Channel Myanmar

Yong Pal (2015)

Yong Pal (2015)

no data

General information

Synopsis of Yong Pal (2015)

yong-pal-1111

အပြင်မှာအခွေထွက်တုန်းက စာတန်းသိပ်မကောင်းလို့ကြည့်ရတာအခက်တွေ့နေတဲ့သူတွေအတွက်နဲ့

K Drama Fan တွေအတွက် စိတ်ဝင်စားစရာ ဇာတ်လမ်းတွဲလေးတစ်ခုကို Channel Myanmar နဲ့

Variety World Myanmar Subtitle Page တို့မှပူးပေါင်းပြီးတင်ဆက်ပေးလိုက်ပါတယ်

တင်ဆက်ပေးလိုက်ပါတယ်…2015 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ယွန်ပယ် ဆိုတဲ့ ဒီဇာတ်လမ်းတွဲဟာ

ပြသချိန်တုန်းက ကိုရီးယားနိုင်ငံ လူကြည့်အများဆုံး ရုပ်သံဇာတ်လမ်းတွဲအဖြစ် ရပ်တည်နိုင်ခဲ့ပြီးတော့

အောင်မြင်မှုလည်းတစ်ဟုန်ထိုးရရှိခဲ့ပါတယ်..Seoul မှာ rating 21 .9% ကျော်ရခဲ့တဲ့ အပြင် Viki မှာလည်း

9.1 ရထားခဲ့ပါတယ် Best excellence actress , Grand Prize နဲ့ Best Couple awards တွေအပြင်

ဇာတ်ပို့တွေပါ ဆု ရခဲ့ပြီး 2015 ရဲ့ ဆုများစွာကို သိမ်းပိုက်ခဲ့တဲ့ drama လေးပါ

ဇာတ်လမ်းအမျိုးအစားကတော့ ဆေးလောက နောက်ခံ

အပြင် ရာဇ၀တ်မှု တွေ..နေရာလုပွဲတွေ..သည်းထိတ်ရင်ဖိုစွန့်စားခန်းတွေနဲ့အတူ ကြည်နူးဖွယ်ကောင်း

တဲ့အချစ်ဇာတ်လမ်းလေးနဲ့ပါ ဇာတ်အိမ်ရောထွေးတည်ထားပြီး သိပ်ကိုကောင်းတဲ့ဇာတ်လမ်းတွဲဖြစ်ပါတယ်

ဒီဇာတ်လမ်းတွဲမှာအဓိကသရုပ်ဆောင်တွေကတော့ ယွန်ပယ်အနေနဲ့ Joo Won က သရုပ်ဆောင်ထားပြီး

ဟန်ယိုဂျင်အနေနဲ့ ကင်ထယ်ဟီးက သရုပ်ဆောင်ထားပါတယ်..ဇာတ်လမ်းအညွှန်းလေးဆက်လက်ခံစားကြည့်ပါ

 

Peview

 

မြေအောက်လောကလူဆိုးဂိုဏ်းသားတွေလောကမှာ ယွန်ပယ်ဆိုတဲ့ နာမည်ကြီးဆရာဝန်တစ်ဦးရှိပါတယ်

သူကတော့ ဒဏ်ရာရလာပြီးဆေးရုံဆေးခန်းပြလို့မရတဲ့လူဆိုးတွေကိုကုသပေးတဲ့သူဖြစ်သလို တော်တဲ့

အတွက်အင်မတန်မြေအောက်လောကမှာနာမည်ကြီးပါတယ်..ပိုက်ဆံကလည်းမက်ပါတယ်..ဘာကြောင့်လဲ

ဆိုရင် ယွန်ပယ်ရဲ့ညီမလေးဟာ ဆေးကုသဖို့အတွက်စရိတ်လိုအပ်နေတာကြောင့်ပဲဖြစ်ပါတယ်…..

ယွန်ပယ်အလုပ်လုပ်တဲ့ဆေးရုံ မှာတော့ အထူး VIP ခန်းထဲမှာ လူသားသစ်ပင်အနေနဲ့ 3နှစ်တိုင်တိုင်

လဲနေတဲ့ ကင်ထယ်ဟီးဆိုတဲ့ မိန်းမချောလေးဟာ ဆေးရုံပိုင်ရှင်ရဲ့တစ်ဦးတည်းသောမြေးပါ..ယွန်ပယ်ဟာ

ဆေးရုံမှာသူ့ဘ၀ကိုတိုးတက်ဖို့ကြိုးစား..ညီမကိုဆေးကုဖို့ပိုက်ဆံများရှာရင်းက အထူး VIP ခန်းမှာ

တာဝန်ရအောင်ကြိုးစားခဲ့ရပါတယ်..သူ့ကိုအသုံးချချင်တဲ့လူနဲ့.သူကိုယ်တိုင်ကလည်း

အခွင့်ထူးရတဲ့အချိန်အထူး VIP ခန်းမှာ တာဝန်ရပြီး သူလုံးဝ မထင်မှတ်ထားတဲ့

အရှုပ်ထွေးကြီးကိစ္စတစ်ခုကိုဝင်ပါလိုက်ရချိန်မှာတော့…………

ဆက်လက်ကြည့်ရှုပါ..အတတ်နိုင်ဆုံး အမြန်ဆုံး Update လုပ်သွားပါမယ်

 

Zip File

1 – 9 – Yoteshin / Megaup / VIP

10 – 18 – Yoteshin / Megaup / VIP

 



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လဲရသလို One Click Download လဲ ပြုလုပ်နိုင်ပါတယ်။

Seasons and episodes

No data available


Videos

No data available

Comments