CM ပရိတ်သတ်ကြီးတိုရေ… ဒီဇာတ်ကားလေးမှာတော့ အက်ရှင်၊ ဒရမ်မာ ရသလှလှလေးတွေကို
ခံစားကြည့်ရှုနိုင်မှာ ဖြစ်တဲ့အတွက် မလွတ်တမ်းကြည့်ရှုဖိုတင်ဆက်ပေးလိုက်ပါ တယ်နော်။
ဇာတ်ကြောင်းလေးကတော့… ယွင်ထိုက်ရဲ့တပည့်ဖြစ်တဲ့ ယွင်ရှန်းတစ်ယောက် သိုင်းပညာရပ်တွေကို
ဆယ်စုနှစ်ကြာ လေ့လာဆည်းပူးပြီးတဲ့နောက် သိုင်းလောကထဲကို ခြေလှမ်း စခဲ့ပါတော့တယ်။
ယွင်ရှန်းဟာ သူငယ်ချင်းအစစ်မှန်တွေနဲ့ဆုံ တွေ့ခွင့်ရပြီး နွေးထွေးမှုအစစ်မှန်တွေကိုလည်း
ခံစားသိရှိလာ တာနဲ့အတူ ထူးဆန်းတဲ့ ဒဏ္ဍာရီလာသူရဲကောင်းမိန်းကလေး စူးယန်အန် ကလည်း
ယွင်ရှန်းအပေါ်တဖြည်းဖြည်း ချစ်ခင် ဆုံမက်လာပါရော။ ယွင်ရှန်းအတွက်တော့ သူငယ်ချင်းတွေနဲ့ အတူ
အဆိုးအကောင်းမှန်သမျှကို ပျော်ရွှင်စွာဖြတ်ကျော်လာခဲ့ ပေမယ့်လည်း သိပ်မကြာခင်မှာဘဲ
ဒီလိုအချိန်လေးတွေကုန်ဆုံး ပြီး တချိန်တုန်းက ဆိုးရွားလှတဲ့ လူမျိုးတုံးသတ် ဖြတ်မှုတွေကို
အတွင်းကျကျသိရှိလာရင်း သိပ်ကြောက်စရာကောင်းတဲ့ လျှိဝှက်နက်နဲမှုတွေကိုလည်း သိလိုက်ရတဲ့နောက်မှာတော့
အခြေနေတွေလည်းဆိုးရွားလာပါတော့တယ်။ သူဟာ လှည့်စားမှုတွေ သစ္စာဖောက်မှုတွေနဲ့
ခွဲခွာခြင်းဆိုတဲ့ သေခြင်း တရားတွေကိုတွေ့ကြုံခဲ့ရပြီးတဲ့နောက် တစ်ချိန်က
ဘဝရဲ့ အနှစ်သာရတွေအပြည့်အဝဆောင်ကြဉ်းထားတဲ့အရာမှန်သမျှ တမုဟုတ်ချင်း ပြိုလဲသွားပြီဆိုတာကို
နားလည်လိုက်ရပါတယ်။ ဒီလိုနဲ့ ယွင်ရှန်းတစ်ယောက် သူ့နှလုံးသားထဲက တရားမျှတမှုကို သူ့ဘဝနဲ့ရင်းပြီး
ဘယ်လိုတွေခုခံကာကွယ်သွားမလဲဆိုတာကို ……စိတ်ဝင်တစားနဲ့ ကြည့်ရှုလိုက်ကြပါဦးနော်…
Reviewed by Su Myat Nyunt Lin
Quality : WEB-DL 720p,1080p
Total Episodes : 38
Format : mp4
Genres : Romance, Wuxia, Drama
Duration : 45 min per Episode
Subtitle : Myanmar Subtitle ( Hardsub )
Translated by CM Team
Encoded by LK
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။