ဒီတစ်ခါ CM ကနေ ဘာသာပြန်တင်ဆက်ပေးဖို့ ရွေးချယ်ထားတဲ့ဇာတ်ကားလေးကတော့
The Blue Whisper ပဲဖြစ်ပါတယ်။ ဒီကားလေးမှာတော့တရုတ်ကား
ချစ်သူတိုင်းသိကြတဲ့ The Glory of Tang Dynasty ဇာတ်ကားထဲကမင်းသား
Ren Jia Lun နဲ့ Eternal Love of Dream ထဲကအနီရောင်အမြှီးကိုးချောင်း
မြေခွေးဘုရင်မအဖြစ်သရုပ်ဆောင်ခဲ့တဲ့ Dilireba တို့ကပါဝင်သရုပ်ဆောင်ထားတာဆိုတော့
ဇာတ်လမ်းလေးကတော့ကြည့်ကောင်းမှာ အသေချာပါပဲနော်။
ကဲဒီတော့ဇာတ်လမ်းအကျဉ်းကြည့်လိုက်ရအောင် ~
ဇာတ်လမ်းအကျဉ်းလေးကတော့ Ji Yun He (Dilireba) က
နတ်ဆိုးတောင်ကြားသခင်ရဲ့မွေးစားသမီးလည်းဖြစ်
စွမ်းအားမြင့်မားတဲ့ဝိဉာဉ်ထိန်းချုပ်သခင်မလည်းဖြစ်သော်ငြားလည်း
တောင်တန်းတွေကြားမှာမနေချင်ဘဲ လွတ်မြောက်ချင်တဲ့သူ။
ဒါပေမဲ့ တောင်ကြားသခင်ရဲ့အဆိပ်မိထားတဲ့သူမကဘယ်တော့မှ
တောင်ကြားကနေဝေးဝေးထွက်ပြေးနိုင်မှာမဟုတ်။
တနေ့မှာတော့ရှာပါးမျိုးနွယ်ရေသူထီး Chang Yi (Ren Jia Lun) ကို
နတ်ဆိုးအငွေ့အသက်ကိုဖယ်ရှားဖို့အတွက်တာဝန်ပေးခြင်းခံရတယ်။
လွတ်မြောက်ချင်တဲ့ Ji Yun He ကရေသူထီး Chang Yi ကို
အသုံးချဖို့ကြိုးစားပါတော့တယ်။ ဒါပေမဲ့အပြစ်ကင်းပြီးကြင်နာနွေးထွေးတတ်တဲ့
Chang Yi ကြောင့် Yun He နှလုံးသားအရည်ပျော်ကြသွားရာက
တဖြည်းဖြည်းနဲ့ရန်သူအဖြစ်ကနေအချစ်စိတ်တွေပေါက်ဖွားလာတာပေါ့။
သို့ပေမဲ့လည်း ကံကြမ္မာရဲ့ရက်စက်မှုကြောင့်နှစ်ဦးသားနက်နက်ရိူင်းရိူင်းချစ်ပေမဲ့လည်း,
အချင်းချင်းတိုက်ခိုက်နေကြရတာပေါ့။ ကဲဒီတော့လွတ်မြောက်ချင်တဲ့
Yun He ကလွတ်မြောက်နိုင်ပါ့မလား။ချစ်သော်ငြားလည်းရန်သူဖြစ်နေတဲ့အတွက်
ရန်သူကနေဘယ်လိုပေါင်းစည်းသွားမလဲ။လောဘတရားကို
ရှေ့တန်းတင်မှုကြောင့်ပျက်ဆီးတော့မယ့်လောကကြီးကို
နှစ်ဦးသားဘယ်လိုတာဝန်ယူကာကွယ်မလဲ။ရေသူထီး Chang Yi ကကော
ဘာလျို့ဝှက်ချက်တွေများနေလဲဆိုတာတော့~ CM ကနေ
မကြာခင်မှာတင်ဆက်ပေးတော့မယ့် The Blue Whisper
ဆိုတဲ့ဇာတ်လမ်းတွဲလေးမှာ စောင့်မျှော်ကြည့်ရှု အားပေးကြပါဦးနော်~
Part 2
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။