Channel Myanmar

True Detective (Complete) Season(1-4)

True Detective

4 Seasons 24 Episodes
Returning Series

True Detective (Complete) Season(1-4)

8.283
TMDb: 8.283/10 2516 votes

General information

Original nameTrue Detective
Created by

Backdrops

True Detective (Complete) Season(1-4)
True Detective (Complete) Season(1-4)
True Detective (Complete) Season(1-4)
True Detective (Complete) Season(1-4)
True Detective (Complete) Season(1-4)
True Detective (Complete) Season(1-4)
True Detective (Complete) Season(1-4)
True Detective (Complete) Season(1-4)
True Detective (Complete) Season(1-4)
True Detective (Complete) Season(1-4)
True Detective (Complete) Season(1-4)
True Detective (Complete) Season(1-4)
True Detective (Complete) Season(1-4)
True Detective (Complete) Season(1-4)
True Detective (Complete) Season(1-4)
True Detective (Complete) Season(1-4)
True Detective (Complete) Season(1-4)
True Detective (Complete) Season(1-4)
True Detective (Complete) Season(1-4)
True Detective (Complete) Season(1-4)
True Detective (Complete) Season(1-4)
True Detective (Complete) Season(1-4)
True Detective (Complete) Season(1-4)
True Detective (Complete) Season(1-4)
True Detective (Complete) Season(1-4)
True Detective (Complete) Season(1-4)
True Detective (Complete) Season(1-4)
True Detective (Complete) Season(1-4)
True Detective (Complete) Season(1-4)
True Detective (Complete) Season(1-4)
True Detective (Complete) Season(1-4)

Synopsis of True Detective (Complete) Season(1-4)

HBO ကလွှင့်တဲ့ အမိုက်စား crime drama စီးရီးတစ်ခုလာပါပြီ။ ဒီစီးရီးကို ၂၀၁၄ ခုနှစ်မှာ season 1 စတင်ထုတ်လွှင့်ခဲ့ပြီး season တစ်ခုမှာ အပိုင်း(၈)ပိုင်းပါဝင်ပါတယ်…စီစင်တစ်ခုစီက မဆက်စပ်ဘဲ သီးခြားဇာတ်လမ်း၊ ဇာတ်အိမ်နဲ့ဖြစ်ပါတယ်။ဝူဒီဟာရယ်ဆန်၊ မက်သယူးမက်ကော်နယ်တို့ခေါင်းဆောင်ပါဝင်ထားတဲ့ဒီစီးရီးဟာ 2014 primetime Emmy Award ရရှိထားတဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။

IMDb Rating 8.9 နဲ့  Rotten Tomatoes 77% ရရှိထားပြီး ဒီစီးရီးက Rating ကြောင့် Plot ကြောင့်အပြင် ပါဝင်တဲ့မင်းသမီးတွေရဲ့ ဝတ်လစ်စလစ်ခန်းတွေကြောင့်လဲနာမည်ကြီးခဲ့ပါတယ်။ Season 1 မှာဆိုရင် မျက်ဝန်းလဲ့ပြာပြာနဲ့ Alexandra Daddario , Banshee စီးရီးရဲ့မင်းသမီးချော Lili Simmons နဲ့ Michelle Monaghan တို့လို မင်းသမီးတွေပါဝင်ထားပါတယ်။ဒါပေမယ့် မင်းသမီးတွေထက် မင်းသားကြီး Matthew McConaughey ကိုသာ ပိုမိုစွဲခိုက်မိသွားမှာ သေချာပါတယ်။

Matthew McConaughey က စုံထောက်ရပ်စ်တ်ကိုးလ် အဖြစ်လည်းကောင်း ၊ Now you see me တို့၊ venom တို့၊ The hunger games တို့က ဇာတ်ပို့မင်းသားကြီးဝူဒီဟာရယ်ဆန်က လူဝီစီးနီးယားပြည်နယ် စီအိုင်ဒီက စုံထောက်မာတင်ဟာ့တ်အဖြစ်လည်းကောင်း အတွဲအဖက်မိစွာ ကြည့်ရှုရမှာဖြစ်ပါတယ်။

season 1 မှာတော့ အသက် ၁၇ နှစ်အရွယ်မိန်းကလေးတစ်ယောက် သေဆုံးမှုအပါ် လိုက်ရတဲ့ လူဝီစီးနီးယားပြည်နယ်ရဲတပ်ဖွဲ့စုံထောက်နှစ်ဦးရဲ့ အားထုတ်မှုတွေအပေါ်ဇာတ်အိမ်တည်ထားပါတယ်။ အောက်လမ်းရိုးရာဆန်ဆန် ယုံကြည်သက်ဝင်မှုနဲ့ လူသတ်မှုကျူးလွန်သူရဲ့ဇာစ်မြစ်က်ို စုံစမ်းဖို့ တာဝန်ပေးခံရတဲ့ စုံထောက်နှစ်ယောက်အကြောင်း ပြန်ပြောပြတဲ့ပုံစံမျိုးနဲ့ ဇာတ်အိမ်တည်ထားပါတယ်။ စုံထောက် မာတီဟာ့တ် တစ်ဖြစ်လဲ ဝူဒီဟာရယ်ဆန်နဲ့ ဆိုက်ကိုလို့အများစုက သတ်မှတ်ထားပေမယ့် စူးစူးစိုက်စိုက်စူးစမ်းလေ့လာတတ်တဲ့ ဂေါက်သီးဆန်ဆန် စုံထောက် ရပ်စ်တ်ကိုးလ်တစ်ဖြစ်လဲ မက်သရူးမက်ကော်နယ်တို့ လူဝီစီးနီးယားပြည်နယ် ကြံခင်းတစ်နေရာမှာ စိတ္တဇပုံစံ အောက်လမ်းဆန်ဆန် အသတ်ခံရတဲ့ မိန်းကလေးတစ်ယောက်ရဲ့သေမှုသေခင်းကို ဘယ်လို ဂွတီးဂွကျလိုက်ကြမလဲဆိုတာ ကြည့်ရှုကြရမှာပါ။

မိသားစုဘဝနဲ့ အေးအေးဆေးဆေးဘဝတစ်ခုဖြတ်သန်းနေတဲ့ မာတီဟာ့တ်နဲ့ လူဝီစီးနီးယားပြည်နယ် ရဲတပ်ဖွဲ့မှာ ဂွတီးဂွကျ၊ ဂေါက်သီးလို့ လုပ်ဖော်ကိုင်ဖက်တွေက သတ်မှတ်ထားတဲ့ နာမည်ကြီးစုံထောက် ရပ်စ်တ်ကိုးလ်တို့နှစ်ယောက်အနေနဲ့ သာမန်ထက်ထူးခြားတဲ့ စိတ္တဇဆန်ဆန်မှုခင်းတစ်ခုကို ဘယ်လိုပူးပေါင်းအဖြေရှာဖော်ထုတ်ကြမလဲ ကြည့်ရှုကြရမှာပါ။ ဇာတ်လမ်းထဲမှာ ကိုးလ်ပြောထားတဲ့ ဒိုင်ယာလော့ခ်တွေက ရူးကြောင်ကြောင်နိုင်တယ်ထင်ရပေမယ့် တကယ်တမ်းသေချာတွေးကြည့်လိုက်ရင် တကယ်အဓိပ္ပါယ်ရှိတဲ့ ဒိုင်ယာလော့ခ်တွေဖြစ်နေတာကိုလည်း နောက်ပိုင်းမြင်လာပါလိမ့်မယ်။ လူ့အသိုင်းအဝိုင်းနဲ့ အံဝင်ဂွင်ကျမဖြစ်တဲ့ စုံထောက်တစ်ယောက်နဲ့ လူ့အသိုင်းအဝိုင်းအတွက် နားလည်ရခက်တဲ့ စိတ္တဇကွင်းသတ်လူသတ်သမားတစ်ယောက်တို့ရဲ့ အားပြိုင်မှုကြား တွဲဘက်ဖြစ်တဲ့ ဝူဒီဟာရယ်လေရဲ့ပြောင်မြောက်တဲ့ အားဖြည့်သရုပ်ဆောင်မှုကြောင့် ဇာတ်လမ်းအပိုင်းတိုင်းမှာ curiosity arousing အပြည့်ဖြစ်တဲ့ ရသမျိုးကို တခြား thriller တွေနဲ့မတူ တမူထူးခြားစွာခံစားရမှာပါ။

သရုပ်ဆောင်တွေရဲ့ ပိုင်နိုင်တဲ့သရုပ်ဆောင်မှု၊ ဇာတ်လမ်းဇာတ်အိမ်ခိုင်မာမှုတွေအပြင် လုပ်ဖော်ကိုင်ဖက်ကြား၊ မိသားစုကြား ထားရှိအပ်တဲ့ ethics တွေအကြောင်းကိုလည်း ခပ်ပါးပါးလေး ထည့်ရိုက်ပြသွားတာကြောင့် ပညာပေးရသကိုလည်း ခံစားရမှာပါ။

 

File Size –900 MB /600 MB (Appx;) @Episode
Quality – BluRay 1080p/720P
Duration – 60 min (@Episode)
Subtitle – Myanmar Hardsub
Format – mp4
Genre : Crime,Drama,Mystery
Translator – Ninja , Monica May , Vader
Encoder – Nyeinsaeya Aung

 

Download Season(1)Complete
==============

Episode-1 (1080p) >>> Yoteshin

 

Episode-2 (1080p) >>> Yoteshin

 

Episode-3 (1080p) >>> Yoteshin

 

Episode-4 (1080p) >>> Yoteshin

 

Episode-5 (1080p) >>> Yoteshin

 

Episode-6 (1080p) >>> Yoteshin

 

Episode-7 (1080p) >>> Yoteshin

 

Ep-8(END)(1080p) >>> Yoteshin

 

Download Zip(720p)(4.5GB)>>>> Yoteshin / MegaUp

+++++++++++++++++++++

True Detective Season-2

===================

True Detective Season-2 ကတော့
Season 1 အပြီး တစ်နှစ်အကြာ ၂၀၁၅ ခုနှစ်မှာ HBO က ထုတ်လွှင့်ပြသခဲ့တာပါ။
Season တစ်ခုနဲ့တစ်ခုဟာ အဆက်အစပ်မရှိဘဲ သီးခြားတည်ဆောက်ထားတဲ့
ဇာတ်လမ်းတွေဖြစ်တဲ့အတွက် ဒီ Season မှာတော့ အသစ်စက်စက် ဇာတ်အိမ်တစ်ခုကို ထပ်မံ ကြည့်ရှုခံစားရမှာပါ။

S2 မှာတော့ The Gentlemen ထဲမှာပါဝင်သရုပ်ဆောင်ခဲ့သလို The Batman ထဲမှာလည်း ဆျာဘတ်ရဲ့ ရန်သူတော်ကြီး Penguin အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Colin Farrel,
Freaky ထဲက ကွင်းဆက်လူသတ်သမားဘဲကြီး Vince Vaughn,
The Notebookတို့ Doctor Strange တို့ ထဲက မင်းသမီးချော Rachel McAdams တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။

S2 ဇာတ်လမ်းအကျဥ်း နည်းနည်းပြောမယ်။
ကယ်လီဖိုးနီးယား အဝေး​ပြေးကင်းလှည့် ရဲအရာရှိတစ်ဦးဟာ
လူပျောက်ကြေညာအထုတ်ခံထားရတဲ့မြို့တော်မန်နေဂျာတစ်ဦးရဲ့ မျက်လုံးနှစ်လုံးဖောက်ပြီး
အသတ်ခံထားရတဲ့အလောင်းကို လမ်းဘေးတစ်နေရာမှာ အမှတ်မထင်တွေ့ခဲ့တယ်။
အဲဒီအချိန်မှာ အမှုကို ဖော်ထုတ်ဖို့အတွက် ဗင်ချီရဲစခန်းက
ရဲအရာရှိ ရေးဗယ်လ်ကိုရို(Colin Farrell)နဲ့ ဗန်ကျူရာ ရဲစခန်း ရာဇဝတ်မှု
စုံစမ်းရေးဌာနက ဆားဂျင့်ဘစ်ဇရီးဒ်ဇ်(Rachel McAdams) တို့ကို ပူးတွဲ တာဝန်ပေးလိုက်တယ်။
တစ်ဖက်မှာလည်း မြို့တော်မန်နေဂျာဟာ ရဲစခန်းက ရာထူးအကြီးပိုင်းတွေ ရှေ့နေတွေနဲ့ပူးပေါင်းပြီး အကျင့်ပျက်
ခြစားနေတယ်လို့ နာမည်ထွက်​နေပြီး ရန်သူတွေ ဝိုင်းဝိုင်းလည်နေတယ်။
ဒီလို ထိပ်ပိုင်းက အာဏာရှိ ရာထူးကြီးပုဂ္ဂိုလ်တွေနဲ့ အောက်ခြေက သာမန်ရဲအရာရှိတို့
တရားမျှတမှုကို ရရှိဖို့အတွက် ဥပဒေဆိုတဲ့ လက်နက်ကို
ကိုင်စွဲပြီး ယှဥ်ပြိုင်တိုက်ခိုက်ရတော့တယ်။

Personal Review ပေးရမယ်ဆိုရင်တော့
True Detective Season 1 ရဲ့ခမ်းနားလှတဲ့ အရှိန်အဝါကြောင့်
Season 2 ဟာ လောင်းရိပ်မိသွားတယ်လို့ ပြောလို့ရပေမဲ့ Season 2 ဟာလည်း
သူ့ဟာနဲ့သူ Solid ဖြစ်တဲ့ Crime Drama ဇာတ်လမ်းတစ်ပုဒ်လို့​ပြောရမယ်ဗျ။
S2 ဇာတ်အိမ်ဟာ Season 1 ထက်
ပိုမိုရှုပ်ထွေးကျယ်ပြန့်ပြီး Plot Twist တွေဟာလည်း တော်တော်မိုက်တယ်။
ပြီးတော့ ဒီ Season ကို သဘောကျမိတဲ့အချက်ကို ပြောရမယ်ဆိုရင်
မှုခင်းဒရာမာ ဇာတ်လမ်းတွေမှာတွေ့ရလေ့ရှိတဲ့ ”Good Guy Always
win in the End”ဆိုတဲ့ ပုံစံခွက်ကြီးကို ဖောက်ထွက်သွားတာကိုပါ။
လောကကြီးဆိုတာ လူတိုင်းအတွက် တရားမျှတမှုမပေးနိုင်ဘူးဆိုတဲ့
အချက်ကို သဘာဝကျကျ တင်ဆက်ပြသသွားပြီး လက်တွေ့ဘဝမှာ
တကယ်ဖြစ်ပျက်နေတဲ့ အရှိတရားကို ဒီပျက်ရှင် အတောင့်လိုက်ဝင်စရာပြသွားတာပါ။
ဒီအချက်ကပဲ S2 ကို တစ်မူထူးခြားသွားစေတာပေါ့ဗျာ။
ဒီတော့ S2 ကြည့်တဲ့အခါမှာ Happy Ending ကို မျှော်လင့်မထားပါနဲ့လို့ ပြောချင်ပါတယ်။
ကြည့်ရှုခံစားလိုက်ကြပါဦး။

Download Season(2)Complete
==============

Episode-1 (1080p) >>> Yoteshin

 

Episode-2 (1080p) >>> Yoteshin

 

Episode-3 (1080p) >>> Yoteshin

 

Episode-4 (1080p) >>> Yoteshin

 

Episode-5 (1080p) >>> Yoteshin

 

Episode-6 (1080p) >>> Yoteshin

 

Episode-7 (1080p) >>> Yoteshin

 

Ep-8(END)(1080p) >>> Yoteshin

 

Download Zip(720p)(4.6GB)>>>> Yoteshin / MegaUp

+++++++++++++++++++++

True Detective Season-3

===================

“အချိန်ဟာ လူတစ်ယောက်ကို​ပြောင်းလဲစေနိုင်လား၊ ဖြစ်စဥ်တစ်ခုကို​ပြောင်းလဲစေနိုင်လား၊ အဖြေမပေါ်နိုင်တဲ့
ပုစ္ဆာတွေကို ဖော်ထုတ်​ပေးနိုင်လား”
ဒီမေးခွန်းတွေကိုအဖြေပေးရရင်တော့
“အချိန်ဟာ မည်သည့်အရာကိုမှပြောင်းလဲနိုင်စွမ်းမရှိ။
လူတွေရဲ့လုပ်ရပ်တွေ ရွေးချယ်မှုတွေကသာ
အနာဂတ်ကို အမှန်တကယ်ပြောင်းလဲနိုင်တယ်။”

True Detective S3 မှာ ၁၉၈၀,၁၉၉၀,၂၀၁၅ ဆိုပြီး
Timeline သုံးခုကို တစ်ပြိုင်တည်းဖွင့်ထားတယ်။
၁၉၈၀ ခုနှစ် အောက်တိုဘာလ:
ဟောလိုးဝင်းပွဲတော်အပြီးအချိန်လောက်မှာ
အာကန်ဆန်ပြည်နယ်ထဲက ကလေးငယ်နှစ်ဦး
(မောင်နှမနှစ်ယောက်) တောတွင်းတစ်နေရာမှာ
ဆော့ကစားကြရင်း ပျောက်ချင်းမလှပျောက်သွားတယ်။
ရဲတွေလည်း လူပျောက်ကလေးငယ်နှစ်ဦးကို
လိုက်လံရှာဖွေရင်း သိပ်မကြာခင် တောထဲက တစ်နေရာမှာ
ကောင်လေးရဲ့အလောင်းကို ပြန်တွေ့ခဲ့တယ်။
ကောင်မလေးကိုတော့ ဘယ်လိုမှရှာမတွေ့ခဲ့ပါဘူး။
ဒီလိုနဲ့ အချိန်တွေကြာလာတယ်။ အမှုက အေးစက်လာတယ်။
ရဲတွေကလည်း အိရောအိရောနဲ့ပေါ့။
နောက်ဆုံးမှာတော့ ဘယ်လိုမှမတတ်နိုင်တော့ဘဲ အမှုကိုပိတ်လိုက်ရတော့တယ်။

၁၉၉၀ ခုနှစ်: လွန်ခဲ့တဲ့ဆယ်နှစ်က
အမှုပိတ်လိုက်တဲ့ ကလေးငယ်နှစ်ဦးပျောက်ဆုံးမှုနဲ့ပတ်သက်ပြီး
အမှတ်မထင်ဘဲ သဲလွန်စတွေပြန်ပေါ်လာတယ်။
ဒီတော့ ရဲတွေကလည်း အမှုပြန်ဖွင့်တယ်ပေါ့ဗျာ။
သဲလွန်စတွေကို ခြေရာခံပြီးတရားခံကို အစွမ်းကုန်
ရှာဖွေပေမဲ့လည်း အမှုဟာ ဘယ်လိုမှကွင်းဆက်မမိနိုင်ဘဲ
ဘာမှသိပ်ထူးခြားမလာတဲ့အခါ ဒုတိယံမိ နောက်တစ်ကြိမ်
လက်လျှော့လိုက်ရပြန်တယ်။

ဒီလိုနဲ့ ရာသီတွေ အချိန်တွေ အလီလီကူးပြောင်းခဲ့ပြီ။ နှစ်တွေလည်း ကြာခဲ့ပြီ။
တောထဲက ကလေးငယ်နှစ်ဦးထဲက
သေဆုံးသွားတဲ့ကောင်လေးနဲ့ ပျောက်ဆုံးသွားတဲ့
သူ့ညီမလေးအမှုကတော့ အချိန်ရဲ့တိုက်စားမှုကြောင့်
လူတွေရဲ့မှတ်ဉာဏ်ထဲကနေ မှေးမှိန်ပျောက်ကွယ်သွားခဲ့ပြီ။

၂၀၁၅ခုနှစ်: လွန်ခဲ့တဲ့၃၅နှစ်ကျော်က
အာကန်ဆန်ပြည်နယ်ထဲမှာဖြစ်ခဲ့တဲ့
အမှုအကြောင်းတီဗီချန်နယ်တွေက Documentry ရိုက်ကြတယ်။
ဒီတော့အဲဒီအချိန်တုန်းက အမှုကို
အဓိကကိုင်ခဲ့တဲ့ စုံထောက်နှစ်ဦး ဝိန်းဟေးစ်(Mahersha Ali)နဲ့
ရိုလန်ဝက်စ်ကို အင်တာဗျူးလုပ်ကြတာ​ပေါ့။
အချိန်တွေကြာခဲ့ပြီဖြစ်တဲ့အတွက်
တာဝန်ခံစုံထောက်တစ်ဦးဖြစ်တဲ့
ဝိန်းဟေးစ်ဟာလည်း ဇရာရဲ့ထိုးနှက်မှုဒဏ်ကြောင့်
ရေတိုမှတ်ဉာဏ်ပျောက်ဆုံးပြီးမေ့တတ်တဲ့ရောဂါ ဖြစ်နေပြီ။
ဒါပေမဲ့ ဒီအချိန်မှာတော့ ၃၅နှစ်ကျော်
ဖြေရှင်းမရခဲ့တဲ့ပုစ္ဆာ အဖြေရဖို့အတွက်
အမှတ်မထင် မျှော်လင့်ချက်ရောင်ခြည်လေးတစ်ခု သန်းလာပါတော့တယ်။

True Detective S3 ရဲ့ မင်းသားကြီး Mahersha Ali ဆိုတာလည်း
2016 တုန်းက Moonlight ရုပ်ရှင်မှာ အကောင်းဆုံးဇာတ်ပို့အနေနဲ့
အော်စကာရခဲ့တဲ့ ခေသူမဟုတ်တဲ့ ဆရာကြီးတစ်ပါးပါ။
2024 မှာ ထွက်မယ့် Marvel ရဲ့ Blade
ရုပ်ရှင်ကားမှာလည်း Blade အဖြစ် ပါဝင်သရုပ်ဆောင်ဦးမယ်။
သူ့ရဲ့အသက်ဝင်လှတဲ့သရုပ်ဆောင်ချက်တွေက
လှပတဲ့ဇာတ်လမ်းအပေါ်ကို အချိုပေါ်သကာလောင်းသလို ပိုမိုရုပ်လုံးကြွစေတယ်။
ခြုံငုံပြောရရင်တော့ S3 ဟာ
လျှို့ဝှက်သည်းဖို မှုခင်းဝတ္ထုစာအုပ် တစ်အုပ်ကို
တိတ်ဆိတ်​ငြိမ်သက်တဲ့အချိန်မှာ
ထိုင်ဖတ်နေရသလို ခံစားချက်မျိုးပေးနိုင်ပြီး အဆုံးသတ်မှာ
ရင်ထဲစွဲကျန်စေမယ့် ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့ဗျာ။

 

Download Season(3)Complete
==============

Episode-1 (1080p) >>> Yoteshin

 

Episode-2 (1080p) >>> Yoteshin

 

Episode-3 (1080p) >>> Yoteshin

 

Episode-4 (1080p) >>> Yoteshin

 

Episode-5 (1080p) >>> Yoteshin

 

Episode-6 (1080p) >>> Yoteshin

 

Episode-7 (1080p) >>> Yoteshin

 

Ep-8(END)(1080p) >>> Yoteshin

 

Download Zip(720p)(4.9GB)>>>> Yoteshin / MegaUp

+++++++++++++++++++++

True Detective: Night Country (2024) Season 04 Complete

 

IMDb အမြင့်ဆုံး စီးရီးတွေထဲက တစ်ခုဖြစ်တဲ့ True Detective အတွဲ-၄ ထွက်လာပါပြီ။ အပိုင်း ၆ ပိုင်း ပါဝင်မှာဖြစ်ပြီး တစ်ပတ်တစ်ပိုင်းပြသသွားမှာပါ။ ဒီစီးရီးဟာ စီစန်တစ်ခုကို အမှုတစ်ခုစီ လုပ်ထားတာဖြစ်တဲ့အတွက် ဒီစီစန်မှာလည်း အမှုအသစ်စက်စက်တစ်ခုကို တွေ့ရမှာပါ။ ဒီစီးရီးဟာ ဒဿနတွေ၊ ကုတင်ခန်းတွေ၊ စိတ်ဝင်စားစရာအမှုတွေ၊ လူတွေရဲ့ အမှောင်ခြမ်းတွေ အစုံပါတာကြောင့် နာမည်ကြီးပေမဲ့ ဒီစီစန်-၄ မှာတော့ လူနားလည်ရခက်တဲ့ ဒဿနတွေ မပါသေးဘဲ အမှုကိုပဲ စိတ်ဝင်စားဖို့ကောင်းအောင် စတင်ထားပါတယ်။

 

~ ဇာတ်လမ်းအကျဉ်း ~

 

အာတိတ်ဝင်ရိုးစွန်းရဲ့ အန်းနစ်ဆိုတဲ့မြို့လေးမှာ ဇာတ်အိမ်တည်ထားပါတယ်။ ရဲမှူး အဲလိဇဘက် ဒန်ဗာ (ဂျိုဒီ ဖော်စတာ) နဲ့ ပြည်နယ်ရဲတပ်ဖွဲ့ဝင် နဗာရို (ကာလီရိတ်စ်) တို့ ခေါင်းဆောင်ပါဝင်ထားပါတယ်။ အမှုကတော့ နှစ်မှုပါ။ တစ်မှုက မြို့ရဲ့ တူးဖော်ရေးမိုင်းတွင်းကို ဆန္ဒပြနေတဲ့ တက်ကြွလှုပ်ရှားသူတစ်ယောက် ၃၃ ချက်အထိုးခံရပြီး အသတ်ခံရမှု နဲ့ ဝင်ရိုးစွန်း သိပ္ပံပညာရှင်စခန်းက လူ ၈ ယောက် တပြိုင်တည်း ရုတ်တရက် ပျောက်ဆုံးသွားမှုပါ။ အဲဒီနှစ်မှုဆက်စပ်နေလား… လူတွေပျောက်သွားတာကရော သေကုန်တာလား… ဘာဖြစ်တာလဲ… စတဲ့မေးခွန်းတွေကို စုံထောက်နှစ်ယောက်နဲ့အတူလိုက်ပြီးအဖြေရှာရတော့မှာပဲဖြစ်ပါတယ်။ လက်ရှိထွက်တဲ့အပိုင်း ၁ ကတော့ IMDb 8.9 ရရှိထားပါပြီ။ စုံထောက်ကားကြိုက်သူတွေအတွက် ၂၀၂၄ ရဲ့ ပွဲဦးထွက် အလန်းလေးပါပဲ။ ကြည့်လိုက်ကြပါဦး။

 

Download Season(4) Ongoing
==============

Episode-1 (1080p) >>> Yoteshin / MegaUp / MegaNZ / UsersDrive / StreamWish / StreamVid

 

Episode-2 (1080p) >>> Yoteshin / MegaUp / MegaNZ / UsersDrive / StreamWish / StreamVid

 

Episode-3 (1080p) >>> Yoteshin / MegaUp / MegaNZ / UsersDrive / StreamWish / StreamVid

 

Episode-4 (1080p) >>> Yoteshin / MegaUp / MegaNZ / UsersDrive / StreamWish / StreamVid

 

Episode-5 (1080p) >>> Yoteshin / MegaUp / MegaNZ / UsersDrive / StreamWish  

 

Episode-6 END (720p) >>> Yoteshin / MegaUp / MegaNZ / UsersDrive / StreamWish

 

Episode-6 END (1080p) >>> Yoteshin / MegaUp / MegaNZ / UsersDrive / StreamWish

+++++++++++++++++++++

Season-4 ပြီးပါပြီ။

အားပေးမှုကိုကျေးဇူးတင်ရှိပါသည်။



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Airs On
Release Year
Firt air date
Last air date2019-02-24
TypeScripted
Episode runtime60 min
Popularity52.842
TV StatusReturning Series

Seasons and episodes

No data available


Videos

Comments