လွယ်အိတ်တစ်လုံးနဲ့ နေရာအနှံ့ခရီးနှင်တဲ့ ခရီးသွားမျိုးကို backpacker လို့ ခေါ်ကြပါတယ်။
ဒီလိုပဲ backpacker chef ဆိုတာ လွယ်အိတ်တစ်လုံးထဲ ဟင်းချက်ပစ္စည်းတွေ အစုံအလင်ထည့်ပြီး နေရာအနှံ့မှာ စားသောက်ဖွယ်ရာတွေ ချက်ပြုတ်ပြင်ဆင်ပေးမယ့် စားဖိုမှူးတွေပါ။
အခုအစီအစဉ်လေးမှာလည်း backpacker chef လေးယောက်က ရောက်ရှိသွားတဲ့နေရာပေါ်
မူတည်ပြီး နေရာဒေသံနဲ့လိုက်ဖက်မယ့် အစားအစာမျိုးကို customize လုပ် ချက်ပြုတ်ပြီး တည်ခင်းဧည့်ခံသွားမှာပါ။
ပင်တိုင်ချက်ပြုတ်မယ့် master backpacker chef ကြီးကတော့ နယ်နယ်ရရမဟုတ်ပါဘူး။ တောင်ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်းစားဖိုမှူးကြီး Baek Jong Won ပါ။
သူ့ကိုကူညီပေးမယ့် chef လေးတွေကတော့ –
Itaewon class ကစလို့ Yumi’s cells, My Name ဇာတ်ကားတို့နဲ့ နာမည်ကြီးလာတဲ့ Ahn Bo Hyun ရယ်၊
variety show တွေမှာ မကြာခဏတွေ့ရတဲ့ rapper DinDin ရယ်၊
၂၀၁၉ ခုနှစ်က Law of the Jungle in Myanmar မှာ ပါဝင်ခဲ့တဲ့ မင်းသား Oh Dae Hwan တို့ပဲ ဖြစ်ပါတယ်။
“Who ordered Backpacker Chefs?”
ဆိုတော့ ဒီ backpacker chef တွေဆီ client တစ်ဦးကနေ ဘယ်လိုအစားအသောက်မျိုးလေး လိုချင်ပါတယ်ဆိုတဲ့ တောင်းဆိုလွှာလေးပို့လာမယ်။
အဲဒီတောင်းဆိုလွှာမှာ ဟင်းလျာပြင်ဆင်ဖို့ အဓိကကျတဲ့ keyword လေးတစ်ခုကိုမြှုပ်ထားပြီး ကာတွန်းမြေပုံလေးတစ်ခု
ထည့်ပေးထားမယ်။ hint တွေပေါ်မူတည်ပြီး လိုမယ်ထင်တဲ့ဟင်းအမယ်တွေ ပြင်ဆင်သွားပြီး နေရာရောက်မှ client လိုချင်တဲ့ပုံစံအတိုင်း လက်တန်းချက်ပြုတ်ရမှာပါ။
House on Wheels လို ပုံစံလေးလို့ထင်ရပေမဲ့ healing ရမရတော့ မပြောတတ်၊ ဂယက်တစ်သိန်းနဲ့တော့ ချက်ပြုတ်ပြင်ဆင်ကြရမှာပါ။
ဘယ်လို challenge တွေလာမလဲ ကြည့်ကြရင်း အားလုံးပဲ backpacker chef တို့နဲ့အတူ ခရီးထွက်ရင်း မစားရညှော်ခံလိုက်ကြဦးစို့လား
File Size –1.16GB @Episode
Quality –720p / 360p
Duration – minute (@Episode)
Total Episodes: 10Eps
Subtitle – Myanmar Hardsub
Format – Mp4
Genre : Reality
Translator – CM Variety Team
Editor – May Thu Aung
Encoder – YK
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။