
Rebelde (2022)
Rebelde a.k.a Rebel ကတော့ Netflixရဲ့ အသစ် ထွက်ရှိလာတဲ့
လက်တင်စကားပြော Mexican ရုပ်သံစီးရီးတစ်ခုပဲ ဖြစ်ပါတယ်၊
Comedy, Teen Drama, Musical Themeဖြစ်ပြီး
လက်တင်စီးရီးတွေကို ရိုက်ကူးရာ၊ reboot ရာ စင်တင်ပေးရာမှာ လက်စောင်းထက်လေ့ရှိတဲ့ Netflix ကြောင့်
ရှေ့ကနောင်တော် Hit Teen Dramaတွေဖြစ်ကြတဲ့ Elite နဲ့ Control Zတို့ရဲ့ခြေရာကို နင်းနိုင်မလားဆိုတာ
စောင့်ကြည့်ရမယ့် Teen Drama serieပဲဖြစ်ပါတယ်၊
Rebelde ဟာ Latin Americaမှာ ၂၀၀၀ပြည့်နှစ်ဝန်းကျင်က အတော်ရေပန်းစားခဲ့တဲ့ Teen Dramaပဲဖြစ်ပါတယ်၊
မူရင်းက အာဂျင်တီးနား series ဖြစ်တဲ့ Rebelde Wayဖြစ်ပြီး
2004 ခုနှစ်မှာ မက္ကဆီကိုအခြေစိုက်Televisaကနေ ဗားရှင်းပြောင်းပြီး ရိုက်ကူးထားတာဖြစ်ပါတယ်၊
2004 ထွက် Mexican version ကတော့Season 3 ခု total episodes 440နဲ့
Latin America Showsသမိုင်းရဲ့ အောင်မြင်မှုအကြီးဆုံး showတွေထဲက တစ်ခုဖြစ်ခဲ့သလို
ဆယ်ကျော်သက်တွေကြားမှာ အတော်လေးပေါက်ခဲ့တဲ့ သမိုင်းကြောင်းရှိပါတယ်၊
ဒါအပြင် အဲဒီဗားရှင်းကနေ RBD လို့ခေါ်တဲ့ Bandတစ်ခုပါထွက်ပေါ်ခဲ့ပြီး
အောင်မြင်မှုအတိုင်းအတာ အသင့်အတင့်ရခဲ့ပါတယ်၊
အခု 2022ခုနစ်မှာတော့ Netflixက ဒီ Seriesကို rebootအနေနဲ့ ပြန်လည်အသက်သွင်းလိုက်ပါပြီ၊
ဒါကတော့2006ဗားရှင်းရဲ့ အဆက်သဘောမျိုး ရိုက်ကူးထားတာဖြစ်ပြီး
2006 Rebeldeရဲ့ သရုပ်ဆောင်တချို့လည်း ပြန်လည်ပါဝင်ထားပါတယ်
Elite Way School မှာ လူကုံထံအသိုင်းအဝိုင်း ရေပေါ်ဆီတွေပဲ တက်ရောက်ကြတဲ့ ကိုယ်ပိုင်ကျောင်းဖြစ်ပေမဲ့
ဆင်းရဲပြီးပညာထူးချွန်တဲ့ ကျောင်းသားတွေအတွက် စကောလားရှစ်ပေးတဲ့ အစီအစဉ်လည်းရှိပါသေးတယ်၊
ဒါပေမဲ့ ဒီအစီအစဉ်ကလည်း အမည်ခံသာဖြစ်ပြီး ရွေးချယ်ခံရဖို့တောင် မလွယ်ကူလှပါဘူး၊
အကြောင်းရင်းကတော့ ဒီကျောင်းကြီးမှာ အခွင့်ထူးခံလူတန်းစား သီးသန့်သာထားချင်တဲ့
La Logia ( The Lodge)လို့ခေါ်တဲ့ လျှို့ဝှက်အဖွဲ့အစည်းကြောင့် ဖြစ်ပါတယ်၊
ဒီလိုကျောင်းမျိုးမှာ Andi, Jana ,Maria Jose ,Dixon, Lukaနဲ့ Esteban တို့လို
အခြေအနေမတူ၊ အသိုင်းအဝိုင်းမတူတဲ့ လူငယ် ၆ယောက်လာဆုံပါတယ်၊
ကျန်တာတွေသာ မတူရင်ရှိပေမဲ့ သူတို့အားလုံးမှာ ဘုံတူညီနေတာတစ်ခုရှိပါတယ်၊
ဒါကတော့ သူတို့ရဲ့ဂီတကိုချစ်တဲ့စိတ်ပါ၊
အဲဒီစိတ်နဲ့ပဲ ကျောင်းသား၆ယောက်နီးစပ်ပြီး ကျောင်းတွင်းBandတစ်ခု ပေါ်ပေါက်လာဖို့ အစပြုခဲ့ပါတယ်၊
ဒီမှာ ကျောင်းကို ရေပေါ်ဆီသီးသန့်ဆန်စေချင်တဲ့ La Logiaအဖွဲ့ကြားဝင်လာပြီး
High Classမဟုတ်တဲ့ bandမန်ဘာတွေကို နှိပ်ကွပ်ဖို့ ကြိုးစားလာရာမှာ
သူငယ်ချင်း၆ယောက်၊ ဂီတကိုပဲချစ်တဲ့လူငယ် ၆ယောက်ဟာ
သူတို့ Band၊ သူတို့ရဲ့မန်ဘာတွေကို La Logiaရဲ့ပယောဂတွေကနေ အချင်းချင်း ဘယ်လိုကာကွယ်ကြမလဲ၊
သူတို့ချစ်တဲ့ ဂီတခရီးကို ရအောင်လျှောက်လှမ်းရင်း
Rebel(ကလန်ကဆန်လုပ်ကြသူများ)တွေ ဘယ်လိုဖြစ်လာမလဲ
ရှေ့ကနောင်တော်RBDအဖွဲ့ကိုမှီအောင် ဘယ်လိုကြိုးစားကြမလဲဆိုတာကို စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်၊
Season 1 အစအဆုံး ၈ ပိုင်း ထွက်ရှိလာတာဖြစ်ပြီး တစ်ပိုင်းပြီးတစ်ပိုင်း ဆက်တိုက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်
အညွှန်းကိုတော့ JimX က ရေးထားပေးပြီးတော့
ဘာသာပြန်ထားတာကတော့ JimX, Yoon Sandi Aung, MTA, Amelia,
Elrond, Thwal Yadi, Roman NoX, AMM တို့ပဲ ဖြစ်ပါတယ်။
Genre…..Comedy, Drama, Family
Quality….WEB-DL 1080p
File size… 600-700MB
Format…mp4
Duration….40min
Subtitle….Myanmar Subtitle (Hardsub)
Translator ….. JimX, Yoon Sandi Aung, MTA, Amelia, Elrond, Thwal Yadi, Roman NoX, AMM
Encoder ….. August
VIP Link – Click Here!
Episode 01 – Userdrive | Yoteshin | Megaup | Meganz | Streamsb
Episode 02 – Userdrive | Yoteshin | Megaup | Meganz | Streamsb
Episode 03 – Userdrive | Yoteshin | Megaup | Meganz | Streamsb
Episode 04 – Userdrive | Yoteshin | Megaup | Meganz | Streamsb
Episode 05 – Userdrive | Yoteshin | Megaup | Meganz | Streamsb
Episode 06 – Userdrive | Yoteshin | Megaup | Meganz | Streamsb
Episode 07 – Userdrive | Yoteshin | Megaup | Meganz | Streamsb
Episode 08 – Userdrive | Yoteshin | Megaup | Meganz | Streamsb