❏ လူ့ပြည်နဲ့ မရဏပြည်နှစ်ခုအကြားက နတ်ဆိုးတွေ ဝိဉာဥ်တွေ မကောင်းဆိုးဝါးတွေကို
အပြစ်ပေးကာနှစ်ပေါင်းထောင်ချီတိုင်အောင် ရှင်သန်လာခဲ့တဲ့ အရှင်သခင် – ကျုံးခွေ
❏ လူတွေသေဆုံးပြီးနောက် လူ့ဘဝကို ပြန်လည်ဝင်စားမည့်နေရာမှာ အတိတ်ဘဝက
ခါးသီးမှုတွေ မေ့ပျောက်စေဖို မေ့ပျောက်ခြင်းဟင်းရည်ကို တီထွင်ကာ
ဝိဉာဥ်တွေကို တိုက်ကျွေးပေးရတဲ့ – မိန်းကလေးမုန့် (ခေါ်) မုန့်ဖော
တစ်နေ့မှာတော့ မရဏတိုင်းပြည်အတွင်းမှာ ကိုင်တွယ်ရခက်တဲ့ ဝိဉာဥ်တစ်ကောင်နဲ့ တွေ့ဆုံခဲ့ပြီး
၎င်းဟာ မိန်းကလေးမုန့်ကို လူ့ပြည်ဆီ ပြန်ပေးဆွဲခေါ်ဆောင်သွားခဲ့ပါတော့တယ် ။
အဲဒီ အခွင့်ကောင်းကို ယူပြီး တစ်ခြားဝိဉာဥ်ပေါင်းများစွာကလဲ လူ့ပြည်ကို ခုန်ချသွားခဲ့ပါတော့တယ် ။
ဒီလိုနဲ့ မရဏ တိုင်းပြည်မှာ ကမောက်ကမတွေဖြစ်ကုန်ပြီး လွတ်မြောက်သွားတဲ့ ဝိဉာဥ်တွေနဲ့
မိန်းကလေးမုန့်ကို ကယ်တင်ဖို စတင်လုပ်ဆောင်ခဲ့ကြပါတော့တယ်။ တစ်ဆက်ထဲမှာပဲ
ပြန်ပေးဆွဲခံရတဲ့ မိန်းကလေးမုန့်ဟာ သူမရဲ့ အတိတ်တွေအားလုံးကို မေ့ပျောက်နေတဲ့
မိန်းကလေး မုန့်ရှင်းယွီ အဖြစ်နဲ့လူ့ပြည်မှာနေထိုင်နေပြီး သူမကို လာရောက်ကယ်တင်တဲ့
ကျုံးခွေနဲ့တစ်ဖန်ပြန်လည်တွေ့ဆုံလာခဲ့တဲ့အခါမှာ …?
❏ မုန့်ရှင်းယွီဟာ ကျုံးခွေကို ပြန်လည်မှတ်မိနိုင်ပါ့မလား ?
❏ လွတ်မြောက်သွားတဲ့ အညှိးကြီးဝိဉာဥ်တွေကိုရော သူတိုတွေ ဘယ်လိုရင်ဆိုင်ကြမှာလဲ ?
❏ မုန့်ရှင်းယွီအပေါ် တစ်ဖက်သက်ချစ်နေရှာတဲ့ ကျုံးခွေတစ်ယောက်ရော
လူသားမိန်းကလေးဖြစ်သွားတဲ့ သူမနဲ့ အဆင်ပြေနိုင်ပါ့မလား ?
❏ ဘဝအခြေအနေခြင်းခြားနားသွားတဲ့ သူတိုနှစ်ဦးရဲ့ အချစ်ခရီးလမ်းဟာ ပန်းခင်းလမ်းများဖြစ်နေမလား
ဆူးခင်းလမ်းများဖြစ်နေမလားဆိုတာ ကြည့်ရှုကာ အဖြေရှာဖွေလိုက်ရအောင်လားရှင် ။
[Reviewed By Chit Mya Mya Hmwe]
Quality : WEB-DL 720p,1080p
Total Episodes : 20
Format : mp4
Genres : Sci-fi, Fantasy
Duration : 45 min per Episode
Subtitle : Myanmar Subtitle ( Hardsub )
Translated by CM Team
Encoded by LK
Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။