(Unicode)
ဖြစ်ရပ်မှန် ဇာတ်လမ်းတွေကို သဘောကျနှစ်ခြိုက်ပြီးတော့ မှုခင်းနောက်ခံ ဒရာမာစီးရီး ကြည့်ရှုချင်ကြသူတွေအတွက်
Neflix စီးရီတစ်ခုဖြစ်တဲ့ When they see us 2019 ဆိုတဲ့ မီနီစီးရီးလေး (လေးပိုင်း စဆုံး) တင်ဆက်ပေးချင်ပါတယ် …
ဒီစီးရီးလေးဟာ အမေရိကန်နိုင်ငံရဲ့ တရားရေးကို မီးမောင်းထိုးပြထားတဲ့ ဇာတ်လမ်းလေးဖြစ်ပြီးတော့ အဓမ္မကျင့် လူသတ်မှုတစ်ခုမှာ မပါဝင်ဘဲ
စွပ်စွဲခံရတဲ့ လူငယ်လေး ၅ ယောက်အကြောင်းကို ရင်နင့်ဖွယ် ရိုက်ကူးထားတာပါ …
မှားယွင်းတဲ့ တရားစီရင်မှုနောက်က အကျိုးဆက်တွေကို ဒီကားထဲမှာ တွေ့မြင်ရမှာပါ
၁၉၈၉ ခုနှစ်က အမေရိကန်နိုင်ငံမှာ အမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့ အမှုတစ်ခုဖြစ်ပြီးတော့ ပါဝင်သူတွေဟာ ယနေ့တိုင် သက်ရှိထင်ရှားရှိနေဆဲပါ
အမေရိကန်ရဲတွေ အစိုးရရှေ့နေတွေနဲ့ ဒေါ်နယ်ထရမ့်တို့လို(သမ္မတမဖြစ်သေး) လူတွေက လူမည်းလူငယ်တွေကို
မှားယွင်းစွာ စိီရင်ချက်ချဖို့ အတင်းဖိအားပေးခဲ့ကြပါတယ်…
အစအဆုံး ရင်တမမနဲ့ ခေါ်ယူသွားမယ့် ဇာတ်လမ်းလေးဖြစ်ပြီးတော့ တရားဥပဒေစိတ်ဝင်စားသူတွေ နဲ့ ဒရာမာကားကောင်းကောင်းနှစ်သက်သူတွေ
လက်မလွှတ်သင့်တဲ့ စီးရီးတစ်ခုဖြစ်လို့ ပရိသတ်ကြီးကိုယ်တိုင် ကြည့်ရှုအကဲဖြတ်တော်မူပါ ..
မျက်ရည်ကျချင်လည်း ကျကြပေါ့လေ
(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်တင်ဆက်ထားသူကတော့ ကိုဇွဲခန့်သွင် ဖြစ်ပါတယ်။)
(Zawgyi)
မှားယွင်းစွာ စီရင်ချက်ချဖို့ အတင်းဖိအားပေးခဲ့ကြပါတယ်…
Quality – 720p NF WEB-DL
Duration – 1hr (@Episode)
Subtitle – Myanmar Hardsub
Format – Mp4
Genre : Biography, Crime, Drama
Source : 720p.NF.WEB.DDP5.1.Atmos.x264-NTb
Translator – Zuel Khant Thwin
Encoder – Thanhtike Zaw
Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။