Channel Myanmar

Smallville Season 2

Smallville Season 2

no data

General information




Synopsis of Smallville Season 2

spree

sss   ဒီစီးရီးကို နာမည်ကြားဖူးနေတာကြာပါပြီ။DC ရဲ့ အအောင်မြင်ဆုံး စီးရီးထဲကတစ်ခုဖြစ်သလို Season 10 အထိအောင် ပရိသတ်တွေ အားပေးမှူကြောင့် ရိုက်ကူးခဲ့ရပါတယ်။ အဲဒါက နောက်ထွက်တဲ့ DC ရဲ့ Arrow, Flash စီးရီးတွေအတွက် အားတစ်ခုဖြစ်စေခဲ့မှာလဲ သေချာပါတယ်။ ဒီစီးရီးကို CMမှာ စတင်တော့ ကြည့်ဖို့ စိတ်ကူးမရှိပါဘူး။ အပိုင်းနည်းနည်းပဲ ကြည့်ရရင် အာသာ မပြေမှာ စိုးလို့ပါ။ နောက်ပိုင်း အိမ်ပြန်ရောက်တော့ အားနေတာနဲ့ ထိုင်ကြည့်တာ CM က ဘာသာပြန်ထားတဲ့ ၁၃ ပိုင်းတင် မကဘူး နောက်အပိုင်းတွေပါ ဆွဲဆောင်မှူအားကောင်းသွားတာနဲ့ အင်္ဂလိပ်လိုပဲ ကြည့်ဖြစ်သွားတယ်။နောက်ပိုင်း CMပရိသတ်တွေလဲ ကြည့်ချင်မယ်ထင်လို့ ကိုယ်တိုင် ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ် ကျွန်တော်ပြောချင်တဲ့ အကြောင်းအရာက အခုမှ စမှာပါ။ ဘာလို့ ဒီစီးရီးကို သဘောကျသွားရတာလဲဆိုတာပါ ပထမဆုံးအနေနဲ့ ပြောရရင် Smallvilleဆိုတဲ့နေရာနဲ့ သူတို့ ဇာတ်အိမ်တည်ထားတဲ့ နေရာကို တော်တော် သဘောကျမိမှာတယ်။ Arrow, Flash,Supergirl,LOT ပရိသတ်တစ်ယောက်အနေနဲ့ မြို့ကြီးပြကြီးမှာ အသက်ရှူမွန်းကျပ်နေတုန်း မြို့ပြနဲ့ဝေးတဲ့ တောရွာတစ်ခုမှာ လာအပန်းဖြေနေရသလို ခံစားရပါတယ်။လယ်ကွင်းတွေ၊အရမ်းကြီး မတိုးတက်သေးတဲ့ မြို့ငယ်လေးရဲ့ လူနေမှူ စရိုက်တွေကို ပုံဖော်ထားတာ အရမ်းကို သဘောဝကျလွန်းပါတယ်။ ဒုတိယအနေနဲ့ကတော့ ဇာတ်ဆောင်တွေရဲ့ လွမ်းမိုးမှူပါ။ ကလေးဘ၀ထဲကစ စူပါဟီးရိုးတစ်ယောက်ဖြစ်တဲ့ စူပါမန်းရဲ့ ဘ၀ဖြတ်သန်းပုံကို သိချင်ခဲ့တာ ကြာပါပြီ။ ဒီစီးရီးထဲမှာ စူပါမန်း လူငယ်တစ်ယောက် ဘ၀ကို ဘယ်လိုဖြတ်သန်းတယ်၊ဘယ်လို ဒုက္ခတွေ ကြုံရတယ်၊ စွမ်းအားတွေ တဖြည်းဖြည်း ဘယ်လိုရလာတယ်ဆိုတာတွေ ကြည့်ရတာ စိတ်ဝင်စားဖို့ ကောင်းလွန်းပါတယ်။ ကျွန်တော် ကလခ်( စူပါမန်း) ထက်ပိုစိတ်ဝင်စားတဲ့ ဇာတ်ဆောင်က လက်စ်လူသာပါ။ Batman Vs Supermanမှာ သူတို့ နှစ်ယောက်ကို ရန်တိုက်ပေးနိုင်လောက်တဲ့ အထိ ဥာဏ်ပြေးတဲ့ လက်စ်လူသာဂျူနီယာ ( စမောဗွီးထဲက လက်စ်ရဲ့သား) ကြောင့် ပိုစိတ်ဝင်စားမိတာ မှားတယ် မထင်ပါဘူး။ ဒီစီးရီးမှာတော့ လက်စ်က ကလခ်အတွက် သူငယ်ချင်းကောင်းတစ်ယောက်အနေနဲ့ ရှိနေတာပါ။ ဒါပေမယ့် လက်ခ်ရဲ့ ပုံစံက အရမ်းကို ခန့်မှန်းရခက်ပါတယ်။ သူ ကလခ်ကို အရမ်းခင်ပေမယ့်လဲ နောက်ကွယ်မှာ စုံစမ်းမှူတွေ လုပ်နေတယ်၊ လူတွေကို သနားပေမယ့်လဲ လိုအပ်လာရင် ရက်စက်ဖို့ ၀န်မလေးဘူး၊သူ့ကို သွားစတဲ့လူ မှန်သမျှလဲ အလွတ်မပေးဘူး၊ အကြံ အရမ်းကြီးတယ်ဆိုတဲ့ ပုံစံတွေကို ခန့်မှန်းမိကြမှာပါ။ ကျွန်တော်အနေနဲ့ သူ့ကို ဝေဖန် စကားပြောရမယ်ဆိုရင်တော့ “ သူ့အဖေလို မဖြစ်အောင် ကြိုးစားရင်း သူ့အဖေနဲ့ တဖြည်းဖြည်း တူလာတဲ့တစ်ယောက်”လို့ပဲ မှတ်ချက်ပေးမိမှာပါ။ နောက်ဆုံးအနေနဲ့ ပြောရရင် ဒီ Season 2မှာတော့ ကလခ်၊လာနာ၊ကလိုဝီရဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းက ဘာတွေ ဆက်ဖြစ်လာမှာလဲ၊ ကလခ်ရော ဘာအစွမ်းတွေ ထပ်ရလာမှာလဲ၊လက်စ်လူသာကရော ကလခ်အကြောင်း သိသွားမှာလား၊လိုင်ယွန်နယ်လူသာရော ဘာတွေကြံနေလဲ ဆိုတာတွေကို စိတ်ဝင်တစ်စားကြည့်ရမှာ သေချာပါတယ်။

Episode 1

Episode 2

Episode 3

Episode 4

Episode 5

Episode 6

Episode 7

Episode 8

Episode 9

Episode 10

Episode 11

Episode 12

Episode 13

Episode 14

Episode 15

Episode 16

Episode 17

 

Episode 18

Episode 19

============================================================================

စီစန် ၁ ကို ဒီမှာ ဒေါင်းနိုင်ပါတယ် >>>Season 1 Download Link

Videos

No data available

Comments

x