ီတစ်ခေါက်မှာတော့ ကျွန်မတို ယင်းပေါင်တစ်ယောက်
ရှင့်ဖူ အပြီးမှာ ၁၉၉၀ ဝန်းကျင်က
ရွှီသူဌေးမအနေနဲ့ ရောက်လာပါပြီ…
ဒီကားလေက ၁၉၉၀ ဝန်းကျင်ကာလမှာ
ရွှပန့်ရှ ဆိုတဲ့ အမျိုးသမီးဟာ
အမျိုးသားတွေနဲ့ ရင်ဘောင်တန်းပြီး
အမျိုးသားတွေကြီးစိုးနေတဲ့ ဆောက်လုပ်ရေးလောကမှာ
နေရာတစ်ခုရအောင်ကြိုးစားခဲ့တဲ့ အကြောင်းလေးပေါ့…
ရွှီပန့်ရှဟာဆိုရင် သူ့မွေးချိန်မှာပဲ မိခင်ဟာ မီးတွင်းတည်းဆုံးခဲ့ပြီး
ဖခင်ဟာလည်း ဂရုမစိုက် ပစ်ထားခံရသူလေးမို
အချစ်ငတ်နေသူလေးပေါ့…
ရွှီပန့်ရှက ဒီလို ခက်ခက်ခဲခဲ ကြီးပြင်းလာပေမယ့်လည်း
အခက်ခဲကြုံရင် လာမယ့်ဘေး ပြေးတွေ့တတ်သူလေးတစ်ယောက်ပေါ့…
ရွှီပန့်ရှမှာ ရှောင်ချန်နဲ့ ထုံရှောင်းချီဆိုတဲ့ သူငယ်ချင်းကောင်း ၂ ယောက်
သူဝင်ဖိုကြိုးစားနေတဲ့ ဆောက်လုပ်ရေးလောကထဲကလူတွေပေါ့…
ရွှပန့်ရှဟာ သူ့ရဲ့ မလျှော့သော စိတ်ဓာတ်ကို အရင်းခံပြီး
အခက်ခဲတွေကို ထိပ်တိုက်ရင်ဆိုင်ပြီး
သေဘေးတောင်မကြောက် ဆက်ကြိုးစားခဲ့တာကြောင့်
နိုင်ငံတကာ ပိုကုန်လုပ်ငန်းအထိ ဖွင့်နိုင်ခဲ့တယ်…
ဒီလိုနဲ့ အဆုံးသတ်မှာ ရွှပန့်ရှတစ်ယောက်
သူလိုချင်တဲ့ ဆောက်လုပ်ရေး ဈေးကွက်ထဲက နေရာတစ်ခုအပြင်
သူတောင့်တနေခဲ့တဲ့ အချစ်လည်း ရှာဖွေတွေ့ခဲ့လေသတည်းပေါ့…
ဒီကားလေးကလည်း ရှင့်ဖူလိုပဲ အချစ်ရေးကို
အသားပေးရိုက်ထားတာမျိုးမဟုတ်ဘဲ အမျိုးသမီးဆို
နေရာမပေးချင်တဲ့ စီးပွားရေးလောကထဲ
အမျိုးသမီးတစ်ဦး ကျားကန်ရုန်းကန်ရတဲ့အကြောင်းလေးကို
အသားပေးရိုက်ကူးထားတာမို စာအုပ်နဲ့ ဘော်ပင်လေးကိုင်ပြီး
ကြည့်ဖို တိုက်တွန်းလိုက်ပါတယ်..
စုစုပေါင်း ၃၆ ပိုင်းရှိပြီး အပတ်စဉ်
တနင်္ဂနွေကနေ ကြာသပတေးအထိ တစ်နေ့ ၂ ပိုင်းလာပြီး
သောကြာ စနေမှာ တစ်နေ့တစ်ပိုင်း
တင်ဆက်သွားမယ်လို ရေးထားပေမယ့်
တရုတ်ကားတို ထုံးစံအတိုင်း အချိန်နေ့ရက်
အပြောင်းလဲ ရှိကောင်းရှိနိုင်ပါတယ်…
(အညွှန်းရေးသားထားသူကတော့ Chu Chu ဖြစ်ပါတယ်)
Quality : WEB-DL 720p,1080p
Total Episodes : 36
Format : mp4
Genres : Bussiness, Romance, Drama
Duration : 45 min per Episode
Subtitle : Myanmar Subtitle ( Hardsub )
Translated by CM Team
Encoded by LK
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။