Channel Myanmar

ThirtTEEN Terrors (2014)

Phuean Hian.. Rongrian Lon

1 Seasons 13 Episodes
Ended

ThirtTEEN Terrors (2014)

7.3
TMDb: 7.3/10 3 votes

General information

Original namePhuean Hian.. Rongrian Lon
Created by

Backdrops

ThirtTEEN Terrors (2014)

Synopsis of ThirtTEEN Terrors (2014)

ပိတ်ရက်တွေကို အိမ်မှာနေရင်း ဇာတ်လမ်းတွေကြည့်ရင်း

ကုန်လွန်ကြမယ့် Channel Myanmar ပရိတ်သတ်ကြီးအတွက်

ဒီတစ်ခါမှာတော့ ထိုင်း Horror စီးရီးလေး တစ်ခု တင်ဆက်ပေးချင်ပါတယ်။

ငယ်ငယ်တုန်းက ကျောင်းတက်တဲ့အခါ ကျောင်းတစ်ခုစီမှာ

ကြောက်စရာကောင်းတဲ့ ပါးစပ်ပြောရာဇဝင် တစ်ခု စီ

ရှိကြတာ မှတ်မိကြမယ်ထင်ပါတယ်။

ခြေကလိန်မ၊ ကျောင်းစောင့်ကြီး၊ ကျောင်းကို စိတ်စွဲနေနဲ့ ဆရာ၊

စာမေးပွဲဖြေရင်း သေဆုံးသွားတဲ့ ကျောင်းသူလေး စသဖြင့်

ကြောက်စရာဇာတ်လမ်း အမျိုးမျိုး ကြားဖူးခဲ့ကြမှာပေါ့နော်။

ကျွန်မကတော့ ကျောင်းမှာ ပွဲတစ်ခုခု ရှိလို့

အလှူရှိလို့ ညဘက် ကျောင်းမှာ စုအိပ်ကြတဲ့အခါ

တစ်နေရာရာသွားရင်ပဲဖြစ်ဖြစ် အိမ်သာသွားရင်ပဲဖြစ်ဖြစ်

ဓါတ်မီးတဝင်းဝင်း ဒူးတုန်တုန်နဲ့ အုပ်စုလိုက် သွားခဲ့ရတာတွေ ၊

အတန်းကြီး အစ်ကို အစ်မတွေပြောပြတဲ့ သရဲအကြောင်းတွေကို

တစ်ယောက်နဲ့ တစ်ယောက် ပူးကပ်ပြီးတိုးခွေ့

နားထောင်နေခဲ့ရတာတွေကို မှတ်မိနေဆဲပါပဲ။

ဒီအကြောင်းတွေ ပြန်ပြောနေရတာကတော့

ခု တင်ဆက်ပေးမယ့် ဇာတ်လမ်းတွဲလေးနဲ့ ဆက်စပ်မှုရှိနေလို့ပါ။

ထိုင်းအထက်တန်းကျောင်းတစ်ခုမှာ လူတိုင်း

ပြန်ပြောဖို့ ကြောက်ရွံ့ကြတဲ့ လူတွေ မေ့ပစ်လိုက်ချင်ကြတဲ့

တိမ်မြုပ်နေတဲ့ ကြောက်စရာ ဇာတ်လမ်းတွေ ရှိနေခဲ့ပါတယ်။

အဲဒီဇာတ်လမ်းတွေ ဖြစ်ပေါ်လာပုံကလည်း တစ်ခုနဲ့ တစ်ခု

မတူညီပဲ ထူးဆန်းအံ့ဩစရာ ကြောက်စရာ ထိတ်လန့်စရာကောင်းလှပါတယ်။

ဘယ်လိုတွေကြောင့် ဒီလိုကြောက်စရာ အဖြစ်အပျက်တွေ ဖြစ်ပေါ်လာရလဲ

ဆိုတာကတော့ ဇာတ်လမ်းကို ကြည့်ရင်း အဖြေရှာကြည့်ကြရအောင်။

ပုံမှန် ကြည့်နေကျ သရဲကားတွေလို ဝုန်း ဆို သရဲ က ပေါ်လာပြီး

ခြောက်လှန့်သွားတာမျိုးမဟုတ်ဘဲ ကြည့်ရင်း ကြည့်ရင်း အတွေးပေါက်ပြီး

တစိမ့်စိမ့်ကြောက်နေရမယ့် ထိတ်လန့်သဲဖိုဇာတ်လမ်းတွဲဆိုလည်း မမှားပါဘူး။

ပြီးတော့ လူ့အသိုင်းအဝိုင်းမှာ မကျော်ရမယ့် စည်းတွေ နဲ့

မလုပ်သင့်တဲ့အရာတွေကိုလည်း ဇာတ်လမ်း တစ်ခုစီတိုင်းမှာ ခပ်ပါးပါးလေး

ရိုက်ပြသွားတာမို့ အတော်လေး ပြည့်စုံတဲ့ ကားလို့ ဆိုရမှာပါပဲ။

စီးရီး ဆိုပေမယ့် အခန်းဆက်နဲ့ မဟုတ်ဘဲ နာမည်နဲ့လိုက်အောင်

အထက်တန်းကျောင်းတစ်ခုက ဆက်ကျော်သက်

ကျောင်းသားလေးတွေ တစ်ဦးစီ တစ်ဖွဲ့စီ မှာ

တွေ့ကြုံခံစားရတဲ့ ကြောက်စရာ ဇာတ်လမ်းလေး ၁၃ ခုက

ပရိတ်သတ်တို့ကို မရိုးမအီပဲ တစိမ့်စိမ့်တွေးပြီး

တရေးရေးလန့်ရအောင် ဆွဲဆောင်နိုင်မှာပါ။

ဒီဇာတ်လမ်းတွဲလေးကို Htoo Htoo Ka Joe, Fleur, Nay Chii နဲ့ Thaw တို့က ဘ

ာသာပြန်ပေးထားပြီး

ဇာတ်လမ်းအညွှန်းရေးသားသူကတော့ Thaw ပဲဖြစ်ပါတယ်။

အတူတူကြည့်ရင်း ကြောက်လိုက်ရအောင်နော်!!!

 

 

File Size – 400 mb

Quality – 720P

Runtime – 1 hr

Subtitle –  Burmese (Hardsub)

Translator – Htoo Htoo Ka Joe, Fleur, Nay Chii . Thaw

Encoder –  Than Htike Zaw

 

 

 

Download List

===========

Complete Zip   VIP Yoteshin

EP 01 – UsersDrive / Yoteshin / Megaup / Meganz / Upstream / CMLink(400mb)

EP 02 – UsersDrive / Yoteshin / Megaup / Meganz / Upstream / CMLink(400mb)

EP 03 – UsersDrive / Yoteshin / Megaup / Meganz / Upstream / CMLink(400mb)

EP 04 – UsersDrive / Yoteshin / Megaup / Meganz / Upstream / CMLink(400mb)

EP 05 – UsersDrive / Yoteshin / Megaup / Meganz / Upstream / CMLink(400mb)

EP 06 – UsersDrive / Yoteshin / Megaup / Meganz / Upstream / CMLink(400mb)

EP 07 – UsersDrive / Yoteshin / Megaup / Meganz / Upstream / CMLink(400mb)

EP 08 – UsersDrive / Yoteshin / Megaup / Meganz / Upstream / CMLink(400mb)

EP 09 – UsersDrive / Yoteshin / Megaup / Meganz / Upstream / CMLink(400mb)

EP 10 – UsersDrive / Yoteshin / Megaup / Meganz / Upstream / CMLink(400mb)

EP 11 – UsersDrive / Yoteshin / Megaup / Meganz / Upstream / CMLink(400mb)

EP 12 – UsersDrive / Yoteshin / Megaup / Meganz / Upstream / CMLink(400mb)

EP 13 – UsersDrive / Yoteshin / Megaup / Meganz / Upstream / CMLink(400mb)

 



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Release Year
Firt air date
Last air date2015-01-31
TypeScripted
Episode runtime45 min
Popularity1.4
TV StatusEnded

Seasons and episodes

No data available


Videos

Comments