Channel Myanmar

Real Madrid: Until the End (2023) Complete

Real Madrid: Until the End

1 Seasons 3 Episodes
Ended

Real Madrid: Until the End (2023) Complete

9.1
TMDb: 9.1/10 5 votes

General information

Original nameReal Madrid: Until the End

Backdrops

Real Madrid: Until the End (2023) Complete
Real Madrid: Until the End (2023) Complete
Real Madrid: Until the End (2023) Complete
Real Madrid: Until the End (2023) Complete
Real Madrid: Until the End (2023) Complete
Real Madrid: Until the End (2023) Complete
Real Madrid: Until the End (2023) Complete
Real Madrid: Until the End (2023) Complete
Real Madrid: Until the End (2023) Complete

Synopsis of Real Madrid: Until the End (2023) Complete

Real Madrid: Until The End (2023) Completed Mini-series

 

~ IMDb rating – 9.1/10 ~

 

ဘောလုံးပရိသတ်တွေစောင့်မျှော်နေတဲ့ ဟာလဝါအသင်းရဲ့ Documentary လေးလာပါပြီ။ ဒါပေမဲ့ မကြည့်ခင်မှာ သွေးပူလေ့ကျင့်ခန်းလေးအနေနဲ့ ရီးရဲလ်မက်ဒရစ်ဆိုတာဘယ်လိုအသင်းလဲဆိုတာကို အတိုချုပ်ပြောပြချင်ပါတယ်။

 

ဘောလုံးပရိသတ်မှန်ရင် ရီးရဲလ်မက်ဒရစ်လို့ပြောလိုက်တာနဲ့ စပိန်နိုင်ငံက ဘောလုံးအသင်းတစ်သင်းဆိုတာထက်ပိုတဲ့ ကြီးကျယ်ခမ်းနားမှုတစ်ခုကိုခံစားမိကြမှာအမှန်ပါပဲ။ နောင်တစ်ချိန်မှာ ကမ္ဘာ့အကြီးကျယ်အခမ်းနားဆုံး အသင်းဖြစ်လာမယ့် ရီးရဲလ်မက်ဒရစ်ကို ၁၉၀၂ ခုနှစ် မတ်လ ၆ ရက်နေ့မှာ မက်ဒရစ်မြို့က မထင်မရှားဘောလုံးဝါသနာရှင်တစ်စုကစတင်တည်ထောင်ခဲ့ကြတာဖြစ်ပါတယ်။ ၁၉၂၀ ခုနှစ်မှာ ဘုရင်ကြီးအယ်ဖွန်ဆို XIII က တော်ဝင်အသင်းအဖြစ်မြှောက်စားခဲ့ရာကနေမှ ရီးရဲလ်မက်ဒရစ်ရယ်လို့ဖြစ်လာခဲ့တာပါ။ အသင်းနာမည်က ရီးရဲလ် (Real) ဆိုတာတကယ်တော့ စပိန်ဘာသာစကားဖြစ်ပြီး အင်္ဂလိပ်လို Royal ရွိုင်ရယ်လ် လို့အဓိပ္ပါယ်ရပါတယ်။ဒါကြောင့် ရီးရဲလ်မက်ဒရစ်ရဲ့အဓိပ္ပါယ်ဟာ စစ်မှန်သောမက်ဒရစ် မဟုတ်ဘဲ တော်ဝင်မက်ဒရစ် လို့ဆိုလိုတာပဲဖြစ်ပါတယ်။ ကမ္ဘာစစ်ကြီးပြီးဆုံးချိန်မှာတော့ ချာမာတင် အိမ်ကွင်းကြီး အပါအဝင် အသင်းသားတွေနဲ့ဝန်ထမ်းတွေလ ည်း အားလုံးဖရိုဖရဲဖြစ် ကျန်ခဲ့ရပါတယ်။ အဲဒီအချိန်မှာ အသင်းရဲ့အစောဆုံး ဂန္ထဝင်ကစားသမား တစ်ယောက်ဖြစ်သလို အသင်းခေါင်းဆောင်ဟောင်းလည်းဖြစ်တဲ့ ဆန်တီယာဂို ဘာနေဗျူးက ဥက္ကဌအဖြစ်တာဝန်လွှဲပြောင်းယူခဲ့ပါတယ်။ အဘက်ဘက်က ယိုယွင်းနေတဲ့အသင်းကို မြေလှန်ပြီး အစကပြန်တည်ဆောက်ရတာဟာ လွယ်ကူတဲ့ကိစ္စတော့မဟုတ်ခဲ့ပါဘူး။ အတိုချုပ်ပြောရရင် ဘာနေဗျူးဟာ ရီးရဲလ်မက်ဒရစ်ကို ခေါင်းကိုင်ဖခင်အဖြစ် အကောင်းဆုံးအုတ်မြစ်ချတည်ဆောက်ပေးသွားခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် ဂုဏ်သိက္ခာအကြီးမားဆုံးဂန္ထဝင်ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် သူတည်ဆောက်ပေးခဲ့တဲ့ကွင်းကြီးကိုလည်း သူသေဆုံးသွားပြီးတဲ့နောက် ဂုဏ်ပြုတဲ့အနေနဲ့ ဆန်တီယာဂိုဘာနေဗျူး လို့နာမည်ပြောင်းလဲသတ်မှတ်ပေးထားခဲ့တာ ဒီနေ့ထိပါပဲ။

 

သူပြောဖူးတဲ့စကားတစ်ခွန်းရှိပါတယ်…
ရီးရဲလ်မက်ဒရစ်ရဲ့ဂျာစီမှာ ရွှံ့တွေလူးလို့ရတယ်။ သွေးတွေစွန်းလို့ရတယ်။ ချွေးတွေရွှဲသွားလို့ရတယ်။ ဒါပေမဲ့ အရှက်တရားတော့ ဘယ်တော့မှ မစွန်းထင်းပါစေနဲ့” တဲ့။

 

ဥရောပထိပ်တန်းကလပ်တွေသာ ကစားခွင့်ရတဲ့ ချံပီယံလိဂ်ဆိုတဲ့အိုင်ဒီယာကိုလည်း ဘာနေဗျူးက စတင်ခဲ့တာဖြစ်ပြီး ပထမဆုံးချံပီယံဆုငါးကြိမ်လုံးကိုလည်း ရီးရဲလ်မက်ဒရစ်ကသာရရှိခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်ကစပြီး ကမ္ဘာအနှံ့မှာ ရီးရဲလ်မက်ဒရစ်ပရိသတ်တွေ အဆမတန်တိုးပွားလာပြီး အဲဒီခေတ်ထဲက ကမ္ဘာ့အကောင်းဆုံးအသင်းအဖြစ်သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ ဥက္ကဌကြီးဘာနေဗျူးမရှိတော့တဲ့ကာလမှာတော့ တော်ဝင်မက်ဒရစ်ဟာအရင်လောက်သြဇာမလွှမ်းမိုးနိုင်တော့ဘဲ ဥရောပဖလားတွေနဲ့ ၃၂ နှစ်ကြာဝေးကွာနေခဲ့ပါတယ်။ 1998 နဲ့ 2000 ခုနှစ်တွေမှသာ ချံပီယံလိဂ်ဖလားကြီးကို (၇)ကြိမ်မြောက်နဲ့(၈)ကြိမ်မြောက်အဖြစ်ပြန်လည်ရရှိခဲ့တာဖြစ်ပြီး အခုဆိုရင်တော့ (၁၄) ကြိမ်ထိရယူထားခဲ့ပြီဖြစ်ပါတယ်။

 

အခုစီးရီးလေးကတော့ အဲဒီနောက်ဆုံး ရရှိခဲ့တဲ့ (၁၄) ကြိမ်မြောက် ချံပီယံလိဂ်ဖလား ကိုရယူနိုင်ခဲ့တဲ့ နောက်ကွယ်က ကြိုးစားရုန်းကန်ခဲ့ရမှုတွေ၊ ကွင်းတွင်းကွင်းပြင်က အလင်းခြမ်းနဲ့အမှောင်ခြမ်းတွေ အကြောင်းကို Documentary အနေနဲ့တင်ဆက်ပေးထားတာဖြစ်ပါတယ်။ အာကြီးရဲ့ All or Nothing လို ရှည်ရှည်ဝေးဝေးမဟုတ်ပဲ တစ်ပိုင်းတစ်နာရီစာနဲ့ သုံးပိုင်းသာရှိပြီး ဘောလုံးပရိသတ်မှန်ရင် လက်မလွှတ်တမ်းကြည့်သင့်တဲ့ အားကစား Documentary လေးတစ်ခုပါပဲ။

 

(ဒီစီးရီးကို အညွှန်းရေးသား ဘာသာပြန်ပေးသူတွေကတော့ Min Khant Bo နဲ့ Min Thant Bo တို့ပဲဖြစ်ပါတယ်)

Size ~ 800MB+
Total – 3 Episodes
Quality – 1080p
Duration ~ 50min (@Episode)
Subtitle – Myanmar Hardsub
Format – Mp4
Genre : Documentary
Source : ATVP.Web-dl.1080p
Translator – Min Khant Bo & Min Thant Bo
Encoder – Y


 

Series Complete Zip (Yoteshin)

 

Episode 1 –> Yoteshin / MegaUp / UsersDrive / StreamSB / StreamVid

 

Episode 2 –> Yoteshin / MegaUp / UsersDrive / StreamSB / StreamVid

 

Episode 3 –> Yoteshin / MegaUp / UsersDrive / StreamSB / StreamVid

 


 



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Airs On
Release Year
Firt air date
Last air date2023-03-09
TypeDocumentary
Popularity56.703
TV StatusEnded

Seasons and episodes

No data available


Videos

Comments