စီးရီးသစ်တွေ အများကြီးထွက်လို့ ဗြာများပြီး ဘယ်ဟာကောင်းလဲမသိရွေးချယ်ရခက်နေသူ CM fan တွေအတွက် ၂၀၁၇ က ထွက်ထားပြီး နာမည်ကြီး မင်းသားကြီးတွေပါတဲ့ NETFLIX က Crime , Mystery အမျိုးအစား ဇာတ်လမ်းတွဲကောင်းတစ်ခုကိုတင်ဆက်ပေးလိုက်ပါတယ် ။
ဒီဇာတ်လမ်းမှာတော့ အမျိုးသမီးနဲ့ ကလေးသူငယ်တွေအပေါ် ကျူးလွန်ခံရတဲ့ အကြမ်းဖက်မှုတွေနဲ့ လိင်အကြမ်းဖက်မှုတွေကို အသားပေးရိုက်ကူးထားပါတယ် ။
ဇာတ်လမ်းအကျဥ်း
ပျောက်ဆုံးသွားတဲ့ မိခင်ဖြစ်သူကိုရှာဖွေနိုင်ဖို့ အမှုစစ်တစ်ယောက်ဖြစ်အောင်ကြိုးစားခဲ့တဲ့ မာအီဒွန်…
စိတ်ရောဂါအထူးကုဆရာဝန်အဖြစ်ကနေ နှုတ်ထွက်ပြီး အမှုစစ်တစ်ယောက်ဖြစ်လာတဲ့ ယောဂျင်အု…
အီဒွန်က အထက်လူကြီးတွေဆီကအာရုံစိုက်မှုရဖို့နဲ့ ရာထူးတိုးဖို့အမြဲကြိုးစားပြီး ကိုင်တဲ့အမှုတိုင်းနိုင်ဖို့အတွက် နည်းလမ်းမျိုးစုံ လှည့်ကွက်မျိုးစုံကိုသုံးလေ့ရှိပါတယ် ၊
ဂျင်အုကတော့ အမှန်တရားဘက်မှာ အမြဲနေပြီး စည်းမျဥ်းစည်းကမ်းအတိုင်း သေချာလုပ်ဆောင်တတ်တဲ့ အမှုစစ်တစ်ယောက်ပါ
မထင်မှတ်တဲ့ပြဿနာတွေဖြစ်ပြီး အမျိုးသမီးနှင့်ကလေးသူငယ်မှုခင်းဌာကို ပြောင်းရွှေ့ခံလိုက်ရတဲ့ မာအီဒွန်နဲ့
အမျိုးသမီးနဲ့ကလေးငယ်တွေဘက်က ရပ်တည်ပေးဖို့ အဖွဲ့ပြောင်းလာတဲ့ ယောဂျင်အုတို့နှစ်ယောက် တွေ့ကြတဲ့အခါ…
သူတို့နှစ်ယောက်ဘယ်လိုဆက်ပြီး အတွဲညီညီ အမှုတွေကို ဖော်ထုတ်သွားမလဲဆိုတာ ဒီဇာတ်လမ်းတွဲလေးမှာ ဆက်လက်ကြည့်ရှုနိုင်ပါပြီရှင် ။
*** တစ်ရက် ၂ ပိုင်းနှုန်း ၃ ပိုင်းနှုန်းနဲ့ တင်ဆက်ပေးသွားမှာဖြစ်လို့ ဆက်တိုက်ကြည့်ရှု့ကြရမှာပါနော် ***
( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Hay Thar Oo ပါ )
Translated by Hay Thar Oo
Encoded by Naing Aung Latt
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။