုင်းနားမထောင်ဘဲမနေနိုင်စေတဲ့သူ၊ ဘယ်အရာနဲ့မဆို ပစ်မှတ်ကို မလွဲဘဲပစ်နိုင်တဲ့သူ၊ ကိုယ်ထဲက လက်တံရှည်ကြီးတွေထုတ်ပြီး တိုက်ခိုက်နိုင်တဲ့သူ၊ ...

Umbrella Academy 2022 Season 1+2+3

Suzhal: The Vortex (2022) 6.3
Suzhal: The Vortex (2022) Suzhal The Vortex (2022)ခုတင်ဆက်ပေးမယ့်ကားလေးကတော့ trailer ထွက်ကတည်းကလူကြိုက်များပြီး IMDb 8.5ထိရထားတဲ့ ညည်းထိတ်ရင်ဖိုမှုခင်းကားလေးပဲဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့================ Shanmugam ဟာသမီးဖြစ်သူနဲ့နေထိုင်ပြီး ဘိလပ်မြေစက်ရုံကအလုပ်သမားခေါင်းဆောင်တစ်ယောက်ပါတစ်ညမှာစက်ရုံကမီးလောင်ပြီးဝန်ထမ်းတော်တော်များများထိခိုက်ခဲ့ရပါတယ်နောက်နေ့မနက်ရောက်မှ သမီးဖြစ်သူ Nilaပျောက်နေတာကိုသတိထားမိတော့မိတ်ဆွေတွေရဲ့အကူညီနဲ့ သမီးဖြစ်သူကိုရှာပြီး အစ်မဖြစ်တဲ့ Nandini ကလည်းညီမပျောက်နေတာကိုသိတော့ မြို့ကိုပြန်လာပြီးရှာပါတော့တယ်တစ်ဖက်မှာလည်းရဲအုပ် Reginaနဲ့ ဒုရဲအုပ် Sakkaraiတို့ကလည်းမီးလောင်တဲ့အမှုကိုစုံစမ်းရတော့ မီးမလောင်ခင်မနက်က စက်ရုံကိုမီးရှို့ပစ်မယ်လို့ကြိမ်းဝါးနေခဲ့တဲ့ Shanmugamကို တရားခံအထင်နဲ့ ဖမ်းပါတော့တယ်ဒုရဲမှူးSakkarai တစ်ယောက်စီစီတီဗီစစ်ကြည့်တဲ့အချိန်မှာ Nilaပျောက်ဆုံးမှုကပြန်ပေးဆွဲမှုဖြစ်နေတာကိုသိလိုက်ရတဲ့အချိန်မှာ ဆက်စုံစမ်းရင်း နောက်ကွယ်ကြိုးကိုင်သူက ဘယ်သူဖြစ်နေမလဲအမှုသေးသေးလေးကနေ ရှုပ်ထွေးပြီးမြှုပ်ကွက်ပေါင်းသောင်းခြောက်ထောင်ဖြစ်လာတော့ဘယ်လိုဖြေရှင်းသွားမလဲဆိုတာကြည့်လိုက်ကြရအောင် File Size – 500MB / 800MBQuality – 1080p / 720pDuration – 45minute (@Episode)Total Episodes: 8EpsSubtitle – Myanmar HardsubFormat – Mp4Genre : Crime, MysteryTranslator – Yunni & Poe & OeliuJ & ...
6.3
TMDb: 6.3/10 3 votes
tv

Suzhal: The Vortex (2022)

2022
Juvenile Delinquency S02 (2022) [Complete] 10
Juvenile Delinquency S02 (2022) [Complete] Juvenile Delinquency S02 (2022) [အစ-အဆုံး] အပိုင်း - ၈ (ဇာတ်သိမ်းပိုင်း)(1080p ရပါပြီ) S1 မှာ ဆေးခြောက်ခင်းအတူစိုက်ပြီး ပိုက်ဆံရှာဖို့ တိုင်ပင်ထားကြတဲ့ ဂယောင်ဒါဂျောင်းတို့ သူငယ်ချင်းတစ်စု ...ဒါဂျောင်းရဲ့ အမေက ဆောင်းဂယောင်းရဲ့ သတင်းပေးမှုနဲ့အတူ ဒါဂျောင်းရှိနေတဲ့နေရာကို သိသွားပြီး လိုက်လာရာက ဒါဂျောင်းကို လက်ပူးလက်ကြပ်ပြန်မိသွားပါတယ်။ အမေဖြစ်သူရဲ့လက်ထဲ ပြန်လိုက်သွားရတော့မလိုဖြစ်ရင်း... သူ့အမေက ပြစ်မှုဟောင်းတွေကြောင့် ထောင်ကျသွားတဲ့အခါမှာတော့ ဒါဂျောင်းက ဆေးခြောက်စိုက်ခင်းဘက် ပြန်လှည့်ဖို့ ကြိုးစားပါတော့တယ်။ ကံဆိုးချင်တော့ ယုံကြည်ခဲ့ရတဲ့ ဆောင်းဂယောင်းက ဒါဂျောင်းကို သစ္စာဖောက်ပြီး ဆေးခြောက်ခင်းတစ်ခင်းလုံးကို 'မ'သွားတဲ့အခါ ...အားလုံးကိုယ်စီ နေရပ်ကိုပြန်ခဲ့ကြရပြီး လမ်းပျောက်သွားကြပါတယ်။ဒါပေမဲ့ သူတို့တွေဘယ်လိုပြန်ဆုံစည်းပြီး ဘာတွေကြုံတွေ့ရဦးမလဲ?လူငယ်တွေကြား Romance လေးတွေရော ပါလာဦးမလား? ဆိုတာကို S2 မှာ ဆက်လက်ပြီး စောင့်မျှော်ကြည့်ရှုလို့ရအောင် CM ကတင်ဆက်ပေးလိုက်ပါပြီဗျ။ Aired: May 31, 2022 Aired On: Tuesday Genres: Drama Duration: ...
10
TMDb: 10/10 2 votes
tv

Juvenile Delinquency S02 (2022) [Complete]

2022
Tehran Season1 + Season2 7.5
Tehran Season1 + Season2 Tehran 2020နည်းပညာဆန်ဆန် ဇာတ်လမ်းတွေဆိုသဘောကျနှစ်ခြိုက်တဲ့ CMပရိတ်သတ်ကြီးအတွက်နည်းပညာအေဂျင့်စီးရီးလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်.အဓိကဇာတ်ကောင်ဖြစ်တဲ့ တာမာဟာ အီရန်ဟာ မွေးဖွားခဲ့ပေမယ့် အစ္စရေးမှာ ကြီးပြင်းခဲ့သူပါ.သူမရဲ့ စွမ်းဆောင်ရည်က ကွန်ပြူတာဟက်ကင်းပိုင်းမှာ ကျွမ်းကျင်တာပါပဲ.တနေ့မှာတော့ သူမရဲ့ဌာနက သူမကို အရေးကြီးမစ်ရှင်တစ်ခုကို တာဝန်ပေးခဲ့ပါတယ်.သူ့ရဲ့မစ်ရှင်ကတော့ အီရန်နိုင်ငံရဲ့အဏုမြူဓာတ်ပေါင်းဖိုကို ပိတ်ချပစ်ဖို့လိုအပ်တဲ့ သတင်းအချက်အလက်တွေကို ခိုးယူပြီး ဌာနချုပ်ကို ပို့ပေးဖို့ပါပဲ.အရေးကြီးမစ်ရှင်ဖြစ်တာကြောင့် အစ္စရေးကနေ အီရန်ကို သွားတဲ့အချိန်ကနေစပြီးအီရန်မှာ သတင်းအချက်အလက်ခိုးယူဖို့ လျှပ်စစ်ကုမ္ပဏီကိုပါ ဝင်ဖို့ အထိပါအသေးစိတ်စီမံထားပေမယ့်လည်း မထင်မှတ်ထားတဲ့ အခြေအနေတွေ ဖြစ်ပေါ်လာပြီး ခက်ခဲသွားခဲ့ပါတယ်.ဇာတ်အိမ်တစ်ခုလုံးကို အသေးစိတ်တည်ဆောက်ထားပြီးအစ္စရန်နဲ့ အီရန်နိုင်ငံကြားက တင်းမာမှုတွေ၊ နိုင်ငံရေးလှည့်ကွက်တွေအပြင်အမျိုးသမီးအေဂျင့်တစ်ယောက်ရဲ့စွမ်းဆောင်ရည်နဲ့ သတ္တိကိုပါ ချပြထားတဲ့ စီးရီးကောင်းတစ်ပုဒ်ဖြစ်တာကြောင့်ကြည့်ဖြစ်အောင် ကြည့်ဖို့ ညွှန်းပါရစေအညွှန်းကိုတော့ YKမှ ရေးသားပေးထားပြီးYK, Thet Hnin Hsu, Dollyနဲ့ Van Sui Parတို့မှ ဘာသာပြန်ပေးထားပါတယ်Encoded by Thit San Khant & YK Season Complete Episode ...
7.5
TMDb: 7.5/10 62 votes
tv

Tehran Season1 + Season2

2020
The Offer (2022) (Complete) 8
The Offer (2022) (Complete) The Offer (2022) (Complete Limited Series) ~ IMDb rating - 8.7/10 ~ ခင်ဗျားသာ ရုပ်ရှင်တွေကို ချစ်တဲ့လူမှန်ရင် The Offer ဟာ ခင်ဗျားဘယ်လိုမှ ငြင်းပယ်မရမယ့် ရုပ်ရှင်ပါပဲ။ The Godfather ဆိုတဲ့ နာမည်ကို ရုပ်ရှင်လောကမှာရော စာအုပ်လောကမှာရော မသိတဲ့သူ မရှိပါဘူး။ 1969 မှာထုတ်ဝေခဲ့တဲ့ မာရီယိုပူဇိုရဲ့ The Godfather ဟာ နယူးယောက်တိုင်းမ်ရဲ့ အရောင်းရဆုံး စာအုပ်စာရင်းကနေ ၆၇ပတ်အထိ မဆင်းခဲ့ဘဲ နှစ်နှစ်အတွင်းမှာ ကော်ပီကိုးသန်းကျော် ရောင်းခဲ့ရတဲ့အထိ ၀က်၀က်ကွဲအောင်မြင်ခဲ့တယ်။ 1972မှာ ထွက်ခဲ့တဲ့ ပူဇိုပဲ ဇာတ်ညွှန်းရေးပြီး ဖရန်စစ်ဖို့ဒ်ကော်ပိုလာရိုက်ခဲ့တဲ့ The Godfather ရုပ်ရှင်ဟာလည်း Greatest Of All Time ရုပ်ရှင်တစ်ကား ဖြစ်ခဲ့ပါတယ်။ ဒီဇာတ်လမ်းကတော့ အဲဒီရုပ်ရှင်ဖြစ်လာဖို့ ကြိုးစားခဲ့ရတဲ့ နောက်ကွယ်က ...
8
TMDb: 8/10 2 votes
tv

The Offer (2022) (Complete)

2022
Bloody Heart (2022) 8.3
Bloody Heart (2022) Bloody Heart (2022)=================အာဏာတွေ လွန်ဆွဲကာ အပြိုင်ချကြမယ့် ရဲရဲတောက်ထီးနန်းလု ဇာတ်ကားသစ် "အနီရောင်နှလုံးသား"ဆိုတဲ့ ကိုရီးယားနန်းတွင်း Historical drama အသစ်လေးထွက်ရှိလာပါပြီ။ အားလုံးသိပြီးသားဖြစ်တဲ့ ဝါရင့်မင်းသားကြီး အာဂျောရှီး Jang Hyuk ပါဝင်ထားတဲ့ အပြင် Bulgasal ထဲက ဗီလိန်မင်းသားလေး Lee Joon က အဓိကဇာတ်ဆောင်အဖြစ်ပါဝင်ထားတာမို့လို့အရမ်းမိုက်မယ့် ဒရမ်မာလေးပါ။ မင်းသမီးကလည်း ပြောစရာမလို Moon Lovers တို Start-Up တို့ထဲက ဇာတ်ပို့ရော ဗီလိန်တင်မက အဓိကသရုပ်ဆောင်နေရာပါ ပိုင်နိုင်တဲ့ မင်းသမီး Kang Han-Na ပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်လေးကတော့ Lee Tae (Lee Joon) ရဲ့ အဖေဖြစ်သူက Park Gye-Won (Jang Hyuk) ရဲ့ အကူအညီနဲ့ ယခင်မင်းကြီးကို ဖယ်ချနိုင်ပြီး ဘုရင်အသစ်ဖြစ်လာခဲ့တယ်။ အဲလိုနဲ့ သူ့အဖေရဲ့ အရိုက်အရာကိုဆက်ခံပြီးနောက် မင်းသား Lee Tae နောက်တက်တဲ့ဘုရင်ဖြစ်လာတဲ့အခါ... တရားမျှတမှုနဲ့ ကိုယ် နန်းတက်တာ ကိုယ့်အရည်အချင်းကြောင့်လို ယုံကြည်ထားတဲ့ မင်းသား Lee Tae ...
8.3
TMDb: 8.3/10 3000 votes
tv

Bloody Heart (2022)

2022
Woori The Virgin (2022) Complete 8
Woori The Virgin (2022) Complete Woori The Virgin (အညွှန်း)===================SBS ကနေဒီနေ့မှာစပြသတဲ့ Romcom series လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားလေးက 2014 တုန်းက USမှာထုတ်လွှင့်ခဲ့တဲ့ Jane The Virgin ကို remake ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး Im Soo Hyang, Sung Hoon, Shin Dong Wook, Hong JiYeon တို့က အဓိကပါဝင်ထားတာပဲဖြစ်ပါတယ်။Woori >> နာမည်ကြီးဇာတ်လမ်းတွဲတွေရဲ့လက်ထောက်စာရေးဆရာမတစ်ယောက်ဖြစ်ပြီး အသက် ၁၅နှစ်အရွယ်ကတည်းက ဘုရားသခင်ထံမှာ လက်မထပ်ခင်အချိန်အထိ အပျိုစင်ဘဝကိုထိန်းသိမ်းထားပါ့မယ်လို့ ကတိကဝတ်ပြုထားသူပါ။ ဒီလိုနဲ့အရွယ်ရောက်လာတော့ Gang Jae ဆိုတဲ့စုံထောက်နဲ့တွဲနေပြီး ရည်းစားသက်တမ်း ၂နှစ်ကြာအထိသူ့ရဲ့အပျိုစင်ဘဝကိုထိန်းသိမ်းထားတုန်းပါပဲ။ ရည်းစားဖြစ်သူကလည်း Woori ရဲ့ဆန္ဒကိုလေးစားပေးတဲ့သူပါ။Raphael >> Cosmetics ကုမ္ပဏီတစ်ခုရဲ့ CEO ဖြစ်ပြီး အပြင်ပန်းအရတော့သွေးအေးတဲ့ပုံစံဆိုပေမယ့် တကယ်ကအရမ်းရိုဆန်တတ်ပြီး တကယ်ချစ်ရတဲ့မိန်းကလေးနဲ့ဆုံစည်းလိုတဲ့သူပါ။ ဒါပေမယ့် တကယ့်လက်တွေ့ဘဝမှာတော့ Lee Ma Ri ဆိုတဲ့အမျိုးသမီးရဲ့အကွက်ချလက်ထပ်တာကိုခံထားရတဲ့ သနားစရာသူဌေးလေးဖြစ်နေပါတော့တယ်။ဒီလိုနဲ့တစ်နေ့မှာ Woori တစ်ယောက် ကျန်းမာရေးစစ်ဆေးမှုလုပ်ရင်း OG ရဲ့မှားယွင်းမှုကြောင့် ဖန်ပြွန်သန္ဓေတည်သွားပါတော့တယ်။ ဒီကလေးရဲ့အဖေဖြစ်သူက အိမ်ထောင်သည် Raphael ဖြစ်နေတဲ့အခါ Woori တစ်ယောက် ...
8
TMDb: 8/10 8 votes
tv

Woori The Virgin (2022) Complete

2022
Escaype Live (2022) Complete 8
Escaype Live (2022) Complete Escaype Live (2022)ဒီနေ့မှာတော့ IMDb 8.2/10 ရ အိန္ဒိယ social thriller web series ကောင်းလေးကို တင်ဆက်ပေးချင်ပါတယ်။“Escaype Live” ဆိုတာ ဘာလဲ? အနီးစပ်ဆုံးပြောရရင်တော့ Tik Tok တို့ Instagram reels တို့လိုတရုတ်အခြေစိုက် video sharing app တစ်ခုပါပဲ။ ကိုယ်ကြိုက်တဲ့ဗီဒီယိုတွေရိုက်တင်မယ် .. live လွှင့်မယ် ..သဘောကျနှစ်သက်တဲ့သူတွေက အသည်းလေးတွေပေးမယ် ..တချို့ပိုကဲတဲ့သူတွေကကျ ပိုက်ဆံနဲ့ပေးဝယ်ရတဲ့စိန်တုံးတွေဝယ်ပေးမယ်။ဒီမှာဘာပိုမက်မောစရာဖြစ်သွားလဲဆိုတော့ စိန်တုံးရတဲ့သူတွေကကိုယ်ရတဲ့စိန်တုံးအရေအတွက်အလိုက်ပိုက်ဆံရမှာဖြစ်ပြီး အဲဒီပိုက်ဆံကိုတော့ ကုမ္ပဏီနဲ့ 50-50 ခွဲဝေယူရမှာပါ။ ဒီလိုအပေါ်ယံကြည့်မယ်ဆိုရင်တော့ဒီ App ကသုံးပျော်စရာပေါ့ .. ကိုယ်နှစ်သက်ရာကိုလည်း လူတွေနဲ့ဝေမျှလို့ရမယ် ပိုက်ဆံလည်းရမယ်ဆိုတော့ .. ။“ဖုန်းရှိတဲ့သူတိုင်း စတားတစ်ယောက်ဖြစ်နိုင်ပါတယ်” ဆိုတဲ့ဆောင်ပုဒ်ကိုလက်ကိုင်ထားတဲ့ဒီကုမ္ပဏီက တစ်နေ့မှာတော့ တစ်လအတွင်း စိန်တုံးအများကြီးရတဲ့ပါရမီရှင်ကို ရူပီး သန်း 30 ဆုချမယ်ဆိုပြီးမက်လုံးပေးကြေညာလိုက်ပါတော့တယ်။ အကဝါသနာရှင်, prank လုပ်ရတာပျော်တဲ့သူ, ...
8
TMDb: 8/10 1 votes
tv

Escaype Live (2022) Complete

2022
Queen of the South (Season1+2+3+4) (2016) 7.668
Queen of the South (Season1+2+3+4) (2016)   မက္ကဆီကိုက မူးယစ်ဂိုဏ်းကြီးတွေအကြောင်းတင်ဆက်ထားတဲ့ စိတ်ဝင်စားဖွယ်အက်ရှင်ဒရာမာစီးရီးလေးကို တင်ဆက်ပေးချင်ပါတယ်။ထရက်ဇာမန်ဒိုဇာဆိုတဲ့ကောင်မလေးက မက္ကဆီကိုနိုင်ငံ စီနာလိုအာမြို့လေးမှာ ငွေလဲပေးတဲ့သူအဖြစ်လုပ်ကိုင်နေရင်း မူးယစ်ဆေးအရောင်းအဝယ်လုပ်တဲ့ကောင်လေးနဲ့ ချစ်ကြိုက်မိသွားပါတယ်။ တစ်နေ့မှာတော့ သူ့ကောင်လေးကအသတ်ခံလိုက်ရပြီး သူကိုယ်တိုင်ပါ အသက်ဘေးအန္တရာယ်ကျရောက်လာတဲ့အတွက် လွတ်မြောက်အောင်ထွက်ပြေးခဲ့ရပါတယ်။သူ့ရည်စားကိုသတ်ပြီး သူ့နောက်ကိုပါလိုက်နေတဲ့ အင်အားကြီး အပီဖန်းနျိုဂိုဏ်းရဲ့လက်ကနေလွတ်မြောက်ဖို့ မက္ကဆီကိုကနေထွက်ပြေးရင်း အမေရိကန်နိုင်ငံဒါးလက်စ်မြို့က နောက်ထပ် မူးယစ်ဂိုဏ်းတစ်ခုရဲ့လက်ထဲရောက်သွားပြန်ပါတယ်။ အဲဒီဂိုဏ်းခေါင်းဆောင်ကလည်း အခြားသူမဟုတ်ဘဲ သူ့ကိုလိုက်ဖမ်းနေတဲ့ အပီဖန်းနျိုရဲ့ ဇနီးကမ်မီလာဖြစ်နေပါတယ်။ ဒါပေမဲ့ ကမ်မီလာကလည်း သူ့အကြံနဲ့သူ ထရက်ဇာကိုသူ့ယောက်ျားလက်မအပ်ဘဲ လက်သပ်မွေးထားပါတယ်။ ကမ်မီလာက အကွက်ကျကျမြင်တတ်ပြီး ပါးနပ်တဲ့သူတစ်ယောက်ဖြစ်ပြီးတော့ သူ့ယောက်ျားဦးစီးနေတဲ့မူးယစ်ဂိုဏ်းဟာ သူကိုယ်တိုင်တည်ဆောက်ပျိုးထောင်လာခဲ့ရတာဆိုပြီး လက်လွှဲအုပ်ချုပ်လိုတဲ့ ဆန္ဒရှိနေသူဖြစ်ပါတယ်။ထရက်ဇာကလည်း ငယ်ငယ်ကတည်းကငွေလဲတဲ့သူအဖြစ်ပဲ လုပ်ကိုင်လာခဲ့ပြီး မူးယစ်ဂိုဏ်းတွေအကြောင်းဘာမှမသိခဲ့ပေမဲ့ သူ့အသက်ရှင်သန်ရေးအတွက် ရက်စက်တဲ့အပီဖန်းနျိုရော၊ ပါးနပ်တဲ့ကမ်မီလာလက်ကရောလွတ်နိုင်ဖို့ အမျိုးမျိုးဉာဏ်သုံးကြိုးစားရင်း သူမပါဝင်မပတ်သက်ချင်တဲ့ ရက်စက်မှုတွေပြည့်နေတဲ့ မူးယစ်ဆေးအရောင်းအဝယ်လောကထဲကို ဝင်ရောက်ရတော့မလိုပါဖြစ်လာနေပါတယ်။ဒီစီးရီးလေးကတော့ ထရက်ဇာအနေနဲ့ ရွေးချယ်စရာမရှိတဲ့ဘဝမှာ ရှင်သန်ရုန်းကန်ရင်း မူးယစ်ဂိုဏ်းလောကမှာ သုညဘဝကနေ ထိပ်ဆုံးထိရောက်လာအောင်ကြိုးစားရမယ့်ပုံတွေအပြင် အပီဖန်းနျိုနဲ့ ကမ်မီလာတို့လင်မယားအချင်းချင်း အာဏာလုဖို့အားပြိုင်မှုတွေ၊ ရဲတွေကိုပါကြိုးဆွဲထားနိုင်တဲ့ မက္ကဆီကိုကမူးယစ်ဂိုဏ်းကြီးတွေရဲ့ ခွန်အားကြီးမှုတွေစသဖြင့် ...
7.668
TMDb: 7.668/10 364 votes
tv

Queen of the South (Season1+2+3+4) (2016)

2016
Gaslit (2022) 8.1
Gaslit (2022) Gaslit (2022) ၁၉၇၂ခုနှစ်မှာ အ​မေရိကန်ပြည်​တောင်စုတစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်ခဲ့တဲ့ ဝါးတားဂိတ်အ​ရှုပ်​တော်ပုံကြီးကို အ​ခြေခံကာ ​နောက်ကွယ်ကအရှုပ်အရှင်းပြဿနာ​တွေကို အ​မေရိကန်နိုင်ငံ​ရှေ့​​​နေချုပ်ကြီးရဲ့ ဇနီး မာသာမစ်ချယ်ရဲ့ရှူ​ထောင့်က​နေ ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ Starz channelမှာ ပြသ​နေတာဖြစ်ပြီး IMDb 6.8နဲ့ Rotten Tomatoes 88%ထိ ရထားပါတယ်၊အဓိကဇာတ်လိုက် မာသာမစ်ချယ်​နေရာမှာ သရုပ်​ဆောင်ထားသူက​တော့ ဝါရင့်မင်းသမီးကြီး ဂျူလီယာ​ရောဘတ်ပဲဖြစ်ပြီး ​ရှေ့​နေချုပ်ဂျွန်မစ်ချယ်အဖြစ် Mystic River, Milkတို့ရဲ့မင်းသား၊ Into The Wildရဲ့ဒါရိုက်တာ ​ရှောင်ပင်းလို ဝါရင့်သမ္ဘာရင့်​တွေက ဦး​ဆောင်ပါဝင်ထားပါတယ်။ဝါးတားဂိတ်အရှုပ်​တော်ပုံဆိုတာ သမ္မတနစ်ဆင်လက်ထက် ၁၉၇၂ခုနှစ်ရဲ့ရွေး​ကောက်ပွဲမတိုင်ခင် ဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်၊ ၁၉၆၈​ ရွေး​ကောက်ပွဲ အနိုင်ရသူအဖြစ် သမ္မတဖြစ်လာတဲ့ရစ်ချက်နစ်​ဆင်ဟာ ၁၉၇၂မှာ ဒုတိယသမ္မတသက်တမ်းအတွက် ထပ်မံ အ​ရွေးခံခဲ့ပါတယ်၊ ဒီတစ်ကြိမ်မှာလည်း ​သူပဲ ထပ်ပြီးအနိုင်ရမယ်လို့ ထင်​ကြေး​ပေး​ခံထားရတာပါ၊ ဒါ​ပေမဲ့ သမ္မတရာထူးအတွက် အတိမ်းအ​စောင်းအဖြစ်မခံနိုင်ခဲ့တဲ့ သူဟာ ​ခြေဥ​ဖောက်တဲ့ ဥပ​ဒေမဲ့လုပ်ရပ်​တွေကို ကျူးလွန်ခဲ့ပါတယ်။ဒါက​တော့ သူဖွဲ့စည်းထားတဲ့ သမ္မတပြန်​ရွေး​ကောက်ခံ​ကော်မတီမှတဆင့် သူ့ရဲ့ သမ္မတအင်အားနဲ့ ပြိုင်ဖက်ပါတီဖြစ်တဲဲ့ ဒီမိုကရက်တစ် ပါတီအ​ပေါ် အဖျက်အ​မှောင့်မျိုးစုံလုပ်ခဲ့ခြင်းပဲ ဖြစ်ပါတယ်၊ အဆိုပါ လုပ်ငန်း​တွေဟာ ၁၉၇၂ခု ဇွန်လ ၁၇ရက်မှာ ဒီမိုကရက်တစ်​ နေရှင်နယ်​ကော်မတီရဲ့ ရုံးချုပ်ဖြစ်တဲ့ ဝါးတားဂိတ်အ​ဆောက်အအုံတွင်း ...
8.1
TMDb: 8.1/10 10 votes
tv

Gaslit (2022)

2022
Six Sense 3 (2022)
Six Sense 3 (2022) Six Sense 3 (2022)တောင်ကိုရီးယားနိုင်ငံရဲ့ Nation’s MC ဖြစ်သူ Yoo Jae Sukအကြီးအမှုးပြုတဲ့ Six Sense Season 3 ဟာ March 18 ရက်နေ့မှာစတင်ထွက်ရှိလာတော့မှာဖြစ်ပါတယ်။ S1 နဲ့ S2 တုန်းကအရမ်းအောင်မြင်ခဲ့တာမို့ S3 မှာရော ဘယ်လိုတွေ ဆန်းသစ်ထားမလဲ စိတ်ဝင်စားစရာပါပဲ။ပါဝင်တဲ့ အဖွဲ့ဝင်များကလည်း နာမည်ကြီးအနုပညာရှင်များဖြစ်တဲ့ Jessi, Lee Mi Joo,Lee Sang Yeob တို့ဖြစ်ပြီး Guest အနေနဲ့All Of Us Are Dead ထဲက မင်းသား Yoon Chan Young ပါဝင်မယ်လို့ အတည်ပြုထားပါတယ်။အဖွဲ့ဝင်များဟာ သူတို့ရဲ့ ဆဠမအာရုံကို အသုံးပြုပြီး ထုတ်လုပ်ရေးအဖွဲ့ကသေချာပြင်ဆင်ထားတဲ့ ရိုက်ကွင်းပေါ်က အတုအယောင်များကို ခွဲခြားဆွဲထုတ်ပေးရမှာဖြစ်ပါတယ်။အပိုင်း ၁၂ ပိုင်း ပါဝင်မှာဖြစ်ပြီး အပတ်စဉ် ...

Six Sense 3 (2022)

2022

Genres

Archives