Channel Myanmar

Tiny Beautiful Things (2023)

Tiny Beautiful Things

1 Seasons 8 Episodes
Ended

Tiny Beautiful Things (2023)

7.7
TMDb: 7.7/10 3 votes

General information

Original nameTiny Beautiful Things
Created by

Backdrops

Tiny Beautiful Things (2023)
Tiny Beautiful Things (2023)
Tiny Beautiful Things (2023)
Tiny Beautiful Things (2023)
Tiny Beautiful Things (2023)
Tiny Beautiful Things (2023)
Tiny Beautiful Things (2023)
Tiny Beautiful Things (2023)
Tiny Beautiful Things (2023)
Tiny Beautiful Things (2023)
Tiny Beautiful Things (2023)

Synopsis of Tiny Beautiful Things (2023)

Tiny Beautiful Things (2023)

လူရယ်လို့ဖြစ်လာပြီဆိုရင် ဘဝရဲ့ပြဿနာတွေ အဆင်မပြေမှုတွေ လောကဓံတွေကြောင့် မွန်းကြပ်မှုဒဏ်ကိုတော့ အနည်းနဲ့အများ ခံစားရတာချည်းပါပဲ။
ဒီလိုမွန်းကြပ်နေတဲ့စိတ် အခြေအနေတစ်ခုပေါ်မှာ Guilty ဖြစ်နေတဲ့စိတ်ကို ဖြေလျှော့ဖို့ နည်းလမ်းကောင်းတစ်ခုကတော့ တစ်စုံတစ်ယောက်ကို ရင်ဖွင့်ဖို့ပါပဲ။

တစ်စုံတစ်ယောက်ကို ရင်ဖွင့်ရတာ စိတ်ကိုပေါ့ပါးစေတယ် စိတ်သက်သာရာရစေတာမှန်ပေမဲ့
ကျွန်တော်တို့ရွေးချယ်ဖြစ်တဲ့နည်းလမ်းတွေထဲမှာတော့ “ရင်ဖွင့်တယ်” ဆိုတာက လူကြိုက်များလှတဲ့နည်းတော့မဟုတ်နေပြန်ပါဘူး။
လူတိုင်းဟာ ‌ကိုယ့်ရဲ့အားနည်းချက်တစ်ခုကို နောက်တစ်ယောက်ကို ဖွင့်ဟပြချိန်မှာ အနာပေါ်ဆားဖြူးတာနဲ့တူတဲ့ ဝေဖန်ကဲ့ရဲ့မှုတွေကိုတော့ စိုးရွံ့တတ်ကြတာပဲလေ။
ဒါဟာလည်း ဝေဖန်မှုတွေရှောင်ဖို့အတွက် မသိတဲ့လူတစ်ယောက်ဆီကနေ အကြံပေးမှု နှစ်သိမ့်မှုတွေတောင်းခံနိုင်တဲ့ Dear Sugar Column ရဲ့ အစပါပဲ။

အခုဒီရုပ်ရှင်လေးကတော့ Dear Sugar Column‌ist ဖြစ်ခဲ့တဲ့ နာမည်ကျော်စာရေးဆရာမ Cheryl Strayed ရဲ့
နာမည်ကြီးစာအုပ်တစ်အုပ်ဖြစ်တဲ့ Tiny Beautiful Thingsကို ရုပ်ရှင်ပြန်လည်ရိုက်ကူးထားတဲ့စီးရီးလေးတစ်ခုပါ။
ဒီကားလေးထဲမှာတော့ Cheryl ကို မရည်ရွယ်ဘဲနဲ့ Dear Sugar မှာ အမည်မသိစာရေးသူအဖြစ်နဲ့ စာရေးဖို့ဖြစ်လာတဲ့ကလဲရ်အနေနဲ့ မြင်တွေ့ရမှာပါ။

ကလဲရ်ဟာ အသက် ၅၀ အရွယ်ကို တဖြည်းဖြည်းနီးကပ်လာတဲ့အမျိုးသမီးတစ်ယောက်ပေါ့။
အသက်အရွယ်ကွာခြားမှုနဲ့ သွေးဆုံးတော့မဲ့အရွယ်ရောက်လာတဲ့ကလဲရ်တစ်ယောက်
အသက်ကွာပြီး ပိုငယ်နေတဲ့အမျိုးသားဖြစ်သူဒန်နီနဲ့ အိမ်ထောင်ရေးမှာ အဖုအထစ်တွေဖြစ်၊
အချင်းချင်းသံသယပွေပြီး သမုတ်နေကြရင်းနဲ့ပဲ အိမ်ထောင်ကွဲမလိုဖြစ်နေတာပေါ့။

တစ်ဖက်မှာလည်းသမီးဖြစ်သူနဲ့အဆင်မပြေ ဒီကြားထဲ ‌မောင်ဖြစ်သူလူးကပ်စ်ရဲ့ ပြဿနာတွေကို အကြိမ်ကြိမ်ရှင်းပေးနေရတော့
ငွေရေးကြေးရေးပြဿနာ‌တွေကပါ တစ်ပူပေါ်နှစ်ပူဆင့်ဖြစ်နေတဲ့ သူ့ဘဝကြီးရဲ့ စိတ်သက်သာရာရစရာကတော့ Dear Sugar Column‌လေးပါပဲ။

ကလဲရ်က Dear Sugarရဲ့ပရိသတ်ပေမဲ့ Sugarဆီကိုတော့ သူစာတစ်ခါမှမပို့ခဲ့ဖူးပါဘူး။
ဒါပေမဲ့ အခုလက်ရှိကြုံနေရတဲ့ သူ့ဘဝရဲ့မွန်းကြပ်မှုတွေကြားမှာ ကောက်ရိုးတစ်မျှင်များ ဖြစ်လေမလားဆိုတဲ့အတွေးနဲ့
Dear Sugarဆီကို စာရေးပို့လိုက်ရာက Sugar က တစ်ချိန်က သူ့ရဲ့ အဆက်ဟောင်း ဆမ် ဖြစ်နေပြီး
Sugar အဖြစ် စာပြန်ရမဲ့တာဝန်ကို သူ့ဆီကိုထိုးထည့်သွားတဲ့အခါမှာတော့….

ဒီဇာတ်လမ်းလေးထဲမှာ Cheryl Strayed ရဲ့ Sugarအဖြစ် ရေးခဲ့တဲ့ပြန်စာတွေထဲကတချို့ကို ကောက်နုတ်ပြီးတော့ ရိုက်ကူးထားတာဖြစ်တာကြောင့်
ဘဝအ‌တွေ့အကြုံ အတော်အသင့်ရှိနေပြီဖြစ်တဲ့ သက်လတ်ပိုင်းအမျိုးသမီးတစ်ယောက်ရဲ့ ပြဿနာတစ်ခုအပေါ်
Third partyဆန်တဲ့အတွေးအမြင်နဲ့ သုံးသပ်ချက်၊ ကိုယ်ပိုင်ဘဝအတွေ့အကြုံနဲ့ နှိုင်းယှဉ်ပြတာတွေ၊
တစ်ခါတစ်ရံမှာ စာရေးဆရာမတစ်ယောက်ပီပီ ဘဝအပေါ်ကိုယ့်ရဲ့မျှော်မှန်းချက်နဲ့ စိတ်ကူးတစ်စွန်းတစ်စကို ဖော်ပြထားတာကို ကြည့်ရှုခံစားရမှာပါ။
ကိုယ့်ရဲ့ဘဝကလည်း ပြဿနာပေါင်းစုံနဲ့ ရှုပ်ထွေးနေသည့်တိုင်အောင်
ဘဝတူ အကူအညီလိုနေသူ၊ နှစ်သိမ့်မှုတွေလိုအပ်နေသူတွေကို သူဘယ်လိုကူညီခဲ့လဲဆိုတာကိုတော့
ဒီစီးရီးလေးမှာပဲ စီအမ်နဲ့အတူ ကြည့်ရှုခံစားလိုက်ရအောင်ပါ။

အညွှန်းကိုတော့ Mary Christ က ရေးထားပေးပြီးတော့
ဘာသာပြန်ထားတာကတော့ Mary Christ နဲ့ Moh Moh ပဲ ဖြစ်ပါတယ်။

Genre….. Comedy, Drama
Quality…. 1080p | 720p
File size… 1GB | 400MB
Format… mp4
Duration…. 40min
Subtitle…. Myanmar Subtitle (Hardsub)
Translator ….. Mary Christ and Moh Moh
Encoder ….. Aaron

720p

Episode 01 – Userdrive | YoteShin | Megaup | Streamsb | Steamvid

Episode 02 – Userdrive | YoteShin | Megaup | Streamsb | Steamvid

Episode 03 – Userdrive | YoteShin | Megaup | Streamsb | Steamvid

Episode 04 – Userdrive | YoteShin | Megaup | Streamsb | Steamvid

Episode 05 – Userdrive | YoteShin | Megaup | Streamsb | Steamvid

Episode 06 – Userdrive | YoteShin | Megaup | Streamsb | Steamvid

Episode 07 – Userdrive | YoteShin | Megaup | Streamsb | Steamvid

Episode 08 END – Userdrive | YoteShin | Megaup | Streamsb | Steamvid

 

1080p

Episode 01 – Userdrive | YoetShin | Megaup | Meganz 

Episode 02 – Userdrive | YoetShin | Megaup | Meganz 

Episode 03 – Userdrive | YoetShin | Megaup | Meganz 

Episode 04 – Userdrive | YoetShin | Megaup | Meganz 

Episode 05 – Userdrive | YoetShin | Megaup | Meganz 

Episode 06 – Userdrive | YoetShin | Megaup | Meganz 

Episode 07 – Userdrive | YoetShin | Megaup | Meganz 

Episode 08 END – Userdrive | YoetShin | Megaup | Meganz 

 



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Airs On
Release Year
Firt air date
Last air date2023-04-07
TypeMiniseries
Popularity79.368
TV StatusEnded

Seasons and episodes

No data available


Videos

Comments