Zawgyi
*******
သူ့ရဲ့လက်နက်ကတော့ နဂါးဝိဥာဉ်ဓားဖြစ်ပါတယ်…
ဖုန့်ရှယ်ဓားနဲ့နဂါးဝိဥာဉ်ဓားကြားမှာဘယ်လိုဆက်နွယ်မှုမျိုးရှိနေတာလဲ…
Unicode
*******
CM ကနေ ထပ်မံတင်ဆက်လိုက်တာကတော့
တချိန်က နာမည်ကြီးခဲ့တဲ့ နှင်းနဂါးသိုင်း ဇာတ်လမ်းတွဲပဲဖြစ်ပါတယ်
မှတ်မိကြဦးမလား နဂါးမယ်တို့ သရဲငိုဓါးသမား နဲ့ ဆေးဆရာ စိုင်းဟထိုး တို့ပါဝင်ကြတဲ့
ဇာတ်ကားလေး..လူသတ်ခါနီးကျ ဆံပင်ကိုက်ပီးမှ လူသတ်တဲ့ နဂါးမယ်လေးရဲ့
အပြုံးတွေကိုစွဲလန်းခဲ့ကြသူတွေလည်းများမှာပေါ့..အပြင်မှာမြန်မာစာတန်းထိုး
လုံးဝရှာမရတော့တဲ့ဇာတ်ကားလေးကိုပြန်လည်တင်ဆက်ပေးလိုက်ပါတယ်
အပိုင်းပေါင်း ၄၅ ပိုင်းရှိပြီးတော့ CM ကနေ တရက် ၁ ပိုင်းနဲ့နေ့တိုင်းပုံမှန်
တင်ဆက်သွားမှာပဲဖြစ်ပါတယ်..အညွှန်းလေးကိုခံစားကြည့်ရအောင်
ဆန့်ကွမ်းယန့်ရဲ့ငယ်စဉ်ကလေးဘဝကပြောင်းလဲမှုကြီးဖြစ်ခဲ့ပြီးတော့
အဖေကလိုက်သတ်ခံရပြီး အမေကပျောက်ဆုံးသွားခဲ့ပါတယ်
ဆန့်ကွမ်းယန့်ကိုတော့သိုင်းလောကမှာထူးဆန်းတဲ့အဆင့်မြင့်
သိုင်းပညာရှင်တစ်ဦးဖြစ်တဲ့ကူမုထျန်းကကယ်တင်ခဲ့ပါတယ်…
၁၅နှစ်ကြာပြီးနောက်အရွယ်ရောက်လာပြီဖြစ်တဲ့ဆန့်ကွမ်းယန့်က
မိဘတွေအတွက်ကလဲ့စားချေဖို့လုပ်ရင်း အမေ့ကိုလိုက်ရှာရင်း
သိုင်းလောကမှာကျင်လည်နေခဲ့ပါတယ်…
သူ့ရဲ့လက်နက်ကတော့ ဖုန့်ရှယ်ဓားဖြစ်ပြီး သိုင်းပညာအဆင့်မြင့်မားပြီး
သိုင်းလောကမှာတော့သူ့ကိုနွီစန်လုံ ( နဂါးမယ် ) လို့ခေါ်ကြပါတယ်။
သိုင်းလောကမှာကွေကျန့်ချုံလို့ခေါ်တဲ့စီးမာချန်ဖုန်းကတော့
အမိန့်အရနွီစန်လုံနဲ့ထိပ်တိုက်ရင်ဆိုင်ရဖို့ဖြစ်လာပါတယ်….
သူ့ရဲ့လက်နက်ကတော့ နဂါးဝိဉာဉ်ဓားဖြစ်ပါတယ်…
ဖုန့်ရှယ်ဓားနဲ့နဂါးဝိဉာဉ်ဓားကြားမှာဘယ်လိုဆက်နွယ်မှုမျိုးရှိနေတာလဲ…
စစ်ဖန်းမြို့ရဲ့နောက်ကွယ်မှာဘယ်လိုအကြံအစည်မျိုးတွေရှိနေမှာလဲဆိုတာ
ဒီဇာတ်လမ်းလေးမှာပဲဆက်လက်ကြည့်ရှုလိုက်ကြပါစို့နော်….
Translated By Mine , Phyo Zaw , Chu Chu , Htoo Htoo Ka Joe
Reviewed By Mine
Encoded By LK
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လဲရသလို One Click Download လဲ ပြုလုပ်နိုင်ပါတယ်။