CM ကနေ ဒီတစ်ခါဘာသာပြန်တင်ဆက်ပေးမယ့်
ဇာတ်လမ်းလေးကတော့ အရိုတစ်လိုင်းပရိတ်သတ်တွေ
အကြိုက်တွေ့စေမယ့် To be a brave one ဆိုတဲ့ကားလေးပဲ ဖြစ်ပါတယ်
Casts တွေကိုပြောပြရမယ်ဆိုရင်
Meteor Garden 2018 မှာ 2nd lead အဖြစ်ပါဝင်ခဲ့ပြီး
လူကြိုက်များလာခဲ့တဲ့ Darren Chen က Shao Moli အဖြစ်
Murder in the kairotei ထဲက မင်းသမီး Deng Jiajiaက
An Yu အဖြစ်ပါဝင်ထားကြတာပဲဖြစ်ပါတယ်
ဇာတ်လမ်းလေးကိုပြောပြရမယ်ဆိုရင်တော့
ငယ်ငယ်ထဲက လိုလေသေးမရှိ Princess lifestyle နဲ့
နေလာခဲ့တဲ့ An Yu ရဲ့မိသားစုလေးဆီကို
မထင်မှတ်ထားတဲ့ ကံကြမ္မာ အပြောင်းအလဲတစ်ခုကြောင့်
သူမဘဝအတွက် အမည်းစက်အဖြစ် ထင်ကျန်နေစေမယ့်
အဖြစ်အပျက်တစ်ခု ဖြစ်သွားခဲ့ပါတော့တယ်
သူမ ထောင်ကျပြီး ၄နှစ်အကြာမှာတော့
ယုံကြည်မှုတွေပျောက်ဆုံးနေတဲ့ သူမဘဝထဲကို
ငယ်ငယ်တုန်းက သိခဲ့ဖူးတဲ့ ကောင်လေး Shao Moli က
အမှတ်မထင်ဝင်ရောက်လာခဲ့ပါတယ်
Shao Moli ဟာအခုချိန်မှာတော့ ငယ်ငယ်ရွယ်ရွယ်နဲ့
အောင်မြင်နေတဲ့ စီးပွားရေးသမားတစ်ယောက်ဖြစ်နေခဲ့ပါပြီ
စိတ်ဒဏ်ရာတွေနဲ့ ပြည့်နှက်နေတဲ့ An Yuကို Shao Moli က
နွေးထွေးမှုတွေပေးရင်း ယုံကြည်ချက်တောင်ပံတွေကို
ပြန်လည်ကုစားပေးရင်းနဲ့ပဲ တိတ်ဆိတ်နေတဲ့ ရင်ခုန်သံတွေကို
တစ်ဖန်လှုပ်ခတ်လာအောင် လုပ်နိုင်မှာလား ….
လွန်ခဲ့တဲ့၄နှစ်မှာ သူမဘဝကို အပြောင်းလဲကြီးဖြစ်သွားစေခဲ့တဲ့
အဖြစ်အပျက်ကရော ရိုးရှင်းရဲ့လား ဆိုတာကိုတော့
ရိုရိုလေးနဲ့ စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့်
To be a brave one ဆိုတဲ့ကားလေးကို CMကနေ
ဘာသာပြန်တင်ဆက်ပေးမှာဖြစ်လို
စောင့်မျှော်ကြည့်ရှုအားပေးကြပါဦးနော်~~~
(အညွှန်းရေးသားထားသူကတော့ Kywat ဖြစ်ပါတယ်)
Quality : WEB-DL 720p
Total Episodes : 36
Format : mp4
Genres : Drama,Romance,Bussiness
Duration : 45 min per Episode
Subtitle : Myanmar Subtitle ( Hardsub )
Translated by CM Team
Encoded by LK
VIP Link : Click Here
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။