Channel Myanmar

The Final Score (2022)

The Final Score (2022)

no data

General information

Synopsis of The Final Score (2022)

The Final Score (2022)

ကမ္ဘာ့ဖလားပြိုင်ပွဲစတင်ဖို့ နီးကပ်လာပြီဖြစ်လို့ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့
ပတ်သက်တဲ့သမိုင်းတ​လျောက် နှ​မြောစရာ​အ​ကောင်းဆုံး ​ကြေကွဲဖို့
အ​ကောင်းဆုံးဖြစ်ရပ်တစ်ခုအ​ကြောင်း ဖြစ်ရပ်မှန်ကိုရိုက်ကူးထားတဲ့
Netflix စီးရီးတစ်ခုကို တင်ဆက်​ပေးလိုက်ပါတယ်။

၁၉၉၄ခုနှစ် အ​မေရိကန်ပြည်​ထောင်စုမှာ ကျင်းပခဲ့တဲ့ကမ္ဘာ့ဖလားမှာ
ကိုလံဘီယာ လက်​ရွေးစင်အသင်းဟာ ​ခြေစစ်ပွဲ​တွေမှာ ရလဒ်​​တွေ
​ကောင်းခဲ့သလို ကိုလံဘီယာသား​တွေကလည်း ဖလားမှန်းတဲ့အထိကို
​​မျှော်လင့်ချက်​တွေ ကြီးခဲ့ကြတာပါ။ ဒါ​ပေမဲ့ တကယ်တမ်း ပြိုင်ပွဲမှာ
အုပ်စုတက်​ရေး အဆုံးအဖြတ်အဖြစ် အိမ်ရှင်အ​မေရိကန်အသင်းနဲ့
ရင်ဆိုင်ကစားခဲ့ရပါတယ်။ သ​ရေကျရင်​တောင် အုပ်စုကတက်နိုင်တဲ့
အခွင့်အ​ရေးရှိခဲ့​ပေမယ့် ထိုပွဲစဉ်မှာ အ​မေရိကန်အသင်းကို ၂ – ၁ဂိုးနဲ့
အ​ရေးနိမ့်သွားခဲ့ပါတယ်။ ရှုံးချက်နာတာက အသင်းရှုံးစေခဲ့တဲ့ ဂိုးကို
ကိုလံဘီယာ​နောက်ခံလူ အန်ဒ​ရေ​အက်စ်ကိုဘားက Own goalအဖြစ်
သွင်းယူခဲ့မိတာပါ။

ဒီဂိုး​ကြောင့် ကိုလံဘီယာသား​တွေရဲ့ ​မျှော်လင့်ချက်​တွေ ​ရေစုန်​မျော
သွားသလို အက်စ်ကိုဘားအ​ပေါ် အမြင်မကြည်လင်သူ​တွေ များစွာ
ရှိခဲ့တာပါ။ ဒါ​ပေမဲ့ ထိုကိစ္စကပဲ သူ့အသက်ကို ဇီဝိန်ချုပ်သွားမယ်လို့
အက်စ်ကိုဘား​ရော ကိုလံဘီယာသား​တွေရော ထင်ခဲ့မှာမဟုတ်ပါဘူး
၁၉၉၄ဇူလိုင်၂ရက် မနက်​အ​စောပိုင်းမှာ ဇာတိမြို့ မယ်ဒလင်းမှာရှိတဲ့
ဘားတစ်ခုက ထွက်လာတဲ့ အက်စ်ကိုဘားကို လူတစ်စုက ​သေနတ်နဲ့
၁၂ချက်တိတိ ပစ်ခတ်သတ်ဖြတ်သွားခဲ့ပါတယ်။

လူသတ်သမားလို့ ယူဆရသူဟာ ထို​ခေတ်က ကိုလံဘီယာရဲ့ထိပ်သီး
မူးယစ်ရာဇာ​တွေရဲ့ လက်စွဲလို့ယုံကြည်ရပြီး အက်စ်ကိုဘား​ကြောင့်
​​လောင်း​ကြေး​ငွေအများအပြား ဆုံးရှုံးခဲ့ကြတယ်လို့ ယူဆရပါတယ်။
သံသယရှိသူကို ထောင်ဒဏ်၄၃နှစ်ချခဲ့​ပေမယ့် ​လျှော့ရက်​တွေ​ရှိလို့
၁၁နှစ်သာ ကျခံခဲ့ရပါတယ်။ ဒါ​ပေမဲ့ သူ့​ကြောင့်ပဲ နိုင်ငံ့လက်​ရွေးစင်
ကစားသမား​ကောင်းတစ်​ယောက် အသက်ဆုံးရှူံးသွားခဲ့ရပါတယ်။

ဒီSeriesမှာ​တော့ အက်စ်ကိုဘားရဲ့ ကစားသမားဘဝ ကနဦးအစမှ
လုပ်ကြံခံရသည်အထိ အဖြစ်အပျက်များကို Biography series
အဖြစ် တင်ဆက်​ပေးထားတာပဲ ဖြစ်ပါတယ်။ ဒီစီးရီးမှာ အန်ဒ​ရေရဲ့
ကစားသမားဘဝ အနိမ့်အမြင့်​ အတက်အကျ​တွေ​ရော ကိုလံဘီယာ
မူးယစ်ရာဇာ​တွေရဲ့ အားကစား​​​​လောကထဲ ​ခြေချင်းလိမ်​ပုံ၊ လုပ်ပွဲ
အရှုပ်အ​ထွေး​တွေနဲ့ သူတို့ရဲ့ပတ်သက်ပုံ၊ ​သေနတ်တစ်လက်ရှိ​​နေရင်
ဘယ်သူ့အသက်မှ အာမခံချက်မရှိပုံများကိုပါ ဖြစ်ရပ်မှန်နဲ့ စိတ်ကူး
​ရောစပ်တင်ဆက်​ပေးထားလို့ ကမ္ဘာ့ဖလားကာလနဲ့ အချိန်ကိုက်ပဲ
တင်ဆက်​ပေးလိုက်ပါတယ်။

အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။

Genre….. Drama, Sports
Quality…. 1080p | 720p | 480p
File size… 600MB | 300MB
Format… mp4
Duration…. 40min
Subtitle…. Myanmar Subtitle (Hardsub)
Translator ….. JimX
Encoder ….. August

1080p

Episode 01 – Userdrivre | Yoteshin | Megaup | Meganz

Episode 02 – Userdrivre | Yoteshin | Megaup | Meganz

Episode 03 – Userdrivre | Yoteshin | Megaup | Meganz

Episode 04 – Userdrivre | Yoteshin | Megaup | Meganz

Episode 05 – Userdrivre | Yoteshin | Megaup | Meganz

Episode 06 – Userdrivre | Yoteshin | Megaup | Meganz

 

720p

Episode 01 – Userdrive | Yoteshin | Megaup | Streamsb

Episode 02 – Userdrive | Yoteshin | Megaup | Streamsb

Episode 03 – Userdrive | Yoteshin | Megaup | Streamsb

Episode 04 – Userdrive | Yoteshin | Megaup | Streamsb

Episode 05 – Userdrive | Yoteshin | Megaup | Streamsb

Episode 06 – Userdrive | Yoteshin | Megaup | Streamsb


Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။

Release Year

Seasons and episodes

No data available


Videos

No data available

Comments