Victorious (Season 3) Complete
လေတိုက်လို့ သစ်ရွက်လှုပ်ရင် ရယ်ချင်သတဲ့။ ဆယ်ကျော်သက်ကလေးတွေပေါ့။ လူရယ်လို့ ဖြစ်လာပြီး ကြီးပြင်းလာတဲ့ အထိရှအလွယ်ဆုံး အသက်အပိုင်းအခြားတစ်ခုပါပဲ။ သူတို့မှာ သောကတွေနဲ့၊ သူတို့မှာ ဖိအားတွေနဲ့၊ သူတို့မှာ မျှော်လင့်ချက်တွေနဲ့။
ပါးက ဝက်ခြံတစ်လုံးက သူတို့အတွက် သေဒဏ်အမိန့်တစ်ခုလိုပဲ။ ဆံပင်ညှပ်တာ အဆင်မပြေလိုက်ရင် ဘဝပျက်သလိုခံစားရသူတွေပါ။ အရောင်အစုံဆုံးအရွယ် အဖြူထည်လေးတွေ။ လောကကြီးကို စူးစမ်းရင်း၊ သဘာဝကိုသင်ယူရင်း ချစ်စရာအကောင်းဆုံးနဲ့ ပြဿနာအရှာတတ်ဆုံး ကလေးများပေါ့။
အခု Victorious က Season 3 ကို ရောက်ရှိလာပြီဖြစ်လို့ ပရိသတ်တွေ မစိမ်းလောက်တော့ပါဘူး။ တဝါးဝါး တဟားဟား ရယ်ရတဲ့ သူတို့လေးတွေကို အချစ်တွေ ပိုနေကြမိမှာပါပဲ။ တစ်မျိုးစီလှတဲ့ ပန်းရောင်စုံလေးတွေမလို့ ရသအစုံပါတဲ့ ခံစားမှုဟင်းအိုးကြီးပေါ့။ အထက်တန်းကျောင်းသား ဆယ်ကျော်သက်လေးများရဲ့ နိစ္စဒူဝအတွေ့အကြုံလေးတွေကို ဟာသနှော တင်ဆက်ထားတဲ့ ဒီဇာတ်လမ်းတွဲလေးက ကျွန်တော်တို့လို လူလတ်ပိုင်းတွေမက၊ လူကြီးပိုင်းအထိပါ အကြိုက်တွေ့ရတယ်လေ။
ဘာသာပြန်များအနေနဲ့ကလည်း ယဉ်ကျေးမှုကွာဟချက်ကို ဖာထေးဖို့ ဦးနှောက်ကို စက်ကုန်ဖွင့်မောင်းခဲ့ရတာပါ။ သူတို့အတွက် ရယ်ရတဲ့အလုံးတစ်ခုက မြန်မာဘာသာပြန်လိုက်ရင် ဘာကြီးမှန်းမသိဖြစ်ရတာမျိုးတွေ၊ သူတို့ဒေသ သူတို့စကားသံနဲ့မှ ဟာသမြောက်တာတွေကို အနီးစပ်ဆုံး မြန်မာမှုပြုထားကြပါတယ်။ Victorious ဆိုတဲ့နာမည်ကို သူတို့ ပရိသတ်တွေကတော့ VicTORIous လို့ ရေးကြတယ်ဗျ။ Tori ရဲ့အကြောင်းကို အဓိကတင်ဆက်ထားလို့ပါ။ Tori နေရာမှာ သရုပ်ဆောင်တဲ့ မင်းသမီးနာမည်ကလည်း Victoria Justice ပါတဲ့နော်။ ဒီဇာတ်လမ်းတွဲက 2012 နဲ့ 2013 (၂) နှစ်လုံးမှာ Kid’s Choice Award ရခဲ့ပါတယ်။
ဒီ Season မှာလည်း အောက်ပိုင်းပြက်လုံး (Dark humor) မပါသလောက် နည်းပါးပြီး မိသားစုနဲ့အတူ ရဲရဲဝံ့ဝံ့ ခွီနိုင်မယ့် ဇာတ်လမ်းတွဲမလို့ အမှတ်တရတွေ အများကြီးပေးစွမ်းနိုင်မှာပါ။ ရိုက်ကူးထုတ်လွှင့်ခဲ့တဲ့ ခုနှစ်တွေမှာ ဖြစ်ပျက်ခဲ့တဲ့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးနဲ့ အနုပညာရေးရာတွေကို လှောင်ပြောင်တဲ့ ဟာသအကွက်လေးတွေလည်း ပါဝင်တာမလို့ ဗဟုသုတ တီးမိခေါက်မိတဲ့သူတွေအတွက် ပိုရယ်ရပါလိမ့်မယ်။ မသိလည်း ဘာမှမဖြစ်ပါဘူး။ ဟာသတွေက သိပ်ကိုပြောင်မြောက်လွန်းလို့ အူတက်မလောက်ပါပဲ။
နောက်ဆုံး Season ဖြစ်တဲ့ Season 4 ကိုလည်း များမကြာမီ တင်ဆက်ပေးမှာဖြစ်လို့ အများကြီးခွီလို့ရပါသေးတယ်လို့ သတင်းကောင်းပါးချင်ပါတယ်။ ဒါပေမဲ့ ဖောက်သည်ချစရာရှိပါတယ်။ မူလတည်းက Season (၃) ခုပဲ ရိုက်ခဲ့တာဖြစ်လို့ Season 3 ကို တဝက်စီခွဲပြီး Season 4 လုပ်ထားတာပါ။ ဘာပဲဖြစ်ဖြစ် ကြည့်ရသလောက် အမြတ်၊ ရယ်ရတာလည်း အမြတ်ပါပဲ။
(ဒီစီဆင်ရဲ့ အညွှန်းကိုရေးသားပေးသူကတော့ Arr Khun Winchester ပဲဖြစ်ပါတယ်။)
Size ~ 490MB
Quality – 1080p BluRay
Duration – 25 mins (@Episode)
Subtitle – Myanmar Hardsub
Format – Mp4
Genre : Comedy, Family
Source : 1080p.NF.WEBRip.DDP2.0.x264
Translator – Arr Khun Winchester, San Thu Aung, 666
Encoder – Y
Episode 1 to 7 zip –> Yoteshin
Episode 8 to 12 zip –> Yoteshin
Episode 1 –> Yoteshin, MegaUp, MegaNZ, UserDrive, StreamSB
Episode 2 –> Yoteshin, MegaUp, MegaNZ, UserDrive, StreamSB
Episode 3 –> Yoteshin, MegaUp, MegaNZ, UserDrive, StreamSB
Episode 4 –> Yoteshin, MegaUp, MegaNZ, UserDrive, StreamSB
Episode 5 –> Yoteshin, MegaUp, MegaNZ, UserDrive, StreamSB
Episode 6 –> Yoteshin, MegaUp, MegaNZ, UserDrive, StreamSB
Episode 7 –> Yoteshin, MegaUp, MegaNZ, UserDrive, StreamSB
Episode 8 –> Yoteshin, MegaUp, MegaNZ, UserDrive, StreamSB
Episode 9 –> Yoteshin, MegaUp, MegaNZ, UserDrive, StreamSB
Episode 10 Part 1 –> Yoteshin, MegaUp, UserDrive, StreamSB
Episode 10 Part 2 –> Yoteshin, MegaUp, UserDrive, StreamSB
Episode 11 –> Yoteshin, MegaUp, UserDrive, StreamSB
Episode 12 –> Yoteshin, MegaUp, UserDrive, StreamSB
–> VIP LINK <–
Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။